Tuesday, October 27, 2015

SSPP/SSA အဖွဲ့မှ ဒေသခံရွာသားများအား တိုက်ပွဲကာလတွင် လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးငွေ ကောက်ခံခြင်းများ အတင်းအဓမ္မ ပြုလုပ်

၂၀၁၅ အောက်တိုဘာ ၂၇ 



ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်ရှူးမြို့နယ်၊ ၀မ်ဆော့ကျေးရွာအုပ်စု၊ ဟွေမုံကျေးရွာသို့ အောက်တိုဘာလ ၂၅ ရက်နေ့ တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအဓမ္မကောက်ခံ သွားကြောင်း ဒေသခံရွာသားတစ်ဦးထံမှ သိရပါသည်။

“ ကျွန်တော်တို့ရွာသားတွေလည်း သူတို့အဖွဲ့ကို အတော်ကြောက်နေကြတယ်၊ အရင်က ဆက်ကြေးကောက်၊ လူသစ်စုတာ တစ်အိမ်ထောင် ၅၀၀၀ ကျပ်နဲ့ လူသစ် တစ်ရွာကို ၅ ယောက်နှုန်း လောက်သာ စုဆောင်းတာ၊ အခု သူတို့အဖွဲ့ အင်အားလိုနေတော့ သူတို့နဲ့ နီးတဲ့ရွာသားတွေကိုပဲ ဖမ်းဆီး ခေါ်ဆောင်နေတယ်၊ သူတို့အဖွဲ့ လိုအပ်တာတွေမလုပ်ချင်ဘဲ လုပ်ပေးနေရတယ်၊ သူတို့အဖွဲ့နဲ့ နီးတဲ့ရွာတွေကို ဒုက္ခပေးလွန်းလို့ ရွာသားတွေက အတော်လေးမကျေမနပ်ဖြစ်နေ တယ်” ဟု ၀မ်ဆော့ရွာသားတစ်ဦးမှ ပြောပါသည်။

Monday, October 26, 2015

KIA အဖွဲ့မှလက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်းများကြောင့် လီဆူးတိုင်းရင်းသားများ ကျေးရွာများကိုစွန့်၍ ထွက်ပြေးတိမ်းရှောင်

၂၀၁၅ အောက်တိုဘာ ၂၆ 


ကချင်ပြည်နယ်၊ ချီဗွေမြို့နယ်၊ ဆဒုံးမြို့နယ်ခွဲအတွင်းရှိ ကျေးရွာများအား KIA အဖွဲ့မှ လက်နက်အားကိုးဖြင့် အနိုင်ကျင့် ခြိမ်းခြောက်ခြင်းများကြောင့် လီဆူးတိုင်းရင်းသားများမှာ ကျေးရွာများကိုစွန့်၍ ရှောင်ပြေးနေကြ ရကြောင်း ယင်းဒေသခံများထံမှ သိရပါသည်။

ဆဒုံးမြို့နယ်ခွဲအတွင်းရှိ ဆနာကျေးရွာ၊ နိန့်ဖွန်ကျေးရွာ၊ ကူခမ်းကျေးရွာ၊ အောင်မောင်းကျေးရွာ၊ ထန်မိုး ခမ်းကျေးရွာ၊ လုံထန်ကျေးရွာ၊ ပန်ဆဲကျေးရွာတို့အား KIA အဖွဲ့မှ စက်တင်ဘာလမှစ၍ အောက်တိုဘာ ၂၄ ရက်နေ့ထိ ဆက်ကြေးကောက်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးခိုင်းခြင်း၊ လူသစ်စုဆောင်းခြင်း၊ လူမျိုးခွဲခြား ဆက်ဆံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်းများပြုလုပ်သဖြင့် ၎င်းရွာများမှ လီဆူးတိုင်းရင်း အိမ်ထောင်စုများသည် နေရပ်အားစွန်ခွာ၍ မြစ်ကြီးနား၊ ၀ိုင်းမော်ရှိ ဆွေမျိုးများနေအိမ်များသို့ ပြောင်းရွှေ့ နေ ထိုင်ကြကြောင်း ဆဒုံးရွာသားတစ်ဦးမှ ပြောပါသည်။

ကျေးရွာများအတွင်း RCSS/SSA အဖွဲ့မှ ဆက်ကြေးများ ကောက်ခံ

၂၀၁၅ အောက်တိုဘာ ၂၆ 



ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် RCSS/SSA အဖွဲ့မှ ရောက်ရှိလာပြီး ဒေသခံရွာသားများထံ ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံလျက်ရှိကြောင်း သတင်းရရှိသည်။

ခိုအွတ်ကျေးရွာအုပ်စုရှိ ရေပူစမ်းသို့ နေလယ်ပိုင်းတွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး အစိုးရ တပ်နှင့် ပြည်သူ့စစ်အဖွဲ့၏ အခြေအနေများကို စုံစမ်းမှုများ ပြုလုပ်ပြီး ခိုအွတ်ကျေးရွာသို့ ၀င်ရောက်ကာ ဆက်ကြေးများ ကောက်ခံသွားကြောင်း၊ ၎င်းကျေးရွာသည် RCSS/SSA အဖွဲ့မှ နှစ်စဉ်နှစ်တိုင်း ဆက်ကြေးများ လာရောက် ကောက်ခံလျက်ရှိပြီး သတ်မှတ်ထားသော ဆက်ကြေးများ မပေးသွင်းနိုင်ပါက အသက်အန္တရာယ်များ စိုးရိမ် ရကြောင်း ခိုလမ်မြို့ခံတစ်ဦးမှ အတည်ပြု ပြောကြားသည်။

