Thursday, July 31, 2014

မိုင်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်း ရမိ

1 August 2014

မူဆယ်မြို့နယ် ပြည်ထောင်စုကားလမ်းမကြီးအနောက်ဘက်ခြမ်း တောင်ကမ်းပါးယံ၌မသင်္ကာဖွယ်ရာအထုပ် တစ်ထုပ် တွေ့ရှိကြောင်း ကောင်းခါးရွာနေ ဦးအိုက်ရီ ၅ဝ နှစ်၏ သတင်းပေးချက် အရ တပ်မတော် သားများနှင့်မူဆယ်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များကဇူလိုင်၂၉ရက်ညနေ၃နာရီခွဲခန့်ကအဆိုပါ နေရာ အားသွားရောက်ရှာဖွေ  ရှင်းလင်းရာ  အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်  နှစ်ထပ်  ထုပ်ထားသော  မိုးပြာရောင်

Ooredoo အသုံးပြုရန်အတွက် ဒီ using guide

1 August 2014

Ooredoosimcard တွေအသုံးပြုဖို့အတွက်ဘာတွေသိသင့်လဲဘာတွေလိုအပ်လဲ ဆောင်ရန်ရှောင်ရန်လေးပါ။ Ooredoo Sim Card ဆိုသည်မှာ GSM အမျိုးအစားဖြစ်ပါတယ်။ ရန်ကုန် မန္တလေး နေပြည်တော် ၃ နေရာပဲ အသုံးပြုလို့ရဦးမှာဖြစ်ပါတယ်။ 
Ooredoo Sim Card ကိုအသုံးပြုဖို့အတွက် Huawei ဖုန်းတွေနဲ့ သုံးလို့ သိပ်အဆင်မပြေကြောင်း သိရပါတယ်။Samsung တွေနဲ့ဆိုရင်တော့အိုခေတယ်လို့ပြောကြပါတယ်။ထူးခြားမှုတစ်ခုကတော့Ooredoo SimCardအသုံးပြုတဲ့ဟန်းဆက်တွေမှာRootမဖောက်ခိုင်းပါဘူးခဗျာ သူပေးထားတဲ့ဖုန်းတွေက   မြန်မာဖောင့်

Wednesday, July 23, 2014

SNDP မှ တန့်ယန်းမြို့နယ် အတွင်း ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် တင်ပြပေးခြင်းကို SSA(၀မ်ဟိုင်း)မှ တားမြစ်

22 July 2014

တန့်ယန်းမြို့နယ်အတွင်း မိုင်းကောင်၊ ဆယ်ဟီ၊ နားတန်၊ နားလတ်၊ တောင်လျှိုး၊ ကောင်းလန်း၊ မန်ကောင်း၊ ခမ်းပုံး၊ နမ့်ဆိုင်၊ နမ့်အွမ် ကျေးရွာအုပ်စုများ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် SNDPမှ ပြည်ထောင်စု လွှတ်တော်သို့ အဆိုပြု တင်ပြခဲ့ကြောင်းသိရသည်။ 

SNDPတင်ပြမှုအပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရန်မိုင်းကောင် ကျေးလက်ကျန်းမာရေးမှူးမှ ဆေးပေး ခန်းဆောက်လုပ်မည့်နေရာများအားသွား ရောက်ကြည့်ရှုရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျေးလက် ဆေးပေး ခန်းဆောက်လုပ်ပေးရန်အခက်အခဲရှိကြောင်းနှင့်  ကျေးလက်ဆေးပေးခန်း  ဆောက်လုပ်  ပေးရန်မလိုကြောင်း

Friday, July 18, 2014

TNLA အဖွဲ့ လုပ်ရပ်များကြောင့် ပလောင်ဒေသဖွံ့ဖြိုးတိုးတက်မှု နောက်မကျစေလို

19 July 2014

TNLA အဖွဲ့များသည် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင် မြို့နယ်များအတွင်း ကျေးရွာများတွင် မကြာခဏ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် ဥပဒေမဲ့လုပ်ရပ်များ မကြာခဏကျူး လွန်နေ ကြောင်းသိရသည်။ 

ယခုလ ၁၃ရက်နေ့ကလည်း TNLAအဖွဲ့များသည် နမ့်ဆန်မြို့နယ်ဇယန်းကြီးကျေးရွာသို့ရောက်ရှိခဲ့ပြီး   တောင်ယာလုပ်ကိုင်သူသိန်းဌေးအောင်ပလောင်/ဗုဒ္ဓ နှင့်ရွာသား၉ဦးအား  အတင်းအဓမမ္မဖမ်းဆီး ခေါ်ဆောင်

