Thursday, December 31, 2015

NSCN(K) အဖွဲ့မှ ဒေသခံတောင်သူများအား ဘိန်းစိုက်ပျိုးသည်ဟုစွပ်စွဲကာ ဆက်ကြေးငွေနှင့် ဘိန်းအဆီများ ပေးဆောင်ရန် ခြိမ်းခြောက်တောင်းခံ

၂၀၁၅ ဒီဇင်ဘာ ၃၁


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ တောင်ယာစိုက်ပျိုးသူများအား ဒီဇင်ဘာလ၂၇ ရက်နေ့တွင် NSCN(K) အဖွဲ့မှ ဘိန်းစိုက်ပျိုးသည်ဟုစွပ်စွဲကာ ဆက်ကြေးငွေနှင့် ဘိန်းအဆီများပေးဆောင်ရန် ခြိမ်းခြောက်တောင်းခံ သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

ပယင်းလာရောက်တူးဖော်လုပ်ကိုင်သူ လီဆူးလူမျိုး ၄ ဦးအပါအ၀င် မှော်သူမှော်သား ၅၅ ဦးအား KIA အဖွဲ့မှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ ဒီဇင်ဘာ ၃၁


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာအနီးတစ်ဝိုက်တွင် ပယင်းလာရောက် တူးဖော်လုပ်ကိုင်နေ သူများအား KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

Wednesday, December 30, 2015

ဒေသခံဈေးဆိုင်ပိုင်ရှင်များထံမှ KIA အဖွဲ့ဆက်ကြေးကောက်ခံ

၂၀၁၅ ဒီဇင်ဘာ ၃၀

 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကျေးရွာများအတွင်းရှိ နေအိမ်များတွင် ဖွင့်လှစ်ရောင်းချနေသော ဈေး ဆိုင်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံလျက်ရှိကြောင်း ဈေးဆိုင်ဖွင့်ထားသော ဒေသခံ တစ်ဦးမှ ပြောသည်။

ဖားကန့်မြို့နယ်၊ လ၀ါးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွင်း နေအိမ်များတွင် ဖွင့်လှစ်ရောင်း ချနေသော ဈေးဆိုင်များမှ ဆက်ကြေးငွေကျပ် ၃၀၀၀၀ မှ ၅၀၀၀၀ အထိ ကောက်ခံထားကြောင်းနှင့် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချနေသူများထံမှလည်း KIA အဖွဲ့ဝင်များသည် လာရောက်စားသောက် သွားသည့်အပြင် ဆက်ကြေးငွေများလည်း ကောက်ခံသွားကြောင်း စားသောက်ဆိုင်ဖွင့်ထားသော ဒေသခံ တစ်ဦးမှ ပြောပြပါသည်။

RCSS/SSA အဖွဲ့မှ ဒေသခံကျေးရွာများအား ဆန်တောင်း၊ ဆက်ကြေးကောက်နှင့် လူသစ်စုဆောင်းခြင်း များ ပြုလုပ်

၂၀၁၅ ဒီဇင်ဘာ ၃၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့နယ်၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ နမ့်ပါမန်းကျေးရွာနှင့်၊ ဟိုလန်းကျေးရွာ များသို့် ဒီဇင်ဘာလ ၂၄ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး လူသစ် စုဆောင်းခြင်းနှင့် ဆက်ကြေးငွေကောက်ခံခြင်းများ ပြုလုပ်နေကြောင်း ယင်းဒေသခံရွာသားများထံမှ သိရ သည်။

မိုင်းရှူးမြို့နယ်တွင် SSPP/SSA အဖွဲ့မှ ဒေသခံတိုင်းရင်းသားများအား လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ

၂၀၁၅ ဒီဇင်ဘာ ၃၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ၀မ်လွိုင်ကျေးရွာအုပ်စု၊ ၀မ်လွိုင်ကျေးရွာသို့ ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့မှ ရောက်ရှိလာပြီး ဒေသခံတိုင်းရင်းသားများအား လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

