Friday, June 27, 2014

SSA(၀မ်ဟိုင်း)မှ သီပေါ ပန်လန်းရွာနေ ဒေါ်နန်းအိန်အား ကြိုးတုတ်ဖမ်းဆီးခေါ်ဆောင်

27 June 2014

SSA(၀မ်ဟိုင်း) တပ်မဟာ ၆၁၂ မှ အဖွဲ့များသည် သီပေါ မြို့၊ မိုးတေကျေးရွာအုပ်စု ၊ ပန်လမ်းရွာနေအသက် ၄၇ နှစ်အရွယ် ဒေါ်နန်းအိန်အားမူးယစ်ဆေးဝါးအကြောင်းပြဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ယခုလ၂၆ရက်နေ့ည၂နာရီလောက်မှာSSA(၀မ်ဟိုင်း)ကအဖွဲ့တွေ ဒေါ်နန်းအိန်ရဲ့ နေအိမ်ကို ရောက်လာပြီး ရှာဖွေမှုတွေပြုလုပ်တယ်။

အိမ်ပေါ်မှာမူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့်ပိုက်ဖြတ်စများ တွေ့ရှိသောကြောင့် ကျေးရွာအုပ်ချုပ်ရေး မှူးအားခေါ်ပြီး ဒေါ်နန်းအိန်အားကွန်ဟောက်(တောင်)ရွာသို့ ငွေကျပ်၁၅သိန်းနဲ့လာရွေးရန် ပြောဆိုထွက်ခွာ သွားကြောင်းပန်လန်းရွာသား   တစ်ဦးမှပြောပါသည်။    ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်   ဒေါ်နန်းအိန်  ဆွေမျိုးများမှ

Thursday, June 26, 2014

မွတ်ဆလင်ဘာသာဝင် ၃ ဦး ဗုဒ္ဓဘာသာသို့ ကူးပြောင်း

27 June 2014

ကျောက်မဲမြို့ နေ မွတ်ဆလင် ဘာသာဝင် ၃ ဦးသည် ဗုဒ္ဓဘာသာအား အမြဲတမ်းသက်ဝင် ယုံကြည်သောကြောင့် ဇွန်လ ၂၆ ရက်နေ့က ဘာသာကူးပြောင်းခဲ့ကြောင်းသိရသည်။ 

ဘာသာကူးပြောင်းခြင်းအခမ်းအနားသို့ ကျောက်မဲမြို့ ရွှေဖီဦးလမ်းရှိတိလင်ပရိယတ္တိစာသင်တိုက်၌ ပြုလုပ် ခဲ့ရာ ပြည်လုံးချမ်းသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္န ပညာဝံသ၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့မှ သြ၀ါဒစရိယ   ဆရာတော်များနှင့် ဧည့်ပရိတ်သတ် စုစုပေါင်း  ၉၀ ဦးတက်   ရောက်ခဲ့ပြီး မွတ်ဆလင်

Wednesday, June 25, 2014

SSA (ရွက်ဆစ်)အဖွဲ့ အမာခံများမှတစ်ဆင့် တစ်အိမ်ထောင် ငွေ ၁ သိန်းကျပ်နှင့် တစ်ရွာ လူသစ်တစ်ယောက် စုဆောင်ပေးရန် ခြိမ်းခြောက်ပြောဆို

25 June 2014

SSA(ရွက်ဆစ်)မှ ကျောက်မဲမြို့နယ်အတွင်း ကျေးရွာများတွင် ၄င်းတို့အမာခံများတစ်ဆင့်တစ်ရွာလျင်လူသစ် တစ်ယောက်နှုန်းနှင့်တစ်အိမ်ထောင်လျှင် တစ်သိန်းကျပ်နှုန်းပေးသွင်းရန်ခြိမ်းခြောက်ပြောဆို ထားကြောင်း သိရသည်။ 

ယခုလ ၂၄ ရက်နေ့က SSA(ရွက်ဆစ်)အမာခံတွေက ကျောက်မဲမြို့နယ်ထဲမှာရှိတဲ့ ပန်စံ၊ တော့စံ၊ ပန်ကွမ်၊ ကွန်ခါ၊မင်းကုန်းကျေးရွာတွေကအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး   SSA(ရွက်ဆစ်)အဖွဲ့သို့ တစ်ရွာတစ်ယောက်နှုန်း

