Friday, June 24, 2016

ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော်လည်း ပြန်လည်တည်ငြိမ်




ပဋိပက္ခဖြစ်ပွားပြီးနောက် အပျက်အစီးအချို့ကို တွေ့ရစဉ်
 ပဲခူးတိုင်းဒေသကြီး ဝေါ မြို့နယ် သူရဲသမိန်ကျေးရွာတွင် ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းက လူမျိုးရေး၊ ဘာသာရေးအသွင် ပဋိပက္ခဖြစ်ပွားခဲ့သော်လည်း ညနေပိုင်း၌ အခြေအနေတည်ငြိမ်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။
ပဲခူးတိုင်း ဝေါမြို့နယ် သူရဲ သမိန်ကျေးရွာတွင်  ဘာသာခြား များ ဆောက်လုပ်နေသည့် အ ဆောက်အအုံအနီး ဆွမ်းစားဓမ္မာ ရုံ၌ ဆွမ်းချက်နေသော မြန်မာ အမျိုးသမီးတစ်ဦးကို အစ္စလာမ် ဘာသာဝင်တစ်ဦးက ဆဲဆိုရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး တစ်ဦးက ပြောသည်။
ခိုက်ရန်ဖြစ်ပွား၍ ရွာမှ ကျောင်းထိုင်ဆရာတော်နှင့် ရွာ သားများက သွားရောက်ဖြေရှင်း ရာ ဘာသာခြားအချို့က လေးခွ နှင့် ပစ်ခတ်ခဲ့သဖြင့် ရွာသား နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ရွာသားများက ဒေါသ ထွက်ကာ အဆောက်အအုံအချို့ ကို ဖျက်ဆီးခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။
လေးခွဖြင့် ပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦး လေးခွဒဏ်ရာရရှိပြီး ရွာသားများက ဆောက်လက်စ ဗလီကဲ့သို့ အဆောက်အအုံ၊ ဗလီတစ်ခုနှင့် အစ္စလာမ်ဘာသာဝင်များ၏ သင်္ချိုင်းတစ်ခုကို ဖျက်ဆီးခဲ့ကြောင်း ဝေါမြို့နယ် အမှတ် (၂)မဲဆန္ဒနယ်မှ တိုင်းဒေသကြီးအ မတ် ဒေါ်ရီရီထိုက်က ဒေသခံရွာ သူရွာသားများ၏ ပြောပြချက် များအရ ၎င်းသိထားသည်များကို 7Day Daily သို့ ပြန်ပြောပြသည်။

သူရဲသမိန်ကျေးရွာအတွင်း ပြီးခဲ့သည့်လမှစကာ ဗလီကဲ့သို့ အဆောက်အအုံတည်ဆောက် နေရာ ရွာသားသုံးရာက လက်မှတ်ရေးထိုးပြီး မြို့နယ်၊ခရိုင်အုပ်ချုပ်ရေးမှူးရုံးများသို့ တိုင်ကြား ကန့်ကွက်ခဲ့သော်လည်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့၏ စီမံဆောင်ရွက်မှု အားနည်းခြင်းကြောင့်သာ ယခုကဲ့သို့ အကျိုးဆက်များဖြစ်လာရသည်ဟု ဒေါ်ရီရီထိုက်ကဝေဖန်ပြောကြားသည်။
‘‘လက်ရှိကျေးရွာမှာ ရဲအင် အားအယောက် ၅၀ ချထားပါ တယ်။ အကုန်လုံးတော့ တည် ငြိမ်နေပါပြီ။ ဆဲဆိုရာကနေ ဖြစ် ပွားခဲ့တာဖြစ်ပြီး အခုချိန်ထိတော့ ဘယ်သူ့ကိုမှ အရေးယူထားတာ တော့ မရှိသေးဘူး။ အမှုကိုလည်း စစ်ဆေးနေတုန်းပါ။ အဆောက် အအုံတချို့ပျက်စီးသွားတာက လွဲလို့ လူတွေတော့ ဘာမှမဖြစ် ပါဘူး’’ဟု အဆိုပါရဲအရာရှိက ပြောသည်။
ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် အစ္စလာမ်ဘာသာဝင် ဒရှစ် ဆိုသူ နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့ ပြီး သူရဲသမိန်ကျေးရွာတိုက်နယ် ဆေးရုံတွင်ဆေးကုသမှုခံယူနေကာ ကျန်ရှိသည့်သူများမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်းပဲခူးခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။
‘‘ဒီသတင်းတွေ ထွက်လာ တော့ ဝေါမှာလည်း ခဏလောက် တော့ ရုတ်ရုတ်သဲသဲဖြစ်သွား သေးတယ်။ ညနေပိုင်းလောက်မှာ တော့ အားလုံးအေးဆေးပြန်ဖြစ် သွားပါတယ်။ ဝေါကနေ သွားမယ်ဆိုရင် စက်လှေတစ်နာရီကျော် လောက်စီးပြီးသွားရင် သူရဲသမိန် ရွာကို ရောက်ပါတယ်။ အခုတော့ အားလုံးတည်ငြိမ်နေပြီလို့ကြားပါ တယ်’’ဟု ဝေါမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
သူရဲသမိန်ကျေးရွာသို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ဌေးနှင့် ပဲခူးတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်အချို့ ညနေပိုင်းတွင် သွားရောက်ညှိနှိုင်း ဖြေရှင်းပေးနေကြောင်း သတင်းရရှိသည်။

7Day Daily


No comments:

Post a Comment