ယခင်ကမ္ဘာ့အဆင့်တစ်ရှိ ရုရှား တင်းနစ်မယ် မာရီယာ ရှရာပိုဗာသည် ဇွန် ၇ ရက်က ယှဉ်ပြိုင် ကစားခဲ့သော ပြင်သစ် အိုးပင်းတင်းနစ် ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် ပြိုင်ဘက် တင်းနစ်မယ် ဆီမွန်နာဟာလပ်ကို အနိုင်ကစားပြီး သူမ၏ ဒုတိယအကြိမ်မြောက် ပြင်သစ် အိုးပင်းတင်းနစ် ချန်ပီယံဆု ဆွတ်ခူး ရရှိသွားကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်တွင် ကမ္ဘာ့အဆင့် ခုနစ်ရှိ တင်းနစ်မယ် ရှရာပိုဗာသည် အဆင့် ၄ ရှိ ဟာလပ်ကို (၆-၄)၊ (၆-၇)၊(၅-၇) (၆-၄) မှတ်ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ရှရာပိုဗာသည် ဂရင်းဆလန်း ချန်ပီယံဆု ငါးကြိမ်တိုင်တိုင် ဆွတ်ခူး ရရှိခဲ့သည့် တင်းနစ်မယ် တစ်ဦး ဖြစ်လာသည်။
မိမိသည် နောက်ဆုံးပွဲစဉ်ငယ်တစ်ခုတွင် ရမှတ် လေးမှတ် ဆုံးရှုံးခဲ့သော်လည်း မိမိ ကိုယ်ကို အနိုင်ရရှိ နိုင်ခြေ
များစွာရှိသည်ဟုထင်မြင်ခဲ့ကြောင်း၊ယင်းနောက်ပြိုင်ပွဲသည် မျှတသည့် ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ကြောင်းနှင့် ချန်ပီယံဆု ရရှိရေးအတွက် အပြင်းအထန် ကြိုးပမ်းခဲ့ရကြောင်း ပြိုင်ပွဲ ပြီးဆုံးပြီးနောက် အသက် ၂၆ နှစ်အရွယ်ရှိ တင်းနစ်မယ် ရှရာပိုဗာက ပြောကြားခဲ့သည်။ (ရိုက်တာ)
No comments:
Post a Comment