11 June 2014
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက် (၅) အထက် မန်အိုင် ဘုန်းကြီးကျောင်း အနီး၌ယမန်နေ့ နံနက် ၁ နာရီက စိတ်ကြွဆေးပြား ၁၉၂ဝ ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၈ ရက် ည ၁၁ နာရီခွဲမှ စ၍ လားရှိုး အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ လားရှိုးမြို့ ရပ်ကွက် (၅)အထက် မန်အိုင် ဘုန်းကြီးကျောင်း အနီး၌ စောင့်ဆိုင်းနေစဉ်ယမန်နေ့ နံနက် ၁နာရီက
ဆန်းထွန်း ၄ဝ နှစ်(ဘ)ဦးလုံကျွဲ့မန်ပန်ရွာလားရှိုးမြို့ နေသူ မောင်းနှင်လာသောဟီးရိုးအမ်ဘို CZI အမျိုးအစား နံပါတ်မပါဆိုင်ကယ်ကိုရပ်တန့်ရှာဖွေစစ်ဆေးရာ အရိုးအသွား ၁၈လက်မခန့် ဓားအိမ်ပါ ဓားတစ်ချောင်းနှင့် ဘေးလွယ်အိတ်တို့ကိုလွယ်လျက် တွေ့ရှိရပြီး အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ငယ်တစ်အိတ်လျှင် 88 နှင့် 1 စာတန်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ၁၉ဝ စီပါ ရှစ်ထုပ်၊ အပြား၂ဝဝစီပါနှစ်ထုပ်စုစုပေါင်း စိတ်ကြွဆေးပြား ၁၉၂ဝ(အလေးချိန်၁၉၂ကီလိုဂရမ်) ကာလ တန်ဖိုး ငွေကျပ်၃၈၄ဝဝဝဝကို သိမ်းဆည်းရမိ ခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူ ဆန်းထွန်း ၄ဝ နှစ် (ဘ) ဦးလုံကျွဲ့ မန်ပန်ရွာ လားရှိုးမြို့ နေသူကို လားရှိုး မြို့မရဲစခန်းက မယ(ပ)၈၁/၂ဝ၁၄၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၂(ခ) အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment