Wednesday, September 30, 2015

လစာ၊ ရိက္ခာမလုံလောက်မှုကြောင့် KIAအဖွဲ့ဝင် တစ်ဦး ထွက်ပြေး တိမ်းရှောင်

၂၀၁၅ အောက်တိုဘာ ၁


ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ ဘွမ်ဝါစခန်းတွင် တာဝန်ထမ်းဆောင်နေသော KIA အဖွဲ့ဝင် တစ်ဦးသည် လစာ၊ ရိက္ခာမလုံလောက်မှုကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စခန်းမှ ထွက်ပြေး တိမ်းရှောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

ဆက်သွယ်ရေး ၀န်ထမ်းတစ်ဦးအား KIA သောင်းကျန်းသူအဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်



၂၀၁၅ စက်တင်ဘာ ၃၀
၂၀၁၅ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေးတာဝန်ခံမှ မူဆယ်မြို့နယ်၊ လုံခန်ရွာ အနီး တောင်ကုန်းပေါ်ရှိ မိုက္ကရိုဝေ့ဆက်သွယ်ရေးစခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ စခန်းတွင် တာဝန်ကျနေသော ဦးစိန်မြင့်(စက်မှုကျွမ်းကျင်)၊ ဟိုမွန်ရပ်ကွက်၊ မူဆယ်မြို့နေသူအား မတွေ့ရှိရသဖြင့် ဦးစိန်မြင့်ကိုင်ဆောင်သည့် ဖုန်း၂လုံးအား ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရရှိခြင်းကြောင့် မူဆယ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ပါသည်။

ဗြိတိန် နိုင်ငံရဲ့ အသေးငယ်ဆုံး ကာယဗလမောင်


၂၀၁၅ စက်တင်ဘာ ၃၀

ပုံမှာ မြင်တွေ့ရတဲ့ ပုဂ္ဂိုလ်ကတော့ အရပ် ၄ ပေ ၁၀ လက်မသာ ရှိတဲ့ ဗြိတိန်နိုင်ငံရဲ့ အသေးငယ်ဆုံး ကာယဗလမောင် Choon Tan ဆိုသူပဲ ဖြစ်ပါတယ်။
 
အသက် ၂၁ နှစ်သာ ရှိသေးတဲ့ Choon ဟာ မွေးကတည်းက မျိုးရိုးဗီဇ ပြသနာကြောင့် အရိုးဖွံဖြိုးမှု အပိုင်းမှာ ထိခိုက်မှုတွေရှိခဲ့ပြီး ကိုယ်ခန္ဓာ ဖွံဖြိုးကြီးထွားမှု အပိုင်းမှာ နှေးကွေးနေခဲ့တာ ဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ နှိမ်ချဆက်ဆံခံခဲ့ရပြီး သူ့ရဲ့ မတူညီတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် အမြဲ စနောက် ခံနေရသူဖြစ်ပါတယ်။

Monday, September 28, 2015

မျိုးစောင့်ဥပဒေကိုပွန်းပဲ့မခံနိုင်သော တောရဆရာတော်တစ်ဦး


၂၀၁၅ စက်တင်ဘာ ၂၈

အမျိုးစောင့်ဥပဒေပြဌာန်းနိုင်မှုအတွက် အမျိုးဘာသာသာသနာကို စောင့်ထိန်းသော ရဟန်းသံဃာများ အမျိုးဘာသာကို ချစ်မြတ်နိုးသော ပြည်သူ/ပြည်သားများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ် များတွင် စီတန်းလှည့်လည် အောင်ပွဲခံမှုများပြုလုပ်နေချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ ရန်အောင်မြင် ဘုန်းကြီးကျောင်းတွင် အမျိုးစောင့်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သော NLDပါတီ၏ ပါတီအောင်နိုင်ရေး ဖျော်ဖြေရေးအဖွဲ့များအား လက်ခံတည်းခိုခွင့်ပြုခဲ့ခြင်းမှာ အမျိုးစောင့်ဥပဒေကို လိုလားသော ရဟန်းသံဃာများနှင့် လားရှိုးမြို့သူ/မြို့သားများအနေဖြင့် လက်ခံသင့်/မသင့် ဆိုသည်မှာ စဉ်စားစရာတစ်ခုပင် ဖြစ်ပါသည်။

မသင်္ကာဖွယ်ရာယာဉ်မှ ကျောက်စိမ်းတုံးဖြတ်စ ၊ လည်ဆွဲ၊ ကျောက်ချောထည်မျိုးစုံ သိမ်းဆည်းရမိ

၂၀၁၅ စက်တင်ဘာ ၂၈


နောင်ချို စက်တင်ဘာ ၂၇

တစ်ဖက်နိုင်ငံသို့ တရားမဝင်ကျောက်စိမ်းတုံးဖြတ်စ၊ လည်ဆွဲ၊ ကျောက်ချောထည်များ သယ်ဆောင် ဖမ်းဆီး ရမိမှု အများဆုံးမှာ လှုပ်ရှားအဖွဲ့(၁)ဌာနစုံ ပူးပေါင်းအဖွဲ့ဖြစ်ကြောင်း သိရသည်။

‘‘အမျိုးစောင့် ဥပဒေအောင်ပွဲ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်ပြုလုပ်’’

၂၀၁၅ စက်တင်ဘာ ၂၈

၂၀၁၅ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့တွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)မှ အမျိုးစောင့်ဥပဒေ  အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် လားရှိုးမြို့တွင်းသို့လှည့်လည်ကာအောင်ပွဲခံခဲ့ကြပါသည်။