Tuesday, December 29, 2015

မိမိပိုင်ပစ္စည်းများတွင် ကပ်ထားနိုင်မည့် GPS စတစ်ကာများ ထုတ်လုပ်

၂၀၁၅ ဒီဇင်ဘာ ၂၉


ဒီ (၂၁) နည်းပညာ၊ ရဲရင့်တည်၊ ရတနာပုံနေ့ စဉ်။

မိမိပိုင်ပစ္စည်းများဖြစ်သော ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်၊ စက်ဘီး၊ ဖုန်းဟန်းဆက် အစရှိသောအရာ များ ပျောက်ဆုံးလျှင် သို့မဟုတ် အထားမှားလျှင် အလွယ်တကူပြန်လည်ရှာဖွေတွေ့ရှိရန် အထောက် အကူပြုနိုင်မည့် GPS စတစ်ကာများကို ယူကေနိုင်ငံမှ အပျော်တမ်းနည်းပညာရှင်များက ထုတ်လုပ်ထားပြီး လူထုထောက်ပံ့ငွေဖြင့် ဆက်လက်ထုတ်လုပ်ရောင်းချနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ရေမဆေးကျောက်ရှာဖွေသူများနှင့် ကျောက်လုပ်ငန်းရှင်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံ

၂၀၁၅ ဒီဇင်ဘာ ၂၉
 

 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မမုံကျေးရွာအနီး၌ ဒီဇင်ဘာလ၂၇ ရက်နေ့တွင် KIA အဖွဲ့မှ ရေ မဆေးကျောက် ရှာဖွေသူများနှင့် ကျောက်လုပ်ငန်းရှင်များအား ဆက်ကြေးငွေများ ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

ဖားကန့်မြို့နယ်၊ မမုံကျေးရွာအနီး၌ ရေမဆေးကျောက်တူးဖော်လုပ်ကိုင်နေသူများနှင့် ကျောက်လုပ်ငန်းရှင် များအား KIAအဖွဲ့မှ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် (၁၀) မိုင်ကုန်းစခန်းသို့ ဆင့်ခေါ်ခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ တစ်ဦးလျှင်ဆက်ကြေးငွေ ၅ သောင်း၊ ကျောက်လုပ်ငန်းရှင်တစ်ဦးလျှင် ၂ သိန်း ပေးဆောင်ရန် အတင်းအကြပ်ကောက်ခံသွားကြောင်း ကျောက်လုပ်ငန်းရှင် တစ်ဦးမှ ပြောပြပါသည်။

Monday, December 28, 2015

TNLA အဖွဲ့မှ လူသစ်နှင့်ဆက်ကြေးငွေ အတင်းအကြပ် တောင်ခံမှုများကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်

၂၀၁၅ ဒီဇင်ဘာ ၂၈


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ မြို့မဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းသို့ ပန်ထန်ကျေးရွာမှ ဒေသခံများသည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် TNLA အဖွဲ့မှ လူသစ်နှင့် ဆက်ကြေးငွေ တောင်းခံမှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြောင်း ယင်းဒေသခံ ရွာသား များထံမှ သိရသည်။

Sunday, December 27, 2015

ပါဂျဲရိုးယာဉ်ပေါ်မှ ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ

၂၀၁၅ ဒီဇင်ဘာ ၂၈


နေပြည်တော်၊ ဒီဇင်ဘာ ၂၇
ကချင်ပြည်နယ်အတွင်းရှိ ကျောက်စခန်း စုပေါင်းစစ်ဆေးရေးဂိတ်၌ ဒီဇင်ဘာ ၂၆ ရက် နံနက် ၈ နာရီခွဲခန့် တွင် သတင်းအရ တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က လူနှင့်ယာဉ်များ အား ရှာဖွေစစ်ဆေးစဉ် မိုးမောက်ဘက်မှ လွယ်ဂျယ်ဘက်သို့ သက်နောင် ၃၃ နှစ်(ဘ) ဦးခင်ဇော်၊ တပ်ကုန်း ရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၊ ၃ဂ/----- ပါဂျဲရိုးယာဉ်၏ ရှေ့ထိုင် ခုံအောက်နှင့် နောက်ခန်းအတွင်းမှ တရားမ၀င်ကျောက်စိမ်းအရိုင်းတုံး ၃၂ တုံး(၄၉၃ ဒသမ ၁၄ ကီလို) ခန့် အား ဖမ်းဆီးရမိခဲ့သည်။

