Wednesday, July 31, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် TNLA တို့ မူဆယ်မြို့တွင် ဆွေးနွေး


1  August 2013


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့်ပလောင်လွတ်မြောက်ရေးတပ်ဦး/တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့ ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးမှုကိုဇူလိုင်လ ၃၁ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့ရွှေလီရတနာ ခန်းမတွင်နံနက် ၉ နာရီမှ ညနေ ၃နာရီအထိ

သားမယားအဖြစ် နေထိုင်ဆက်ဆံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်အား အင်တာနက်တွင် တင်သူ မကွေးရဲတပ်ဖွဲ့က အရေးယူ


31 July 2013


သားမယားအဖြစ်နေထိုင်ခဲ့စဉ်ကရိုက်ကူးခဲ့သည့်ဗီဒီယိုခွေအားအင်တာနက်တွင်တင်မည်ဟုဆိုကာကာယကံ ရှင် မိန်းကလေး ထံသို့ပေးပို့ပြီး အင်တာနက်တွင် အမှန်တကယ် တင်ခဲ့သည်ဟု ယူဆရသူ အား မကွေးမြို့ ၊မြို့မရဲစခန်း မှ ယမန်နေ့က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။    မကွေးမြို့မှ    နာမည်ကြီးစတိုးဆိုင်

လားရှိုးမြို့တွင် အမျိုးသမီး ကိုယ်ကာယ အလှသင်တန်းဖွင့်လှစ်


31 July 2013

လားရှိုးမြို့၊ရပ်ကွက်(၁)ခရိုင်အမျိုးသမီးရေးရာအဖွဲ့ရုံး၌ဇူလိုင်လ၃၀ရက်နေ့က လားရှိုးအမျိုးသမီးရေးရာ အဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့မှ ကြီးမှူးဖွင့်လှစ်သော အမျိုးသမီး ကိုယ်ကာယ အလှသင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်ရာအမျိုးသမီးများအားကာကွယ်စောင့်ရှောက်ရေးနှင့် ပြုစုပျိုးထောင်   ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များမိခင်နှင့်ကလေးအဖွဲ့ဝင်များ(၈၀)ဦး တက်ရောက်ရောက် ခဲ့ကြောင်း သိရသည်။

Tuesday, July 30, 2013

ကျောက်မဲမြို့တွင် တောင်ကျရေကြောင့် လူ(၂)ဦးသေဆုံး


31 July 2013

ကျောက်မဲမြို့နယ် မော်မာအုပ်စု မန်လွယ်ကျေးရွာအနီး မန်လွယ်ချောင်းအား ဇုလိုင်လ ၃၀ ရက်နေ့က ဦးနန္ဒိယ(၇၀)နှစ်နှင့်ဒေါ်ခမ်းဆာမန်လွယ်ကျေးရွာ နေထိုင်သူ ၂ဦးတို့သည် ဖြတ်ကူးစဉ် တောင်ကျရေ မျှော ပါလာမှုကြောင့် သေဆုံးခဲ့ကြောင်းသိရသည်။ ၄င်းတို့ အလောင်းအား ကျောက်မဲ ဆေးရုံသို့ ပို့ အပ်ထားကြောင်းသိရသည်။

မူဆယ်မြို့နယ် လုံခန်းကျေးရွာ အနီးတွင် မူးယစ်ဆေးဝါး သိန်း (၂၀၀၀)ကျော်ဖိုး ဖမ်းဆီးရမိ


30 July 2013














ဇူလိုင်လ ၂၉ ရက်နေ့တွင် မူဆယ်မူးယစ်အထူးအဖွဲ့မှ တာဝန်ရှိသူများသည် သတင်းအရ မူဆယ်မြို့နယ်၊ လုံခမ်းကျေးရွာထိပ်ညောင်ပင်အနီးစောင့်ဆိုင်းနေစဉ်မန်ခုံကျေးရွာမှမူဆယ်ဘက်သို့သိန်းနိုင်ထွေး မောင်းနှင်

Sunday, July 28, 2013

1331 နံပါတ်သို့ SMS ပေးပို့၍ Internet လိုင်းဖွင့်နိုင်ပါပြီ။


29 July 2013


ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏Prepaid GSM / WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့်     တယ်လီဖုန်း သုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့လူ ကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃) ရက်နေ့မှစတင်၍ တိုက်ရိုက်

Friday, July 26, 2013

SSA(ရွက်ဆစ်)အဖွဲ့မှ ရွာသားများအား အတင်းအဓမ္မစုဆောင်း


26 July 2013


ရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းယောင်းမြို့နယ်အတွင်းရှိကျေးရွာများမှရွာသားများနှင့်ရော်ဘာခြံအလုပ်သမား များအား၂၀၁၃ခုနှစ်ဇူလိုင်လ၂၄ရက်နေ့ကSSA(ရွက်ဆစ်)အဖွဲ့မှအတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့

နမ့်ခမ်းမြို့ တွင် သီတဂူဆရာတော်နှင့် အဖွဲ့ဝင်များ မျက်စိဝေဒနာရှင်များအား ဆေးကုသပေး


26 July 2013


ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့မိုခမ်းရပ်ကွက်ရှိဇေယျသုခဘုန်းကြီးသင်ပညာရေးကျောင်း၌ရောက်ရှိတည်း ခိုနေသောသီတဂူဆရာတော်အရှင်ဥာဏိသရ   (အဂ္ဂမဟာသဒ္ဓဇောတိကဓဇဓမ္မကထိကဗဟုဇနဟိကရအဂ္ဂ မဟာဂန္တ၀ါစကပဏ္ဍိတသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတောင်)အပါအ၀င်အင်အား(၁၈)ဦး၊ ပါမောက္ခ ဆရာမကြီး ဒေါက်တာ ဒေါ်မိမိခင် အပါအ၀င် ဆရာဝန်(၉)ဦးတို့သည် ဇူလိုင်လ (၂၅)ရက်နေ့ ည ၀၇၀၀ နာရီထိကျောင်းဝင်းအတွင်းရှိသီတဂူ       စက္ခုဒါနမျက်စိဆေးရုံ  (နမ့်ခမ်း)သို့ လာရောက်ပြသသည့် မျက်စိ     ဝေ ဒနာရှင် ၃၃၇ ဦးအား စမ်းသပ်စစ်ဆေး၍ (၆၄)ဦးအား ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ပထမဆုံး နိုဘယ်ဆုရ အမျိုးသမီး


26 July 2013

ပိုလန်နိုင်ငံမှာ ဖွားပြီး ပြင်သစ်မှာ ရူပနဲ့ ဓာတုဗေဒ ပညာ လေ့လာတဲ့ Marie Curie အမည်ရ အမျိုးသမီးဟာ ကမ္ဘာ့ပထမဆုံး နိုဘယ်လ်ဆုရှင်အမျိုးသမီး ဖြစ်ပါတယ်။ဒါကြောင့် ပိုလန်ငွေစက္ကူတွေထဲမှာလည်း သူမပုံကို ထည့်သွင်း အသိအမှတ်ပြုခဲ့ကြပါသေးတယ်။Radioactivity သီအိုရီကို စတင်ထုတ်ဖော်နိုင်သူ၊   radioactive

ယခုလ ၁၅ဝဝ ဂျီ ဆက်သွယ်ရေးတံဆိပ်ဖြင့် ရောင်းမည်


26 July 2013

ယခုလရောင်းမည့်ကျပ်ထောင့်ငါးရာတန်ဂျီဖုန်းအားMPTတံဆိပ်ဖြင့် ရောင်းမည်ဖြစ်ပြီးကတ်ပျောက်လျှောက် ထားမှုကို တိုင်းမန်နေဂျာရုံးများတွင်သာ ဆောင်ရွက်ရမည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။ ''ဆက်သွယ်ရေးတံဆိပ်နဲ့   ရောင်းတယ်ဆိုပေမယ့်  ဖုန်းကတ်ပျောက်တာကို တော့တိုင်းမန်နေဂျာရုံးတွေကပဲ 

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစာအုပ်စု(၄)မျိုး


26 July 2013


၁။ ကြက်ဥနှင့် ကြက်သား အမိုင်နို အက်စစ်တွေက ဆံပင် သန်စွမ်း စေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေ ပါပဲ။ ပရိုတင်းဓာတ် များများ ရအောင်   အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုးစတာတွေ

Thursday, July 25, 2013

TNLA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည်


25 July 2013
 
 TNLAတအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့်ငြိမ်းရေးဖော်ဆောင်ရေး လုပ်ငန်း   ကော်မတီတို့သည်၂၀၁၃ဇူလိုင်လ လကုန်ရက်ပိုင်းတွင်မူဆယ်မြို့တွင်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ရှိ   ကြောင်းသိရပါသည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့  KIA၊SSPP/SSA၊RCSS/SSA၊

