23 June 2014
SSA(၀မ်ဟိုင်း)အတွက်ဆက်ကြေးတာဝန်ယူကောက်ခံပေးနေသောကျောက်ထွန်းဦးနှင့်အဖွဲ့များသည်နမ္မတူ မြို့နယ် နားဟုတ်၊ ပန်ဟတ်၊ ပန်လုံကျေးရွာ အုပ်စုများ တစ်အိမ်ထောင်လျှင် ဆက်ကြေးငွေ ၁၇၀၀၀ ကျပ်နှုန်းပေးသွင်းရန်ကျေးရွာသူကြီးများမှတစ်ဆင့်ခြိမ်းခြောက်တောင်းဆိုထားကြောင်းနမ္မတူဒေသခံတစ်ဦး ပြောပြချက် အရသိရသည်။
ယခုလ၂၀ရက်နေ့ကSSA(၀မ်ဟိုင်း)ကအဖွဲ့တွေပန်ဟတ်ကျေးရွာနေဦးအိုက်မွန်း နေအိမ်ကို ရောက်လာတယ်။
ပြီးတော့ကျေးရွာသူကြီး ၁၂ဦးကိုခေါ်ပြီးဦးအိုက်မွန်းနေအိမ်မှာအစည်းအဝေး ပြုလုပ်တယ်။အစည်းအဝေးမှာ SSA(၀မ်ဟိုင်း)ဆက်ကြေးတာဝန်ခံ ကျောက်ထွန်းဦးက ကျေးရွာများမှတစ်အိမ်ထောင်၁၇၀၀၀ကျပ်နှုန်းပေးသွင်း ရမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရသည်။
ကောက်ခံရရှိသော ဆက်ကြေးငွေများအား ပန်လုံကျေးရွာမှဆက်ကြေးတာဝန်ခံ ဦးဘိုဥာဏ်ထံသို့ ယခုလ ၂၇ ရက်နေ့ နောက်ဆုံးထားပေးသွင်းရမှာဖြစ်ပြီး ၄င်းမှတစ်ဆင့်SSA(၀မ်ဟိုင်း)မှ ကျောက်ထွန်းဦးထံသို့ ဆက်လက်ပေးသွင်းရမှာဖြစ်ကြောင်း သိရသည်။
နမ္မတူဒေသခံ ရိုးသားဖြူစင်သော ကျေးလက်နေ ရွာသားများမှာ မိမိတို့ မိသားစု စား၊၀တ်၊ နေရေးအပြင် SSA(၀မ်ဟိုင်း) အဖွဲ့သို့ ဆက်ကြေးပေးရန် တောင်ယာလုပ်ငန်းများအား ကြိုးစားလုပ်ကိုင်ရှာဖွေနေရပြီး ဆက်ကြေးကောက်၊လူသစ်စုဆောင်းသည့် လုပ်ရပ်များအားတားဆီးပေးရန်ဒေသခံများမှလိုလားနေကြောင်း သိရသည်။
နမ္မတူဒေသခံတစ်ဦး
No comments:
Post a Comment