Monday, June 23, 2014

TNLA မှ ဖာလင်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင်

24 June 2014

TNLA အဖွဲ့များသည် ဇွန်လ ၂၁ ရက်နေ့က လွယ်လွမ်အုပ်စု ၊ စံကွေ့ရွာအနီး ကားလမ်းမပေါ်တွင် သွားလာနေသော လူ /ဆိုင်ကယ်၊ ယာဉ်များအား တားဆီး၍ သွားလာမှု မပြုလုပ်ရန် ပိတ်ပင်ခဲ့ကြောင်း သိရသည်။TNLAအဖွဲ့တွေကလမ်းသွားလာမှုတွေပိတ်ပင်တယ်။ ပြီးတော့ရှေ့ဆက်မသွားခိုင်ဘဲ နောက်ပြန် လှည့်ခိုင်းတယ်ဟု၎င်းလမ်းတွင်ကူးသန်းရောင်းဝယ်နေသည့်ခရီးသွားတစ်ဦး၏ ပြောပြချက် အရသိရသည်။ 

၎င်းနောက်TNLAအဖွဲ့များသည်ဖာလင်ကျေးရွာအနီးရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းမောင်အား ၄င်းတို့နှင့်လာတွေ့ရန်လူလွှတ်ခေါ်ခိုင်းခဲ့ကြောင်းသိရသည်။သူတို့ခေါ်ခိုင်းလို့ဦးသန်းမောင်သွားတွေ့တော့

ဂျီယွန်း၏ 1 MIN 1 SEC တေးသီချင်းသစ်ကို SBS ရုပ်သံ၌ ဇွန် ၂၄ ရက်တွင် ထုတ်လွှင့် ပြသ မည်


24 June 2014

ဆိုးလ် ဇွန် ၂၂T-ara အဆိုအဖွဲ့မှအဆိုတော်ဂျီယွန်းသည်သူမ၏တစ်ကိုယ်တော် တေးသီချင်းသစ် ဖြစ်သော 1 MIN 1 SEC ကို SBS ရုပ်သံ၏ The Show:All About K-pop ဟု အမည်ပေးထားသည့်MTV အစီ အစဉ်တွင် အသံသွင်း ရိုက်ကူးပြီး ဖြစ်ကြောင်း သိရသည်။  ဂျီယွန်း၏  1 MIN  1 SEC  တေးသီချင်းကို SBS ရုပ်သံ၌  ဇွန်

SSA (၀မ်ဟိုင်း) ဌာနချုပ်၏ ညွှန်ကြားချက်အရ နမ္မတူ မြို့နယ်အတွင်း တစ်အိမ်ထောင်လျှင် ၁၇၀၀၀ ကျပ်နှုန်း ဆက်ကြေးကောက်ခံ

23 June 2014

SSA(၀မ်ဟိုင်း)အတွက်ဆက်ကြေးတာဝန်ယူကောက်ခံပေးနေသောကျောက်ထွန်းဦးနှင့်အဖွဲ့များသည်နမ္မတူ မြို့နယ် နားဟုတ်၊ ပန်ဟတ်၊ ပန်လုံကျေးရွာ အုပ်စုများ တစ်အိမ်ထောင်လျှင် ဆက်ကြေးငွေ ၁၇၀၀၀ ကျပ်နှုန်းပေးသွင်းရန်ကျေးရွာသူကြီးများမှတစ်ဆင့်ခြိမ်းခြောက်တောင်းဆိုထားကြောင်းနမ္မတူဒေသခံတစ်ဦး   ပြောပြချက် အရသိရသည်။
ယခုလ၂၀ရက်နေ့ကSSA(၀မ်ဟိုင်း)ကအဖွဲ့တွေပန်ဟတ်ကျေးရွာနေဦးအိုက်မွန်း နေအိမ်ကို ရောက်လာတယ်။

ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနမှ စာပေ တည်းဖြတ်မှု အတတ် ပညာနှင့် နိုင်ငံခြားသား များအတွက် အခြေခံ မြန်မာဘာသာ သင်တန်း ဖွင့်လှစ်မည်


23 June 2014

မြန်မာစာဌာနမှသင်ကြားသောစာပေတည်းဖြတ်မှုအတတ်ပညာနှင့် နိုင်ငံခြားသားများအားအခြေခံ မြန်မာ ဘာသာ အဆင့်(၁)နှင့် အဆင့်(၂) သင်တန်းများကို ဇွန်လတွင် ဒုတိယအကြိမ် ထပ်မံ ဖွင့်လှစ် လိုက်ကြောင်း ရန်ကုန်တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါသင်တန်းတွင် ပထမအကြိမ် သင်တန်း၌ နိုင်ငံခြားသားများ၊ အခြေခံမြန်မာ ဘာသာ အဆင့်(၁) ပြီးသူများသည် အဆင့် (၂) သင်တန်းကို