Wednesday, July 24, 2013

သားအတွက် စည်းစိမ်ဥစ္စာအမွေ မချန်သော ဂျက်ကီချန်း


25 July 2013

ဂျက်ကီချန်း အနေနဲ့ မီဒီယာများကို တရားဝင် ဖွင့်ဟပြောဆိုခဲ့ပြီး ဖြစ် ပါတယ်။ ယင်းကတော့ တစ်ချိန်ကျ သူပိုင်သမျှ စည်းစိမ်အားလုံးကို ပရဟိတ လုပ်ငန်းတွေထဲ အားလုံး ထည့်ဝင် လှူဒါန်း လိုက်ဖို့ ဖြစ်ပါတယ်။ အသက်၅၈ နှစ်ဝန်းကျင်ရှိပြီ ဖြစ်တဲ့ဂျက်ကီးချန်းမှာအသက်   ၃၀ အရွယ် ဂျေစီချန်း (Jaycee Chan)အမည်ရ

မြောင်းမြမြို့တွင် ကမ္ဘာ့အကြီးဆုံး ကြေးသွန်း ခေါင်းလောင်းကြီး သွန်းလုပ်လှူဒါန်းမည်


25 July 2013



ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့ မြစိမ်းရောင်တောင် ရှေးဟောင်းသာသနာ့နယ်မြေတွင်ကမ္ဘာ့အကြီးဆုံး   ကြေးသွန်း ခေါင်းလောင်း တော်ကြီးကိုသွန်းလုပ်လှူဒါန်းမည် ဖြစ်ကြောင်းသိရသည်။အဆိုပါ ခေါင်းလောင်း   တော်ကြီးကို မြောင်းမြမြို့ မြတိဂုံ   စေတီတော်ရင်ပြင်တွင်ထားရှိမည်  ဖြစ်ပြီး   ကြေးပိဿာချိန် ၂သိန်းကျော်

ဂျပန် မြှုပ်နှံထားခဲ့သည့် ရွှေ သုံးတန်ကို တွေ့ရှိပြီ


24 July 2013


ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြှုပ်နှံထားခဲ့သည့် ရွှေသုံးတန်ကို ပြည်ထောင်စုအစိုးရ အဖွဲ့က စတင် ရှာဖွေခဲ့ရာတွေ့ရှိပြီဟုရှာဖွေရေးအဖွဲ့ထဲတွင်ပါဝင်သည့်ဘူမိဗေဒပညာရှင်ပါမောက္ခ ဟောင်းဦးစိုးသိန်းက ပြော သည်။''ပြည်ထောင်စုအစိုးရအဖွဲ့က ကော်မတီဖွဲ့ပြီး တော့ ဆောင်ရွက်နေတာ''ဟု၎င်းကဆိုသည်။ ကော်မတီ

SSA (၀မ်ဟိုင်း)အဖွဲ့၏ လူသားချင်းစာနာထောက်ထားမှုကင်းမဲံ့စွာ လူသစ်စုဆောင်းမှုကြောင့် အိမ်ခြေ(၄၀)ကျော် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်


24July 2013

SSA (၀မ်ဟိုင်း)အဖွဲ့၏ လူသားခြင်း စာနာထောက်ထားမှု ကင်းမဲ့သော လုပ်ရပ်များကြောင့် မိုင်းလုံမြို့နယ် နမ့်ဖန်းကျေးရွာတွင် အိမ်ခြေ(၁၅၅)ရှိရာမှ ယခုအခါ အိမ်ခြေ (၇၀)သာ ကျန်ရှိတော့ကြောင့် သိရပါသည်။

 SSPP/SSA၀မ်ဟိုင်းအဖွဲ့သည်အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံခြင်းများကြောင့် ၀မ်ဟိုင်းအဖွဲ့၏ အရိပ်မဲဘေးမှ လွတ်ကင်းရာမြို့ပေါ်ဒေသများသို့   ထွက်ပြေးတိမ်းရှောင်နေကြကြောင်းနှင့်

Tuesday, July 23, 2013

အင်တာနက် မြန်နှုန်း မြှင့်တင်မည်


23 July 2013



   SE.ME.WE3ဖိုက်ဘာဆက်ကြောင်းဖြင့်ချိတ်ဆက်၍အင်တာနက်မြန်နှုန်းပိုမိုမြှင့်တင်ဆောင်ရွက်မည်ဖြစ်   ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ ယင်းဖိုက်ဘာ

Monday, July 22, 2013

မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို SMS စနစ်ဖြင့် လျှောက်ထားပါက ချက်ချင်းအသုံးပြုနိုင်


