Monday, June 9, 2014

LG အီလက်ထရွန်နစ်မှ နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်း LG G3


10 June 2014


ကမ္ဘာ့ ပထမဆုံး QHD Display ကို မတူညီတဲ့ စစ်ဆေးစမ်းသပ်မှု များနဲ့ ပြုလုပ်ခဲ့သည့် LG G3 သည် ပါးလျတဲ့ Frame က ကောင်းမွန် လှပပေမယ့် 5.5 inches အရွယ်အစား Smart Phone ဟာ လက်ချောင်းသေးတဲ့ မိန်းကလေးတွေ အတွက် အနည်းငယ် အခက်အခဲ ဖြစ်စေမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကိုင်တွယ် အသုံးပြုရာမှာ သက်သောင့်သက်သာ ရှိပြီး QHD Display ထက်နှစ်ဆ ကောင်းမွန်တဲ့ Full HD (2560x1440)
 ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။     ဓာတ်ပုံနဲ့ဗီဒီယိုကြည့်ရှုခြင်းတွေ      အတွက်လည်းအံ့အားသင့်ဖွယ်    ကောင်းလောက်အောင်   ထပ်မံဖန်တီး ထားပေမယ့် သာမန် Indoor Photoများကို ခြားနားမှုများစွာ မလုပ်ပေးပါဘူး။

ဒါပေမဲ့ G3 ၏ Camera Resolution ကတော့ Full HD နှင့် နှိုင်းယှဉ် နိုင်လောက်တဲ့ အထိ အရည်အသွေး ကောင်းမွန် နေတာကို တွေ့ရပါတယ်။ Samsung Galaxy S5 ရဲ့ AMOLED နည်းပညာမှာ အမှားအယွင်း ရှိနေရင်တောင်မှ G3 မှာတော့ ဒီလို မဖြစ်ပါဘူး။ G3 LCD Display ကတော့ လူအများအတွက် စိတ်ချ ယုံကြည်ရတဲ့ Smart Phone တစ်လုံးပါပဲ။ တိုးမြှင့် လုပ်ဆောင်မှု များနဲ့အတူ Knock Code Applicationsç Saving Battery စတဲ့ LG Smart Phone ရဲ့ Higher Performance များသည်လည်း သုံးစွဲသူများ အတွက် နှစ်ခြိုက် သဘောကျစေ မှာပဲ ဖြစ်ပါတယ်။ LG Camera မှာ ခလုတ်ကို သီးသန့်နှိပ်စရာ မလိုဘဲ အလိုအလျောက် ပစ္စည်း ၁ဝ မျိုးကို တစ်ပြိုင်တည်း Focus လုပ်နိုင်ပြီး လွယ်ကူစွာနှင့် လှပသေသပ်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ 

ဒါ့အပြင် အတွင်း Camera Lens တွင်လည်း Laser Auto Focus ပါဝင်တာကြောင့် အကွာအဝေးကို Laser ဖြင့် တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။ Shorted Auto Focus Time မှာ 0.276 Seconds ဖြစ်ပါတယ်။ Laser Focus ကြောင့် ပေါ့ပါးစွာ ကိုင်ဆောင်ပြီး မိမိရဲ့ဓာတ်ပုံများကို မိမိကိုယ်တိုင် စိတ်ကျေနပ်စွာ ပြန်လည် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Smart Keyboard ကို လျင်မြန်စွာ ပြောင်းလဲပေးနိုင်တဲ့ အပြင် Q မှ A သို့ ပြောင်းလဲ ရာတွင်လည်း လွယ်ကူပြီး အခြား Keyboard များကဲ့သို့ စာလုံး ရောရိုက်မိခြင်း မရှိနိုင်သည့် အပြင် Keyboard ကိုလည်း မျက်နှာပြင်ရဲ့ အလယ်ကို လိုအပ်သလို ပြောင်းရွှေ့နိုင်ပါတယ်။ LG Health Application ကတော့ အသုံးပြုသူ များရဲ့ လိုအပ်ချက် အရ ခန္ဓာကိုယ်မှာ အဝလွန်ခြင်း၊ ဝိတ်လျှော့ခြင်း၊ အာဟာရ အစုနှင့် ပတ်သက်သော အကြောင်းအရာ များကို အသက်အရွယ်၊ လိင်၊ အရပ်အမောင်းနှင့် အလေးချိန်များ အပေါ်မူတည်၍ ထည့်သွင်း တွက်ချက်ပေးမှာ ဖြစ်ပါတယ်။

No comments:

Post a Comment