Monday, July 4, 2016

အမ်းမြို့နယ် ဂဏန်းပြင်ရွာတွင် တောင်မြေပြိုပြီး ပျက်စီးခဲ့သည့်နေအိမ်များအတွက် အကူအညီလိုနေ


 ပြီးခဲ့သည့် ဇွန်လ ဆန်းက မိုးသည်းထန်စွာ ရွာသွန်းကာ တောင်မြေပြိုကျမှုကြောင့် ပျက်စီးခဲ့သည့် အမ်းမြို့ သလူမော်ကျေးရွာအုပ်စု ဂဏန်းပြင်ကျေးရွာမှနေအိမ် ခုနစ်လုံးအတွက် အကူအညီ လိုအပ်နေ ကြောင်း သတင်းရရှိသည်။
တောင်မြေပြိုကျမှုကြောင့် နေအိမ်ပျက်စီးသွားသည့် မိသားစုများသည် ပြိုကျခဲ့သည့်နေအိမ်မှ ကျန်ရှိသည့် သစ်တို၊ ဝါးတိုများ ဖြင့် ဖြစ်သလို နေထိုင်နေရကြောင်း နေအိမ်ပြိုကျခဲ့သူ ဦးမောင်မောင် ခင်က ပြောသည်။
‘‘အစိုးရနဲ့ အင်န်ဂျီအို အကူ အညီမပါဘဲ နေအိမ်ပြန်ဆောက် နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ လူတွေက ဆင်းရဲတော့ စားဖို့သောက်ဖို့ ကိုပဲ အားထုတ်နေကြရပါတယ်။ အခုခေတ်အတိုင်းအတာနဲ့ အိမ် တစ်လုံးဆောက်ဖို့ဆိုတာ မလွယ် ပါဘူး’’ဟု ဦးမောင်မောင်ခင်က ဆိုသည်။
တောင်မြေပြိုကျမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ အတွက် အစိုးရနှင့် အိုင်အင်န်ဂျီအို အဖွဲ့အစည်းများ၏ အကူအညီ လုံးဝ မရရှိသေးဘဲ အခြားလူမှု ကူညီရေး အဖွဲ့များလည်း အရောက် အပေါက်နည်းကြောင်း သလူမော်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးဦးခင်မောင်ဝင်းက ပြော သည်။ပျက်စီးနေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် အကူအညီ တောင်းခံစာကို လွှတ်တော်ကိုယ် စားလှယ်ထံမှ တစ်ဆင့် သက်ဆိုင် ရာသို့ တင်ပြထားကြောင်း ဦးခင်မာင်ဝင်းက ပြောသည်။

7daydaily

လားရှိုးမြို့ မန်ဆူအဝေးပြေးကားကွင်း ရပ်ကွက် (၈) တွင် ယာဉ်တိုက်မှုဖြစ်

  

အခုညနေ ၆နာရီ၂၀ မိနစ်လောက်မှာဖြစ်သွားတာပါ ပြည်ထောင်စုလမ်းမကြီး မန်ဆူအဝေးပြေးကားကွင်း ရပ်ကွက်၈ မှာဖြစ်သွားတာပါ Fit ကားလေးက လမ်းမကြီးအတိုင်းမောင်းလာစဉ် ဆိုင်ကယ်နှစ်စီးကို အရင်တိုက်ပါတယ် ပြီးနောက်သုံးဘီးနှစ်စီးကို တိုက်ပါတယ် သုံးဘီးတစ်စီးကတော့ တုံးလုံးလဲသွားပါတယ်။
 နောက်ဆုံးတော့လမ်းရဲ့ ဘယ်ဘက်လမ်းကြောမှာ ရပ်ထားတဲ့ကားတစ်စီးနဲ့ လမ်ဘေးမှာဖွင့်ထားတဲ့ ကွမ်းယာဆိုင်ကို တိုက်ပြီးရပ်သွားပါတယ် လူတွေကတော့ ကြီးကြီးကျယ်ကျယ် ထိခိုက်မိတာမတွေ့ရပါဘူး နဲနဲ ပါးပါးလောက်ပါ ဆေးရုံကြီးကိုခေါ်သွားပါပြီ။

