Monday, February 29, 2016

သီပေါမြို့နမ့်ပေါ်ချောင်းကူးရထားသံလမ်းတံတားအနီးတွင်ဒေသန္တရလုပ် ချိန်ကိုက်မိုင်း၁လုံးတွေ့ရှိ

၂၉-၂-၂၀၁၆









၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၈နာရီခွဲခန့်တွင် သီပေါမြို့၊ မြို့လယ်ရပ်ကွက်အတွင်းရှိ နမ့်ပေါ် ချောင်းကူး ရထားသံလမ်းတံတားအနီး၌ သီပေါမြို့ဘူတာရုံမှသံလမ်းအလုပ်သမား ဦးငှေးဝင်းသည် သံလမ်းစစ်ဆေး ရန် မြို့လယ်ရပ်ကွက်မှဇာတ်စုရပ်ကွက်ဘက်သို့ သံလမ်းအတိုင်းသွားရောက်ခဲ့ရာ မြို့လယ်ရပ်ကွက်အတွင်းရှိ နမ့်ပေါ် ချောင်းကူးရထားသံလမ်းတံတားသို့ မရောက်မှီ သံလမ်း၏ယာဘက်တွင် မိုင်းဟုယူဆရသော အရာဝတ္ထုတစ်ခု တွေ့ရှိ၍သီပေါမြို့မရဲစခန်းသို့ဖုန်းဖြင့်သတင်းပေးပို့ခဲ့ကြောင်းသိရှိရသည်။

Friday, February 12, 2016

မိုက်တွင်းနက်တဲ့ TNLA (ပလောင်)



၂၀၁၆ ဖေဖော်ဝါရီလ ၁၁






ရှမ်းပြည်နယ်မြောက်ပိုင်းပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရသောနမ့်ဆန်မြို့မီးဘေးကြောင့် ပြည်သူလူထုများဒုက္ခများ ကျရောက်နေချိန်မှာTNLA(ပလောင်) သောင်းကျန်းသူအဖွဲ့သည် ပလောင်လူမျိုးများ၏မျက်နှာမှမထောက်ဘဲ
 ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာနမ့်ဆန်မြို့မီးဘေးသင့်ပြည်သူများအားလှူဒါန်းရန်အတွက်ဖေဖော်ဝါရီလ၈
ရက်နေ့၁၀နာရီခန့်အချိန်တွင်ရှမ်းလူမျိုး(၇)ဦးအား ကျောက်မဲမိုးကုတ်သွားကားလမ်းပေါ်၌၎င်းတို့စီးလာသော
ဆိုင်ကယ်အားရပ်တန့်၍သတ်ပစ်ခဲ့ပြီးဆိုင်ကယ်အား၎င်းနေရာပင်မီးရှို့ဖျက်ဆီးခဲ့ကြောင်းအမည်မဖော်လိုသူ
ရွာသားတစ်ဦး ထံမှသိရှိရပါသည်။

TNLA (ပလောင်) ၏ ဒေ၀ဒတ်ဆရာ KIA



၂၀၁၆ ဖေဖော်ဝါရီလ ၁၁ 




ယခုရက်ပိုင်းအတွင်းကျောက်မဲမြို့နယ်နှင့်မိုးကုတ်မြို့နယ်ရှိ ကျေးရွာများတွင်TNLA(ပလောင်) သောင်းကျန်းသူအဖွဲ့မှရှမ်းတိုင်းရင်းသားများနေထိုင်ရာ ကျေးရွာများသို့ဝင်ရောက်၍ဖမ်းဆီးသတ်ဖြတ်ခြင်း
 နှင့်ဆက်ကြေး ကောက်ခံ ခြင်းများပြုလုပ်လာသဖြင့်ရှမ်းလက်နက်ကိုင်အဖွဲ့မှတားဆီးနေသော်လည်း
ရပ်တန့်ခြင်းမရှိဘဲဆက်လက်လုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။

Sunday, February 7, 2016

TNLA အဖွဲ့မှ ပန်စန် နှင့် တော့စံရွာကြားတွင်ခရီးသွားပြည်သူများအား ရိုက်နှက်၍ငွေကြေးတောင်းခံခြင်းများပြုလုပ်

