Thursday, October 30, 2014

TNLA မှ နမ့်ဆန်မြို့နယ် မန်နောက်ကျေးရွာနေ ရွာသား ၂၁ ဦးအား ထပ်မံခေါ်ဆောင်မှု ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်

30 Oct 2014

TNLA အဖွဲ့များသည် ရှမ်းမြောက်ဒေသအတွင်း ပလောင်လူမျိုးများအား မူးယစ်ဆေးဝါး အကြောင်းပြ၍ အသက်အရွယ်မေ၇ွးဖမ်းဆီးခေါ်ဆောင်ပြီးအသက်အရွယ်ကြီးရင့်သူများအားဆက်ကြေးငွေ တောင်းယူ၍ ပြန် လည် စေလွှတ်ပေးသော်လည်း ငယ်ရွယ်သူ ပလောင်လူမျိုးများအား ၄င်းတို့ အဖွဲ့ ရေရှည် ရပ်တည်နိုင်ရေး စစ်သင်တန်း ပေးရန်အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းများယခုကဲ့သို့မကြာခဏ ပြုလုပ်နေသောကြောင့်   ဒေသခံ ရိုးသားသော ပလောင်လူမျိုးအချို့မှာ ၄င်းတို့ နေအိမ်များစွန့်လွှတ် ထွက်ပြေးတိမ်းရှောင်

Tuesday, October 28, 2014

TNLA မှ ပလောင်လူမျိုး ၂၉ ဦးအား ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သင်တန်းပေး

29 Oct 2014

TNLA မှ ကျောက်မဲခရိုင် နမ်ဆန်မြို့နယ် ကျောက်ဖြူကျေးရွာမှ ရွာသား ၂၉ ဦးအား အောက်တိုဘာလ ၂၅ ရက်နေ့ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းဖမ်းဆီးခံရသူများ ဆွေမျိုးတော်စပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ 

 TNLA ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများမှာ ဦးစန်လှူ၊ ဦးထွန်းခိုင်၊ ဦးဖိုးဆိုင်၊ ဦးပန်းညိမ်း၊ ဦးအိုက်သန်း၊ ဦးစံလွင် ဦးကျော်လွင်၊ ဦးကျော်နိုင်၊ ဦးကျော်ဝင်း၊ ဦးအိုက်မြတ်၊ ဦးအိုက်ထွန်း၊ ဦးအိုက်လမ်း၊ ဦးအောင်အေး၊ ဦးအိုက်ပို၊ ဦးအောင်နိုင်၊ ဦးကျော်ဌေး၊ ဦးနေအောင်၊ ဦးအောင်လွင်၊ ဦးအိုက်လော၊ ဦးအောင်သန်းထွေး၊ မောင်မင်းအောင်၊ မောင်ထွန်းနောင်၊ ဦးအိုက်လှ ၊ ဦးဘအုန်း၊ ဦးဘိုနီ၊ ဦးအောင်နိုင်လတ်၊ ဦးတင်လှိုင်၊ ဦးအောင်နိုင်၊ မောင်လှမောင် တို့ ဖြစ်ကြောင်းသိရသည်။ 

 TNLA အဖွဲ့များသည် ယခုကဲ့သို့ ဒေသခံပြည်သူများအား မူးယစ်ဆေးဝါး အကြောင်းပြ ဖမ်းဆီးပြီး ငွေတောင်းခြင်း၊ ငွေမပေးနိုင်ပါက လူသစ်အဖြစ် စုဆောင်းမှု ပြုလုပ်ပြီး အသက်ကြီးငယ်မရွေး စစ်သင်တန်းပေး နေကြောင်း သိရသည်။ 
 နမ့်ဆန်

ကျောက်မဲဒေသခံ ၂ ဦးအား SSA(၀မ်ဟိုင်း)မှ ဖမ်းဆီးခေါ်ဆောင်

28 Oct 2014

SSA(၀မ်ဟိုင်း)အဖွဲ့မှ အောက်တိုဘာလ ၂၀ ရက်နေ့က ကျောက်မဲမြို့နယ် ခဲမွန်ကျေးရွာမှ ဒေသခံ ၂ ဦးအား မူးယစ်ဆေးဝါး အကြောင်းပြ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ ခဲမွန် ကျေးရွာသူ ရွာသားများမှာ ရိုးသားစွာ နေထိုင်ပြီး စား၊ ၀တ်၊ နေ၊ ရေး အတွက် ရိုးသားစွာ ရှာဖွေလုပ်ကိုင် စားသောက်နေသူများ ဖြစ်ကြောင်း ခဲမွန်ကျေးရွာနေ ဦးစိုင်းမင်းအောင်က ပြောပါသည်။ 

SSA(၀မ်ဟိုင်း)အဖွဲ့က ၁၀ ယောက် ဆိုင်ကယ် ၅ စီးနဲ့ ကျွန်တော်တို့ ရွာကို ရောက်လာတယ်။ ပြီးတော့ ကျွန်တော့ အစ်ကို ဦးသန်းနု (၆၂) နဲ့စိုင်းဝင်းလှိုင်တို့ကို လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဟု ၄င်းကပြောသည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများနဲ့ ယနေ့အချိန်ထိ အဆက်အသွယ် မရ သေးကြောင်း လည်း ၄င်းမှပြောပါသည်။

 SSA(၀မ်ဟိုင်း)အဖွဲ့များသည်ကျောက်မဲမြို့နယ်အတွင်းကျေးရွာများတွင်တိုင်းရင်းသားများအပေါ်အနိုင်ကျင့်   နှိပ်စက်ခြင်းများ မကြာခဏပြုလုပ်နေပြီး ထိုကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များအား အမြန်ဆုံးတားမြစ်  ဖြေရှင်း

Sunday, October 26, 2014

TNLA မှ နမ္မတူမြို့နယ် မန်စံကျေးရွာနေ ဒေသခံ ၃ ဦးဖမ်းဆီး ခေါ်ဆောင်၍ သိန်း ၃၀ ဖြင့်ရွေးခိုင်းမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်


26 Oct 2014

TNLA (ပလောင်)အဖွဲ့များသည် ရှမ်းမြောက်ဒေသအတွင်း ဒေသခံများအား ဖမ်းဆီး ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်ခံခြင်း၊ခရီးသွားများအားခြိမ်းခြောက်ငွေတောင်းခြင်းများကိုပလောင်လူမျိုးများ ကောင်းစားရေး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုသည့် စကားလုံးလှလှလေးသုံးပြီး ဒေသခံများအားဥပဒေမဲ့ ပြုလုပ်မှုများအား ၂၀၁၃ ခုနှစ်မှ စ၍ ယနေ့အထိ ကျူးလွန် ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

 အောက်တိုဘာ ၁၈ ရက်နေ့က TNLA အဖွဲ့သည် နမ္မတူမြို့နယ် ပန်ကွတ်ကျေးရွာမှ မန်စံကျေးရွာ သို့ ရောက်လာပြီး ဦးအားကျို၊ ဒေါ်အေးညန်းနှင့် မောင်ငို့ တို့အား ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မန်စံရွာသား တစ်ဦးမှပြောပါသည်။ ဖမ်းဆီးခံရသူ ၃ဦးမှ မောင်ငို့အား ငွေကျပ်၂သိန်းဖြင့် ပြန်လွတ်ပေးခဲ့ပြီး

Tuesday, October 21, 2014

TNLA (ပလောင်)အဖွဲ့မှ ဖမ်းဆီးငွေကြေးတောင်းယူမှုအား သက်ဆိုင်ရာသို့ အကြောင်းကြားပါက အသက်အန္တရယ် စိုးရိမ်ရကြောင်း ဒေသခံများအား ခြိမ်းခြောက်ပြောဆို

22 Oct 2014

TNLA(ပလောင်)အဖွဲ့သည်ကွတ်ခိုင်မြို့နယ်အတွင်းမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်အောင် ဆောင်ရွက်   နေသည်ဟု အင်တာနက်သတင်းများတွင် အသံကောင်းဟစ်နေသော်လည်း မြေပြင်တွင် မူးယစ်ဆေးဝါး အကြောင်းပြပြီး ဒေသခံပြည်သူများထံမှ ဖုန်း၊ ငွေ စသည့်တို့အား နိုင်ထက်စီးနင်း ယူဆောင်သည့် အပြင် ဖမ်းဆီးပြန်ပေးဆွဲ ငွေတောင်းခြင်းများပါ ပြုလုပ်နေကြောင်း ဒေသခံများ ၏ ပြောကြား ချက်အရသိရသည်။