Sunday, October 25, 2015

KIA အဖွဲ့မှ ရှမ်းနီရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များအား ပစ်မှတ်ထားလိုက်လံမှုကြောင့် ထွက်ပြေးတိမ်းရှောင်

၂၀၁၅ အောက်တိုဘာ ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် KIA အဖွဲ့မှ ရှမ်းနီရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များအား လိုက်လံပစ်ခတ် သတ်ဖြတ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

မိုးညှင်းမြို့နယ်၊ နန့်မွန်းကျေးရွာရှိ ရှမ်းနီရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တာဝန်ခံ ဦးစိုင်းဖုန်းကျော်အား ပစ်ခတ် သတ်ဖြတ်ရန်အတွက် ၎င်း၏နေအိမ်သို့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိ လာကြောင်း နန့်မွန်းကျေးရွာသား တစ်ဦးက ပြောပြသည်။

KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရ

၂၀၁၅ အောက်တိုဘာ ၂၅  



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မီးလောင်ကျေးရွာမှ ဒေသခံ တစ်ဦးသည် KIA အဖွဲ့မှ ထောင်ထားသောမိုင်း အားနင်းမိပေါက်ကွဲခဲ့ရာမှ ထိခိုက်ဒဏ်ရာ ရရှိသည် ဟု ယင်းဒေသခံများထံမှသိရသည်။

နန့်မီးလောင်ကျေးရွာနေ ဦးတင်အောင် ၄၆ နှစ်သည် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲချိန်တွင် ၎င်းနေအိမ်မှ နန့်မီးလောင်ကျေးရွာ အနောက်ဘက်ရှိ တောထဲသို့ အိမ်သုံးဝါးသွားရောက်ခုတ်ယူရာ နန့်မီးလောင်ကျေးရွာ အနောက်ဘက် ၅ မိုင်ခန့်သို့ရောက်ရှိစဉ် KIA ထောင်ထားသော တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲခဲ့ပြီး ယာဒူးခေါင်းအပေါ်တွင် ၅ လက်မခန့် စုတ်ပြတ်ပေါက်ပြဲ မိုင်းစများထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦး ၏ ပြောကြားချက်အရသိရသည်။

Thursday, October 22, 2015

မူဆယ်မြို့၊ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့မှ ဆက်ကြေးပေးဆောင်ရန် ဖုန်းဖြင့် ခြိမ်းခြောက် ပြောဆို

၂၀၁၅ အောက်တိုဘာ ၂၂


ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့ရှိ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့ထံသို့ ဆက်ကြေး ပေးဆောင်ရန် အတွက် လာရောက်ဆွေးနွေးရန် ဖုန်းဖြင့်ဆက်သွယ် ခြိမ်းခြောက်ပြောဆိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၊ ဈေးရပ်ကွက်ရှိ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့ဝင် ကျောင်းဟုန် ဆိုသူမှ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲချိန်တွင် ဆက်ကြေးငွေပေးဆောင်ရန်အတွက် ဖုန်းဖြင့် ခြိမ်းခြောက်ပြောဆိုရာ အစိုးရဘဏ်ဖြစ်၍ မန်နေဂျာတစ်ယောက်အနေဖြင့် ဆုံးဖြတ်ခွင့် မရှိကြောင်း ၊ အထက်ဌာနသို့ သတင်းပို့ပေး မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဘဏ်ဝန်ထမ်း တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရေမဆေးကျောက်တူးဖော်နေသူများအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီး

၂၀၁၅ အောက်တိုဘာ ၂၂


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ သရက်မှော်၊ မာလကာမှော်နှင့်  တောင်စိမ်းကြီးမှော်များ ၌ ရေမဆေး ကျောက်ရှာဖွေတူးဖော်နေသူ ၂၄ ဦးအား KIA အဖွဲ့မှ အောက်တိုဘာလ ၂၀ ရက်နေ့တွင် လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကျောက်လုပ်သား တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ဒေသခံရှမ်းတိုင်းရင်းသားများထံမှ KIA အဖွဲ့ ရိက္ခာများ အတင်းအကြပ် ကောက်ခံမှုများကြောင့် ရှမ်းမျိုးနွယ်စုရေးရာမှ ကန့်ကွက်စာပို့

၂၀၁၅ အောက်တိုဘာ ၂၂


ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ပန်းတန်းကျေးရွာသို့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် KIA အဖွဲ့ ရောက်ရှိ လာပြီး ကျေးရွာများမှ ဆန်နှင့် ဆားများကောက်ခံထားကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရ သည်။

“ကျေးရွာတာဝန်ရှိသူတွေကိုခေါ်ပြီးတော့ ဒီလအတွက်ဆိုပြီး ရိက္ခာတောင်းတယ်၊ ရွာတစ်ရွာကို အချိုးကျနှုန်း ဆန် ၅၀ အိတ်၊ ဆား ၂၀ ပိဿာ ပေးရမယ်ပြောတယ်။ မပေးရင် ရွာသားတွေကို လူသစ်အဖြစ် ဖမ်းဆီးခေါ် ဆောင်သွားမယ်လို့ပြောတယ်”ဟု ရွာသားတစ်ဦးကပြောသည်။