Sunday, September 27, 2015

ကျေးရွာအတွင်း ဖြတ်သန်းသွားလာသည့် ယာဉ်များအား KIA အဖွဲ့မှ ဆက်ကြေးငွေ ကောက်ခံ

၂၀၁၅ စက်တင်ဘာ ၂၇


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ သိန်းဆက်ကျေးရွာအတွင်း ဖြတ်သန်းသွားလာသည့် ယာဉ်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။ မိုးညှင်းမြို့နယ်၊ သိန်းဆက်ကျေးရွာသို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် KIA အဖွဲ့ တစ်ဖွဲ့ရောက်ရှိလာပြီး ယင်းကျေးရွာ အတွင်း ဖြတ်သန်းသွားလာသည့် ယာဉ်များအား ဆက်ကြေးငွေအဖြစ် ပါကျဲရိုး ၁ စီးလျှင် ၁၀၀၀၀ ကျပ်၊ ဆီပေပါတင်ယာဉ် ၁ စီးလျှင် ၂ သိန်းကျပ်၊ သစ်တင်ယာဉ် ၁ စီးလျှင် ၂ သိန်းကျပ်နှင့် ဈေးပစ္စည်း တင်ယာဉ် ၁ စီးလျှင် ၃၀၀၀၀ ကျပ် ကောက်ခံသွားကြောင်း ယာဉ်ပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

KIA အဖွဲ့မှ ကျေးရွာအ၀င်အထွက်လမ်းများတွင် မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိ

၂၀၁၅ စက်တင်ဘာ ၂၇


ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ အ၀င်အထွက်လမ်းများ၌ စက်တင်ဘာလ ၂၄ ရက်နေ့တွင် KIA အဖွဲ့မှ အစိုးရတပ်များ ၀င်ရောက် သွားလာလှုပ်ရှားမှု မပြုလုပ်နိုင်စေရန် မိုင်းများထောင်ထားကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

မြန်မာနှင့် ထိုင်း မူဆယ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

၂၀၁၅ စက်တင်ဘာ ၂၇


မူဆယ် စက်တင်ဘာလ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ရွှေလီရိပ်သာ အစည်းအဝေးခန်းမတွင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ(၂၄) ရက်နေ့ နံနက်(၉)နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ပူးပေါင်းထိန်းချုပ်ဆောင်ရွက်မှု ညှိနှိုင်းဆွေးနွေး ခြင်းကို ကျင်းပပြုလုပ်ရာ ထိုင်းနိုင်ငံတရားဝန်ကြီးဌာနမှ H.E.Gen.Paiboon Koomchaya ခေါင်းဆောင်သော ထိုင်းကိုယ်စားလှယ် (၂၃)ဦးနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးနှင့် ဌာနမှူး (နိုင်ငံတကာ) ရဲမှူးကြီးမြင့်အောင်၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း ဦးစီးသော မူဆယ်ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။

Friday, September 25, 2015

နျူကလီးယား လက်နက် ထပ်မံစမ်းသပ်လျှင် မြောက်ကိုရီးယား ပေးဆပ်ရမည်ဟု တောင်ကိုရီးယား သမ္မတ သတိပေး

၂၀၁၅ စက်တင်ဘာ ၂၅


မြောက်ကိုရီးယား အနေဖြင့် နောက်ထပ် နျူကလီးယားလက်နက် စမ်းသပ်မှုတစ်ရပ် ပြုလုပ်ပါက ယင်းအတွက် ထိုက်တန်သည့် ပေးဆပ်မှုနှင့် ကြုံရလိမ့်မည်ဟု တောင်ကိုရီးယား သမ္မတ ပက်ခ်ဂွမ်ဟီးက သတိပေး ပြောကြားလိုက်သည်။
 
မြောက်ကိုရီးယားသည် ကုလသမဂ္ဂ ပိတ်ဆို့မှုများကို ဖီဆန်ကာ နိုင်ငံ၏ စတုတ္ထ အကြိမ်မြောက်  နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်ရန် အစီအစဉ် ရှိနေကြောင်း ခြိမ်းခြောက်ထားရာ ယင်းနှင့် ပတ်သက်၍ ပက်ခ်က ယခုလို မှတ်ချက် ပေးခဲ့ခြင်း ဖြစ်သည်။

ပလက်ဝမြို့နယ်မှ ရွာ၁၀၀ ခန့်ကြွက်ဘေးရင်ဆိုင်နေရ

၂၀၁၅ စက်တင်ဘာ ၂၅



ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရွာ ၁၀၀ခန့်၏ တောင်ယာနှင့် တခြားသီးနှံစိုက်ခင်းများမှာ ကြွက်ကောင်သေးသေးလေးများ၏ ဖျက်စီးမှုကြောင့် ပျက်စီးကုန်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်မှ ပြည်သူများသည် အများအားဖြင့် တောင်ယာ၊ လယ်၊ ဂမုန်း၊ ပဲနှင့် နှမ်းခင်းတို့ကို စိုက်ပျိုးလုပ်ကိုင်၍ အဓိကထား အသက်မွေးဝမ်းကြောင်းပြု နေထိုင်သူများပြီး ပလက်ဝမြို့နယ်တွင် ရွာပေါင်း ၄၀၀ ကျော်ရှိသည့်အနက် ၁၀၀ခန့်မှ မိဘပြည်သူများသည် ကြွက်ဘေးဒါဏ်ကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