Lemon ဖျော်ရည်အပူကို မနက်ပိုင်းမှာ သောက်ခြင်းဖြင့် ၀ိတ်ကျပြီး နုပျိုစေ

၂၀၁၅ ဒီဇင်ဘာ ၂၇


Lemon ဖျော်ရည်အပူအားသောက်သုံးခြင်းကြောင့် ၀ိတ်ကျပြီး နုပျိုလန်းဆန်းစေနိုင်ကြောင်း လေ့လာမှုတစ်ခု တွင်ဖော်ပြခဲ့တယ်လို့ Daily Mail ကဆိုပါတယ်၊ လီမွန်သီး (ရှောက်ချိုသီး) မှာပါဝင်တဲ့ ဗီတာမင်စီကြောင့် ကော်လာဂျင် ထုတ်လွှတ်မှုအားကောင်းစေပြီး အသားအရေကိုနုပျိုစေမှာဖြစ်တယ်လို့ ဆိုပါ တယ်။ အဲ့ဒီအပြင် Metabolic ထုတ်လုပ်မှုအားကောင်းစေတာကြောင့် သွေးထဲမှာရှိနေတဲ့ ကိုလက်စ်ထရော ကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

လယ်ယာလုပ်ကိုင်နေသူများအား ပယင်းခိုးတူးသည်ဟု စွပ်စွဲကာ KIA အဖွဲ့မှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ ဒီဇင်ဘာ ၂၇


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း လယ်ယာလုပ်ကိုင်နေသူများအား ပယင်းခိုးတူးသည်ဟု အကြောင်းပြ ကာ KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းဒေသခံ များထံမှ သိရသည်။

မိုးညှင်းမြို့နယ်အတွင်း KIA မှ ရိက္ခာနှင့်ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ

၂၀၁၅ ဒီဇင်ဘာ ၂၇



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးရှိ ကျေးရွားများအား KIA အဖွဲ့မှ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ရိက္ခာနှင့်ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံသွားကြောင်း ယင်းဒေသခံရွာသား အချို့ထံမှ သိရပါသည်။

အဆိုပါ KIA အဖွဲ့တစ်ဖွဲ့သည် နံနက် ၁၀ နာရီချိန်ခန့်တွင် နန့်စီးအောင်ကျေးရွာ၊ လွယ်ဆိုင်ကျေးရွာနှင့် ကထန်ယန်ကျေးရွာများသို့ လက်နက်များကိုင်ဆောင်လျက် ရောက်ရှိလာပြီး အစိုးရစစ်ကြောင်းများ၏ လုံခြုံရေးသတင်းများစုံစမ်းရန် အကြောင်းပြကာ ရိက္ခာနှင့်ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ သွားကြောင်း အမည်မဖော်လိုသူ ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောပါသည်။

KIA အဖွဲ့မှ မိုင်းများထောင်ထားမှုကြောင့် ဒေသခံများ နင်းမိမည်ကို စိုးရိမ်ထိတ်လန့်

၂၀၁၅ ဒီဇင်ဘာ ၂၇


ကချင်ပြည်နယ်၊ မန်စီမြို့၊ ကိုက်ထိပ်ကျေးရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်၌ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် KIA အဖွဲ့မှ မိုင်းများထောင်ထားသောကြောင့် ဒေသခံများအနေဖြင့် နင်းမိမည်ကို စိုးရိမ်ထိတ်လန့်လျက် ရှိကြောင်း ယင်းဒေသခံများထံမှ သိရပါသည်။

မန်စီမြို့၊ ကိုက်ထိပ်ကျေးရွာ အနီးတစ်ဝိုက်သို့ KIA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး အစိုးရတပ်များ ၀င်ရောက် သွားလာလှုပ်ရှားမှု မပြုလုပ်နိုင်စေရန် တောလမ်းများတွင် မိုင်းများ လိုက်လံထောင် ထားသောကြောင့် ဒေသခံ များအနေဖြင့် မိုင်းနင်းမိမည်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်း ကိုက်ထိပ်ကျေးရွာ၊ ရွာသားတစ်ဦးမှ ပြောပြ ပါသည်။

