Wednesday, June 22, 2016

နိုင်ငံတော်အစိုးရ အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ဖွဲ့ စည်း ထားသည့် ၂၁ ရာစု ပင်လုံ ညီလာခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဒေါက် တာ တင်မျိုးဝင်းဦးဆောင်သည့်အဖွဲ့ မိုင်းလားသို့ရောက် ရှိကာ မိုင်းလား ဥက္ကဌ စိုင်းလင်း နှင့် UWSA ဝ တပ်ဖွဲ့ စစ်ဘက်ရေးရာဌာနကြီးမှူးတို့နှင့်တွေ့ဆုံ၍ နှစ် ဘက်ခေါင်းဆောင်များက NLD အစိုးရ ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့တက်ရောက် မည်ဟု သဘောတူညီကြကြောင်း သိရသည် ။

တွေ့ဆုံဆွေးနွေးမှုတွင်ပါ၀င်သော ဒုဗိုလ်ချုပ်ကြီးဟောင်းခင်ဇော်ဦး ၏ ဖေ့စ်ဘုမှ ကူးယူဖော်ပြသည် ။
၂၀၁၆ ဂျွန် ၁၇ ရက်နေ့က သျှမ်းပြည်အရှေ့ပိုင်းအထူးဒေသ ၄ မိုင်းလားမြို့ သို့ ၂၁ ရာစု ပင်လုံ ညီလာ ခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းဦးဆောင်သည့်အဖွဲ့ ညအိပ်ခရီး ဖြင့်ရောက် ရှိလာကာ မိုင်းလား အဖွဲ့ခေါင်းဆောင် စိုင်းလင်းဦးဆောင်သော အထူးဒေသ ၄ ကိုယ်စား လှယ် ၊ ဦးကျောက်ကော်အန်း ဦးဆောင်သော အထူးဒေသ (၂) ‘ဝ’ တပ် ဖွဲ့ကိုယ်စား လှယ်တို့ နှင့် တွေ့ဆုံကြရာ NLD အစိုးရ ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံအား တက်ရောက်ဖို့ သဘောတူကြသည်ဟု ဤကဲ့သို့ပြော သည် ။
“ ဟုတ်တယ် ဝ တပ်မတော်ကိုယ်စားလှယ်တပ်ဘက်ခေါင်းေဆာင် ကျောက်ေကာ် အန်း နဲ့ အဖွဲ့လဲ ဒီမှာ ဘဲ လာတွေ့တယ် ။ သီးခြားစီတွေ့ကြတ ယ် ။ နောက် ပြီးတော့အပြန်အလှန်ပြန်ညှိကြပြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကိုသွားတက်ဖို့ သူတို့မပြန် ခင်မှာဘဲ အကြောင်း ပြန်ပေးလိုက်တယ် ။ အဲဒီညီလာခံ သွားတက်ဖို့ ” – ဟု အမည်မဖေါ်လိုသည့် ခေါင်းဆောင် ပိုင်းတဦးက ပြောသည် ။
၁၉၈၉ က ခုနှစ်က ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် အထူးဒေသ (၂) ဝ ပြည်သွေးစည်း ညီညွတ် ရေး တပ်မတော် နှင့် အထူးဒေသ ၄ (မိုင်းလား) အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်ပေါင်းစု တို့သည် ၂၀၁၁ ခု နှစ်က ဦးသိန်းစိန်အစိုးရနှင့် ပြည်နယ် အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထား၏ ။ တက်လာသည့်အစိုးရသစ်နှင့်သာ နိုင်ငံရေးကိစ္စရပ် များ ဆွေးနွေးမည်ဖြစ် သည် ဟု ယုံကြည်လက်ခံထားသောကြောင့် ယခုတွေ့ဆုံမှုသည်အပေါင်းလက္ခဏာဆောင်ကြောင်းလည်း ပြောသည် ။
“ ကျနော်တို့က ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေး လက်မှတ်ရေးထိုးထားပြီလေ ။ ဒါ့ ကြောင့် NCA လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးပွဲမှာဘဲ တခါထည်းပါဝင်လိုတာ ။ ဒါကြောင့် ဦးသိန်းစိန် အစိုးရတို့ တပ်မတော်တို့က သိပ်လက်မခံချင်ဘူး ” – ဟု ဆိုသည် ။
၂၀၁၆ ဖေဖေါ်ဝါရီလ က ဦးသိန်းစိန်အစိုးရမှ ဦးစည်းကျင်းပ သည့် နေပြည်တော် ငြိမ်းချမ်းရေးညီလာခံ ကြီး အားလည်း ဝ နှင့် မိုင်းလား တပ်ဖွဲ့ ကိုယ်စား လှယ်စေလွှတ်ခြင်းမရှိပေ ။
ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော အဖွဲ့ သည် ဂျွန်လဆန်းပိုင်းက ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် ညီညွှတ်တော် တိုင်း ရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့တို့အားတွေ့ဆုံပြီးဖြစ်၏ ။ ဝ နှင့် မိုင်းလား တပ် ဖွဲ့ အား တွေ့ဆုံ ပြီးလျှင် လက်နက်နက်ချရန် နည်းလမ်း တခုတည်း သာရှိသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာဇဒဏ်ချထားသည့် တိုက်ပွဲဝင်ဆဲ ကိုးကန့် MNDAA၊ တအာင်း(ပလောင်) TNLA ၊ ရခိုင် AA တို့ နှင့်လည်းတွေ့ဆုံသွားမည်ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည် ။
Burmese

No comments:

Post a Comment