Tuesday, December 30, 2014

KIO(ကချင်) နှင့် SSA အဖွဲ့များမှ မူဆယ်မြို့တွင် ဆက်ကြေးတောင်ခံသည့်စာများ ပေးပို့

SSA တပ်မဟာ မှ ဆက်ကြေးတောင်းခံစာ
SSA တပ်မဟာ မှ ဆက်ကြေးတောင်းခံစာ
K.I.Oအဖွဲ့မှ ဆက်ကြေးတောင်းခံစာ
K.I.Oအဖွဲ့မှ ဆက်ကြေးတောင်းခံစာ


မူဆယ်မြို့၊ရွှေသမင်ဂေါက်ကွင်းအနီးပြည်ထောင်စုကားလမ်းမကြီးဘေးရှိ ရွှေရာဇာ စက်သုံးဆီ အရောင်း ဆိုင်သို့ ၂၀၁၄ ခုနှစ်၊ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ၉ နာရီတွင် KIO(ကချင်) အဖွဲ့မှ ကချင်ဘာသာဖြင့် ရေးသားထားသော ဆက်ကြေးတောင်ခံစာ ၁ စောင်အား နံပါတ်မပါ ဆိုင်ကယ်စီးနင်း လာသည့် အမည် မသိလူ ၂ ဦးမှလည်းကောင်း၊၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့နံနက် ၅ နာရီတွင် SSA တပ်မဟာ(၁) အမှတ်(၉)ခရိုင်မူဆယ်ဒေသမှ မြန်မာဘာသာဖြင့်   ရေးသားထားသည့် ဆက်ကြေးငွေတောင်ခံစာ ၂ စောင် အားအမည်မသိလူ ၁ ဦးမှ လည်းကောင်း   ပေးပို့ခဲ့ပြီး မူဆယ်မြို့နယ်အတွင်းရှိ အခြားစက်သုံးဆီ အရောင်း ဆိုင်များသို့လည်း အလားတူဆက်ကြေး တောင်းခံစာများ ပေးပို့ခဲ့ကြောင်း သိရှိရရှိပါသည်။

Wednesday, December 17, 2014

ဆေးဖက်ဝင် မာလကာရွက်

 18 Dec 2014

နေအိမ်အများစုမှာမာလကာပင်တွေစိုက်ပျိုးထားလေ့ရှိပြီးအသီးကိုသာအဓိကထားစားသုံး လေ့ရှိကြပါတယ်။ သို့သော်လည်းအများစုသတိမမူမိတဲ့အချက်တော့မာလကာရွက်ရဲ့အံ့ဖွယ်ဆေးဖက်ဝင်အစွမ်းသတ္တိတွေပဲ   ဖြစ်ပါတယ်။

မာလကာရွက်ဟာသဘာဝဆေးဝါးတစ်မျိုးဖြစ်ပြီးဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ၊ရောဂါပိုးမွှားတွေကူးစက်တာကို ကာကွယ်နိုင်တဲ့အစွမ်းသတ္တိ၊ရောင်ရမ်းတာတွေ၊နာကျင်တာတွေကို ပျောက်ကင်းစေတဲ့ဂုဏ်သတ္တိ တွေပါဝင်ပါတယ်။ ယနေ့ခေတ် မှာဆိုရင် မာလကာရွက်ကနေ ဆေးဝါးတို့၊ မာလကာရွက်လက် ဖက်ခြောက်တို့ပါ ထုတ်လုပ်သုံးစွဲ လာကြပြီဖြစ်ပါတယ်။

TNLA (ပလောင်) အဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးထံ အစည်းအဝေးခေါ်စာများပေးပို့ ခြိမ်းခြောက်


17 Dec 2014


မိုးကုတ်မြို့နယ်၊ မန်ပြစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်နေအိမ်သို့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် TNLA(ပလောင်)အဖွဲ့၏အမာခံ ပလောင်လူမျိုး ၂ ဦးရောက်ရှိလာပြီး TNLA တပ်ရင်း(၅၂၇)အမှတ် တံဆိပ် ရိုက်နှိပ်ထားသော စာ ၆ စောင်အား လာရောက်ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ စာများထဲမှ ဦးလှမြင့်အမည်ရေးသားထားသော စာအိတ်အား ဖွင့်ဖတ်ကြည့်ရာ အခြားစာအိတ် ၅ ခုတွင် ရေးသားထားသော လိပ်စာများထံသို့ စာများဆက်လက်ပို့ဆောင်ပေးရန်ရေးသားထားပြီး ၄င်းလိပ်စာ ၅ ခုမှာ ပိန်းပြစ်ကျေးရွာမှ ၂ ဦး၊ မိုးကုတ်မြို့မှ ၂ ဦးနှင့် ပိန်းပြစ်လီဆူး ကျးရွာအုပ်ချုပ် ရေးမှူးတို့ ဖြစ်သည်။မိုးကုတ်မြို့မှ ၂ ဦးအနက် ၁ ဦးမှာ မိုးကုတ်မြို့ရှိ ကျောက်မျက်ရတနာကုမ္ပဏီ တစ်ခုမှ လုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်း သိရသည်။

Thursday, December 11, 2014

ပန်ဆိုင်း(ကြူကုတ်)မြို့ပေါ်တွင် အသံမိုင်း တစ်လုံးပေါက်ကွဲမှု KIA မှ လုပ်ဆောင်ဟု ဒေသခံတစ်ဦး ပြောကြား


10 Dec 2014 















ဒီဇင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပန်ဆိုင်း(ကြူကုတ်)မြို့ပေါ်၌ ပေါက်ကွဲသံကြား၍ ပန်ဆိုင်း (ကြူကုတ်)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ရာ ရပ်ကွက်(၄)တွင် နေထိုင်သော ဦးမြင့်လွင် နေအိမ် အနောက်ဘက်မှ အသံမိုင်းဟု ယူဆရသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်းနှင့် အဆိုပါအသံမိုင်း ပေါက်ကွဲမှုကြောင့် လူ၊တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

Wednesday, December 10, 2014

RCSS/SSA အဖွဲ့မှ သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခြိမ်းခြောက်၍ ရွာသား ၁၂ ဦးအား လူသစ် အဖြစ်စုဆောင်း

10 Dec 2014


















RCSS/SSA အဖွဲ့မှ စိုင်းပီး ခေါင်းဆောင်သော အင်အား ၈ ဦးသည် သီပေါမြို့နယ် အတွင်းရှိ ကျေးရွာများ ဖြစ်သော ကုန်းသာကျေးရွာ၊ဟိုနောင်ကျေးရွာ၊ကုန်းပြင်းကျေးရွာများသို့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်တွင် ရောက်ရှိလာပြီး အဆိုပါကျေးရွာများမှ ၄င်းတို့အဖွဲ့အတွင်း တာဝန်ထမ်းဆောင်ရန် အမည်စာရင်း သတ်မှတ်ထားသော ရွာသား ၁၂ ဦး၏ နေအိမ်များသို့ တစ်အိမ်တက်တစ်အိမ်ဆင်း သွားရောက်၍ ၄င်းရွာသားများအား ဆွန်လုံကျေးရွာအုပ်စု ၊ချောင်းဆုံရွာဘက်သို့ ယနေ့ အရောက်စေလွှတ်ရန် ခြိမ်းခြောက်ပြောဆိုပြီးရွာ၏ မြောက်ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

၎င်းကျေးရွာများမှ အချို့ရွာသားများသည် မိသားစုစားဝတ်နေရေးအတွက် အခြားမြို့ရွာများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသဖြင့် ကင်းလွှတ်ခွင့်ပေးရန် မိဘများမှ   ငိုယိုတောင်းပန်သော်လည်း