Sunday, November 29, 2015

သောင်းကျန်းသူအဖွဲ့ထောင်ထားသောမိုင်းနင်းမိ၍ အပြစ်မဲ့ရွာသားတစ်ဦး သေဆုံး

၂ ၀၁၅ နိုဝင်ဘာ ၂၉




ချင်းပြည်နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ နယ်ခြားမှတ်တိုင် ၇၀ အနီးတွင် နိုဝင်ဘာလ ၂၈ ရက်နေ့ ၌ ဒေသခံရွာသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံးသွားသည်ဟု ဒေသခံများထံမှသိရပါသည်။

“ရွာသားတွေကတော့ ဒီအနီးအနားတစ်ဝိုက်မှာရှိတဲ့ တောတောင်တွေထဲမှာပဲ အိမ်အတွက်လိုအပ်တဲ့ ၀ါးတွေ ဘာတွေ သွားခုတ်နေကြတာပါ၊ အခုလည်း အိမ်အတွက် ခြံစည်းရိုးခတ်ဖို့ သွားခုတ်ရင်းဖြစ်တာ”ဟု မိသားစုဝင် တစ်ဦးကပြောသည်။

Friday, November 27, 2015

လားရှိုးဘူတာအနီးတွင် ချိန်ကိုက်မိုင်း ၁လုံးတွေ့ရှိ


၂၀၁၅ နိုဝင်ဘာ ၂၇
 

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၈နာရီခန့်တွင် လားရှိုးမြို့၊ ရပ်ကွက်(၉)၊ ဘူတာရှေ့ လမ်းလယ်ကျွန်းအနီး၌ လားရှိုးမြို့ ရပ်ကွက် ၉ တွင်နေထိုင်သူ ဒေသခံ ၂ ဦးသည် ဘူတာဘက်မှ လမ်းလျှောက်လာစဉ်  လမ်းလယ်ကျွန်းအနီးရှိ ချုံအတွင်း၌ ပလပ်စတစ်အမည်းရောင် အထုပ် ၁ ထုပ် အား တွေ့ရှိ၍ ကြည့်ရှုခဲ့ရာ ပလပ်စတစ်အိပ်အတွင်းမှ အနီရောင်မီးလင်းနေသည်ကို တွေ့ရှိရသဖြင့် လားရှိုးဘူတာ မီးရထားရဲစခန်းသို့ သွားရောက်သတင်းပေးပို့ခဲ့ကြောင်း သိရှိရသည်။

ကျောက်မဲမြို့အဝင်ဓာတ်ဆီဆိုင်အနီးတွင်ချိန်ကိုက်မိုင်းတစ်လုံးတွေ့၊ဖောက်ခွဲဖျက်ဆီးခဲ့ဟုဆို

၂၀၁၅ နိုဝင်ဘာ ၂၇
 

ကျောက်မဲ၊နိုဝင်ဘာ၂၆ 

မန္တလေး-ကျောက်မဲ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်၁၀၉ (ကျောက်မဲမြို့အဝင်) Green Luck ဓာတ်ဆီဆိုင်အနီးတွင် နိုဝင်ဘာလ၂၅ရက်နေ့ ည၈နာရီခွဲခန့်က မသင်္ကာဖွယ်ရာ ကတ်ထူပုံးတစ်ခုအတွင်း ချိန်ကိုက်မိုင်းဟုယူဆရသောပစ္စည်းများတွေ့ရှိခဲ့သောကြောင့် အမှတ် ၁ စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲမှ တာဝန်ရှိသူများက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