Sunday, June 22, 2014

မန္တလေး ရွှေဈေး ဝယ်လိုအား များပြီး အဝင်နည်း၍ ဈေး မြင့်တက်

23 June 2014

မန္တလေး ရွှေဈေးကွက်တွင် ဈေးနှုန်းများဆက်တိုက်ကျဆင်းနေရာမှဇွန်တတိယအပတ်မှစတင်၍ ရွှေလုပ်ကွက် များတွင်မိုးများရွာသွန်းသဖြင့်အထွက်နည်းခြင်း၊နယ်ဝယ်လိုအားများလာခြင်း၊ကမ္ဘာ့ ရွှေဈေးတစ်ထရိုင်အောင်စ ကို အမေရိကန်ဒေါ်လာ ၁၃၁၄ သို့ ရောက်ရှိလာ သဖြင့် ရွှေဈေးများ မြင့်တက် လျက်ရှိရာ ဇွန် ပထမပတ်က အခေါက်ရွှေ တစ်ကျပ်သား ငွေကျပ် ၆၄၇၅ဝဝ ကျပ်နှင့်    ၁၅ ပဲရည် ရွှေရည်မီ   တစ်ကျပ်သား ငွေကျပ် ၆၁၅ဝဝဝ

ရင့်ကျက်သူဖြစ်ဖို့

22 June 2014

(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။ 

(၂)လမ်းလျှောက်ချိန်ကိုယ်ကိုတည့်တည့်မတ်မတ်ထားပါ။စိတ်ရှုပ်ချိန်လမ်းမှာတွေ့တဲ့လူတွေကို နှုတ်မဆက်ချင် ရင် ခေါင်းညိတ်ပြုံးပြပါ။
 (၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ/

Saturday, June 21, 2014

ငါးများကို ဖမ်းယူ စားသောက်သည့် ပင့်ကူမျိုးစိတ်များ စူးစမ်း လေ့လာသူများ တွေ့ရှိ

22 June 2014

ကမ္ဘာတစ်ဝန်းတွင် နေထိုင်ရှင်သန် ပေါက်ပွားလျက် ရှိသော ပင့်ကူများ အနက် အချို့သော ပင့်ကူများသည် အင်းဆက်ပိုးမွှားများကိုသာမက၎င်းတို့ထက် အရွယ်အစားကြီးမားသောငါးများကိုပါဖမ်းယူစားသောက်နိုင်   ကြောင်း စူးစမ်း လေ့လာသူများက တွေ့ရှိခဲ့ကြသည်။ ပင့်ကူများသည် အင်းဆက်များကိုသာ စားသုံးသည် မဟုတ်ကြောင်း တွေ့ရှိခဲ့ပြီးနောက် အဆိုပါ ပင့်ကူများကို စိတ်ဝင်တစား လေ့လာခဲ့ရာမှ ကမ္ဘာတစ်ဝန်းရှိ ပင့်ကူ

မြန်မာ့လက်ရွေးစင် အသင်းကို ပဏာမ ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်း

22 June 2014

အာဆီယံ ဒေသတွင်း၏ အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်သည့် အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ရန် အတွက် မြန်မာအသင်းသည် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။ပြိုင်ပွဲမတိုင်မီ မြန်မာအသင်းမှာ နိုင်ငံတ ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

 အဆိုပါ ခြေစမ်းပွဲများကို ယှဉ်ပြိုင် ကစားရန် မြန်မာ့ လက်ရွေးစင် အသင်းကို ပဏာမ ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းတွင် နည်းပြချုပ်- အေဗရာမိုဗစ်၊ လက်ထောက်နည်းပြဇီကိုဗစ်နှင့်ဦးစိုးမြတ်မင်း၊ဂိုးနည်းပြဒီနို၊ကစားသမားများအဖြစ်ဂိုးသီဟစည်သူ(ရတနာပုံ)၊   ကျော်ဇင်ဖြိုး      (မကွေး)၊     မန်လားဟရွယ်    (နေပြည်တော်)၊  ရန်အောင်လင်း(ဟံသာဝတီ)  ၊နောက်တန်း

Mann Yadanarpon Air Line မှ တနင်္သာရီ တိုင်း ဒေသကြီး ခရီးစဉ် ယခုလ အတွင်း စတင် ပြေးဆွဲမည်

