Friday, June 24, 2016

PSLF-TNLA စစ်သားသစ် စုဆောင်း



ကျောက်မဲမြို.နယ် တော့ဆန်ရွာကျေးရွာ တစ်ဝိုက် စစ်သားသစ်အတင်းအဓမ္မ စုဆောင်းနေပါသည်။
၁-ပန်စံရွာ ၁၇ ယောက်။
၂-အုမ်းငမ်းရွာ ၁၂ ယောက် ။
၃-ပိန်းစင်ရွာ ၁၀ ယောက် ။
၎-တော့ဆန်ရွာ ၃၀ ယောက် ။
၅- ကျန်သေးတဲ့ရွာများကလဲ တစ်ချို့ ရွာ ၇ ယောက်မှ ၁၂ ထိ အသီးသီးကောက်ထားသည်။ ပလောင်ရွာကတော့ တတ်နိုင်သလောက် လုပ်ပေးနေသည်။ လာမည့် ၃၀ ရက်နေ့ အထိ မပို့ ပါက နင်းတို့ ငါတို့ အကြောင်းသိရလိမ့်မည်ဟု ထပ်မံခြိမ်းခြောက်ထားသည်။
၂-အုမ်းငမ်းရွာ ၁၇ ယောက် ။ တို့  ဘယ်လိုမှ လူမရှာနိုင်တော့ဘူး ကလေးတွေ ရွာမှ ထွက်ပြေးကုန်ပြီ ။ ဒါဆိုရင်လဲ တစ်ယောက်ကို ၁၅ သိန်းပေးရမည်။ ရွာသူကြီးကလဲ တောင်းပန်သည် မရဆိုပြီး အကြောင်းပြန်သည် အကယ်၍ မရရင်လဲ နင်းတို့ ကိုယ်တိုင်သာ ရှာယူပေတော့ ကျွန်တော်ကတော့ လုံးဝ လူမရှာနိုင် ပိုက်ဆံလဲ မရှာနိုင်တော့ဘူး ဆိုပြီးပြန်ပြောလိုက်တော့သည်။ ဒီသတင်းကြားရသော ရှမ်း ပလောင် ကလေးတွေကလဲ ဝေးရာ ပြေးကုန်ပြီ ။
ပလောင်စစ်သားများက ကျောက်မဲ တောင်ပေါ်ပိုင်းဒေသကိုဒုတိယဌာနချူပ်အဖြစ်တည်ထောင်ဖို့ စိတ်ကူးထားသည်ဟု သတင်းကလဲ သူတို့ ကိုယ်တိုင် ဟောပြောပွဲတွင် ထည့်ပြောထားသည်ဟု ဒေသခံများက ပြောပြသည်။ လွန်ခဲ့တဲ့ ၃ ပတ်လောက်မှ ဗမာစစ်တမ ၇၇ ကလဲတက်လာလို့  တိုက်ပွဲဖြစ်တိုင်း လက်နက်ကြီးတွေကို အရမ်းပစ်နေသည်။
တစ်ချို. ပလောင်စစ်သားငယ်တွေ တိုက်ပွဲကိုကြောက်လို့  တပ်ပြေးတာများသည်။ ဟိုတစ်နေ့ ကမှ ပလောင်စစ်သားငယ် ထွက်ပြေးလို့  သူတို့ အချင်းချင်း လိုက်ရှာနေသည်။ မိုင်းအောင်သောင်း ဦးဆောင်ပြီး ၁၈ ယောက်ထွက်ပြေးသည်ဟုလဲ သတင်းရထားသည်။
Shan News

No comments:

Post a Comment