Tuesday, December 22, 2015

TNLA နှင့် KIA ပူးပေါင်းအဖွဲ့မှ ကျောက်မဲခရိုင်အတွင်းရှိ ကျေးရွာများအား ဆက်ကြေးကောက်၊ လူသစ် စုဆောင်းခြင်းများပြုလုပ်

၂၀၁၅ ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မြို့သစ်ကျေးရွာ၊ ကောင်းကလောကျေးရွာ၊ တုံးကြီးကျေးရွာ၊ လွယ်ယားကျေးရွာနှင့် ကျောက်ဖြူကျေးရွာများသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် TNLA နှင့် KIA ပူးပေါင်း အဖွဲ့ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ ကောက်ခံသွားကြောင်း ယင်းဒေသခံရွာသား များထံမှ သိရ ပါသည်။

Monday, December 21, 2015

SSPP/SSA အဖွဲ့မှ ဒေသခံကျေးရွာများအား လူသစ် ၅ ဦး၊ ဆက်ကြေးငွေနှင့် ဆန် ၁၀ အိတ်တောင်းခံ

၂၀၁၅ ဒီဇင်ဘာ ၂၂
 

 
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ပုံဆန်ကျေးရွာအုပ်စု၊ ပါနိမ့်ကျေးရွာသို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး လူသစ် ၅ ဦး၊ ဆက်ကြေးငွေနှင့် ဆန် ၁၀ အိတ် တောင်းခံ သွားကြောင်း ဒေသခံရွာသားများထံမှ သိရပါသည်။

ဒါလေးတွေ သိထားသင့်ပါတယ်

၂၀၁၅ ဒီဇင်ဘာ ၂၂


လူတွေ အတော်များများ အသုံးပြုနေတဲ့ နားကျပ်တောင်ဟာ အန္တရာယ် ရှိတယ်လို့ သိရပါတယ်။ ဘာလို့ ဆိုတော့ နားကျပ်တောင်ကို အသုံးပြုထားတဲ့ ဝါဂွမ်းစများကြောင့်ပင် ဖြစ်ပါတယ်။

၎င်းဝါဂွမ်းစများကို သန့်သန့်ရှင်းရှင်း ပြုလုပ်မထားသည့် အတွက် နားအတွင် အနာများ ဖြစ်စေနိုင်ပါတယ်။ နားအတွင်းမှာ အနာများ ပေါက်ခြင်း ၊ အဖုများ ထွက်လာခြင်း၊ ပြည်တည်ခြင်း စတာတွေ ဖြစ်စေနိုင်ပါ တယ်။

အဓိက အကြောင်းကတော့ ဝါဂွမ်းများကို သန့်ရှင်းစွာ ပြုလုပ်မထားသည့် အတွက် ဝါဂွမ်းမှာ ပါလာတဲ့ ပိုးမွှား များနှင့် အညစ်ကြောင့် ဖြစ်ပါတယ်။

Credit >>> ကျော်လင်းနိုင်
အလှအပနှင့်ကျန်းမာရေးသတင်းများ

မိုးညှင်းမြို့တွင် KIA အဖွဲ့မှ ထောင်ထားသော ဗုံးသီးနှစ်လုံးအား တွေ့ရှိ

၂၀၁၅ ဒီဇင်ဘာ ၂၂
 


ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်အနီး၌ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် KIAအဖွဲ့ မှ ထောင် ထားသော ဗုံးနှစ်လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း ယင်းဒေသခံများထံမှသိရသည်။

မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်အနီး မြို့ရှောင်လမ်း၏အရှေ့ဘက်ရှိ အင်းဖို-အင်းမ လျောင်းတော်မူ ဘုရား၏ တောင်ဘက် ငှက်ပျော/ဒညှင်းခြံ၌ ခြုံနွယ်များအား ရှင်းလင်းလုပ်ကိုင်နေစဉ် KIA အဖွဲ့မှ ထောင်  ထားသော ဗုံးနှစ်လုံးအား တွေ့ရှိခဲ့ကြောင်း အရှေ့စုရပ်ကွက်နေသူ တစ်ဦးမှ ပြောပြသည်။

