22 June 2014
ကမ္ဘာတစ်ဝန်းတွင် နေထိုင်ရှင်သန် ပေါက်ပွားလျက် ရှိသော ပင့်ကူများ အနက် အချို့သော ပင့်ကူများသည် အင်းဆက်ပိုးမွှားများကိုသာမက၎င်းတို့ထက် အရွယ်အစားကြီးမားသောငါးများကိုပါဖမ်းယူစားသောက်နိုင် ကြောင်း စူးစမ်း လေ့လာသူများက တွေ့ရှိခဲ့ကြသည်။
ပင့်ကူများသည် အင်းဆက်များကိုသာ စားသုံးသည် မဟုတ်ကြောင်း တွေ့ရှိခဲ့ပြီးနောက် အဆိုပါ ပင့်ကူများကို စိတ်ဝင်တစား လေ့လာခဲ့ရာမှ ကမ္ဘာတစ်ဝန်းရှိ ပင့်ကူ
မျိုးစိတ် ငါးမျိုးသည် ငါးများကို ရှာဖွေဖမ်းယူ စားသောက်ကြောင်း တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
၎င်းပင့်ကူများသည် ရေတိမ်သောစမ်းချောင်းများနှင့်ရွှံ့ညွန်များအနီးတွင် နေထိုင်ကြပြီးအချို့မျိုးစိတ်များသည် ရေထဲသို့ ထိုးဆင်းပြီး ရေကူးနိုင်ကာအချို့မျိုးစိတ်များသည် ရေပေါ်မှာပင်လမ်းလျှောက်သွားလာနိုင်ကြောင်း သိရသည်။
၎င်းတို့သည် သားကောင်များကို ဖမ်းယူ စားသောက်ရန် အတွက် အလွန် စွမ်းအားပြင်းပြီး အာရုံကြော ထိခိုက်စေသည့် အဆိပ်များကို အသုံးပြုကြကြောင်း၊ ထို့နောက် ၎င်းတို့ထက် အရွယ်အစား ကြီးမားသော သားကောင်များကိုစားသုံးသော်လည်း၎င်းတို့ကိုအထူးပြုလုပ်ထားသည့်အင်ဇိုင်းများကအစာချေဖျက် ပေးနိုင် ကြောင်း သိရသည်။ထိုကဲ့သို့ လေ့လာ တွေ့ရှိမှုသည်အံ့အားသင့်ဖွယ် ကောင်းကြောင်းစူးစမ်းလေ့လာရေး အဖွဲ့မှ မာတင်နစ်ဖ်ဖယ်လာက ပြောကြားခဲ့သည်။
No comments:
Post a Comment