22 June 2014

မန္တလေးမြို့ အခြေစိုက် လေကြောင်း လိုင်းသစ်တစ်ခု ဖြစ်သည့် Mann Yadanarpon Air Lineသည် တနင်္သာရီတိုင်း ဒေသကြီး အတွင်း ခရီးစဉ်များကို ဇွန် ၂၅ ရက်တွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း မြိတ်လေဆိပ်၌ဖွင့်လှစ်ထားသောအဆိုပါ လေကြောင်းလိုင်း၏မြိတ်ရုံးခွဲမှသိရသည်။အဆိုပါ လေကြောင်းလိုင်း သည်တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိမြို့များ ဖြစ်သောထားဝယ်၊မြိတ်နှင့် ကော့သောင်းမြို့တို့သို လေယာဉ်နှစ် စင်းဖြင့်    တနင်္လာ၊  ဗုဒ္ဓဟူးနှင့်   သောကြာနေ့တို့တွင် တစ်ပတ်လျှင်    သုံးရက် ပြေးဆွဲပေးမည်   ဖြစ်ကြောင်း

Thursday, June 19, 2014

ပြည်ထောင်စုဝန်ကြီးတာဝန်မှ ရပ်စဲ

20 June 2014

သံပရာရည်၏ ကျန်းမာရေး အကျိုးကျေးဇူး

20 June 2014

သံပရာရည်မှာ ဗီတာမင်စီနဲ့ အင်တီ အောက်ဆီးဒင့်တွေ အကောင်းဆုံး ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ဖရီးရယ်ဒီကယ်တွေကိုဖယ်ရှားပေးကာခုခံအားစနစ်ကိုကောင်းမွန်စေပါတယ်။သံပရာ ရည်ဟာ ပိုးဝင်ကူးစက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပြီးဓာတ်မတည့်မှုကို လျော့ကျ စေပါတယ်။ ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့်အနာကျက် မြန်စေပါတယ်။လည်ချောင်းနာတာ၊အာသီး ရောင်တာတွေကိုသက်သာ   စေပါတယ်။ သံပရာရည်ဟာအစာခြေစနစ်ကို    ကျန်းမာရေး ကောင်းစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို

သောင်းကျန်းသူများ မိုင်းထောင် ဖောက်ခွဲမှုကြောင့် မီးရထားဝန်ထမ်း တစ်ဦး သေဆုံး





ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာ ၊ ပြည်ထောင်စု ကာလမ်းမကြီး မိုင်တိုင်အမှတ် (၉၅/၅)နှင် (၉၅/၆) ကြားနေရာတွင် ဖွန်လ ၁၇ ရက်နေ့ ည ၆နာရီ ၄၅ မိနစ်တွင် မိုင်းတစ်လုံးပေါက်ကွဲပြီး ပေါက်ကွဲ မှုကြောင့် ပြင်ဦးလွင်မြို့နေ မီးရထားဝန်ထမ်းတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင့်သိရသည်။ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူနှင့်ဒဏ်ရာရသူ၂ဦးမှာသီပေါတွင်မီးရထားလမ်းပြုပြင်ရန်အတွက် ပြင်ဦးလွင် မှသီပေါသို့ဆိုင်ကယ်စီးနင်းလာပြီးမိုင်းပေါက်ကွဲသည့်နေရာအရောက်တွင် ဈေးဆိုင်တွင် ဈေးဝယ်ယူရန် ဆိုင်ကယ်အားပြည်ထောင်စုလမ်းမကြီးဘေးတွင်ရပ်ထားခဲ့ကြောင်းနှင့် ဈေးဝယ်ပြီးဆိုင်ကယ်ရှိရာသို့ ပြန်လာ

Wednesday, June 18, 2014

ခရမ်းချဉ်သီး ဖျော်ရည်သုံး ဆောင်ခြင်းသည် ကျန်းမာရေး ကောင်းမွန် စေနိုင်ကြောင်း လေ့ လာ တွေ့ရှိ