Lashio News
 


Saturday, July 2, 2016

ထားဝယ်တွင် ဗိုလ်မှူးကြီးဗထူးရာပြည့် ကြေးရုပ်သွန်းလုပ်ထားရှိမည်

ထားဝယ်မြို့၊ ကမြောကင်း တံတားအနီးရှိ ဗိုလ်မှူးကြီးဗထူးရုပ်တုပန်းခြံ (ဓာတ်ပုံ − စိုးမိုးအောင်)
 
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဗိုလ်မှူးကြီးဗထူး ရာပြည့်ပွဲတော်အထိမ်းအ မှတ်အဖြစ် ကြေးရုပ်သွန်းလုပ် ထားရှိမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
မြန်မာ့လွတ်လပ်ရေး ကြိုး ပမ်းရာတွင် ထားဝယ်ဒေသခံ သူရဲကောင်းတစ်ဦးအဖြစ် ထင်ရှားသည့် ဗိုလ်မှူးကြီးဗထူး၏ နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပရန် ဇွန်လ ၃၀ ရက်တွင် ထားဝယ်ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ ဒေသခံများဖြင့် ဗိုလ်မှူးကြီးဗထူး ရာပြည့်အထိမ်းအ မှတ်ကော်မတီကို ဖွဲ့စည်းခဲ့သည်။
‘‘လောလောဆယ် ကော် မတီအနေနဲ့ ဗိုလ်မှူးကြီးဗထူး မွေးနေ့မှာ သံဃာတွေကို ဆွမ်းကပ်ပြီး ရာပြည့်ပွဲတော်ကို စတင်မယ်။ နောက်ပြီး ရာပြည့်ပွဲတော်အတွက် ကျန်တဲ့အစီအစဉ်တွေ ကို ဒီနှစ်ထဲမှာ ကဏ္ဍတစ်ခုချင်းစီ အလိုက် ဆက်ပြီးလုပ်သွားမယ်’’ဟု ဗိုလ်မှူးကြီးဗထူး ရာပြည့်အ ထိမ်းအမှတ် ကော်မတီဥက္ကဋ္ဌ ဦးဇော်သူရက ပြောသည်။
ဗိုလ်မှူးကြီးဗထူးကို ၁၉၁၆ တွင် ထားဝယ်ခရိုင် လောင်းလုံး မြို့နယ် လေးသွန်းခံကျေးရွာ၌ မွေးဖွားခဲ့သည်။
ထားဝယ်မြို့ လေယာဉ်ကွင်း လမ်း မြို့တော်ခန်းမအနီးရှိ ဗထူး ပန်းခြံတွင် ရာပြည့်အထိမ်းအမှတ် အဖြစ် ကြေးရုပ်သွန်းလုပ်ကာ စိုက်ထူမည်ဟု ဆိုသည်။
ဗိုလ်မှူးကြီးဗထူး ရာပြည့် အထိမ်းအမှတ်ကော်မတီတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်အပါအဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် ကော် မတီ၏ နာယကများအဖြစ်ပါဝင်၍ ရာပြည့်ပွဲတော်ကျင်းပမည် ဖြစ် သည်။
ထို့အပြင် နှစ် (၁၀၀)ပြည့် မွေးနေ့ဖြစ်သော ဇူလိုင် ၁၂ ရက် တွင် ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်၊ ကမြောကင်းကျေးရွာရှိ ရေဆိပ်ကျောင်း၌ သံဃာတော်အပါး ၁၀၀ အား ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။
 ထို့အပြင်ရာပြည့်အထိမ်းအမှတ်အဖြစ် မော်ကွန်းမဂ္ဂဇင်းထုတ်ဝေခြင်း၊ဗိုလ်မှူးကြီးဗထူး ဖောင်ဒေးရှင်း တည်ထောင်ခြင်း နှင့် ဒေသအတွင်း ပွင့်လင်းရာသီ ၌ ရာပြည့်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပရန် လျာ ထားကြောင်း ကော်မတီထံမှ သိရသည်။လက်ရှိတွင် လောင်းလုံးမြို့ နယ်၊ ကမြောကင်းတံတားအနီး ၌ ဗထူးရုပ်တုပန်းခြံတွင် ဗထူး ရုပ်တုကို တည်ဆောက်ဂုဏ်ပြု ထားသည်။
  