 အောက်တိုဘာလ၁၁ရက်နေ့ကTNLA(ပလောင်)အဖွဲ့က၈ယောက်လောက်ရှိမယ်ဗျ။ကျွန်တော်တို့ နေတဲ့ လွယ်ကျောက်ရွာက ချိန်ကျားယုံရဲ့ နေအိမ်ကိုရောက်လာတယ်။ အဲဒီအိမ်မှာက ချိန်ကျားယုံးရဲ့ ဇနီး မအေးစိန် တစ်ယောက်တည်းရှိနေတယ်။ သူတို့တွေက အိမ်ထဲကို ၀င်ပြီး မအေးစိန်ကို လက်ထိပ် ခတ်တယ်။ ပြီးတော့ မူးယစ်ဆေးဝါး ရှာဖွေမယ်ဟု ပြောပြီး အိမ်ထဲမှာရှိတဲ့ ငွေတွေကို ရှာယူသွားတယ်ဟု ၄င်းကပြောပါသည်။ ပြီးတော့ ဦးရှောက်ရှမ်း နေအိမ်ကို ၀င်ပြီး မူယစ်းဆေးဝါးရှာဖွေသည့်ဟု အကြောင်းပြကာ နေအိမ်အတွင်းရှိ CDMA လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေများအား ရှာဖွေသိမ်းယူသွားပြီး ဦးရှောက်ရှမ်းအား လက်ထိပ်ခတ်

Tuesday, October 14, 2014

SSA(ရွက်ဆစ်)အဖွဲ့ နောင်ချို့မြိုနယ်မှ ရွာသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်


15 Oct 2014

SSA(ရွက်ဆစ်)အဖွဲ့မှ နောင်ချိုမြို့နယ် ဆီဆုံကျေးရွာအုပ်စု၊ ပလောင်ချောင်းကျေးရွာမှ ဦးစိုးမြင့်အား အောက်တိုဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ဆောင်သွားကြောင်းသိရသည်။ 

မျက်မြင်ရွာသားတစ်ဦး၏ ပြောပြချက်အရ SSA(ရွက်ဆစ်)က ၂၅ ယောက်လောက်ရှိမယ်ဗျ။ ဆီဆုံကျေးရွာ ဘက်ကနေ ကား ၃ စီးနဲ့ ရောက်လာတာ။ ရွာကိုရောက်ပြီး ညနေ ၅ နာရီလောက်မှာ ဦးစံမြရဲ့သားဦးစိုးမြင့်ကို 

Sunday, October 5, 2014

ယုဇန ကုမ္ပဏီပိုင် ယာဉ်တစ်စီးအား SSA (၀မ်ဟိုင်း)အဖွဲ့မှ ခြိမ်းခြောက်ငွေကျပ် ၉၂ သိန်းယူဆောင်

6 Oct 2014

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်း-လားရှိုးသွား ကားလမ်းပေါ်တွင် ယုဇနကုမ္ပဏီပိုင် ငွေစာရင်းစက် လိုက်လံ ရောင်းချနေသည့် ကင်တာ (အဖြူရောင်) 6E/9462 ယာဉ်အား SSA(၀မ်ဟိုင်း)အဖွဲ့မှ ၃ ဦး လက်နက်များနှင့် ခြိမ်းခြောက် ၍ ငွေကျပ် ၉၂ သိန်းအားယူဆောင်သွားကြောင်းသိရသည်။

 အောက်တိုဘာလ ၄ ရက်နေ့က ကျွန်တော် ယာဉ်မောင်း ကိုထွန်းလှိုင်နဲ့ ငွေစာရင်းစက်များရောင်းချပြီး တန့်ယန့်မှ လာရှိုး ကို မောင်းနှင်းလာရာ ည ၀၇၀၀ နာရီတွင် SSA(၀မ်ဟိုင်း)အဖွဲ့မှ ၃ ဦး သူတို့မှာ ပါလာတဲ့ လက်နက်နဲ့ခြိမ်းခြောက်ပြီး ကားကို ရပ်ခိုင်းတယ်။

 ပြီးတော့ကျွန်တော်တို့ ၂ ယောက်ကို ကားပေါ်က ဆင်းခိုင်တယ်။ ကားပေါ်မှာ ငွေစာရင်းစက် ရောင်းလို့ ရတဲ့ငွေ ၉၂ သိန်းကိုယူသွားတယ်ဟု အဆိုပါ ၀န်ထမ်း၏ ပြောပြချက်အရသိရသည်။ ယုဇနကုမ္ပဏီပိုင် ၀န်ထမ်း ၂ ဦးမှာ မြောက်ဥက္ကလာနှင့် သာကေတ မြို့နယ်တွင် နေထိုင်သူများ ဖြစ်ပြီး ယခုကဲ့သို့ ဥပဒေမဲ့ပြုလုပ်မှုအား အရေးယူဆောက်ရွက်ပေးရန် ဦးချစ်မင်းမှ မိုင်းရယ် ရဲစခန်းသို့ သွားရောက် တိုင်ကြား ထားကြောင်း သိရသည်။