“KIA တောင်းတဲ့ ဆက်ကြေးငွေလည်းပေးနေရတယ်၊ ဒေသအတွက်လုံခြုံရေးကျတော့ဘာမှ အာမခံချက် မရှိဘူး၊ လူသစ်ကျတော့လည်း အတင်းအဓမ္မဖမ်းဆီးတယ်၊ ကျွန်တော်တို့အနေနဲ့ မပေးနိုင်တော့ဘူး” ဟု တောပင်လုံကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ယခုကဲ့သို့ KIA အဖွဲ့မှ ရှမ်းတိုင်းရင်းသားကျေးရွာများမှ ရိက္ခာများ အတင်းအကြပ် ကောက်ခံနေမှုအပေါ် ရှမ်းမျိုး နွယ်စုရေးရာ အဖွဲ့မှတစ်ဆင့် KIA ဗဟိုဌာနချုပ်သို့ ကန့်ကွက်စာများ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောကြားပါသည်။
ဆိုင်းနောင်(ဖားကန့်)

Credit >>> Kachin Daily News

Tuesday, October 20, 2015

KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရ

၂၀၁၅ အောက်တိုဘာ ၂၀ 



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ တောင်အင်းကျးရွာမှ ဒေသခံ တစ်ဦးသည် KIA အဖွဲ့မှ ထောင်ထားသောမိုင်း အားနင်းမိပေါက်ကွဲခဲ့ရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

တောင်အင်းကျေးရွာနေ မောင်နေထက်လင်း ၁၆ နှစ်၊ မောင်ဟန်လင်း ၂၅ နှစ် တို့ ၂ ဦးသည် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီချိန်တွင် တောင်အင်းကျေးရွာ အရှေ့ဘက်ရှိ မိုင်းပုတ်တောင်သို့ မျှစ်ရှာသွားခဲ့ ရာ နေ့လယ် ၃ နာရီချိန်တွင် တောင်အင်းကျေးရွာအနီးသို့ ရောက်ရှိစဉ် မောင်နေထက်လင်းမှ KIA ထောင် ထားသော တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲခဲ့ပြီး ၀ဲ/ယာဒူး၊ ယာလက်ဖျံ၊ ယာဝမ်းဗိုက်တို့တွင် မိုင်းစများထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ဆွေမျိုးတော် စပ်သူ တစ်ဦးမှလည်း ပြောကြားခဲ့ပါသည်။

NMSP အဖွဲ့မှ ကမာဝက်မြို့ခံ တစ်ဦးအား လက်နက်ဖြင့် ခြိမ်းခြောက်ဖမ်းဆီးမှုဖြစ်ပွား

၂၀၁၅ အောက်တိုဘာ ၂၀
 


မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ရပ်ကွက်(၃)တွင် အောက်တိုဘာ ၁၂ ရက်နေ့တွင် NMSP အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ကမာဝက်မြို့သားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများ၏ ပြောပြ ချက် အရ သိရပါသည်။

“NMSP အဖွဲ့ဟာ ကျွန်တော်တို့ရပ်ကွက်ထဲကို ကားတစ်စီးနဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ည ၈ နာရီလောက် ရောက်ရှိလာပြီး ဦးတင်ထွန်းကို လက်သီးနဲ့ထိုးတယ်၊ ကြိုးတွေနဲ့တုတ်ပြီး ကားပေါ်ကို အတင်းဆွဲတင်ပြီး ဖမ်းဆီး သွားတယ်” ဟု ရပ်ကွက်(၃)နေ မြို့ခံတစ်ဦးမှ ပြောပြပါသည်။

မိုင်းရှူးမြို့နယ်တွင် SSPP/SSA အဖွဲ့မှ ထောင်ထားသောမိုင်းအား ပြန်လည်ဖြုတ်သိမ်းစဉ် ၃ လုံး ပေါက်ကွဲရာ ၂ ဦး သေဆုံးခဲ့

၂၀၁၅ အောက်တိုဘာ 20


ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှုးမြို့နယ်၊ ၀မ်ဆော့ကျေးရွာအုပ်စု၊ ၀မ်လွေကျေးရွာအ၀င်လမ်း ညာဘက်နေရာ ၌ ထောင်ထားသောမိုင်းအား အောက်တိုဘာ ၁၅ ရက်တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့မှ ပြန်လည်ဖြုတ်သိမ်း စဉ် မိုင်း ၃ လုံး ပေါက်ကွဲခဲ့ရာ ၂ ဦး သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

“ဒီလိုပဲ သူတို့အဖွဲ့တွေက သူတို့ မှောင်ခိုထုတ်မယ့် လမ်းကြောင်းပေါ်က ရွာအ၀င်အထွက်တွေကို မိုင်းအမြဲ တမ်းထောင်နေကြတာ၊ အဓိကကတော့ အစိုးရစစ်တပ်တွေ မလာနိုင်အောင်နဲ့ သူတို့မှောင်ခိုထုတ်တာတွေကို ရွာသားတွေ မတွေ့အောင်ပေါ့၊ ဒါကို သူတို့အဖွဲ့က သွားဖြုတ်တာ၊ ဖြုတ်တဲ့အချိန်မှာပဲ ထကွဲတာ၊ သူတို့ အကုသိုလ်နဲ့ သူတို့ပြန်ခံရတာပဲ၊ အဲဒီရွာအနီးမှာ SSPP/SSA အဖွဲ့ရောက်နေတာကို လုံးဝကန့်ကွက်ပြီး ထွက် သွား ခိုင်းသင့်တယ် ”ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။

Monday, October 19, 2015

SSA(၀မ်ဟိုင်း)အဖွဲ့မှ ဆက်ကြေးတောင်းခံ


၂၀၁၅ အောက်တိုဘာ ၁၉


၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် ရှမ်းပြည်မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ ပန်နားကျေးရွာရှိ ဦးခေးရွှေ၏ နေအိမ်သို့ SSA(၀မ်ဟိုင်း)အဖွဲ့ တပ်ရင်း(၈၅၁)မှ ဗိုလ်မှူးအဆင့်ရှိ စိုင်းခလိုင်းနှင့်အင်အား ၃ ဦး သည် လက်နက်ငယ်ကိုယ်စီဖြင့် ရောက်ရှိလာပြီး မိုင်းလီ၊ နားဆော့၊ ဟိုတုံ နှင့် ပန်နား ကျေးရွာတို့မှ ရွာသူကြီးများ၊ ရွာသားများ စုပေါင်းအင်အား ၂၀ ဦးခန့်ဖြင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။ 

Sunday, October 18, 2015

SSPP/SSA အဖွဲ့မှ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

၂၀၁၅ အောက်တိုဘာ ၁၈


ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ နားဆော့ကျေးရွာအုပ်စု၊ စံလောင်းကျေးရွာအနီး မိုင်တိုင်အမှတ်၊ ၁၉၇/၁-၂ ကြား လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီး၏ ဘယ်ဘက်တွင် အောက်တိုဘာလ ၁၅ ရက်နေ့က SSPP/SSA အဖွဲ့တစ်ဖွဲ့မှ ရီမုဖြင့် မိုင်းခွဲတိုက်ခိုက်မှုကြောင့် မိုင်း ၁ လုံးပေါက်ကွဲခဲ့ရာ ခရီးသွား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် မူဆယ်မှ လားရှိုးသို့ မောင်းနှင်လာသော လိုက်ထရပ်(အဖြူရောင်)ယာဉ်အား မိုင်းစထိမှန်၍ ဘီးပေါက်ခဲ့ပြီး ယာဉ်မောင်းတွင် မိုင်းစများ ထိမှန်ခဲ့ပြီး သွေးထွက်ဒဏ်ရာများရရှိခဲ့သဖြင့် သိန်းနီ ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရှိရပါသည်။

KIA အဖွဲ့မှ လူသစ် စုဆောင်းမှုကြောင့် ဒေသခံရှမ်းလူမျိုးများ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်

၂၀၁၅ အောက်တိုဘာ ၁၈
 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးလက်တောရွာများ၌ အောက်တိုဘာလ ၁၂ ရက်နေ့တွင် KIA အဖွဲ့မှ လူသစ်စုဆောင်းမှုများ   ပြုလုပ်နေသောကြောင့်   ဒေသခံရှမ်းလူမျိုးများ မြို့ပေါ်သို့ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ယင်းဒေသခံရှမ်းလူမျိုးအချို့၏ ပြောကြားချက်အရ သိရသည်။

“အခု တိုက်ပွဲတွေပြန်ဖြစ်လာတဲ့ ဒီလ ထဲမှာဆိုရင် ဘုန်းကြီးကျောင်းတွေမှာ လာနေကြတာအများကြီးပဲ။ အများစုကတော့ ရှမ်းလူမျိုးတွေပေါ့။ မြို့ပြင်ကျေးလက် တောရွာတွေကလာတာ။ KIA အဖွဲ့က လူသစ်အဖြစ် လိုက်ဖမ်းလို့ ထွက်ပြေးတာလို့ပြောကြတယ်” အသက် ၃၀ အရွယ်ဝန်းကျင်ရှိ မြစ်ကြီးနားဒေသခံ ရှမ်းအမျိုးသား တစ်ဦးကပြောသည်။

ရွှေမှော်လုပ်သားများအား KIA အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ အောက်တိုဘာ ၁၈


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ရွှေတူးဖော် လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ဖားကန့်မြို့နယ် ရွှေမှော်များ သို့ အောက်တိုဘာလ ၁၃ ရက်နေ့ ၊ နေ့လယ် ၁ နာရီခွဲအချိန်ခန့်တွင် KIA အဖွဲ့ဝင် ၆ ဦးသည် အရပ်ဝတ် များဖြင့် ရောက်ရှိလာပြီး ရွှေမှော်လုပ်သားများအား မှတ်ပုံတင်ပြခိုင်းရာ ပျောက်ဆုံးနေသူများနှင့် မှတ်ပုံတင် မရှိသူ ၇ ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွှေမှော်လုပ်ငန်းရှင် တစ်ဦးမှ ပြောပြသည်။