7Day Daily



ယင်းမာပင်မြို့တွင် ဖုန်းငွေဖြည့်ကတ်များ အခိုးခံရ

မုံရွာ- ယင်းမာပင်မြို့(ခ)ရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် ဖုန်း ငွေဖြည့်ကတ်မျိုးစုံ ကျပ် ၁၉ သိန်းကျော်ဖိုးနှင့် ငွေကျပ်နှစ်သိန်းကျော် ခိုးယူခံရသဖြင့် စုံစမ်းစစ်ဆေးပေးရန် ကုန်စုံဆိုင်ပိုင်ရှင်က ယင်းမာပင် မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။ ကုန်စုံဆိုင်အတွင်း အမ်ပီတီ၊ အူရီးဒူးနှင့် တယ်လီနော ငွေဖြည့်ကတ် စုစုပေါင်း ၁,၉၅၂,၀၀၀ နှင့် ငွေကျပ် ၂၉၇,၀၀၀ တို့ကို ဇွန်လ ၂၉ရက်က ခိုးယူသူကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် ယင်းမာပင်မြို့နယ် မြို့မရဲစခန်းတွင် ဇွန်လ ၃၀ ရက်က အမှုဖွင့်တိုင်ကြားခြင်း ဖြစ်သည်။

7daydaily

လားရှိုးမြို့တွင် အိမ်နီးချင်းဖြစ်သူအား လုပ်ကြံမှု




လားရှိုးမြို့ ရပ်ကွက် ၁ နယ်မြေ၉ ဓမ္မဂုဏ်ရည်လမ်းသွယ်၂ တွင် ကျောက်လှဲ့၊တုတ်၊ကျောက်ခဲ ကိုင်ဆောင်ထားသူ ကိုဝင်းအောင်သည် ယနေ့နံက် ၇နာရီအချိန်ခန့်တွင် ၎င်းမိခင်မှအိမ်နီးချင်းဖြစ်သူ ဒေါ်တင်နွဲ့အသက်၅၅နှစ်အားဘုရားပန်းများလာယူရန်ခေါ်သဖြင့် ရောက်သွားစဉ် နောက်မှချုပ်ကိုင်ပြီး ကျောက်လှဲ့ဖြင့် ထိုးသဖြင့် ဒေါ်တင်နွဲ့မှာ ကြောက်လန့်တကြားထွက်ပြးပြီး အရေးပေါ်ဆေးရုံသို့သွားပြီး ဆေးရုံတက်နေခဲ့ရ။ ၎င်းဖြစ်စဉ်အားနယ်မြေမှူးမှ ကျနော့ထံ အကြောင်းကြားခဲ့ရာ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထွန်းထွန်းထံ ဖုန်းဖြင့်အကြောင်းကြားခဲ့ပြီး ၁၅မိနစ်အတွင်း နယ်ထိန်းအဖွဲ့အချို့ ရောက်ရှိလာပြီးကျောက်လှဲဖြင့် ထိုးသူအား ၎င်းအိမ်အတွင်း ၀င်ရောက်ဖမ်းဆီးစဉ် ထွက်ပြေးသဖြင့် နယ်မြေမှုး။ဆယ်အိမ်မှူးတို့နှင့်အတူ စက်မှုလယ်ယာ ကွက်သစ်ဘက်သို့ရဲများနှင့်အတူဖမ်းဆီးရမိရေးကြိုးပမ်းစဉ် ကျနော်တို့သားအဖနှစ်ဦးနှင့်လုံးထွေးဖမ်းခဲသော် လဲကျောက်လှဲ့နှင့်ထိုးပြီးပြေးရာ နယ်ထိန်းအဖွဲ့မှ ရဲဒုတက၂ဦးမှာ ဖိနပ်ကျွတ်သွားသော်လည်း ဆူးပင်များကြားတွင် မုဆိုးခြေထောက် ဆူးမကြောက်သကဲ့သို့ တရားခံဟုယူဆရ သူနောက်လိုက်လံဖမ်းဆီး ခဲ့သည်ကိုလဲ မှတ်တမ်းတင်ဂုဏ်ပြုသကဲ့သို့ ၎င်းတရားခံဟုယူဆရသူ ၎င်းအိမ်ထဲမှ အဖမ်းမခံဘဲအိပ်ခန်း တံခါးဖွင့်သည့် ရဲတပ်ဖွဲ့ဝင်များအား အထဲမှ တုတ၊်မီးသီး၊ကျောက်ခဲများနှင့် ပစ်ပေါက်ခဲ့မှုကြောင့်နယ်မြေ မီးသတ် ထပ်မံဖြည့်တင်းရဲတပ်ဖွဲ့ဝင်များ ရမခမှတပ်ကြပ်တစ်ဦး အပါအ၀င်တို့မှ တနာရီနီးပါး အမျိုးမျိုးဖြောင်းဖျ ပြောဆိုသော်လဲမရသဖြင့် အခမ်းတွင်းရှိကုတင်အား တွန်းလှဲပြီးဝင်ရောက်လုံးထွေးပြီး ညာလက်တွင်ကြိုးနှင့် ပူးချည်ထားသော ကျောက်လှဲ့အား ၎င်း ဘယ်လက်မှတုတ် ကျောက်ခဲတို့ လုယူနိုင်ပြီး ဖမ်းဆီးနိုင်ခဲ့ပါသည်။ ၎င်းအားမြို့မရဲစခန်းတွင်(ပ)၂၆၂/၁၆။ပုဒ်မ။၃၂၄ဖြင့်အမှုဖွင့် ဆောင်ရွက်ထားပါသည်။ ကျနော်တင်ပြလိုသည်မှာ နယ်ထိမ်းတပ်ဖွဲဝင်များထံ အမှုကိစ္စ သတင်းပေးစဉ် အချိန်တိုအတွင်းရောက်ရှိလာမှု။တရားခံဟု ယူဆရသူအား မိမိအားရန်ပြုနိုင်သည့် လက်နက်ကိုင်ထား သူအားဖမ်းဆီးရမိရေး ဖိနပ်မပါသော်လည်းဆူးခြုံထဲ မရှောင်လိုက်လံ ဖမ်းဆီးရန် ကြိုးစားမှု။အခမ်းတွင်းမှ ရရာပစ္စည်းများနှင့် ပစ်ပေါက်နေသည့်ကြားမှ ချော့မော့ပြောဆိုစည်းရုံးခဲ့မှု။ မရတော့မှ အတင်းဝင်ရောက်လုံးထွေးမှု။ လမ်းကြုံစဉ်တရားခံဟု ယူဆသူကိုချော့မော့ပြောဆိုစည်းရုံးခြင်း။ ရဲတပ်ဖွဲ့နှင့်အတူ ၀င်ရောက် လုံးထွေးဖမ်းပေးသော ရမခ။ စစ်ရေးဌာနမှ တပ်ကြပ်တစ်ဦးတိုအား ဤသတင်းဆောင်းပါးဖြင့် အလေးပြုဂုဏ်ပြုအပ်ပါကြောင်း ဒဏ်ရာရလူနာမှာ နဖူးတွင် ၃ချက် ချုပ်ထားရပြီး မစိုးရိမ်ရကြောင်းပါခင်ဗျာ။

Lashio Media

တောင်ငူတွင် ဆိုင်ကယ်တိုက်ခံရသူ ပထမနှစ် ကျောင်းသူ မမိုးမြင့်သူ သေဆုံး

ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က တောင်ငူ ညောင်ကိုင်းတက္ကသိုလ်သို့ ဆိုင်ကယ်ဖြင့် ကျောင်းတက်သူ မမိုးမြင့်သူ (၁၈) နှစ် ပထမနှစ် သင်္ချာအဓိက ကျောင်းသူသည် ဆိုင်ကယ် ဦးထုပ် ပြုတ်ကျသဖြင့် လှည့်ကောက်ရန် ဆိုင်ကယ်အား ပြန်ကွေ့စဉ် နောက်မှ ရဲလင်းထွန်း (၁၈) နှစ် မောင်းနှင်လာသော ဆိုင်ကယ်က၀င်တိုက်မိသဖြင့် မမိုးမြင့်သူတွင် နောက်စေ့၌ ဖူးရောင်ဒဏ်ရာရပြီး တောင်ငူဆေးရုံကြီးသို့ဇွန်လ၂၉ရက်နေ့၁၀နာရီခွဲမှာအတွင်းလူနာအဖြစ် ဆေးရုံတင် ခဲ့ရရာ နေပြည်တော် ကုတင် ၁၀၀၀ ဆံ့ ဆေးရုံသို့ ဆက်လက် ပို့ဆောင် ပေးခဲ့ရပြီး ယနေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၃ နာရီခန့်က နေပြည်တော် ကုတင် ၁၀၀၀ ဆံ့ ဆေးရုံတွင် ကွယ်လွန်သွားပြီဖြစ်ပါတယ်။