Wednesday, July 9, 2014

ကိုယ် ရိုက်ချင်တာထက် ကိုယ့်ကို ပေးလာတဲ့ ကာရိုက်တာကို အကောင်းဆုံး လုပ်ဆောင်သွားမယ့် ခင်ဝင့်ဝါ

10 July 2014

အနုပညာ အလုပ်ဆိုတာက ကျောင်းတက် နေရသလိုပါပဲ။ ပညာဆိုတာ ဘယ်တော့မှ မကုန်နိုင်သလို ဘယ်လိုမှလည်း သင်လို့ ဆုံးမှာ မဟုတ်ပါဘူး။ အဲဒီ အတွက်ကြောင့် ကိုယ့်အတွက် ဗီဒီယို တစ်ကား ရိုက်နေရတာက ကျောင်းတက်ပြီး စာမေးပွဲ ဖြေနေ ရသလိုပဲ။ ဒီကား ထွက်လာရင် ပရိသတ် အားပေး ပါ့မလား ဆိုပြီးတော့ ရင်ခုန် နေရတယ်။ စိုးရိမ် နေရတယ်လေ။

 အနုပညာ ဆိုတာကလည်း နူးညံ့သိမ်မွေ့ပြီး ခက်ခဲတဲ့ အရာ တစ်ခုပါ။ ဒါကြောင့် ညီမကတော့ အနုပညာနဲ့ ပတ်သက်ရင်   ကိုယ့်ဘက်က  ရိုက်ချင်တဲ့  ကာရိုက်တာ  ဆိုတာထက်   ကိုယ့်ကို ပေးလာတဲ့ ကာရိုက်တာကိုပဲ

Mdeia များတွင် အသံကောင်းဟစ်နေသော SSPP/SSA

9 July 2014

SSPP/SSA အဖွဲ့များသည် Media များနှင့် တွေ့ဆုံးဆွေးနွေးမှုများ ပြုလုပ်စဉ် ရှမ်းလူမျိုးများကောင်းစာရေး၊ ရှမ်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆောင်ရွက်နေသည်ဟုဆိုသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံရှမ်း တိုင်းရင်းသား များမှာ SSPP/SSA အဖွဲ့၏ ဆက်ကြေးကောက် လူသစ်စုဆောင်းမှုများကြောင့် မြို့ပေါ် ဘုန်းကြီးများနှင့် မြို့ပေါ် ဒေသများသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ယခုရက်ပိုင်းတွင် SSPP/SSAအဖွဲ့များသည် ကျောက်မဲမြို့နယ်အတွင်းရှိနမ့်ပျဉ် ကျေးရွာသို့ ရောက်ရှိလာပြီး ကျွဲကုန်းရွာ၊   နောင်ပိန်လေးရွာ၊  နားထွမ်ရွာ၊  ဗူးခါးရွာ၊   နားခေါ်ရွာ၊  လွယ်ခေါ်ရွာ၊  ချောင်းချောက်ရွာ၊ ခဲမွန်ရွာ၊

SSA(ရွက်ဆစ်)အဖွဲ့မှ ကျောက်ခေးလျံ သီပေါမြို့နယ် အတွင်း ကျေးရွာတစ်ရွာလျင် ၁၀သိန်း ဆက်ကြေးကောက်ခံ

8 July 2014

SSA(ရွက်ဆစ်)အဖွဲ့သည် ယခုလ ၂ရက်နေ့ကသီပေါမြို့နယ်အတွင်းကျေးရွာများမှ တစ်ရွာလျင် ဆက်ကြေး ၁၀ သိန်း ပေးသွင်းရန် ဘောကြိုကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးအား လျှို့ဝှက်စွာ ခေါ်ယူပြောဆိုခြင်း ပြုလုပ် ခဲ့သည့်ဟု သီပေါ ဒေသခံ အိုက်ပီး ပြောပြချက်အရသိရသည်။ 

SSA(ရွက်ဆစ်)အဖွဲ့မှ ကျောက်ခေးလျံ နှင့် အဖွဲ့များသည် ယခုလ ၂ ရက်နေ့က သေနတ်များနှင့် သီပေါ မြို့နယ်၊ ဘော်ကြိုကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီးအုပ်ချုပ်ရေးမှူးအား ခေါ်ယူတွေ့ဆုံ၍ ဘော်ကြို ကျေးရွာ အုပ်စုအောက်ရှိကျေးရွာများမှတစ်ရွာလျင်ငွေကျပ်  ၁၀သိန်း  စုဆောင်း၍    ဇူလိုင်လမကုန်မီဟိုမော်ကျေးရွာနေ