SSA(၀မ်ဟိုင်း)အဖွဲ့မှ ဆက်ကြေးကောက်တောင်းခံစာ ပေးပို့


၂၀၁၅ အောက်တိုဘာ ၁၈


၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ရှမ်းပြည်မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ ရပ်ကွက်(၁)၊ ယုဇန လမ်းသွယ်နေ ကုန်သည်တစ်ဦးဖြစ်သူ ဦးတာဖနေအိမ်သို့ ၁၂၅-ဆိုင်ကယ်ဖြင့် အသက် ၃၀ခန့် ရှမ်းလူငယ် ၂ ဦး ရောက်ရှိလာကာ SSA(၀မ်ဟိုင်း)အဖွဲ့မှ စာပေးခိုင်းသဖြင့် လာပေးခြင်းဖြစ်ကြောင်း ပြောပြီး ဦးတာဖအား လျှောက်လွှာစာရွက် တစ်ပိုင်းပေါ်တွင် '' ၂၃-၁၀-၂၀၁၅ ရက်နေ့ သိန်းနီမြို့နယ်၊ မန်ချက်ကျေးရွာရှိ ချိန်းဆိုသောနေရာသို့ လာရောက်ရန် နှင့် လွဲချော်မှု မရှိစေရေး၊ ဖုန်းနံပါတ် ၀၉-၄၉၂၉၇၈၊ ၀-၃၀၇၈၁၉၂၄ သို့ ဆက်သွယ်ရန်၊ ငွေ ၅ သိန်းကျပ် အကူအညီတောင်းတာပါ '' ဆိုသည့် ရှမ်းစာဖြင့် ရေးထားသည့် စာရွက်တစ်ရွက်အား ပေးခဲ့ကြောင်း သိရသည်။

Friday, October 16, 2015

တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

၂၀၁၅ အောက်တိုဘာ ၁၆


နေပြည်တော် အောက်တိုဘာ ၁၅
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၁၅ ခုနှစ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကို အောက်တိုဘာ ၁၄ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ဖုန်းမြတ်၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများကို တာဝန်ရှိသူများက လည်းကောင်း၊ ဒိုင်းဆုရရှိသောအသင်းကို တိုင်းမှူးကလည်းကောင်း ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Credit >>> တပ်မတော်သတင်းစဉ်

TNLA အဖွဲ့မှ လူသစ်နှင့်ဆက်ကြေးငွေ အတင်းအကြပ် တောင်ခံမှုများကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်

၂၀၁၅ အောက်တိုဘာ ၁၆


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ မြို့မဆုတောင်းပြည့် ဘုန်းတော် ကြီးကျောင်းသို့ ပန်ထန်ကျေးရွာမှ ဒေသခံများသည် အောက်တိုဘာလ ၁၂ ရက် နေ့တွင် TNLA အဖွဲ့မှ လူသစ်နှင့် ဆက်ကြေးငွေ တောင်းခံမှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။

Thursday, October 15, 2015

KIA အဖွဲ့မှ တောင်ယာလုပ်ကိုင်နေသော ဒေသခံလူငယ် ၁၀ ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ အောက်တိုဘာ ၁၅ 


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စော်လော်ကျေးရွာတွင်နေထိုင်သော ဒေသခံလူငယ်များအား KIA အဖွဲ့ မှ အောက်တိုဘာလ ၁၃ ရက်နေ့တွင် လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသေခံများ ထံမှ သိရသည်။

မိုးညှင်းမြို့နယ်၊ နန့်စော်လော်ကျေးရွာသို့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ကျေးရွာအနီးရှိ တောင်ယာလုပ်ကိုင်နေသော ဒေသခံလူငယ် ၁၀ ဦးအား အတင်းအကြပ်ဖမ်းဆီး၍ ၎င်းတို့ စခန်းရှိရာ လခြမ်းတောင်သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးမှ ပြောသည်။

KIA ရှိနေသရွေ့ကချင်ပြည်နယ်က ဒေသခံတို့အသက်ခန္ဓာစတေးခံ နေရဦးမည်

၂၀၁၅ အောက်တိုဘာ ၁၄



၂၀၁၁ ခုနှစ်အတွင်း KIA လက်နက်ကိုင်အဖွဲ့၏ အဖျက်အမှောင့်လုပ်ငန်းများ၊ လူမဆန်သော လုပ်ရပ်များအတွက် တပ်မတော်စစ်ကြောင်းများက တန်ပြန်ထိုးစစ်ဆင်နွှဲခဲ့ရာ ၎င်းတို့ရဲ့လိုင်ဇာဌာနချုပ်အား သိမ်းပိုက်ရန် လက်တစ်ကမ်း အလိုတွင် နိုင်ငံတော်အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးကို ငြိမ်းချမ်းရေးကမ်းလှမ်းမှုနှင့် တပ်မတော်အား ထိုးစစ်ဆင်မှုများ ရပ်တန့်စေခဲ့မှုကြောင့် KIA လက်နက်ကိုင်အဖွဲ့အဖြစ် ဆက်လက်တည်ရှိနေနိုင် ရေး အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။

Tuesday, October 13, 2015

TNLA အဖွဲ့မှ ကျေးရွာတစ်ရွာလျှင် လူသစ် ၂၀ ဦး စုဆောင်းပေးရန် အတင်းအကြပ်စေခိုင်း

၂၀၁၅ အောက်တိုဘာ ၁၃
 



ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာသို့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် TNLAအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး မန့်မော်ကျေးရွာနှင့် ပန်ဂျုံကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများအားခေါ်ယူ၍ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးခေါ်တယ်ဆိုလို့ လာတက်တာ၊ ထုံစံအတိုင်းပဲပေါ့ သူတို့လူအင်အားလိုတဲ့အတွက် တစ်ရွာကို လူသစ် ၂၀ ယောက် စုဆောင်းပေးဖို့ အတင်းအကြပ်ခိုင်းတာ ဟု အစည်းအဝေး တက်ရောက် ခဲ့သည့် ကျေးရွာ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

Monday, October 12, 2015

ဒေသခံ ဆိုင်ကယ်ကယ်ရီသမား ၅ ဦးအား မူးယစ်ဆေးဝါးရောင်းချသည်ဟု အကြောင်းပြကာ KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီး

၂၀၁၅ အောက်တိုဘာ ၁၃



ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ဒေသခံ ဆိုင်ကယ်ကယ်ရီသမားများအား KIA အဖွဲ့မှ မူးယစ် ဆေးဝါး များ သယ်ယူရောင်းချသည်ဟု အကြောင်းပြကာ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း ဒေသခံ ဆိုင်ကယ် ကယ်ရီသမားအချို့ထံမှ သိရသည်။

မန်စီမြို့နယ်အတွင်းရှိ ပါတော်၊ ဒန်ဆားဘက်မှ အင်ဘာပါသို့ ဆိုင်ကယ်ကယ်ရီ ပို့ဆောင်နေသူ ၅ ဦး အား အောက်တိုဘာလ ၁၀ ရက်နေ့တွင် KIA အဖွဲ့မှ မူးယစ်ဆေးဝါးများ သယ်ယူရောင်းချသည်ဟု အကြောင်းပြကာ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆိုင်ကယ် ကယ်ရီသမားတစ်ဦး မှ ပြောသည်။

KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးမှုကြောင့် လယ်ယာလုပ်ကိုင်နေသည့် ရွာသားများ ထွက်ပြေးတိမ်းရှောင်

၂၀၁၅ အောက်တိုဘာ ၁၃


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှဒူဇွပ်ကျေးရွာတွင်နေထိုင်သော လယ်ယာလုပ်ကိုင်နေသည့် ဒေသခံ တိုင်းရင်းသားများအား KIA အဖွဲ့မှ လူသစ်အဖြစ် အဓမ္မဖမ်းဆီးမှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ယင်းဒေသခံများထံမှ သိရသည်။ တနိုင်းမြို့နယ် ရှဒူဇွပ်ကျေးရွာသို့ အောက်တို ဘာလ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ရွာသား ၂ဦးအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

ကွတ်ခိုင် - တာမိုးညဲသွားကာလမ်းအနီးတွင် KIA အဖွဲ့ထောင်ထားသောမိုင်း (၁)လုံးအား အစိုးရတပ်မှ ဖော်ထုတ် သိမ်းဆည်းရမိ

၂၀၁၅ အောက်တိုဘာ ၁၃  


ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့၊ ကွတ်ခိုင် - တာမိုးညဲသွားလမ်း အနီးတွင် KIA ထောင်ထားသော အဝေးထိန်းစနစ်သုံးမိုင်း ၁ လုံးအား အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၁၁ နာရီချိန်တွင် အစိုးရ တပ်မှ ဖော်ထုတ်သိမ်းဆည်းခဲ့ရကြောင်း မြို့နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးမှပြောပါသည်။

Sunday, October 11, 2015

ဌေးမြန်မာ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီအား KIA မှ မိုင်းများဖြင့် ဖောက်ခွဲ မီးရှို့ဖျက်ဆီး

၂၀၁၅ အောက်တိုဘာ ၁၂

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဌေးမြန်မာ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ အတွင်းသို့ အောက်တိုဘာ လ ၇ ရက်နေ့တွင် KIA အဖွဲ့ဝင်များမှ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲပြီး မီးရှို့ဖျက်ဆီးသွားကြောင်း ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

Friday, October 9, 2015

လားရှိုးမြို့ ပေါ်တွင် ဓါးရှည်များကိုင်ဆောင် ခြိမ်းချောက်ခုတ်ဖြတ်ပြီး ဖုန်းများလုယူနေသော ဆိုးသွမ်းလူငယ်များ အား ဖမ်းဆီးရမိ


၂၀၁၅ အောက်တိုဘာ ၉

 
အောက် (၈) မှန်ကောင်း(လားရှိုး)
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပေါ်ရပ်ကွက်များတွင် ဓါးခုတ်မှုနှင့် ဓါးခုတ်လုယက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသဖြင့် ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးအောင်မြတ်မိုး ၏ လမ်းညွှန်မှု၊ လားရှိုးခရိုင် ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး သန့် ဇင် ၏ ကွပ်ကဲမှု၊ လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဖေ၀င်း ၏ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် အပူတပြင်းစုံစမ်းရှာဖွေခဲ့ရာ ယခုအခါ ဓါးရှည်မျိုးစုံကိုင်ဆောင်ကာ ဆိုင်ကယ်များဖြင့် အုပ်စုလိုက် သွားလာလှုပ်ရှားပြီး မှောင်ရိပ်ခိုကာ ရန်ငြိုးရန်စမရှိဘဲ ဓါးဖြင့်ခုတ်ခြင်း၊ အထူးသဖြင့် ဖုန်းများကို လုယက်ခြင်းများပြုလုပ်လေ့ရှိသော ဆိုးသွမ်းလူငယ်တစ်စုကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူး တင်ဖေ၀င်း က ပြောပြသည်။

Thursday, October 8, 2015

ဆောင်းသီးနှံစိုက်ပျိုးသူ ၄ ဦးအား ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲကာ KIA မှ ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ အောက်တိုဘာ ၉