Sunday, December 20, 2015

လောက်ကိုင်မြို့ရှိ လောင်ချွန်ရေအားလျှပ်စစ်စက်ရုံအနီး မိုင်းထည့်ထားသည့် အိတ်တစ်လုံးတွေ့ရှိ

၂၀၁၅ ဒီဇင်ဘာ ၂၁


နေပြည်တော်၊ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ လောင်ချွန်ရေအားလျှပ်စစ်စက်ရုံ အနီးတွင် ဆာလာအိတ် အပြာရောင်ဖြင့် ထုပ်ပိုးထားသော မသင်္ကာဖွယ်အထုပ် တစ်ထုပ်အားတွေ့ရှိကြောင်း ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် သတင်းပေးချက်အရ နယ်မြေခံ တပ်မတော်စစ်ကြောင်းက ၎င်းနေရာသို့ သွားရောက် ရှင်းလင်းခဲ့ရာ ဆာလာအိတ်အပြာရောင်နှင့် ထုပ်ပိုးထားသော TNT ယမ်း ၆ ကီလိုကရမ်ခန့်ပါ မီးရှို့စနက်တံ တပ်ထားသည့် ဒေသန္တရလုပ် မိုင်းတစ်လုံးနှင့် TNT ယမ်း ၆ ကီလိုဂရမ်ခန့်ပါ ယမ်းထုပ်တစ်ထုပ်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

Credit >>> Myanmar Military News

Friday, December 18, 2015

လောက်ကိုင်တွင် ဓါတ်အားလိုင်း ဖောက်ခွဲဖျက်ဆီးခံရ

၂၀၁၅ ဒီဇင်ဘာလ ၁၈
 

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၈နာရီအချိန်ခန့်တွင် လောက်ကိုင်မြို့ အရှေ့မြောက်ဘက် ရန်လုံကျိုင်းကျေးရွာ အနီးတ၀ိုက်တွင် ပေါက်ကွဲသံ တစ်ချက်စီ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါသည်။ ၄င်းပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာများအား တပ်မတော်စစ်ကြောင်းများမှ သွားရောက်ရှင်းလင်းရာ အမြင့်ပေ ၁၅မီတာ ရှိပြီး မီးကြိုး ၄ချောင်းပါ သံကူကွန်ကရစ် ဓါတ်မီးတိုင် ၄တိုင်အနက် ၂တိုင်မှာ MNDAA သောင်းကျန်း သူများမှ မိုင်းကပ်ခွဲမှုကြောင့် အောက်ခြေ ၃ပေခန့်အကွာမှ ပြတ်ကျပျက်စီး သွားကြောင်း သိရှိရပါသည်။ 

အဆိုပါဓါတ်အားလိုင်းမှာ တရုတ်နိုင်ငံ နန်ဆန်မြို့မှ လောက်ကိုင်မြို့သို့ ၁၉၉၅ခုနှစ်ခန့်က ဗို့အား ၃၅၀၀ဖြင့် ဆောက်လုပ် သွယ်တန်းထားသည့် ဓါတ်အားလိုင်းဖြစ်သည်။ အဆိုပါ ဓါတ်အားလိုင်းများ လဲကျ ပျက်စီးမှုကြောင့် လောက်ကိုင်မြို့တွင်း၌ လျှပ်စစ်မီး ပြတ်တောက်လျက်ရှိကြောင်း လောက်ကိုင် မြို့ခံတစ်ဦး ၏ ပြောပြချက်အရ သိရသည်။

Thursday, December 17, 2015

မိုးမိတ်မြို့နယ်တွင် သစ်လုပ်ငန်းလုပ်ကိုင်သူ (ဆင်ပိုင်ရှင်)များအား KIA အဖွဲ့မှ ဆက်ကြေးငွေများ အတင်း အကြပ်ကောက်ခံ

၂၀၁၅ ဒီဇင်ဘာ ၁၈

 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ဖောင်းကတော့သစ်တောကြိုးဝိုင်းနှင့်ဖောင်းပြင်သစ်တောကြိုင်းဝိုင်း အတွင်း သစ်လုပ်ငန်းလုပ်ကိုင်သူ(ဆင်ပိုင်ရှင်)များအား ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် KIA အဖွဲ့မှ ဆက်ကြေး ငွေများ အတင်းအကြပ်ကောက်ခံ သွားကြောင်း ဆင်ပိုင်ရှင်တစ်ဦးထံမှသိရပါသည်။