အခင်းဖြစ်ပွားစဉ်နှင့် သေဆုံးချိန်များတွင် ကျွန်းကုန်း နာရေးကူညီမှုအသင်းနှင့် တောင်ငူနည်းပညာ တက္ကသိုလ်နာရေးကူညီမှုအသင်းတို့မှလိုက်ပါကူညီ ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ဖြူးမြို့ သေဆုံးသူ၏ နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရှိရပါသည်။

သစ်ထူးလွင်

Friday, July 1, 2016

ထိုင်းအနှိပ်ခန်းမှာ အဖမ်းခံရသူတွေထဲ အသက်မပြည့်တဲ့ မြန်မာအမျိုးသမီးတွေ ပါဝင်

                                 Nataree အနှိပ်ခန်း ထိုင်းရဲဝင်စီးစဉ် (Photo Credit: CJ)

ထိုင်းနိုင်ငံ ဘန်ကောက်ပိုင် ဟွေ့ခွမ်မြို့နယ်ထဲမှာ လူကုန်ကူးခံရပြီး ပြည်တန်ဆာရုံမှာ ရောင်းစားခံရတဲ့ မိန်းကလေးတွေကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေက ၀င်ရောက် စီးနင်းဖမ်းဆီးရာမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေ အပါအ၀င် မိန်းကလေး ၁၂၀ ကျော်ထဲမှာ အများစုဟာ မြန်မာမိန်းကလေးတွေ ဖြစ်နေကြပါတယ်။ သူတို့ထဲကတချို့ဟာ ရောင်းစားခံနေရကြောင်းကို အပြင်မှာရှိတဲ့ သူတို့ကိုကယ်ဆယ်နိုင်မယ့် အဖွဲ့တွေကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။ အသေးစိတ်ကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နာမည်ထင်ရှားတဲ့ အနှိပ်ခန်းတခုကို ရဲတွေက ၀င်ရောက်စီးနင်းရာမှာတော့ မြန်မာနိုင်ငံသား မိန်းကလေးတွေ အများစုကို တွေ့ရှိခဲ့ရပါတယ်။ သူတို့ထဲက တချို့ဟာ လူကုန်ကူးခံရတဲ့အကြောင်း သူတို့ကိုကယ်ဆယ်ဖို့အတွက် လူကုန်ကူးမှု တားဆီးရေးလုပ်နေတဲ့ အဖွဲ့တွေကို အကြောင်းကြားခဲ့တာပါ။ ဒီနောက် သတင်းအချက်အလက် ဖလှယ်မှုတွေလုပ်ဆောင်ခဲ့ပြီး သူတို့ကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေက သွားရောက် စီးနင်းမှုတွေ လုပ်ကြတာဖြစ်တယ်လို့ လစဉ်လူကုန်ခံရသူတွေကိုကယ်ဆယ်ရေးလုပ်နေတဲ့ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ဆိုပါတယ်။