"ဒီနှစ်တော့ စပါးရိတ်ချိန်နီးပြီဖြစ်ပေမဲ့ ကြွက်တွေဖျက်ဆီးတာကြောင့် စပါးတွေအကုန်ပျက်တယ်။ လုပ်ထားသမျှ ပင်ပန်းတာပဲ အဖက်တင်တယ်။ တော်တော် ဒုက္ခပေးတဲ့ကြွက်တွေပဲ " ဟု တောင်သူဒေသခံ တစ်ဦးက ပြောသည်။

လွန်ခဲ့သော ၂၀၀၇ ခုနှစ်ကလည်း ကြွက်ဘေးကို အကြီးအကျယ်ရင်ဆိုင်ရခဲ့ဖူးကြောင်း သိရသည်။
 

 
Credit >>> Khumi Media Group

မန္တလေးမြို.က ယာဉ်ထိန်းရဲ ဓားထိုးခံရသဖြင့် သေဆုံး

၂၀၁၅ စက်တင်ဘာ ၂၅

ယာဉ်/လမ်းစည်းကမ်း စစ်ဆေးခြင်း ဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ဓားဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူထား

နေပြည်တော်၊ စက်တင်ဘာ ၂၄

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန် မန္တလေးတိုင်းဒေသ ကြီး၊ အောင်မြေသာစံမြို့နယ်၊ ၁၉×၆၆ လမ်းဆုံတွင် အမှတ်(၈၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ယာဉ်/လမ်း စည်းကမ်းစစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မတ္တရာမြိုန့ယ်၊ ကျောက်တံတားရွာနေ လှမျိုးထွန်း(၂၀)နှစ် စီးနင်းလာသော KENBO-125 CZI ဖြူ/နက်ကြားရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်လိုင်စင်မပါသဖြင့် ပူးပေါင်းအဖွဲ့မှ ရဲတပ်သား ကျော်ဇင်ဦး က ယာဉ်မောင်းလိုင်စင်အား သိမ်းယူပြီး ဖမ်းဆီးပြေစာယူရန် ပြောဆိုနေစဉ် လှမျိုးထွန်းမှ ဖမ်းဆီးပြေစာမယူဘဲ ဆိုင်ကယ်အား မောင်းနှင် ထွက်ခွာသွားခဲ့သည်။

Thursday, September 24, 2015

Coca Cola အချိုရည်နှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်သည့် ဂိုဒေါင် မီးလောင်မှုဖြစ်ပွား

၂၀၁၅ စက်တင်ဘာ ၂၄

 
ရန်ကုန် - စက်တင်ဘာ ၂၄  

ယနေ့ နံနက် ၆နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန် မြောက်ဥက္ကလာပမြို့နယ် အမှတ်(၃) လမ်းဆုံအနီး ဇေကမ္ဘာ(၇)လမ်း၊ အမှတ်(၂၈၉)ရှိ ဦးသန်းကျော် ပိုင်ဆိုင်သော ရွှေသန်းကျော် ကုမ္ပဏီမှ ငှားရမ်းကာ Coca cola ကုမ္ပဏီမှ အချိုရည်နှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်ထားသည့် အုတ်သွပ်ကာ၊ ကွန်ကရစ်ခင်း၊ သွပ်မိုး ဂိုဒေါင် (၂၅၀x၂၀၀)ပေ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မခံစားနိုင်တဲ့ ရွာသားတစ်ဦး၏ ရင်ဖွင့်ချက်များ


၂၀၁၅ စက်တင်ဘာ ၂၄




ဟိုတစ်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ည ၅ နာရီလောက်ဘဲ မူဆယ်ဘက်မှ ကွတ်ခိုင်ဘက်ကို ဆင်းလာတဲ့ စစ်ကား ၁၀ စီး ကောင်းဝှက်ရွာအ၀င်မှာဘဲ  KIA/တအာင်းလက်နက်ကိုင်တဲ့အဖွဲ့တွေက မိုင်းနဲ့တိုက်တယ်.. စစ်ကား ၁၀ စီး မိုင်းဆွဲခံရတာပေါ့ ရွာနားမှာ စစ်တပ်နဲ့KIA/တအာင်းလက်နက်ကိုင် အဖွဲ့တွေ တိုက်ပွဲဖြစ်တယ်..  ၁၅ မိနစ်လောက်ကြာမယ်ထင်တယ်..ပစ်ခတ်သံတွေ ဆူညံနေတယ်. ကျည်ဆံတွေ ရွာနားကို ကျတာပေါ့၊ ရွာထဲကိုတော့ကျတာ မတွေ့ရပါဘူး. ရွာအစွန်ပြောင်းခင်းလောက်ပါ ဘဲ... ပြောင်းခင်း တောအစပ်လောက်မှာပဲဖြစ်တာ..   ဟိုဘက်ကပစ်လိုက်   ဒီဘက်ကပစ်လိုက်နဲ့ပေါ့ နည်းနည်းလောက် ကြာသွားတော့ ပစ်ခတ်သံ တွေရပ်သွားတယ်လေ..