18 June 2014

လူတစ်ဦးသည် ကာယ လေ့ကျင့်ခန်း များအား သွန်ခွန်စိုက် ပြုလုပ် ပြီးလျှင် စွမ်းအားပြည့် အချိုရည် များထက် ခရမ်းချဉ်သီး ဖျော်ရည်အား သောက်သုံး သင့်ကြောင်း သုတေသန ပညာရှင်များ၏ ထုတ်ပြန်ချက် အရ သိရသည်။ အဘယ်ကြောင့် ဆိုသော် ယင်းခရမ်းချဉ်သီး ဖျော်ရည်သည် လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ခန္ဓာကိုယ်ရှိ ဂလူးကို့စ် ပမာဏကို   ပုံမှန်   အနေအထားသို့ အမြန်ဆုံး   ပြန်လည် ဖြည့်တင်းနိုင်ပြီး   ကြွက်သား

TNLA အဖွဲ့မှ လားရှိုး- မူဆယ် လမ်းပေါ်တွင် သွားလာနေသော ယာဉ်များအား ဆက်ကြေးကောက်ခံ

18 June 2014

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဖြတ်သန်းသွားသည့် ယာဉ်တစ်စီးအား TNLA အဖွဲ့မှ ရှာဖွေ စစ်ဆေးမှုများပြုလုပ်ပြီး ငွေကျပ် ၅၅ သိန်း သိမ်းယူသွားကြောင်းသိရသည်။ ယခုလ ၁၆ ရက်နေ့က ကွတ်ခိုင်၊ မန်နိမ်း၊ ၁၂ မိုင်စုစည်းကျေးရွာနေ ခိုလုံ/လီရှော လူမျိုးများဖြစ်သည့် ဦးအောင်ကျော် ဒေါ်ယဉ်ထွေး၊ ရန်မိန်းကွယ်တို့သည်နမ့်ခမ်းသို့ကားဖြင့်ထွက်ခွာလာရာမန်အောင် ကျေးရွာအ၀င်  မန်ကောင်းရပ်ကွက်အနီး

Tuesday, June 17, 2014

မိကျောင်းဥဖြင့် ပြုလုပ်ထားသော အရသာထူးကဲလှသည့် ရေခဲမုန့် ဖိလစ်ပိုင် စားသောက်ဆိုင်တွင် ရောင်းချ

18 June 2014


ဖိလစ်ပိုင်နိုင်ငံ ဒါဗာအိုစီးတီးမြို့ အတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် မိကျောင်းဥဖြင့် ပြုလုပ်ထားသော အရသာ ထူးကဲလှသည့် ရေခဲမုန့်များကို ရောင်းချလျက်ရှိသည်ဟု သိရသည်။ အဆိုပါ ရေခဲမုန့်များကို မိကျောင်းဥဖြင့် ပြုလုပ်ထားသည် ဆိုသော်လည်း မိကျောင်းသားဖြင့် ပြုလုပ်ထားခြင်း မဟုတ်ခြင်းကြောင့် စားသုံးသူများ အနေဖြင့် စိုးရိမ်ရန် မလိုအပ်ကြောင်း၊    ရေခဲမုန့် ပြုလုပ်ရာတွင် ကြက်ဥ   အသုံးပြုရမည့်အစား

TNLA (ပလောင်)အဖွဲ့ စေခိုင်းမှုကြောင့် မိုင်းထောင်စဉ် အပြစ်မဲ့ရွာသား ၂ ဦး သေဆုံးမှု မှတ်တမ်း ဓာတ်ပုံများ

17 June 2014

SSA (၀မ်ဟိုင်း)မှ ရွာသားများလူသစ်အဖြစ် မ၀င်ရောက်လိုပါက တစ်ဦးလျှင် ငွေ ကျပ် သိန်း ၂၀ ပေးရန် လျှို့ဝှက်အကြောင်းကြား

17 June 2014

SSA(၀မ်ဟိုင်း)အဖွဲ့၊ တပ်ရင်း (၆၁၂)မှ ကျောက်လွမ်း နှင့်အဖွဲ့များသည် သီပေါမြို့နယ်၊ ကျင်သီကျေးရွာ၊ ပုံဖန်းကျေးရွာ၊ ရေပူ(ကြံခင်း)ကျေးရွာ တွန်ဆောက်ရွာမှ တစ်ရွာလျင် လူသစ် ၁ယောက်နှုန်း ဇွန်လ ၂၀ ရက်နေ့အတွင်း လာရောက်ခေါ်ဆောင်မည့်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လျှို့ဝှက်   အကြောင်းကြား

TNLA (ပလောင်)၏ စေခိုင်းမှုကြောင့် မိုင်းထောင်စဉ် အပြစ်မဲ့ ရွာသား ၂ ဦးသေဆုံး

16 June 2014

 ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်၊ဟိုနားရွာတွင်TNLAအဖွဲ့မှရွာသား၃ဦးအားမိုင်းထောင် ဖောက်ခွဲရန်   စေခိုင်းမှုကြောင့်အပြစ်မဲ့ ရွာသား၂ ဦးမိုင်းထောင်စဉ် ပေါက်ကွဲသေဆုံး သွားကြောင်းသိရသည်။ မျက်မြင် ရွာသား တစ်ဦးပြောပြချက်အ ဇွန်လ ၁၅ ရက်နေ့က ဟိုနားရွာတွင် နေထိုင်သော ဦးအိုက်လမ်း (ပလောင် /ဗုဒ္ဓ)၏ မြေစိုက်ပျဉ်ထောင်နေအိမ်အတွင်းသို့  ၀င်ရောက်မိုင်းထောင်ဖောက်ခွဲရန်TNLAအဖွဲ့  စေခိုင်းခံရသော

Monday, June 16, 2014

မော်တော်ယာဉ် ဥပဒေသစ်တွင် ယာဉ်မောင်းနေစဉ် ခါးပတ်ပတ်ရန်နှင့် လက်ကိုင်ဖုန်းဖြင့် ဖုန်းပြောဆိုခြင်း မပြုရန် အချက်များ ထည့်သွင်း ရေးဆွဲထား

16 June 2014

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ မော်တော်ယာဉ် မတော်တဆမှု ပိုမိုများလာ သောကြောင့် လက်ရှိရေးဆွဲ လျက်ရှိသော မော်တော်ယာဉ် ဥပဒေသစ်တွင် ယာဉ်မောင်းသူများ အနေဖြင့် ကားမောင်းနေစဉ် ခါးပတ် ပတ်ထားရန်နှင့် လက်ကိုင် ဖုန်းပြောဆိုခြင်းကို ခွင့်မပြုသည့် အချက်များ ထည့်သွင်းရေးဆွဲ ထားကြောင်း

အိပ်ရာမဝင်မီ အကြော လျှော့ပါ

16 June 2014
 
ပုံမှာ ဖော်ပြထားတဲ့ အကြောလျှော့နည်း (၃) မျိုးဟာ သက်တောင့် သက်သာရှိစေခြင်း၊စိတ်ဖိစီးမှု လျော့နည်း ကျဆင်းစေခြင်းနဲ့ ညဘက်မှာ ကောင်းမွန်စွာ အိပ်ပျော် စေခြင်းစတဲ့ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်... ဒီလေ့ကျင့်ခန်း တွေလုပ်ဖို့ မိနစ်အနည်းငယ်သာ လိုအပ်ပြီး ဒီလိုလုပ်နိုင်ဖို့ ဘာအကူ ပစ္စည်း ကိရိယာမှ မလိုအပ်ပါဘူး... နည်းလမ်း တစ်မျိုးစီကို ပုံမှာပြထားတဲ့ အတိုင်း စက္ကန့် ၃၀ လောက် အကြောလျှော့ လုပ်ဆောင်ပေးဖို့ လိုအပ်ပါမယ်..

 နှိုင်းရင့်နွေ

Sunday, June 15, 2014

ရင်သွေးလေး လိုချင်နေတဲ့ သက်မွန်မြင့်"

16 June 2014


ချစ်သူများနေ့ မှာ သူတို့နှစ် ယောက်ရဲ့ အမှတ်တရ ရှိခဲ့တဲ့နေရာ ဖြစ် တဲ့ ပြည်သူ့ ရင်ပြင်မှာ မင်္ဂလာ ဧည့်ခံပွဲ ကျင်းပခဲ့တဲ့ ကိုစစ်နိုင် နဲ့ အကယ်ဒမီ သက်မွန်မြင့် တို့ရဲ့ ကြည် နူးစရာ အိမ်ထောင်ရှင်တွေ ရဲ့ မောင် တစ်ထမ်း မယ်တစ်ရွက်ဘဝတူတူ ဖြတ်သန်းပုံ ကို သက်မွန်မြင့်က “သူက ရုပ်ရှင် တအားကြိုက်တယ်။ တော်တော် များများ