“သတင်းအချက်အလက်တော့ ကျနော်တို့ ပေးရတယ်။ ၁၂၁ ယောက်မှာ မြန်မာအမျိုးသမီးက ၁၀၀ လောက် ပါပြီးတော့ ကျန်တဲ့ ၂၁ ယောက်က ကမ္ဘောဒီးယားနဲ့ ထိုင်းအမျိုးသမီးတွေ၊ ဒီထဲမှာ ၁၈ နှစ်အောက်က ၃ ယောက်။ သူတို့တွေ တော်တော်များများဟာ ဒီလုပ်ငန်းခွင်ထဲကို လူကုန်ကူးခံရပြီးတော့မှ လိမ်လည်လှည့်ဖျားပြီးတော့မှ ရောက်လာကြတယ်။ ဒီ ၄၊ ၅ နှစ်လောက်အတွင်းမှာ ဒီလို လိင်အလုပ်သမား အရေအတွက် ရာချီပြီးတော့ ဖမ်းမိတာ ဒါ ပထမဦးဆုံးလို့ ပြောလို့ရတာပေါ့နော်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးကိစ္စ လုပ်တဲ့လူတွေကို သူတို့ရဲ့ အဖြစ်အပျက်တွေကို ရေးသားပေးပို့လိုက်တာမျိုးတို့၊ ကျနော်တို့ကို ဖုန်းဆက်ပြီးတော့ အကူအညီတောင်းခံလာတာမျိုးတို့မှ တိုက်တိုက်ဆိုင်ဆိုင် ရတာပါ။”
ဘန်ကောက်မြို့က ထင်ရှားတဲ့ ဟွေ့ခွမ်မြို့နယ် ရာ့ခ်ျဒါးဖိဆစ်နယ်မြေမှာရှိတဲ့ အနှိပ်ခန်းဟာ စနစ်တကျနဲ့ လုပ်ဆောင်ထားတဲ့ နေရာဖြစ်ပြီး အဲဒီနေရာကို ရောက်သွားတဲ့ အမျိုးသမီးငယ်တွေ ထွက်ပြေးလွတ်မြောက်ဖို့က လွယ်ကူတဲ့နေရာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီနေရာကို ထိုင်းအာဏာပိုင်တွေက စီးနင်းဖို့အတွက် ၂ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပေမဲ့ အောင်မြင်မှု မရှိခဲ့ဘူးလို့ ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားတာပါ။ အဲဒီနေရာကို စုံစမ်းဖို့အတွက် ရောက်ရှိခဲ့တဲ့ ဦးကျော်သောင်းကလည်း အခုလို ပြောပါတယ်။
“အဲဒီ ပြည့်တန်ဆာရုံထဲမှာ ဘာတွေရှိသလဲဆိုတော့ ထမင်းစားခန်းရှိတယ်။ မုန့်စားခန်းရှိတယ်။ ဘီယာသောက်ခန်းရှိတယ်။ အဲဒီ ပြည့်တန်ဆာလုပ်ငန်း ပိုင်ရှင်တွေက အဲဒီ ပြည့်တန်ဆာ အမျိုးသမီးလေးတွေကို မှန်ခန်းထဲမှာ မပေါ့တပေါ်လေး ၀တ်ပြီးတော့ ရင်ဘတ်ပေါ်မှာ နံပါတ်ကလေး ချိတ်ထားတယ်။ အဲဒီ အပြင်ကရောက်လာတဲ့ ဧည့်သည်တွေကနေပြီးတော့ အပြင်က ဘီယာတွေ အရက်တွေ သောက်စားပြီးတော့မှ အဲဒီ မိမိတို့ ပျော်ပါးမယ့် သဘောကျတဲ့ လိင်အလုပ်သမားတွေရဲ့ နံပါတ်ကို လက်ညှိုးထိုးပြရတယ်။”
မိန်းကလေးတွေဟာ ကာရာအိုကေမှာ အလုပ်ရမယ်ဆို စားပွဲထိုးလုပ်ရမယ် ဆိုတာကြောင့် အလုပ်အကိုင် ရှာဖွေဖို့လာရင်းနဲ့ အခုလိုမျိုး ပြည်တန်ဆာအဖြစ် ရောင်းစားခံရသူတွေလည်း ပါဝင်တာပါ။ သူတို့အားလုံးကို သေချာစိစစ်ပြီးသွားရင်တော့ အမျိုးအစားအလိုက်ခွဲပြီး ကယ်ဆယ်ရေးနဲ့ အကူညီပေးရေးတွေ ပြစ်ဒဏ်ပေးတာတွေကို ထိုင်းအာဏာပိုင်တွေက လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ဘန်ကောက်မြို့က မြန်မာသံရုံးကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။ ထိုင်းအာဏာပိုင်တွေကတော့ ပြည်တန်ဆာအဖြစ်ဖမ်းဆီးခံရသူတွေထဲကအများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ သတင်းစာရှင်းလင်းပွဲမှာ တရားဝင် ပြောဆိုထားပါတယ်။

VOA