၂၀၁၆ ဖေဖော်ဝါရီ ၇

ယခုရက်ပိုင်းအတွင်းTNLAအဖွဲ့များသည် ကျောက်မဲမြို့နယ်ရှိပန်စန်နှင့်တော့စံသွား
လမ်းကြောင်း၌ခရီးသွား ပြည်သူများအားဖမ်းဆီး၍ဆက်ကြေးငွေများကောက်ခံနေ
ကြောင်း  တော့စံကျေးရွာနေ  ကျောင်းသား မိဘတစ်ဦးထံမှ တဆင့်သိရှိရပါသည်။

Friday, February 5, 2016

နေအိမ်ဆောက်လုပ်ရန် သစ်/၀ါးခုတ်နေသူများအား KIA အဖွဲ့မှ ဆက်ကြေးငွေများ အတင်း အကြပ်ကောက်ခံ

၂၀၁၆ ဖေဖော်ဝါရီ ၅


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ၀က်ငင်းကျေးရွာအနီး တောထဲ၌ နေအိမ်ဆောက်လုပ်ရန် သစ်/၀ါး ခုတ်နေသူ ၅ ဦးအား ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ သွားကြောင်း ယင်းဒေသခံများထံမှသိရပါသည်။

Wednesday, February 3, 2016

မူဆယ်မြို့တွင် ကျပ်သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိ အမိုနီယမ်နိုက်ထရိတ်များ သိမ်းဆည်းရမိ

၂၀၁၆ ဖေဖော်ဝါရီ ၃
 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ မြို့ပတ်လမ်းရှိ ခြံပိုင်ရှင် မကျန်းကျားလျံ (ခ)အားလျံ ၄၃ နှစ်(ဘ) ဦးကျန်းဝေ ပိုင်ဆိုင်သည့် ခြံအမှတ်(ကမတ/၀၆၁)တွင် အမိုနီယမ်နိုက်ထရိတ်များ တရားမ၀င် သိုလှောင်ထားရှိကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော် ၀ါရီ ၁ ရက် ည ၉ နာရီခန့်တွင် သွားရောက်စစ်ဆေးရှာဖွေရာ ခြောက်ဘီးယာဉ် ကိုးစီးပေါ်မှ တစ်ဖက်နိုင်ငံထုတ် အမိုနီယမ်နိုက်ထရိတ် တစ်အိတ်လျှင် ၄၀ ကီလိုဂရမ်ခန့်ပါ ၄၅၀၀ အိတ်၊ ကွန်ကရစ်ဂိုဒေါင်အတွင်းမှ REFINED SUGAR နှင့် သကြားဖြူဟုရေးထား သောစာတန်းပါ အိတ်ဖြင့်ထည့်ထားသည့် အမိုနီယမ်နိုက်ထရိတ် ၂၀၀၀ အိတ်၊ စုစုပေါင်း အမိုနီယမ်နိုက်ထရိတ် ၆၅၀၀ အိတ်(ကာလ တန်ဖိုးငွေကျပ် ၂၂၇၅ သိန်းခန့်)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ချင်းရွှေဟော်လမ်းဆုံ၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် အမျိုးသမီး တစ်ဦးအား ဖမ်းဆီးရမိ

၂၀၁၆ ဖေဖော်ဝါရီ ၃


နေပြည်တော်၊ ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော် လမ်းဆုံ၌ ဇန်နဝါရီ ၃၁ ရက် ညနေ ၅ နာရီ ၁ဝ မိနစ်ခန့်တွင် နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့နှင့် မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်စဉ် လောက်ကိုင် ဘက်မှ ချင်းရွှေဟော်ဘက်သို့ မကော်ရှောက်ကြူ (ဘ) ဦးလော်တုံပေါင်း မောင်းနှင်လာသော မတ်တူး အဖြူရောင် ယာဉ်တစ်စီးအား ရှာဖွေရာ ယာဉ်နောက်ခန်း အလယ်အံဝှက် အတွင်းမှ အနီရောင် ကတ်ထူ ဘူးဖြင့် ထုပ်ပိုးထားသော ဘိန်းဖြူ ဘလောက်တုံး ၁၈ တုံး၊ ၁၆ဝ ဂရမ်ခန့် (ကာလတန်ဖိုး ငွေကျပ်သိန်း ၃၂ဝ ခန့်)အား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသော တရားခံ၊ ယာဉ်နှင့် မူးယစ် ဆေးဝါးများအား မြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Credit >>> တပ်မတော်သတင်းစဉ်