Wednesday, November 25, 2015

ကေအိုင်အေ(ကချင်)အဖွဲ့ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာရရှိ

၂၀၁၅ နိုဝင်ဘာ ၂၅


နေပြည်တော် ၊ နိုဝင်ဘာ ၂၅

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ နောင်ကိုင်တော် ရပ်ကွက်နေ ဦးဇော်ဘောက် အသက်(၃၃)နှစ်၊ (ဘ)ဦးဇုန်ခါတန် နှင့် ၄င်း၏ဇနီးဖြစ်သူ ဒေါ်အင်ဆိုင်းလု အသက်(၅၂)နှစ် (ဘ)ဦးအင်ဆိုင်းရှောင်၊ ကချင်လူမျိုး ခရစ်ယာန်ဘာသာ ကိုးကွယ်သူ တို့ ၂ဦးသည် ၄င်းတို့နေအိမ်မှ တညှင်းစိုက်ခင်းသို့ တောင်ယာရှင်းလင်းရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ကေအိုင်အေ (ကချင်)အဖွဲ့မှ ထောင်ထားသော တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲခဲ့ရာ ဦးဇော်ဘောက်၏ ယာဘက်ပေါင်ရင်းဘေးနှင့် ယာတံတောင်ဆစ်အထက် ပေါက်ပြဲဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ဒေါ်အင်ဆိုင်းလု မှာ ထိခိုက်ဒဏ်ရာ မရှိကြောင်း သိရှိရသည်။

Tuesday, November 24, 2015

KIA အဖွဲ့မှ ဒေသခံရှမ်းတိုင်းရင်းသားများအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်နှိပ်စက်

၂၀၁၅ နိုဝင်ဘာ ၂၅
 


ကချင်ပြည်နယ်တွင် ငြိမ်းချမ်းစွာနေထိုင်ကြသော ရှမ်းလူမျိုးများအား KIA အဖွဲ့မှ လက်နက်အားကိုးဖြင့် အနိုင်ကျင့် နှိပ်စက်နေကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

“ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေကို KIA အဖွဲ့က လက်နက်အားကိုးနဲ့ လူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်းတယ်၊ ဒေသခံရှမ်းအမျိုးသားနဲ့ အမျိုးသမီးတွေဟာ ဒီကောင်တွေရဲ့ လူသစ် စုတာကိုခံရပြီးတော့ သူတို့တပ်ဖွဲ့ဝင်တွေအဖြစ် အတင်းလုပ်ခိုင်းတယ်၊ တချို့အမျိုးသမီးတွေဆိုရင် အလိုမတူဘဲ သူတို့တပ်ဖွဲ့ဝင်တွေနဲ့ အတင်းအကြပ်အိမ်ထောင်ချပေးတာကို ခံရတယ်၊ ကလေး တစ်ယောက်ရမှ မိဘဆီကို ပြန်ပြေးလာရတဲ့ အဖြစ်ဆိုးတွေလည်း ကြုံတွေ့ရတယ်၊ တော်တော် ရက်စက်ယုတ်မာတယ်ဗျာ’’ ဟု ရှမ်းအမျိုးသား တစ်ဦးက ပြောပြသည်။

တိုက်ပွဲရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်

၂၀၁၅ နိုဝင်ဘာ ၂၄


နေပြည်တော်၊ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်၊ ၀မ်ဆော့၊ ၀မ်ထန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ ၉၂ ဦးသည် လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူကျောင်းတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။ ယနေ့မွန်းလွဲပိုင်း တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက တိုက်ပွဲရှောင်ပြည်သူများ၏ နေထိုင်စားသောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု၍ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အားပေးစကား ပြောကြားသည်။ ယင်းနောက် ဆန်၊ ဆီ၊ ရေသန့်ဘူး စသည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှလည်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Credit >>> တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Monday, November 23, 2015

လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာသော ဆိုင်ကယ်စီးနင်းလာသူ များအား KIA အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်

၂၀၁၅ နိုဝင်ဘာ ၂၃


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာသော ဆိုင်ကယ် စီးနင်းလာသူများအား နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီချိန်ခန့်တွင် KIA အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ကောင်းဝှက်ရွာသား ၃ ဦး လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံရပ်မိ ရပ်ဖတစ်ဦးထံမှသိရသည်။

Sunday, November 22, 2015

မြစ်ကြီးနားမြို့တွင် ရှမ်းတိုင်းရင်းသားလူမျိုးများ အင်အား (၁၀၀၀) ခန့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ကာ ဆန္ဒဖော်ထုတ်

၂၀၁၅ နိုဝင်ဘာ ၂၃


၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့ နေ့လည် ၁၁ နာရီမှ စတင်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A) မြန်မာပြည်မြောက်ပိုင်းမှ ဦးဆောင်၍ ရှမ်းတိုင်းရင်းသားများ အင်အား (၁၀၀၀) ခန့်သည် KIA/KIO မှ ရှမ်းလူမျိုးများအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ဆက်ကြေးတောင်းခံခြင်း၊ လူသစ်ဆွဲတို့ကြောင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရှိရသည်။

ဗန်းမော်မြို့နယ်၊ မံရွက်ကျေးရွာ ဒေသခံ (၂) ဦး KIA မိုင်းနင်းမိပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရရှိ

၂၀၁၅ နိုဝင်ဘာ ၂၃


၂၀၁၅ နိုဝင်ဘာ ၁၈ ရက်နေ့ နေ့လည် ၁၁ နာရီချိန်ခန့် ဗန်းမော်မြို့၏ အရှေ့တောင်ဘက် (၆) မိုင်ခန့်အကွာရှိ မံရွက်ကျေးရွာနေ ဦးလှဒွဲ (၅၃) နှစ်၊ ကချင်/ခရစ်ယာန်၊ ဦးဂရောင်လီ (၃၅) နှစ်၊ ကချင်/ခရစ်ယာန် တောင်သူ လုပ်ကိုင်သူ ၂ ဦးသည် စပါးကောက်လိုင်းစည်းရန်အတွက် လိုအပ်သော နှီးဝါးများခုန်ယူရန် ဆိုင်ကယ် (၂) စီးဖြင့် မံရွက်ကျေးရွာမှ ဂျာမိုင်ကျေးရွာသို့အသွား မံရွက်ကျေးရွာမှထွက်၍ (၁) မိုင်ခန့်အရောက်တွင် KIA သောင်းကျန်းသူ ထောင်ထားသော မိုင်း (၁) လုံး နင်းမိပေါက်ကွဲကာ ထိခိုက်ဒဏ်ရာ အသီးသီးရရှိ ခဲ့ကြောင်း သိရှိရသည်။

ဒေသခံရွာသား ၁၅ ဦးအား KIA အဖွဲ့မှ တပ်သားသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ နိုဝင်ဘာ ၂၃

 

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ချောင်းဆုံရွှေမှော်အနီးရှိ ကျေးရွာများတွင်နေထိုင်သော ဒေသခံရွာသား ၁၅ ဦးအား KIA တပ်ဖွဲ့ဝင်များမှ တပ်သားသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းရွာ သားများထံမှ သိရသည်။

Friday, November 20, 2015

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မူဆယ်မြို့ရှိ မြ၀တီဘဏ်သို့ ဆက်ကြေးတောင်းခံစာ ပေးပို့


၂၀၁၅ နိုဝင်ဘာ ၂၀  


၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့ မနက်၉နာရီခွဲအချိန်ခန့်တွင် မူဆယ်မြို့၊ မန်ဝိန်းရပ်ကွက်ရှိ မြ၀တီဘဏ်၏ ခြံစည်းရိုး၌ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ပေးပို့ထားသော စာအိတ် ၁ အိတ် အား ဘဏ်ဝန်ထမ်း တစ်ဦးမှ တွေ့ရှိရာ ဘဏ်တာဝန်ခံအား အပ်နှံခဲ့ကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရှိရသည်။

Thursday, November 19, 2015

တပ်မတော်စစ်ကြောင်းနှင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ပတ်ဝန်းကျင်တွင် နှောင့်ယှက်မှုများ ပြုလုပ်နေသည့် KIA(ကချင်)အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

၂၀၁၅ နိုဝင်ဘာ ၁၉


နေပြည်တော်၊ နိုဝင်ဘာ - ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး ပတ်ဝန်းကျင်တွင် KIA(ကချင်)အဖွဲ့များသည် ဒေသခံပြည်သူလူထု ၏ တောင်ယာများ၊ ဆက်သွယ်ရေးလမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်လျက်ရှိပြီး ဒေသခံပြည်သူများ သွားလာလုပ်ကိုင် ဆောင်ရွက်ရာတွင် လည်း မကြာခဏ မိုင်းပေါက်ကွဲဖြစ်စဉ်များ ဖြစ်ပွားခဲ့ကာ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ သည်။

ပြင်ဦးလွင်ရှိ အေးမြချမ်းသာ ပရိယတ္တိစာသင်တိုက် အနီး မန္တလေး-လားရှိုး ကားလမ်းဘေးတွင် ဒေသန္တရလက်လုပ် မိုင်းနှစ်လုံးတွေ့ရှိ