Friday, July 4, 2014

လားရှိုးတွင် ယာဉ်အန္တရာယ် လျော့ပါးစေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆောင်ရွက်

4 June 2014


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးတွင် ဇူလိုင် ၄ ရက် နံနက် ၉ နာရီအချိန်မှ စတင်ကာ အမှတ် ၆၅ ယာဉ်ထိန်းရဲတပ်ဖွဲ့မှရဲအုပ်စောဝင်းဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့တို့သည် လားရှိုးမြို့ ရေပန်းလမ်းဆုံမှ မန်ဆူဘုရားဝင်းရှေ့ထိယာဉ်အန္တရာယ်လျော့ပါးစေရေးအတွက်ဆောင်ရွက်ခဲ့ကြသည်။

 ယာဉ်စည်းကမ်းလမ်းစည်းကမ်းအရ ရှေ့မှယာဉ်တစ်စီးအားကျော်တက်စဉ် လမ်းလယ်မှစီးသော ဆိုင်ကယ် များအန္တရာယ်ကင်းရှင်းစေရေးအတွက်ဆိုင်ကယ်စီးလျှင်လက်ယာဘက်၊ညာဘက်ကပ်စီးရန်နှင့်နှစ်ဦး ထက် ပိုမစီးရန်၊ဆိုင်ကယ်စီးသူများဦးထုပ်ဆောင်းရန်၊အရှိန်လျှော့မောင်းရန် တို့အား Hand Speaker ဖြင့် ကြေငြာ အသိပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

Tuesday, July 1, 2014

ဆက်ကြေးကောက်ခံမှုဖြင့် ရပ်တည်နေသော RCSS/SSA

2 July 2014

SSA(ရွက်ဆစ်)အဖွဲ့များရှမ်း ပြည်နယ်မြောက်ပိုင်း ဒေသအတွင်း ဒေသခံရိုးသားသော ကျေးလက်နေ ပြည်သူ များအားဖမ်းဆီး ဆက်ကြေးကောက်ခံခြင်း၊ ကူးသန်းရောင်းဝယ်မှု ပြုလုပ်သောကုန်ကားများနှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများထံမှဆက်ကြေးငွေ ကောက်ခံခြင်းများပြုလုပ်၍၄င်းတို့အဖွဲ့တစ်ခု ကောင်းစားရေးကို သာ ရှေ့ရှု၍ ဥပဒေမဲ့လုပ်ရပ်များဆက်တိုက်ပြုလုပ်နေကြောင်းသိရသည်။   ယခုလဇွန်လ ၃၀ရက်နေ့ကလည်း

SSA(၀မ်ဟိုင်း)မှ တိုက်နယ်များသတ်မှတ်ပြီး တိုက်နယ်တစ်ခုလျှင် ဆန်တင်း ၃၀ ခြိမ်းခြောက်တောင်း

1 July 2014

SSA(၀မ်ဟိုင်း) မှ သိန်းနီမြို့နယ်အတွင်းရှိ ကျေးရွာများအား တိုက်နယ်သတ်မှတ်ပြီး တိုက်နယ်တစ်ခုစီမှ ဆန်၃၀တင်းအားဇွန်လအတွင်း၎င်းတို့အမာခံများမှတစ်ဆင့်စုစည်းပေးပို့ရန်ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။ 

SSA(၀မ်ဟိုင်း)အဖွဲ့၏တိုက်နယ်အဖြစ်သတ်မှတ်ခံရသော ကျေးရွာများမှာ ရေပုကျေးရွာ၊ ပန်ဖက်ကျေးရွာ၊ နားငင်းကျေးရွာ၊ မန်ချက်ကျေးရွာ၊ တန့်ဆော်ကျေးရွာ၊ မန်ပုပ်ကျေးရွာ ၊ ဟိုဖာကျေးရွာ၊  နားတီးကျေးရွာ ပန်လော့ကျေးရွာနှင့်  ပတ်ဝန်းကျင်ရှိ  ကျေးရွာများအား တိုက်နယ်  ၄ ခုသတ်မှတ်ထားပြီး တိုက်နယ်  တစ်ခုလျှင်