Tuesday, September 22, 2015

ဒေသခံရွာသားနှစ်ဦးအား KIA အဖွဲ့မှ တပ်သားသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ စက်တင်ဘာ ၂၂
 

 

ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ် ၊ တိန်ကောက်ကျေးရွာတွင် နေထိုင်သော ဒေသခံရွာသားနှစ်ဦးအား KIA အဖွဲ့ဝင်များမှ တပ်သားသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းရွာသားတစ်ဦး ထံမှ သိရသည်။ တနိုင်းမြို့နယ် ၊ တိန်ကောက်ကျေးရွာသို့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် KIA အဖွဲ့ တစ်ဖွဲ့  ရောက်ရှိလာပြီး ရွာသားနှစ်ဦးအား KIA တပ်ဖွဲ့တွင် တပ်သားသစ်အဖြစ် တာဝန်ထမ်းဆောင် ခိုင်းစေရန် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ 

Monday, September 21, 2015

KIA သောင်းကျန်းသူများမှ စာသင်ကျောင်းများတွင်ကပ်ထားသော မဲစာရင်းများအား လိုက်လံခွာယူဖျက်ဆီး


၂၀၁၅ စက်တင်ဘာ ၂၁ 


ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မန်ဟိုအက်ရွာသို့ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ယူနီဖောင်းဝတ် အင်အား ၅ ဦးခန့်သည် လက်နက်ငယ် ကိုယ်စီကိုင်ဆောင်လျှက် ရောက်ရှိလာပြီး ၄င်းရွာရှိ မူလတန်းကျောင်းနှင့် မန်လုံခေါင်ရွာ၊ မုံးပေါ်လေးရွာ၊ ဆိုင်းခေါင်ရွာ စသည့်ရွာများရှိ မူလတန်းကျောင်းများတွင် ကပ်ထားသော မဲစာရင်းများအား လိုက်လံခွာယူသွား ကြောင်းနှင့် ထပ်မံ၍ မဲစာရင်းကပ်ခြင်း မပြုလုပ်ရန် ကျေးရွာသူကြီးများအား ပြော ပြီး ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

Friday, September 18, 2015

မူဆယ် ၁ဝ၅ မိုင်၌ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

၂၀၁၅ စက်တင်ဘာ ၁၉


မူဆယ် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ပြည်ထောင်စုလမ်းမ စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၁၅ ရက်က သတင်းအရ လားရှိုးဘက်မှ လာသော တရုတ်ကားLIFAN အမျိုးအစား MDY4EC/----- အား ရပ်တန့်စေပြီး ရှာဖွေရာ ယာဉ်ကိုယ်ထည် ကြမ်းခင်းအောက်တွင် အခိုင်အမာ သိုဝှက် ထားသော မြန်မာ့ကျောက်စိမ်းရိုင်းတုံး(အခဲ၊ ခဲခြမ်း၊ ဖြတ်စအရွယ်စုံ)စုစုပေါင်း ၂၁၄၈ ကီလိုဂရမ် အား ဌာနပေါင်းစုံ ရွေ့လျားလှုပ်ရှားအဖွဲ့က သိမ်းဆည်းရရှိသည်။

Thursday, September 17, 2015

မူဆယ် ၁၀၅မိုင် စစ်ဆေးရေးဂိတ် အနီးရှိ စက်ရုံတံခါးအား မိုင်းထောင်ဖောက်ခွဲ

၂၀၁၅ စက်တင်ဘာ ၁၇


ဆက်ကြေး မပေးသည့်အတွက် ခြိမ်းခြောက်ခြင်း တစ်ခုဖြစ်ဟုဆို 

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ၁၀၅မိုင် စစ်ဆေးဂိတ် အနီးရှိ စက်ရုံတံခါးအား မိုင်းထောင် ဖောက်ခွဲမှု တစ်ခု စက်တင်ဘာ ၁၀ရက် ညပိုင်းက ဖြစ်ပွားခဲ့ရာ ယင်းဖောက်ခွဲမှုသည် ဆက်ကြေး မပေးသည့် အတွက် ခြိမ်းခြောက်ဖောက်ခွဲမှု တစ်ခုဖြစ်ကြောင်း မူဆယ် ၁၀၅မိုင် စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားသည်

မိုးညှင်းမြို့နယ် (ဒေသအခေါ်) ၀ါလာဆားကျင်းမှော်အနီးတွင် ဒေသခံ(၂)ဦး KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာမှ (၁)ဦးသေ

၂၀၁၅ စက်တင်ဘာ ၁၇ 


၂၀၁၅ ခုနှစ် စက်တင်ဘာ(၁၄)ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ဦးဝင်းဗိုလ်(၅၀)နှစ်၊ ဦးသောင်းမြင့် (၄၁)နှစ်နှင့် ဦးအောင်ဆန်း(၄၂)နှစ်တို့သည် မိုးညှင်းမြို့နယ် နမ္မချီမှော်မှ ၈၈ ကျောက်မျက်ရတနာကုမ္ပဏီ အနီး (ဒေသအခေါ်) ၀ါလာဆားကျင်းမှော်သို့  ရေမဆေးကျောက်  ရှာဖွေရန်  သွားရောက်စဉ် ၀ါလာဆားကျင်းမှော်အနီး တောစပ်၌ KIA ထောင်ထားသော မိုင်းအား နင်းမိပေါက်ကွဲခဲ့ပါသည်။

RCSS/SSA အဖွဲ့မှ ဒေသခံများအား SNLD ပါတီနှင့် SNDP ပါတီတို့အား မဲပေးကြရန် လက်နက်ဖြင့် ခြိမ်းခြောက် စည်းရုံး

၂၀၁၅ စက်တင်ဘာ ၁၇ 


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ ထမ်ယမ်းကျေးရွာအုပ်စု၊ မယ်လုကျေးရွာနှင့် ပန်ကွဲကျေးရွာသို့ စက်တင်ဘာလ ၁၃ရက်နှင့် ၁၄ ရက်နေ့တို့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ရှမ်းပါတီများ ကိုသာ မဲပေးရန် ခြိမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်သွားကြောင်း ယင်းကျေးရွာသားများထံမှ သိရသည်။