၂၀၁၅ နိုဝင်ဘာ ၁၉



မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၉)၊ အေးမြချမ်းသာ ပရိယတ္တိ စာသင်တိုက် အနီး မန္တလေး- လားရှိုး ကားလမ်း မိုင်တိုင်(၃၉/၄) နှင့် (၃၉/၅) ကြား၌ Oriental High Way Co., Ltd. မှ အလုပ်သမားများ သည် လမ်းဘေးရှိ ချုံနွယ်များ ရှင်းလင်းစဉ် ကားလမ်းဘေး ယာဘက် ၅ ပေခန့်အကွာ ချုံအတွင်းမှ မိုင်းနှစ်လုံး တွေ့ရှိသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံ သွားရောက် သတင်းပေးပို့ ခဲ့သည်။

Tuesday, November 17, 2015

KIA အဖွဲ့မှ ဖားကန့်ရွှေလုပ်ငန်းရှင်များအား ဆက်ကြေးငွေများ တောင်းခံသည့်အပြင် လူသစ်များပါ စုဆောင်းခိုင်းနေ

၂၀၁၅ နိုဝင်ဘာ ၁၈



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ရွှေလုပ်ငန်း လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ ဆက်ကြေးငွေ များ တောင်းခံသည့်အပြင် ၎င်းတို့အဖွဲ့သို့ ၀င်ရောက်ရန် လူသစ်များပါ စုဆောင်ပေးရန် ပြောကြားခဲ့ကြောင်း ရွှေ လုပ်ငန်းရှင်းများထံမှ သိရသည်။

Sunday, November 15, 2015

ပဲခူးမြို့နယ် လှော်ကားကျေးရွာတွင် တောဆင်ရိုင်းတစ်ကောင်သေဆုံး

၂၀၁၅ နိုဝင်ဘာ ၁၅


 ပဲခူး နိုဝင်ဘာ ၁၄

ပဲခူးမြို့နယ် ထန်းတောကြီးနယ်မြေရဲစခန်းပိုင် လှော်ကား ကျေးရွာအုပ်စု လှော်ကားကျေးရွာအနောက်ဘက် မဟာမိုးမြေ ရော်ဘာခြံဝင်းအတွင်း တောဆင်ရိုင်းအထီးတစ်ကောင် သေဆုံးနေကြောင်း နိုဝင်ဘာ ၁၃ ရက် က လှော်ကားကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ဌေး၏ သတင်းပေးချက်အရ ဘောနက်ကြီးရဲကင်းမှူး ဒုရဲအုပ် ခင်လှိုင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

တနိုင်းမြို့ဒေသခံတစ်ဦး ၎င်း၏ တောင်ယာတောထဲတွင် မုံညှင်းစိုက်ရန် ပေါင်းရှင်းစဉ် အနီး၌ KIA မိုင်း (၁) လုံး ပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရရှိ

၂၀၁၅ နိုဝင်ဘာ ၁၅


တနိုင်းမြို့နယ် KIA လှုပ်ရှားနယ်မြေအတွင်းရှိ တနိုင်းချောင်းဘေး ဒေသအခေါ် ဌက်ပျောတော တောင်ယာ တဲစုတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေသော ဦးမြင့်စိုးသည် မုံညှင်း စိုက်ပျိုးရန်အတွက် ၎င်း၏ တောင် ယာတောတွင် ရှင်းလင်းနေစဉ်အတွင်း အနီး၌ မိုင်း (၁) လုံး ပေါက်ကွဲသံ ကြားရပြီးနောက် ဦးမြင့်စိုး၏ ရင်ဘက်နှင့် ခေါင်းတို့တွင် မိုင်းစရှပ်မှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းပေါက်ကွဲပြီးနောက် ဦးမြင့်စိုးမှ အော်ဟစ်အကူအညီအတောင်းစဉ် ၎င်း၏ မိသားစုဝင် များ ရောက်ရှိလာပြီး တနိုင်းဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ကြောင်း ၎င်း ၏ မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။ ဦးမြင့်စိုး၏ မိသားစုဝင်များ မှာလည်း ၎င်းတောင်ယာတော တွင် ဆက်လက်မလုပ်ကိုင်ရဲတော့ပဲ တခြားနေရာသို့ ပြောင်းရွေ့ လုပ်ကိုင်စားသောက်တော့မည်ဟု ကြား သိရသည်။