Saturday, June 14, 2014

အစ္စလာမ် ဘာသာဝင် မိသားစု ၆ ဦး ဗုဒ္ဓဘာသာသို့ ကူးပြောင်း

15 June 2014

လားရှိုးမြို့၊ ရပ်ကွက်(၇) စိတ္တသုခ ကျောင်းတိုက်တွင် အစ္စလာမ် ဘာသာဝင် ၆ ဦး ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူပြောင်းသည့်အခမ်းအနားအား ဇွန်လ ၁၄ ရက်နေ့ နံနက် ၀၈၀၀ နာရီတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ၄င်းအခမ်းအနားသို့စိတ္တသုခကျောင်းတိုက်နာယကဆရာတော်ဘဒ္ဒန္တပုညနန္ဒ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ ၀ါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊နယ်စပ်တောင်တန်းသာသနာ့နုဂ္ဂဟအသင်းနှင့်ရပ်မိရပ်များတက်ရောက်ခဲ့ ကြောင်း သိရသည်။ 

ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းလာသူ လားရှိုးမြို့၊ ရပ်ကွက် (၄) နယ်မြေ ၁၆ ရတနာပုံလမ်း၊ အိမ်အမှတ် (၂၁၅)နေ  ဦးထွန်းမြင့်၊  ဒေါ်နန်းမြအောင်၊ မမိုးစန္ဒာအောင်၊  မဧကရီမြင့်၊မဧသရီထွန်း၊   မောင်ထက်ပိုင်ဟိန်တို့

Wednesday, June 11, 2014

လားရှိုးမြို့တွင် စိတ်ကြွဆေးပြား ၁၉၂ဝ ဖမ်းဆီး ရမိ


11 June 2014
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက် (၅) အထက် မန်အိုင် ဘုန်းကြီးကျောင်း အနီး၌ယမန်နေ့ နံနက် ၁ နာရီက စိတ်ကြွဆေးပြား ၁၉၂ဝ ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၈ ရက် ည ၁၁ နာရီခွဲမှ စ၍ လားရှိုး အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ လားရှိုးမြို့   ရပ်ကွက် (၅)အထက် မန်အိုင် ဘုန်းကြီးကျောင်း အနီး၌       စောင့်ဆိုင်းနေစဉ်ယမန်နေ့ နံနက်     ၁နာရီက

Tuesday, June 10, 2014

ကောက်ရသော ကျပ်သိန်းကိုးဆယ် ပြန်အပ်သည့် ဆိုက်ကားနင်းသူအား ပြည်မြို့ခံများဂုဏ်ပြု

11 June 2014

ဘဏ်မှထုတ်ယူပြီးမေ့ကျန်ခဲ့သောကျပ်သိန်းကိုးဆယ်ကျော်ပါရှိသည့် ငွေထုပ်ကိုတွေ့ရှိပြီး ပြန်လည်ပေးအပ်ခဲ့ သူ အနှေးယာဉ် လုပ်သားဦးစန်းဝင်းအားဂုဏ်ပြုသည့်အနေဖြင့် ပြည်မြို့ဒေသခံ များစုပေါင်း၍ စာရိတ္တ ဂုဏ်ရည်ဆုချီးမြှင့်ခဲ့သည်။ မြန်မာ့စီးပွားရေးဘဏ်မှထုတ်ယူထားသောကျပ်သိန်းကိုးဆယ်ခန့်ရှိ ငွေထုပ်ကောက် ရသည့်  နေ့တွင် ငွေထုပ်တွင်ပါရှိသည့်လိပ်စာအတိုင်းလိုက်ရှာ ပေးသော်လည်းမတွေ့သဖြင့် မြန်မာ့စီးပွားရေး

Monday, June 9, 2014

ပြင်သစ် အိုးပင်းတင်းနစ် ချန်ပီယံဆုကို ရှရာပိုဗာ ဒုတိယ အကြိမ်မြောက် ဆွတ်ခူး


10 June 2014

ယခင်ကမ္ဘာ့အဆင့်တစ်ရှိ ရုရှား တင်းနစ်မယ် မာရီယာ ရှရာပိုဗာသည် ဇွန် ၇ ရက်က ယှဉ်ပြိုင် ကစားခဲ့သော ပြင်သစ် အိုးပင်းတင်းနစ် ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် ပြိုင်ဘက် တင်းနစ်မယ် ဆီမွန်နာဟာလပ်ကို အနိုင်ကစားပြီး သူမ၏ ဒုတိယအကြိမ်မြောက် ပြင်သစ် အိုးပင်းတင်းနစ် ချန်ပီယံဆု ဆွတ်ခူး ရရှိသွားကြောင်း သိရသည်။ 

 အဆိုပါ ပွဲစဉ်တွင် ကမ္ဘာ့အဆင့် ခုနစ်ရှိ တင်းနစ်မယ် ရှရာပိုဗာသည် အဆင့် ၄ ရှိ ဟာလပ်ကို (၆-၄)၊ (၆-၇)၊(၅-၇) (၆-၄) မှတ်ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရှရာပိုဗာသည် ဂရင်းဆလန်း ချန်ပီယံဆု ငါးကြိမ်တိုင်တိုင် ဆွတ်ခူး ရရှိခဲ့သည့် တင်းနစ်မယ် တစ်ဦး ဖြစ်လာသည်။ မိမိသည် နောက်ဆုံးပွဲစဉ်ငယ်တစ်ခုတွင် ရမှတ် လေးမှတ် ဆုံးရှုံးခဲ့သော်လည်း မိမိ ကိုယ်ကို  အနိုင်ရရှိ နိုင်ခြေ

LG အီလက်ထရွန်နစ်မှ နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်း LG G3


10 June 2014


ကမ္ဘာ့ ပထမဆုံး QHD Display ကို မတူညီတဲ့ စစ်ဆေးစမ်းသပ်မှု များနဲ့ ပြုလုပ်ခဲ့သည့် LG G3 သည် ပါးလျတဲ့ Frame က ကောင်းမွန် လှပပေမယ့် 5.5 inches အရွယ်အစား Smart Phone ဟာ လက်ချောင်းသေးတဲ့ မိန်းကလေးတွေ အတွက် အနည်းငယ် အခက်အခဲ ဖြစ်စေမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကိုင်တွယ် အသုံးပြုရာမှာ သက်သောင့်သက်သာ ရှိပြီး QHD Display ထက်နှစ်ဆ ကောင်းမွန်တဲ့ Full HD (2560x1440)

အိန်ဂျလီနာဂျိုလီ သရုပ်ဆောင် လောကမှ အနားယူတော့မည်လား ဟူသည့် မေးခွန်းများ ထွက်ပေါ် လျက်ရှိ


10 June 2014

ဟောလီးဝုဒ်မင်းသမီးချော အိန်ဂျလီနာဂျိုလီက Cleopatra ဇာတ်ကားသည် သူမအတွက် နောက်ဆုံး သရုပ်ဆောင်သည့် ဇာတ်ကားဖြစ်ကြောင်း မကြာသေးမီက အရိပ် အမြွက် ပြောကြားခဲ့သည့်အတွက် အိန်ဂျလီနာ ဂျိုလီ သရုပ်ဆောင်ခြင်းမှ အနားယူတော့မည်လား ဟူသည့် မေးခွန်းများ ထွက်ပေါ် လျက်ရှိကြောင်း သိရသည်။

 ဂျိုလီသည် သူမ ပါဝင် သရုပ်ဆောင်ထားသော Malefi cent ဇာတ်ကား အရောင်းမြှင့်တင်ခြင်း အခမ်း အနားတွင် သရုပ်ဆောင်ခြင်းကို လျှော့၍ စာရေးသားခြင်း၊ ဒါရိုက်တာ အဖြစ် ဆောင်ရွက်ခြင်းနှင့် ကုလသမဂ္ဂ၏

Sunday, June 8, 2014

KIA /TNLA အဖွဲ့ ၏ လုပ်ရပ်များကြောင့် ငြိမ်းချမ်းရေးမပျက်ပြားစေလို

9 June 2014

 KIA/TNLA ပူးပေါင်းအဖွဲ့များသည် ရှမ်းပြည်မြောက်ပိုင်းတွင် ယခုကာအတွင်း ဆက်ကြေးကောက် လူသစ်စု ဆောင်းမှုများအပြင် ပြန်ပေးဆွဲ လူသတ်ခြင်းစသည့်ငြိမ်းချမ်းရေးပျက်ပြားစေသည့်ဥပဒေမဲ့ လုပ်ရပ် များအားလုပ်ဆောင်လာခဲ့ပါသည်။ မေလ ၁၇ ရက်နေ့ကလည်း KIA /TNLA ပူးပေါင်း အဖွဲ့များသည် နမ့်ခမ်းမြို့နယ် မော်ဆောင်းကျေးရွာသို့လက်နက်များကိုင်ဆောင်ရောက်ရှိလာပြီး မော်ဆောင်းပြည်သူ့စစ်   ခေါင်းဆောင် ဦးကျော်မြင့်(ဘ) ဦးရန်ကွယ်ချိန်၏ နေအိမ်အတွင်းသို့    ဥပဒေမဲ့ဝင်ရောက်၍    အိမ်အတွင်းရှိ