နယ်မြေခံ ရဲကင်းအား KIA အဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်

၂၀၁၅ စက်တင်ဘာ ၁၇ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲ၊ ကျင်ဆန်းကျော့ဂိတ်အနီး နယ်မြေခံ ဟိုနောင်ရဲကင်း အား စက်တင်ဘာလ ၁၅ ရက်နေ့တွင် KIA အဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဂျပန်ငါးဖမ်းသမား တစ်ဦး ဖူကူရှီးမား နျူကလီးယားစက်ရုံအနီးရှိ ပင်လယ်ပြင်မှ ဧရာမငါးကြီး တစ်ကောင်ဖမ်းမိ

၂၀၁၅ စက်တင်ဘာ ၁၇


တိုကျို ၊ ၁၇-၉-၂ဝ၁၅ 

ဂျပန် ငါးဖမ်းသမားတစ်ဦးသည် ဖူကူရှီးမား  နျူကလီးယားစက်ရုံအနီးရှိ ပင်လယ်ပြင်မှ ဧရာမငါးကြီး တစ်ကောင်ကို ဖမ်းမိခဲ့ကြောင်း Mail Online သတင်းဌာနက စက်တင်ဘာ ၁၆ ရက်တွင်ဖ်ာပြ ထားသည်။
 
အဆိုပါငါးကြီး၏ ပါးစပ်သည် ကလေးငယ်တစ်ဦးကိုပင် မြိုချနိုင်လာက်အောင် ကြီးမားပြီး ဝံပုလွေငါးမျိုးဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါငါးမျိုးသည် ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာ အတွင်းရှိ အလွန် နက်ရှိုင်းသော နေရာများတွင်သာနထိုင်လေ့ရှိပြီး သမုဒ္ဒရာ ကြမ်းပြင် တစ်လျှောက်ရှိ သက်ရှိ သတ္တဝါငယ်များကိုသာ စားသောက်လေ့ ရှိသည်။

Wednesday, September 16, 2015

RCSS/SSA အဖွဲ့မှ ကွန်ဟိန်းမြို့နယ်အတွင်း လူသစ်နှင့် ဆက်ကြေးများ အတင်းအကြပ်ကောက်ခံ

၂၀၁၅ စက်တင်ဘာ ၁၆  



ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ်ကျေးရွာအုပ်စု၊ ဟိုကျယ်ကျေးရွာသို့ RCSS/SSA အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာ ၁၂ ရက်နေ့တွင် ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံနေကြောင်း ယင်းဒေသခံရွာသားများထံမှ သိရပါသည်။

KIA အဖွဲ့မှ ဖမ်းဆီးခံ လူငယ်တစ်ဦးပြန်လည် လွတ်မြောက်လာသော်လည်း လူငယ်အများအပြား လွတ်မြောက်ရန် ကျန်ရှိနေ

၂၀၁၅ စက်တင်ဘာ ၁၆  



ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းမှ ဒေသခံ ရှမ်းလူငယ်တစ်ဦး ပြန်လည်လွတ်မြောက် လာသော် လည်း KIA အဖွဲ့အတွင်း ၎င်းကဲ့သို့ ဖမ်းဆီးခံထားရသော လူငယ်အများအပြား ကျန်ရှိနေသေးကြောင်း လွတ်မြောက် လာသော လူငယ်မှ ပြောပြသည်။

SSPP/SSA အဖွဲ့မှ ဒေသခံကျေးရွာများအား လူသစ်နှင့်ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံလျက်ရှိ

၂၀၁၅ စက်တင်ဘာ ၁၆ 


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်ရှူးမြို့နယ်၊ ၀မ်လွိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာသို့ SSPP/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအဓမ္မ ကောက်ခံ သွားကြောင်း ဒေသခံ ရွာသားများထံမှ သိရပါ သည်။

တရုတ်က တောင်တရုတ်ပင်လယ် အတွင်း တတိယမြောက် လေယာဉ်ကွင်း တည်ဆောက်နေဟုဆို

၂၀၁၅ စက်တင်ဘာ ၁၆   


ဝါရှင်တန် ၊ ၁၆-၉-၂ဝ၁၅
တရုတ်နိုင်ငံသည်  တောင်တရုတ် ပင်လယ်အတွင်းရှိ အငြင်းပွားပိုင်နက်နယ်မြေ အတွင်း၌ တတိယမြောက် လေယာဉ်ကွင်း တည်ဆောက်လျက် ရှိကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ရယူနိုင်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများအား ကိုးကား၍ အမေရိကန် ကျွမ်းကျင် ပညာရှင် တစ်ဦးက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ဖော် ပြောကြား ထားသည်။

UWSA “ ၀ ’’ အဖွဲ့မှ မိုင်းဖျန်မြို့နယ်တွင် တပ်ဖွဲ့ဝင်ဟောင်းများနှင့် ထွက်ပြေးနေသူများအား ပြန်လည်ဖမ်းဆီး ခေါ်ဆောင်