Credit >>> Voice Of Kachin

မိုးညှင်းမြို့နေသူ ဒေသခံပြည်သူတစ်ဦး KIA နင်းမိုင်း နင်းမိပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံရောက်

၂၀၁၅ နိုဝင်ဘာ ၁၅


၂၀၁၅ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၈ နာရီ ခွဲခန့်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်၊ (၁) လမ်းနေ ဒေါ်ဘောက် (၃၉) နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးမင်းထွန်း (၃၉) နှစ်တို့သည် မိုးညှင်းမြို့၏ အရှေ့ဘက် (၃) မိုင်ခန့်အကွာ နန့်ဆန်းချောင်းအထက်တွင် ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်စဉ် ဒေါ်ဘောက်မှာ KIA ထောင်ထားသော နင်းမိုင်း (၁) လုံး နင်းမိပေါက်ကွဲ ခဲ့ကြောင်း သိရှိရသည်။

မိုင်းနင်းမိခဲ့သော ဒေါ်ဘောက်၏ ပေါင်နှင့် ခြေသလုံးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး မိုးညှင်း ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ အချိန်မီပို့ဆောင်၍ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရှိရသည်။ မကြာသေး မီကလည်း မိုးညှင်းမြို့နယ်မှ ဒေသခံတစ်ဦး KIA မိုင်းနင်းမိပေါက်ကွဲကာ ဒဏ်ရာရရှိပြီး ၎င်းဆေးရုံ တွင် ဆေးကုသမှု ခံယူလျှက်ရှိသည်။

Credit >>> Voice Of Kachin

Friday, November 13, 2015

မြို့နယ်အတွင်းရှိ စက်သုံးဆီတင် ယာဉ်များအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေးငွေများ ကောက်ခံ

၂၀၁၅ နိုဝင်ဘာ ၁၃



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေလုံကျေးရွာအနီးရှိ မိုးညှင်းမှဖားကန့်သို့ စက်သုံးဆီများ တင်ဆောင် မောင်းနှင်လာသည့်  မော်တော်ယာဉ်များအား နိုဝင်ဘာလ ၁၀ ရက်နေ့တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံခဲ့ကြောင်း ဒေသခံယာဉ်မောင်းအချို့ထံမှ သိရသည်။

ကေအိုင်အေ(ကချင်)အဖွဲ့ ထောင်ထားသော မိုင်းပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရရှိ

၂၀၁၅ နိုဝင်ဘာ ၁၃


၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နေ့ နံနက် ၈း ၃၀ နာရီခန့်တွင် မိုးညှင်းမြို့ အရှေ့စုရပ်ကွက်၁ လမ်း တွင် နေထိုင်ကြသော ဒေါ်ဘောက်(၃၉)နှစ်၊ (ဘ)ဦးဇော်ခေါင်နှင့် ခင်ပွန်းဖြစ်သူ ဦးမင်းထွန်း(၃၉)နှစ်၊ (ဘ)ဦးအောင်ဆန်းတို့သည် မိုးညှင်းမြို့၏အရှေ့ဘက်၃မိုင် ခန့်အကွာနန့်ဆန်းချောင်း အထက်တွင် ဟင်းသီး ဟင်းရွက်ခူးရန် သွားရောက်စဉ် မှကေအိုင်အေ(ကချင်)အဖွဲ့မှ ထောင်ထားသော နင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ပါသည်။ မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်ဘောက်၏ ယာဘက်ခြေဖမိုး ပေါက်ပြဲဒဏ်ရာ၊ ဘယ်ခြေသလုံးနှင့် ယာဘက်ပေါင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး မိုးညှင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Credti >>> မြ၀တီ

Wednesday, November 11, 2015

သီပေါမြို့နယ်မှ တံတားလုံခြုံရေးတာဝန် ထမ်းဆောင်နေသော လုံခြုံရေးအဖွဲ့ဝင်များနှင့် နွားမှောင်ခို သယ်ဆောင်သည့်အဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခြင်း