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးလုပ်ကိုင်နေသူ ၄ ဦး အား အောက်တိုဘာ ၁ ရက်နေ့တွင် KIA အဖွဲ့ဝင်များ ရောက်ရှိလာပြီး ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ် ဆောင် သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ရှင်ဗွေယန်မြို့နယ်၊ တခက်ကျေးရွာတွင် နေထိုင်သော ဦးချောန်းမိုင် (၃၅)နှစ်၊ ဦးဒေးယုံ (၂၅)နှစ်၊ မောင်ထအောင်(၂၃)နှစ်နှင့် ဦးဇန်ဝါး(၂၈)နှစ်တို့ (၄)ဦးသည် တခက်ချောင်းနှင့် တနိုင်းချောင်းဆုံအနီး တစ်ဝိုက်၌ ဆောင်းသီးနှံစိုက်ခင်းလုပ်ကိုင်နေစဉ် KIA အဖွဲ့ဝင် ၁၀ ဦးခန့် ရောက်ရှိလာပြီး ဘိန်းစိုက်ပျိုးသည်ဟု စွပ်စွဲကာ စက်လှေ ၂ စီးဖြင့် စက်စဲချောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ တခက် ရွာသားတစ်ဦးမှ ပြောပါသည်။

KIA ၊ TNLA နှင့် ကိုးကန့်ပူးပေါင်းအဖွဲ့မှ ဒေသခံရွာသား ၇ ဦးအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီး

၂၀၁၅ အောက်တိုဘာ ၈


ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်လုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ KIA ၊ TNLA နှင့် ကိုးကန့်ပူးပေါင်း အဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံရွာသား ၇ ဦးအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
 
ကွမ်လုံမြို့နယ်၊ ဝေါခြုံကျေးရွာ အနောက်မြောက်ဘက်ရှိ ကိုယ်ပယ်ချင်းကျေးရွာ၊ နမ့်ဆန်းကျေးရွာ၊ ရှာကျိုင်း ကျေးရွာ၊ နမ့်ကျွမ်းကျေးရွာနှင့် ရှောက်ထင်ပါးကျေးရွာများသို့ အောက်တိုဘာလ ၅ ရက်နေ့ညပိုင်း တွင် KIA ၊ TNLA နှင့် ကိုးကန့်ပူးပေါင်း အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံရွာသား ၇ ဦးအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး၍ အရှေ့မြောက်ဘက်ရှိ ကိုကိုက်ထန်ရွာသို့ ဆက်လက်ထွက်ခွာ သွားကြောင်း ဝေါခြုံရွာသား တစ်ဦးမှ ပြောပြသည်။

Wednesday, October 7, 2015

TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၅ အောက်တိုဘာ ၇


ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ် နမ့်ခေးရွာအနီး TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် အောက်တိုဘာလ ၂ ရက်နေ့တွင် ဒေသခံရွာအရပ်သား ၂ ဦး ပြင်းထန်စွာဒဏ်ရာရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။ “ရွာနားမှာ ဒေသခံတွေက တောင်ယာလုပ်နေကြတာ၊ အဲဒီနားကို TNLAအဖွဲ့တွေ ရောက်ရှိလာပြီး သေ နတ် တွေနဲ့ အကြောင်းမဲ့ပစ်သွားတာ၊ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် လက်နက်ငယ် ကျည်ထိ မှန်ပြီး ဒဏ်ရာရသွားတယ်၊ ဒါဒဏ်ရာကတော့ပြင်းတယ်၊ ကံကောင်းလို့မသေတာ။

Tuesday, October 6, 2015

ဖားကန့်တွင် ရှမ်းနီပါတီဝင်တစ်ဦး ပစ်သတ်ခံရ

၂၀၁၅ အောက်တိုဘာ ၆


ဖားကန့်မြို့နယ် နတ်မှော်ကျေးရွာတွင် နေထိုင်သော တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ၀င် တစ်ဦးဖြစ်သည့် ဦးထွန်းလွင်သည် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်၌ ၎င်း၏ နေအိမ်တွင် သေနတ်ကိုင် လူနှစ်ဦး၏ ပစ်သတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
 
“ ဆုံးသွားပါပြီ အခုရေခဲတိုက်ထဲမှာ။ သေနတ်ဒဏ်ရာ ငါးချက်တွေ့ပါတယ်။ “ ဟု ဖားကန့်မြို့နယ် ဆေးရုံ သို့ ရောက်ရှိနေသော ဖားကန့်မြို့နယ် TNDP ပါတီဥက္ကဌ ဦးခင်မောင်လွင်ကပြောကြားသည်။ ဦးထွန်းလွင်၏ TNDP ပါတီဝင်အမှတ်မှာ ၀၁၈၈၇၇ ဖြစ်ကြောင်းလည်း သိရသည်။

အရပ်သားကိုရိုက်သတ်သည့် KNU ဗိုလ်နှင့် တပ်ဖွဲ့ဝင် ၃၀ ကို အမှုဖွင့်

၂၀၁၅ အောက်တိုဘာ ၆

အရပ်သားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်မှုဖြင့် ကေအင်န်ယူတပ်မဟာ (၅)မှ ဗိုလ်အဆင့်ရှိသူ တစ်ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ခန့်ကို ကရင်ပြည်နယ်ရဲတပ် ဖွဲ့က လူသတ်မှုဖြင့် အမှုဖွင့်ထားသည်ဟု သတင်းရရှိသည်။ ကရင်ပြည်နယ် ဖာပွန်မြို့နယ် အခြေစိုက်ကရင်အမျိုးသား အစည်းအရုံး (ကေအင်န်ယူ) တပ်မဟာ (၅) ဗိုလ်ဖားမီးဆိုသူနှင့် ၎င်း၏တပ်ဖွဲ့ဝင် ၃၀ ခန့်ကို ဖာပွန်မြို့နယ် ကမမောင်းရဲစခန်းတွင် အမှုဖွင့်ခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးထားသည့် ကချင်လူမျိုး၂၅ ဦး အနက် အသက် အရွယ်ကြီးရင့်သူ ၁၀ ဦး ပြန်လည်လွတ်မြောက်