၂၀၁၅ စက်တင်ဘာ ၁၆  


မိုင်းဖျန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ နေထိုင်သော UWSA “၀’’ တပ်ဖွဲ့ဝင်ဟောင်းများနှင့် တပ်ပြေး များအား UWSA “၀’’ အဖွဲ့မှ ပြန်လည်ဖမ်းဆီးခေါ်ဆောင်နေကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။ မိုင်းဖျန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ စက်တင်ဘာလ ၉ ရက်နေ့တွင် UWSA “၀’’ အဖွဲ့များ ရောက် လာပြီး “၀’’ တပ်ဖွဲ့ဝင်ဟောင်းများနှင့် တပ်ပြေးများအား ပြန်လည်ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။

ကျိုင်းတောင်းမြို့နယ်တွင် RCSS/SSA အဖွဲ့မှ သစ်လုပ်ငန်းလုပ်ကိုင်သူများအား အတင်းအကြပ် ဆက်ကြေးငွေ များ ကောက်ခံ

၂၀၁၅ စက်တင်ဘာ ၁၆ 


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့နယ်ခွဲ၊ ဟိုဟကျေးရွာအုပ်စု၊ နားပုံးကျေးရွာအနီးရှိ သစ်လုပ်ငန်း လုပ်ကိုင်သူ များအား စက်တင်ဘာလ ၁၂ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့မှ ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံ သွား ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

SSPP/SSA အဖွဲ့မှ မိုင်းနောင်းမြို့နယ်အတွင်းရှိ ဒေသခံကျေးရွာများသို့ လူသစ်နှင့် ဆက်ကြေးငွေများကောက်

၂၀၁၅ စက်တင်ဘာ ၁၆
 


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်၊ ၀မ်ပန်ကျေးရွာအုပ်စု၊ ၀မ်ပန်ကျေးရွာသို့ စက်တင်ဘာလ ၉ ရက်နေ့တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ/ရွာသားများ အား ခေါ်ယူ၍ လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအကြပ်တောင်းခံ သွားကြောင်း ယင်းဒေသခံရွာသား များ ထံမှသိရသည်။

Friday, September 11, 2015

တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံမှ ဆက်လက် ဖမ်းဆီး

ထိုင်းနိုင်ငံအတွင်းသို့ နည်းမျိုးစုံဖြင့် သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြသော တရား မ၀င်   ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့မှ ဆက်လက်၍ စိစစ်ကာ ဖမ်းဆီးနေလျက်ရှိကြောင်း သိရသည်။

အငြင်းပွားဖွယ် လူခေါင်းအစားထိုးခွဲစိတ်မှုကို ၂၀၁၇ ခုနှစ်မှာ တရုတ်ခွဲစိတ်ဆရာဝန်တစ်ယောက်နဲ့  အီတလီဆရာဝန်တို့ ပူးပေါင်းလုပ်ဆောင်မည်

၂၀၁၅ စက်တင်ဘာ ၁၁


ကမ္ဘာ့ပထမဆုံး လူသားဦးခေါင်းအစားထိုးခွဲစိတ်မှုကို လုပ်ဆောင်ဖို့ အတွက် တရုတ်ခွဲစိတ်ဆရာဝန် Ren Xiaoping နဲ့  အီတလီဆရာဝန် Sergio Canevero တို့ ပူးပေါင်းလိုက်ပါတယ်။ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့ ရုရှားလူမျိုးတစ်ယောက်ဟာ ဒီအငြင်းပွားဖွယ်ရာ အစားထိုးခွဲစိတ်မှု ကိုခံယူမယ့် ပထမဦးဆုံး လူသားတစ်ယောက် ဖြစ်လာမှာဖြစ်ပါတယ်။

ခေါင်း၂ လုံးရှိတဲ့ တိရစ္ဆာန်တွေ အများဆုံး စုဆောင်းနိုင်တဲ့ အတွက် ကမ္ဘာ့ဂရင်းနစ် စံချိန်တင်ထားသူ

၂၀၁၅ စက်တင်ဘာ ၁၁


Venice ကမ်းခြေက ထူးဆန်းထွေလာပြပွဲပိုင်ရှင် Todd Ray က ခေါင်း၂လုံးနဲ့ ရှားပါးမြွေမျိုးဖြစ်တဲ့ Albino မြွေကို မကြာသေးခင်က ၀ယ်ယူခဲ့ပါတယ်။ ဖလော်ရီဒါမှာ ပေါက်ဖွားခဲ့တဲ့ လေးနှစ် အရွယ်ရှိ ခေါင်းနှစ်လုံးနဲ့ Honduran Milk မြွေအမျိုးအစား “Medusa” ကို ဒေါ်လာ ၅သောင်းပေးပြီး ၀ယ်ယူခဲ့တာဖြစ်ပါတယ်။

Thursday, September 10, 2015

ဂျပန်နိုင်ငံတွင် အဆိုးဆုံး Etau တိုင်ဖွန်း မုန်တိုင်းကြောင့် လူပေါင်း (၉)သိန်း အရေးပေါ်ပြောင်းရွေ့ 

၂၀၁၅ စက်တင်ဘာ ၁၀


စက်တင်ဘာလ ၉ရက်နှင့် ၁၀ရက် အတွင်း ဂျပန်နိုင်ငံ အရှေ့ ပိုင်းနှင့် အလည်ပိုင်း ဒေသများတွင် ၀င်ရောက် တိုက်ခတ်နေသည့် အီသောင် မှာ Etau(တနာရီလေတိုက်နှုန်း ၁၂၅ ကီလို အထိ ပြင်းထန်ခဲ့ပြီး မိုးပြင်းထန်စွာရွာသွန်းနေကြောင်း ဂျပန်နိုင်ငံဆိုင်ရာ သတင်းများတွင် ဖေါ်ပြနေပါသည်။