၂၀၁၅ နိုဝင်ဘာ ၁၁

ရှမ်းပြည်မြောက်ပိုင်းတွင် လက်နက်ကိုင်သောင်းကျန်းသူများမှ မူဆယ်-လားရှိုး-မန္တလေးသွား ပြည်ထောင်စု ကားလမ်းမကြီးပါ်၌ မကြာခဏဆိုသလို မိုင်းထောင်ဖောက်ခွဲခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြု လုပ်နေသည့်အတွက် ခရီးသွားပည်သူများနှင့် ၄င်းလမ်းမကြီးကို အားကိုးအမှီပြုနေသည့် စီးပွားရေး လုပ်ငန်းရှင်အချို့မှာ ထိတ်တလန့်လန့်ဖြစ်နေကြတယ်။ ဒါကို တာဝန်ရှိသူများက ၄င်းလမ်းမကြီးပေါ်မှာ သွားလာနေသည့် ပြည်သူများ ဘေးကင်းလုံခြုံစေရန်အတွက်  နေ့ညမပြတ်  လုံခြုံရေးအဖွဲ့များအား တိုးမြှင့် ချထားခဲ့ပါတယ်။

Wednesday, November 4, 2015

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ ပထမ သက်တမ်း အထိမ်းအမှတ် ငွေဒင်္ဂါး ထုတ်ဝေမည်

၂၀၁၅ နိုဝင်ဘာ ၅







နေပြည်တော် နိုဝင်ဘာ ၎

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကိုကျင့်သုံး၍ ဖွဲ့စည်းခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပြည်ထောင်စု အစိုးရ အဖွဲ့ ပထမသက်တမ်း အထိမ်းအမှတ်အဖြစ် ငါးထောင်ကျပ် တန် ငွေဒင်္ဂါးကို မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ ထုတ်ဝေမည်ဖြစ်သည်။

ဒေသခံဈေးဆိုင်ပိုင်ရှင်များထံမှ KIA အဖွဲ့ဆက်ကြေးကောက်ခံ

၂၀၁၅ နိုဝင်ဘာ ၎




ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျေးရွာများအတွင်းရှိ ဈေးဆိုင်များအား KIA အဖွဲ့မှ ဆက်ကြေးငွေ များ ကောက်ခံလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။ ဖားကန့်မြို့နယ်၊ လ၀ါးကျေးရွာ အုပ်စုရှိ ကျေးရွာများအတွင်း ဖွင့်လှစ်ရောင်းချနေသော နေအိမ်ဈေးဆိုင် တစ်ဆိုင်လျှင် ဆက်ကြေးငွေ ၂၀၀၀၀ ကျပ်နှင့် စားသောက်ဆိုင်တစ်ဆိုင်လျှင် ၄၀၀၀၀ ကျပ်နှုန်းစီအား နိုဝင် ဘာလ ၂ ရက်နေ့တွင် KIA အဖွဲ့မှ လာရောက်ကောက်ခံသွားကြောင်း စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။ 

လောက်ကိုင်မြို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

၂၀၁၅ နိုဝင်ဘာ ၎


နေပြည်တော်၊ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့တွင် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော် စစ်ကြောင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် လောက်ကိုင်မြို့ အမှတ်(၂)ရပ်ကွက်၊ ဖူကျန်းလမ်း၌ မူးယစ်ဆေးဝါး သုံးစွဲထားသည့် စစ်ရှောက်ဆေး ၄၃ နှစ် (ဘ) ဦးစစ်ရှန်း၊ ကုန်းကြမ်းမြို့နယ်၊ ကျုံးယီထန်ရွာနေသူနှင့် ရန်ရှောက်ကွမ် ၃၇ နှစ် (ဘ) ဦးရန်ချိမ်းချင်၊ လောက်ကိုင်မြို့၊ နန်လော်ရွာနေသူ နှစ်ဦးကို စစ်ဆေးစဉ် စစ်ရှောက်ဆေးထံမှ ဘိန်းဖြူ သုည ဒသမ ၂ ဂရမ်အား ဖမ်းဆီးရမိခဲ့သည်။

Tuesday, November 3, 2015

ဒေသခံရွာသားနှစ်ဦးအား မူးယစ်ဆေးဝါးအကြောင်းပြပြီး KIA အဖွဲ့မှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ နိုဝင်ဘာ ၃



ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့တွင် နေထိုင်သော ဒေသခံနှစ်ဦးအား KIA တပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးအကြောင်းပြကာ အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရ သည်။

ဆင်ဘိုမြို့၏အနောက်တောင်ဘက် နားလုံးကွင်းရွာသို့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် KIA အဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး မူးယစ်ဆေးဝါးသုံးစွဲသည် ဟူသော ကျော်စောသတင်းကြောင့် ဦးနော်ဆိုင်း ၃၂ နှစ် နှင့် ဦးဇော်ထူး ၃၂ နှစ် ဆင်ဘိုမြို့နေသူ အရပ်သားနှစ်ဦးအား အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ ရွာသားတစ်ဦးထံမှသိရသည်။ 

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေသားပြိုကျကာ လားရှိုး-မူဆယ်အဝေးပြေးလမ်းမကြီး ပိတ်ဆို့ မှုဖြစ်ပွားခဲ့။

၂၀၁၅ နိုဝင်ဘာ ၃



လားရှိုး-မူဆယ်အဝေးပြေးလမ်းကြီးသည် ကွတ်ခိုင်မြို့ မှမြောက်ဘက် (၂)မိုင်ခန့် အကွာ၊ ဖတ်ယိုင်းပြိန်း -ဟွယ် ကျေးရွာအုပ်စု၊ မန်ဘန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ် (၂၂၅/၄) နှင့် (၂၂၅/၅) ကြားတွင် မိုးရွာသွန်းမှုကြောင့် လမ်းဘေးမြေသား အရည်ပျော်၍ ရွှံ့ မြေများအဖြစ် လမ်းပေါ်တင်ကျန်ခဲ့ရာ အောက်တို ဘာလ (၃၁) ရက်၊ နံနက် (၇း၃၀) အချိန်ခန့် မှ စတင်ကာ ရွှံ့ များသည် အရှည်ပေ (၅၀၀) ခန့် ၊ ထု (၁) ပေခွဲခန့် တင်ရှိခဲ့သဖြင့် ယာဉ်များသွားလာမရတော့ဘဲ လမ်းပိတ်ဆို့ မှုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည် နယ်မြောက်ပိုင်း ဒုတိယရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ကျရဲအရာရှိက အတည်ပြုပြောကြားသည်။

Monday, November 2, 2015

လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့  ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအထူးရဲသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ။

၂၀၁၅ နိုဝင်ဘာ ၂

လားရှိုး၊ နိုဝင်ဘာ (၁) ရက်နေ့ ထုတ် ရတနာပုံသတင်းစာမှ ကူးယူဖော်ပြသည်။


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ တွင် အောက်တိုဘာလ (၃၁) ရက်၊ မွန်းတိမ်း (၃) နာရီအချိန်က လားရှိုးမြို့နယ် ရဲတပ်ဖွဲ့၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအထူးရဲသင်တန်းဆင်းပွဲ အခမ်းအနားကို လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ရဲမှူးချုပ်မောင်မောင်ခိုင်၊ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုး၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့ မှူး ယာယီ ဒုတိယ ရဲမှူးကြီး သန့် ဇင်၊ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် လုံခြုံရေးအထူးရဲ သင်တန်းသား (၁၂၉) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆောင်းသီးနှံစိုက်ပျိုးသူ ၄ ဦးအား ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲကာ KIA မှ ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ နိုဝင်ဘာ ၂ 


တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးလုပ်ကိုင်နေသူ ၄ ဦး အား အောက်တိုဘာ ၃၀ ရက်နေ့တွင် KIA အဖွဲ့ဝင်များ ရောက်ရှိလာပြီး ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ရှင်ဗွေယန်မြို့နယ်၊ တခက်ကျေးရွာတွင် နေထိုင်သော ဦးချောန်းမိုင် (၃၅)နှစ် ၊ ဦးဒေးယုံ (၂၅)နှစ်၊ မောင်ထအောင် (၂၃)နှစ်နှင့် ဦးဇန်ဝါး (၂၈)နှစ်တို့ (၄)ဦးသည် တခက်ချောင်းနှင့် တနိုင်းချောင်းဆုံ အနီးတစ်ဝိုက်တွင် ဆောင်းသီးနှံစိုက်ခင်းလုပ်ကိုင်နေစဉ် KIA အဖွဲ့ဝင် ၁၀ ဦးခန့်သည် အောက်တိုဘာ ၃၀ ရက်နေ့ နေ့လည် ၂ နာရီခွဲတွင် ရောက်ရှိလာပြီး ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲကာ စက်လှေ ၂ စီးဖြင့် စက်စဲချောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ တခက်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