၂၀၁၅ အောက်တိုဘာ ၆




ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နန်ဗျူကျေးရွာအနီးတစ်ဝိုက်မှ လူသစ် အဖြစ်ဖမ်းဆီးထားသည့် လယ်ယာ လုပ်ကိုင်နေသူ ကချင်လူမျိုး ၂၅ ဦး အနက် အသက်အရွယ်ကြီးရင့်သူ ၁၀ ဦးမှာKIA အဖွဲ့ထံမှ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းနှင့် ကျန်လူငယ်များအား ဖမ်းထားဆဲဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

Monday, October 5, 2015

တရုတ်အစိုးရပိုင် သင်္ဘောများ ဂျပန်ရေပိုင်နက်အတွင်း ၀င်ရောက်ခဲ့ဟုဆို

၂၀၁၅ အောက်တိုဘာ ၅


တိုကျို ၊ ၅-၁ဝ-၂ဝ၁၅

တရုတ်အစိုးရပိုင် သင်္ဘောသုံးစင်းသည် ဆန်ကာကူကျွန်း ကမ်းလွန်ရှိ ဂျပန် ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း Newsnow သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ တရုတ်သင်္ဘောများသည် ဂျပန်ရေပိုင်နက်အတွင်းသို့ အောက်တိုဘာ ၃ ရက်တွင် နှစ်နာရီခန့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မီနာမီကိုဂျီမာကျွန်း အပြင်ဘက် ဆက်စပ်ဇုန်အတွင်း ဒေသစံတော်ချိန် ညနေ ၅ နာရီ အချိန်ထိ မောင်းနှင်ခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားထားသည်။

Sunday, October 4, 2015

KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲ မှုကြောင့် ဒေသခံရွာသူ၊ရွာသား ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရ

၂၀၁၅ အောက်တိုဘာ ၅ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးပေါ်ကျေးရွာအုပ်စုတွင် နေထိုင်သော ဒေသခံရွာသူ၊ ရွာသား ၃ ဦး သည် KIA အဖွဲ့မှ ထောင်ထားသောမိုင်းအား နင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

Friday, October 2, 2015

KIA အဖွဲ့မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် မန်စီမြို့ပေါ်နှင့် ကျေးရွာများရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်

၂၀၁၅ အောက်တိုဘာ ၂




ကချင်ပြည်နယ်၊ မန်စီမြို့ပေါ်နှင့် ကျေးရွာများတွင် KIA အဖွဲ့မှ လက်နက်ကြီးများနှင့် ပစ်ခတ်မည့် သတင်း ပျံ့နှံ့မှုကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း ယင်းဒေသခံများထံမှ သိရှိရ သည်။

မန်စီမြို့၊ ရွာသစ်ကုန်းနှင့် မံဖွကျေးရွာများသို့ ရောက်ရှိနေသည့် အစိုးရတပ်များအား KIA အဖွဲ့သည် အဝေးမှလက်နက်ကြီးများနှင့် နှောင့်ယှက်ပစ်ခတ်မည့်သတင်းနှင့် ဗန်းမော်မြို့သို့ ထပ်မံရောက်ရှိလာမည့် အစိုးရ စစ်ကြောင်းများအား နှောင့်ယှက်၍ မိုင်းခွဲတိုက်ခိုက်မည့် သတင်းများပျံ့နှံ့မှုကြောင့် ဒေသခံများ အနေဖြင့် အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်ကာ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဗန်းမော်မြို့ သို့ ပြောင်းရွှေ့နေကြကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

Thursday, October 1, 2015

TNLA (ပလောင်) သောင်းကျန်းသူအဖွဲ့မှ ပဆင မှ လမ်းပြုပြင်ရန်အတွက် စီးနင်းလာသော ယာဉ်အား အကြောင်းမဲ့ပစ်ခတ်


၂၀၁၅ အောက်တိုဘာ ၁


၂၀၁၅ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မန်တုံ-နမ္မတူကားလမ်းတွင် TNLA (ပလောင်) သောင်းကျန်း သူ အဖွဲ့အင်အား (၅၀)ဦးခန့်သည် ဆက်ကြေးကောက်ရန်အတွက် ရောက်ရှိနေရာယူထားပြီး ၄င်းအဖွဲ့မှ အင်းအား ၁၀ဦးခန့်သည်လက်နက်ကိုယ်စီကိုင်ဆောင်လျက် မနက် ၉နာရီ အချိန်ခန့်တွင် မန်တုံ-နမ္မတူ လမ်းအား ပြုပြင်လမ်းခင်းရန်အတွက် ရောက်ရှိလာသော Tipper ယာဉ်(အပြာရောင်)အား ယာဉ်၏အရှေ့ဘက် မီတာ၁၀၀ခန့်မှ နေ၍ ယာဉ်ဦးခေါင်းခန်းနှင့် နောက်ပိုင်းတို့အား (၄၀)မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ အချက်များစွာ ပစ်ခတ်ခဲ့ပြီး ပြန်လည်ထွက်ခွာ သွားကြောင်း သိရှိရသည်။