ပယင်းကျောက်တူးဖော်နေသူ ၄၅ ဦးအား ပယင်းခိုးယူတူးဖော်သည်ဟု စွပ်စွဲကာ KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီး

၂၀၁၅ ဒီဇင်ဘာ ၁၈


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဇီးဖြူကုန်း မှော်တွင် နေရာဒေသအသီးသီးမှ ရောက်ရှိလာသော ပယင်းကျောက် ရှာဖွေတူးဖော်သူ ၄၅ ဦးအား ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပယင်းခိုးယူတူးဖော်သည်ဟု စွပ်စွဲကာKIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

တနိုင်းမြို့ရှိ ဇီးဖြူကုန်းမှော်သို့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် KIA အဖွဲ့ တစ်ဖွဲ့ရောက်ရှိလာပြီး ဒေသ အသီးသီးမှရောက်ရှိလာသည့် အသက် ၁၈နှစ်နှင့် ၄၀ နှစ်အကြားရှိ ပယင်းကျောက်ရှာဖွေတူးဖော်သူ ကချင်၊ လီဆူး၊ ရခိုင်နှင့် ဗမာ လူမျိုး ၄၅ ဦးခန့်အား ပယင်းခိုးယူ တူးဖော်သည်ဟုစွပ်စွဲကာ ၎င်းတို့စခန်းရှိရာ ထရီဘွမ်တောင်သို့ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက်လုပ်ငန်းရှင်တစ်ဦးမှ ပြောပြ ပါသည်။

Tuesday, December 15, 2015

SSA(၀မ်ဟိုင်း)အဖွဲ့မှ ကျေးရွာများတွင် လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်လျက်ရှိ

၂၀၁၅၊ ဒီဇင်ဘာလ ၁၅
 

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် SSA(၀မ်ဟိုင်း)အဖွဲ့မှ မြို့နယ်မှူးအဆင့်ရှိ ကျောက် ရှန် ခေါင်းဆောင်သည့် အင်အား ၁၀ ဦးခန့်သည် လက်နက်ကိုယ်စီ ကိုင်ဆောင်လျက် သီပေါမြို့နယ်၊ အုံမုကျေးရွာသို့ ရောက်ရှိလာပြီး ဘော်ကြိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေထံသို့ ဘော်ကြိုကျေးရွာ အုပ်စုအတွင်းရှိ ဘော်ကြိုကျေးရွာ၊ ပန်ကြည်ကျေးရွာ၊ ကောင်းခါးကျေးရွာ၊ တွန်ခေါကျေးရွာ၊ ပန်စောကျေးရွာ၊ ဟိုမော်ကျေးရွာများမှ ၂၀၁၆ခုနှစ်အတွက် လူသစ် ၅၀ဦးနှင့် ပေးသွင်းရန် ဆက်ကြေးငွေအဖြစ် ပရိဘောဂ လုပ်ငန်းရှင် ၁ဦးလျှင် ၅၀၀၀၀ကျပ်၊ ၀ပ်ရှော့ လုပ်ငန်းရှင် ၁ဦးလျှင် ၅၀၀၀၀ကျပ်၊ ထုံး/သဲ/ကျောက် လုပ်ငန်းရှင် ၁ဦးလျှင် ၅၀၀၀၀၀ကျပ်၊ ထော်လာဂျီ အကြီး(သို့မဟုတ်)အသေး ၁စီးလျှင် ၅၀၀၀၀၀ကျပ်၊ သရီးကရောင်းယာဉ်နှင့် ၆လုံးထိုး ဖောယာဉ် ၁စီးလျှင် ၁၅၀၀၀၀ကျပ်၊ ၁၀ဘီးယာဉ် ၁စီးလျှင် ၁၀၀၀၀၀၀ကျပ်၊ ၁၂/၁၈ ဘီးယာဉ် ၁စီးလျှင် ၁၂၀၀၀၀၀ကျပ်၊ ၂၂ဘီးယာဉ် ၁စီးလျှင် ၁၆၀၀၀၀၀ကျပ်၊ ယာဉ်ငယ် ၁စီးလျှင် ၁၀၀၀၀၀ကျပ် စသည့်နှုန်းထားများဖြင့် ကောက်ခံပြီး ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလမကုန်မီ နောက်ဆုံးထား၍ လာရောက်ပေးသွင်းရန်နှင့် ပေးသွင်းရမည့်နေရာအား ထပ်မံဆက်သွယ်သွားမည်ဖြစ်ကြောင်း ၄င်းတို့အဖွဲ့မှ ဆက်သားစေလွှတ် အကြောင်းကြားခဲ့ကြောင်း ဒေသခံရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