Apple iPad အသစ်ထွက်ပြီ

၂၀၁၅ စက်တင်ဘာ ၁၀



Apple ကုမ္ပဏီက အကြီးဆုံး iPad Pro tablet ကွန်ပျူတာကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြသ မိတ်ဆက် လိုက်ပါတယ်။ အဆင့်မြင့်နည်းပညာ အသုံးပြုထားပြီး Smart Keyboard နဲ့ Apple ခဲတံတို့ တွဲဘက်ထားတဲ့ ကွန်ပျူတာဟာ စီးပွားရေးကို အသုံးချမယ့်သူတွေအတွက် ရည်ရွယ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

Wednesday, September 9, 2015

အပစ်ရပ်စာချုပ်မှာ တိုင်းရင်းသား ၁၇ဖွဲ့ အနည်းဆုံးပါဝင် လက်မှတ်ထိုးဖို့ သဘောတူပြီ

၂၀၁၅ စက်တင်ဘာ ၉



တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း စုစုပေါင်း ၂၁ဖွဲ့ထဲက အနည်းဆုံး ၁၇ဖွဲ့ပါဝင်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးဖို့ ဒီကနေ့ (စက်တင်ဘာ ၉)မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေကြား သဘောတူလိုက်ပါပြီ။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ဆန်ကားမှအပ တရုတ်နိုင်ငံသို့တင်ပို့မည့် အခြားကုန်စည်ကားမျိုးစုံဝင်ရောက်မှု တစ်ရက်လျှင် အစီးရေ ၈၀ မှ ၁၀၀ ကျော်အထိ ရှိဟုဆို

၂၀၁၅ စက်တင်ဘာ ၉

 မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း ပို့ကုန်စစ်ဆေးရေးဂိတ်အား တွေ့ရစဉ်

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဆန်တင်ပို့မှု ခေတ္တရပ်ဆိုင်းထားသော်လည်း တရုတ်နိုင်ငံသို့ တင်ပို့မည့် အခြားကုန်စည်ကားမျိုးစုံဝင်ရောက်မှုမှာ တစ်ရက်လျှင် အစီးရေ ၈၀ မှ ၁၀၀ ကျော်အထိရှိကြောင်း မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

Tuesday, September 8, 2015

RCSS/SSA အဖွဲ့မှ မိုးနဲမြို့နယ်အတွင်း လူသစ်နှင့် ဆက်ကြေးငွေများကောက်ခံ

၂၀၁၅ စက်တင်ဘာ ၈


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကာဟကျေးရွာအုပ်စု၊ ကာဟကျေးရွာတွင် စက်တင်ဘာ ၃ ရက်နေ့က RCSS/SSAအဖွဲ့မှ လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးငွေများကောက်ခံခြင်းများပြုလုပ်လျက် ရှိကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။

Monday, September 7, 2015

အင်ဒိုနီးရှားသို့ လူကုန်ကူးခံရသူ မြန်မာ ၁၀၅ ဦး ပြန်ရောက်

၂၀၁၅ စက်တင်ဘာ ၇


အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံသား ၁၀၅ ဦးသည် စက်တင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာသည်။ လူကုန်ကူးခံရသူ ၄င်းတို့အား အင်ဒိုနီးရှားနိုင်ငံ အန်ဘုံကျွန်းမှ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု စက်တင်ဘာ ၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများကဖော်ပြသည်။

Sunday, September 6, 2015

လားရှိုးမြို့ တွင် ကိုးကန့် ဒေသအုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အစည်းအဝေးကျင်းပ။

၂၀၁၅ စက်တင်ဘာ ၇


လားရှိုး၊ စက် (၅) မှန်ကောင်း(လားရှိုး)

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဦးစပ်အောင်မြတ်သည် စက်တင်ဘာလ (၅) ရက်၊ မွန်းလွဲပိုင်း ၁ နာရီက ပြည်နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များနှင့် တွေ့ဆုံကာ ကိုးကန့်ဒေသအုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အစည်းအဝေး ကျင်းပသည်။

SSPP/SSA အဖွဲ့မှ မိုင်းရှူးမြို့နယ် အတွင်းရှိ ဒေသခံရွာသားများထံမှ လူသစ်နှင့် ဆက်ကြေးငွေများ ကောက်ခံ

၂၀၁၅ စက်တင်ဘာ ၇



ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက်ဒေသ၊ ဟိုဆိုင်ကျေးရွာအုပ်စု၊ ဘိုးဘွားတောင် ကျေးရွာသို့ စက်တင်ဘာ ၂ ရက်နေ့တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး အတင်းအကြပ် လူသစ်စုဆောင်း၍ ဆက်ကြေးငွေများ ကောက်ခံခဲ့ကြောင်း ဒေသခံရွာသားတစ်ဦးထံမှ သိရပါသည်။

UWSA “ ၀ ” အဖွဲ့မှ ဒေသခံကျေးရွာသားများ၏ တောင်ယာမြေများအား အတင်းအဓမ္မသိမ်းယူ

၂၀၁၅ စက်တင်ဘာ ၇



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းကျေးရွာအုပ်စု၊လွယ်ပါရင်ကျေးရွာမှ ဒေသခံရွာသားများ ပိုင်ဆိုင်သော တောင်ယာမြေများအား UWSA “ ၀ ”အဖွဲ့မှ အတင်းအဓမ္မ သိမ်းယူထားကြောင်း ဒေသခံ ရွာသား တစ်ဦးထံမှ သိရပါသည်။