စွမ်းအင် အနည်းဆုံး အသုံးပြုကာ ၅၄ နာရီကျော် လမ်းလျှောက်နိုင် ခဲ့သည့် တရုတ်စက်ရုပ် ဂင်းနစ်မှတ်တမ်းတွင် စံချိန်သစ်တင်

၂၀၁၅ နိုဝင်ဘာ ၂



ချုံကျင်း ၊ ၂-၁၁-၂၀၁၅

တရုတ်နိုင်ငံ အနောက် တောင်ပိုင်းရှိ ချုံကျင်းမြို့မှ ခြေလေးချောင်းပါ စက်ရုပ်သည် စွမ်းအင် အနည်းဆုံး အသုံးပြုကာ ၅၄ နာရီ ကျော်ကြာအောင် လမ်းလျှောက်ပြနိုင်ခဲ့သည့်အတွက် ယခုအခါ ဂင်းနစ်မှတ်တမ်းတွင် စံချိန်သစ် တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Xingzhe No-1 ဟု အမည်ပေး ထားသည့် အဆိုပါ စက်ရုပ်ကို တရုတ်နိုင်ငံ ချုံကျင်း တက္ကသိုလ် လက်အောက်ရှိ စက်ကိရိယာများ ဆိုင်ရာ ကောလိပ်မှ ပါမောက္ခ လီကျင်ဒူး က တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စက်ရုပ်သည် စွမ်းအင် သုည ဒသမ ၈ ကီလိုဝပ် အသုံးပြုကာ ၁၃၄ ဒသမ ဝ၃ ကီလိုမီတာ ကို ခြေလှမ်းပေါင်း ၃၄ဝဝဝဝ ဖြင့် ၅၄ နာရီကြာအောင် လျှောက်နိုင်ခဲ့ခြင်းကြောင့် ဂင်းနစ်မှတ်တမ်းတွင် စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။

Sunday, November 1, 2015

SSPP/SSA အဖွဲ့ မိုင်းရှူးမြို့နယ်အတွင်း လူသစ်နှင့် ရိက္ခာများအတင်း အကြပ်ကောက်

၂၀၁၅ နိုဝင်ဘာ ၁ 


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်ရှူးမြို့နယ်၊ မော်မေ့ကျေးရွာအုပ်စု၊ ဟိုဖိုင်ကျေးရွာနှင့် နားဟိုင်းကျေးရွာ သို့  အောက်တိုဘာလ ၂၈ ရက်နေ့တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ကျေးရွာသားများထံမှ လူသစ် စုဆောင်းခြင်းနှင့် ရိက္ခာများ ကောက်ခံခြင်းများပြုလုပ်သွားကြောင်း ဒေသခံရွာသားများထံမှ သိရပါ သည်။

“ ကျွန်မတို့ရွာကို သူတို့အဖွဲ့တွေ မနက် ၉ နာရီလောက်မှာ ရောက်လာတယ်၊ ရွာကအုပ်ချုပ်ရေးမှူးခေါ်ပြီး လူသစ် ၁၀ ယောက်တောင်းတယ်၊ တိုက်ပွဲတွေက ဖြစ်နေတော့ ရွာမှာရှိတဲ့ လူငယ်၊လူရွယ်တွေက မနေရဲကြ တော့ဘူး၊ အခုရွာမှာရှိ နေတဲ့အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ကလေးတွေကို အတင်းအကြပ် ဖမ်းဆီးခေါ် ဆောင်သွားကြတယ်၊ ကျွန်မတို့ရွာတွေ မှာ တိုက်ပွဲတွေကြောင့် တောင်ယာစပါးတွေလည်း အတော်လေး ဆိုးဆိုးရွားရွာ ပျက်စီးကုန်ပြီ ” ဟု ဟိုဖိုင်ရွာသူတစ်ဦးမှ ပြောပြပါသည်။