Monday, December 14, 2015

KIA အဖွဲ့မှ တပ်သားအဆင့်ရှိသူတစ်ဦး လက်နက်/ခဲယမ်းများဖြင့် အလင်းဝင်ရောက်

၂၀၁၅ ဒီဇင်ဘာ ၁၅



ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အင်ဂျားယန်မြို့နယ်ခွဲတွင် ဒီဇင်ဘာလ ၁၂ ရက်၌ KIA အဖွဲ့မှ တပ်သား အဆင့်ရှိသူတစ်ဦးသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်ရှေ့တန်းစခန်းသို့ လက်နက်/ခဲယမ်း များဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း တာဝန်ရှိသူအရာရှိတစ်ဦး၏ ပြောပြချက်အရ သိရသည်။ အဆိုပါ အလင်းဝင်ရောက်လာသော တပ်သား ထွန်းနွယ်ဦး ၊ အသက် ၂၄ နှစ်၊ ဗမာ/ဗုဒ္ဓ သည် ၎င်းနင့်အတူ M-22 အမျိုးအစားသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၆ တောင့် ပါဝင်ကြောင်း သိရှိရသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် KIA တပ်ဖွဲ့ဝင် ၅ ဦးအား ပြန်လည်ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ ဒီဇင်ဘာ ၁၄  


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ထွက်ပြေးလွတ်မြောက်သွားသည့် KIA တပ်ဖွဲ့ဝင် ၅ ဦးအား ထွက်ပြေး တိမ်းရှောင်မှုဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် KIA အဖွဲ့မှ ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။ 

ဖားကန့်မြို့နယ်၌ ထွက်ပြေးလွတ်မြောက်သွားသည့် KIA တပ်ဖွဲ့ဝင် ၅ ဦးအား ထွက်ပြေးတိမ်းရှောင်မှုဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် KIA အဖွဲ့မှ ပြန်လည်ဖမ်းဆီး၍ မိုးကောင်း-ကာမိုင်းလမ်းအား ဂေါ်ရီကျေးရွာနှင့် မံဒင်ကျေးရွာတို့အကြားမှ ဖြတ်သန်းကာ တောလမ်းကြောင်းအတိုင်း ရင်း(၆)ဘက်သို့ ခေါ်ဆောင်သွားကြောင်း မံဒင်ရွာသားတစ်ဦးက ပြောပြသည်။

KIA အဖွဲ့မှ ဒေသခံကျေးရွာသားများအား ဘိန်းခင်းစိုက်ပျိုးသည်ဟု အကြောင်းပြကာ လူသစ်အဖြစ် လိုက်လံဖမ်းဆီး

၂၀၁၅ ဒီဇင်ဘာ ၁၄
 


ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား ဘိန်းခင်းစိုက်ပျိုးသည်ဟု အကြောင်းပြ ကာ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် KIA အဖွဲ့မှ လူသစ်အဖြစ် လိုက်လံဖမ်းဆီးနေကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

ဆဒုံးမြို့နယ်၊ အင်ဘူကောင်းကျေးရွာနှင့် ပန်ဆဲကျေးရွာများ ပတ်ဝန်းကျင်တစ်ဝိုက်သို့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံကျေးရွာသားများအား ဘိန်းခင်းများစိုက်ပျိုးနေသည်ဟု စွပ်စွဲကာ လူသစ်အဖြစ် လိုက်လံဖမ်းဆီးနေကြောင်း ပန်ဆဲရွာသားတစ်ဦးက ပြောပြသည်။