Friday, September 4, 2015

လားရှိုးမှာမီးလောင်မှုတစ်ခုဖြစ်


၂၀၁၅ စက်တင်ဘာလ ၎

 


လားရှိုးမြို့ အမှတ်၎ရပ်ကွက် ၄၁ကားဂိတ်အနီးမှာရှိတဲ့ တိုက်ခန်းတစ်ခုဟာ ဒီကနေ့မနက် ၈နရီ၅၀ခန့်က မီးလောင်ကျွမ်းခဲ့တဲ့အတွက် မီးသတ်ကားဆယ့်တစ်စီးနဲ့ ငြိမ်းသတ်ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ အဲဒီမီးလောင် ကျွမ်းမှုဟာ အချိန်အားဖြင့် မိနစ်နှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပါတယ်။ ဆုံးရှုံးပမာဏက ကျပ်၂သိန်းခွဲခန့်သာ ရှိပါတယ်လို့ လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနက ဦးစီးအရာရှိ ဦးကိုကိုဦးက ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။

Thursday, September 3, 2015

KIA တပ်ဖွဲ့မှခြံထွက်သီးနှံ ဆက်ကြေးကောက်ခံ

၂၀၁၅ စက်တင်ဘာ ၃



KIA တပ်ဖွဲ့မှ ကချင်ပြည်နယ် လွယ်ကျယ်အုပ်စုအတွင်းရှိ ဒေသခြံထွက်သီးနှံဖြစ်တဲ့ ကြံနှင့် အခြားသီးနှံများ အား ဆက်ကြေးများကောက်ခံနေကြောင်း  ဒေသခံလူထုမှ  ပြောကြားခဲ့ပါသည်။ လွယ်ကျယ်အုပ်စုဟာ ရွာပေါင်း ၈ ရွာရှိပြီး ဆက်ကြေးအတွက် ခြံမြေတစ်မူးလျှင် တရုတ် ယွမ်ငွေ ၃၀ ယွမ်ပေးဆောင် ရမည်ဖြစ်ပြီး ခြံမြေတစ်ဧကလျှင် ၅ မူးရှိကာ ဆက်ကြေးအတွက် သွားရောက်မပေးဆောင်ပါက သို့မဟုတ် ခြံမြေလိမ်လည်ပြီး အပြည့်အစုံမပေးဆောင်ပါက ခြံမြေများ KIA တပ်ဖွဲ့မှသိမ်းဆီးခြင်းကို ခံရမည် ဖြစ်ကြောင်း KIA တပ်ဖွဲ့မှ ဒေသခံလုထုအား အမိန့်ထုတ်ပြန် ထားကြောင်း သိရပါတယ်။

ကွန်ဟိန်းမြို့နယ်တွင် RCSS/SSA အဖွဲ့မှ ကျေးရွာတစ်ရွာလျှင် လူသစ် ၂ ဦး ပေးရန်နှင့် မပေးနိုင်ပါက ၁ ဦးလျှင် ငွေကျပ် ၁၂ သိန်း ပေးရန် အတင်းအကြပ်ကောက်ခံ

၂၀၁၅ စက်တင်ဘာ ၃


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ သိန်းဖျံကျေးရွာသို့ သြဂုတ်လ ၂၉ ရက်နေ့တွင် RCSS/SSA အဖွဲ့ တစ်ဖွဲ့မှ ရောက်ရှိလာပြီး လူသစ် ၂ ဦးပေးဆောင်ရန်နှင့် မပေးနိုင်ပါက ၁ ဦးလျှင် ငွေကျပ် ၁၂ သိန်း အား ပေးဆောင်ရန် ကောက်ခံ ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

Wednesday, September 2, 2015

မူဆယ်မြို့ပေါ်ရှိ လုပ်ငန်းရှင်များထံမှ ဆက်ကြေးကောက်၊ ဓားပြတိုက်နေသည့် KIA

၂၀၁၅ စက်တင်ဘာ ၃


ယခုရက်ပိုင်းအတွင်း မူဆယ်မြို့ပေါ်ရှိ ဘဏ်များ၊ ကားဂိတ်များနှင့် စက်သုံးဆီအရောင်း ဆိုင်များထံသို့ KIA တပ်မဟာ(၄)မှ ဆက်ကြေးတောင်းခံစာများ၊ ခြိမ်းခြောက်စာများပေးပို့၍ မြို့ပေါ်နေ ပြည်သူ လူထုအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ပြုလုပ်နေကြောင်း သိရှိရပါသည်။

Tuesday, September 1, 2015

ကျပ်သန်းပေါင်း (၄၉၃)သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မူဆယ်မြို့၌ ဖမ်းဆီးရရှိ

၂၀၁၅ စက်တင်ဘာ ၁


ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်မြို့တွင် ကျပ်သန်းပေါင်း (၄၉၃)သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များကို သြဂုတ်လ(၂၉)ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိကြောင်း မူဆယ်မူးယစ်တပ်ဖွဲ့မှ သိရသည်။ မူးယစ် တပ်ဖွဲ့စု(၂၂) မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်တပ်ဖွဲ့စု(၁၀၂) နေပြည်တော်မှ တပ်ဖွဲ့ဝင်များနှင့် မူဆယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် မူးယစ်ဆေးဝါးသတင်းအရ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ခိုဝိန်းရပ်ရှိ ကူရှင်းချဲ့(ခ)မာဝမ်(ကျား) ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေရရှိတာဖြစ်ကြောင်း သိရသည်။