23 July 2013

ယခင်က မြန်မာ့ဆက်သွယ်ရေးရုံးသို့ သွားရောက် လျှောက်ထားရသည့် မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို မိမိ၏မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့်SMSစနစ်ဖြင့်သြဂုတ်လ၁ရက်နေ့မှစတင်၍ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း

Telenor Myanmar ၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာ စတင်ဖွင့်လှစ်


23 July 2013


အော်ပရေတာ တင်ဒါအောင်မြင်ခဲ့သည့် Telenor Group အနေဖြင့် တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာကို စတင် ဖွင့်လိုက်ကြောင်းသိရသည်။ အဆိုပါ စာမျက်နှာပေါ်တွင် Telenor ၏ နောက်ဆုံးသတင်းများကို အချိန်နှင့် တစ်ပြေးညီ တင်ပေးထားမည်ဖြစ်ကြောင်း   Telenor Myanmar ၏ တာဝန်ရှိသူများက ဆိုသည်။  အကယ်၍

SSA(၀မ်ဟိုင်း)အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှုကြောင့် ကျေးလက်နေ ရွာသားများ ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်


23 July 2013


SSA (၀မ်ဟိုင်း)အဖွဲ့သည် ဇူလိုင်လ(၂၁)ရက်နေ့က မိုင်းလုံမြို့နယ်ခွဲ နမ့်ဖန်ကျေးရွာတွင်တပ်သားသစ်များ အတင်းအဓမ္မစုဆောင်းနေကြောင်းသိရပါသည်။နမ့်ဖာကျေးရွာမှ  တာဝန်ထမ်းဆောင်ရန်လူသစ်(၉)ဦးအမည် စာရင်းပေးပို့ထားရာ  (၃)ဦးသာ စုဆောင်းရရှိပြီး (၆)ဦးမှာ  SSA(၀မ်ဟိုင်း)အဖွဲ့ထံတွင်   တာဝန်မထမ်းဆောင်

TNLA သောင်းကျန်းသူများ၏ အတင်းအဓမ္မရိက္ခာတောင်းယူမှုကြောင့် ကျေးလက်နေပြည်သူများအခက်တွေ့နေ


23 July 2013

ဇူလိုင်လ ၁၈ ရက်နေ့က TNLA သောင်းကျန်းသူအဖွဲ့ တပ်ရင်း(၄၇၈)မှ တပ်ရင်းမှူးအဆင့်ရှိ ဥာဏ်ဖေနှင့် ဒုတပ်ရင်းမှူးအဆင့်ရှိရဲဟိန်းပါဝင်သောအင်အား(၆၀)ယောက်သည် မန်အောင်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာအနီးပတ်ဝန်းကျင်ကျေးရွာများမှရွာလူကြီးများအားခေါ်ယူ၍ကျေးရွာတစ်ရွာလျင်တပ်သားသစ်(၅)ယောက်၊

Friday, July 19, 2013

TNLA သောင်းကျန်းသူများမှ ကွတ်ခိုင်မြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လက်နက်များနှင့်အတူ ဖမ်းဆီးခေါ်ဆောင်


20 July 2013



ဇူလိုင်လ(၁၉)ရက်နေ့ကTNLA သောင်းကျန်းသူများသည်ကွတ်ခိုင်မြို့နယ်၊မန်နိမ်းကျေးရွာသို့လက်နက်များ ကိုင်ဆောင်၍ ရောက်ရှိလာပြီး ကျေးရွာအတွင်းရှိ ပြည်သူ့စစ်ခေါင်းဆောင်ဦးကျော်သိန်းနှင့်ဇနီးဖြစ်သူ   ဒေါ်ရန်ရွှေစောက်၊  ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးညီပါ နှင့် ကျေးရွာတွင် အလုပ် လုပ်ကိုင်နေသူ ရွာသား(၃)ဦးအား

Monday, July 15, 2013

``၀´´ ဒေသရှိ သံဃာတော်များအား အစိုးရနှင့် ``၀´´အထူးဒေသမှ တာဝန်ရှိသူများ ပူးပေါင်း၍ ၀ါဆိုသင်္ကန်း ကပ်လှူဒါန်းပွဲ အခမ်းအနားပြုလုပ်


15 July 2013


ဇူလိုင်လ(၁၅)ရက်နေ့က ``၀´´ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟိုပန်မြို့၊မန်ကောင်းရပ်(၃၁)ဘုံ သာသနပြု   ကျောင်း၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီမှ``၀´´ဒေသရှိသံဃာတော်များအားဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပပြု လုပ်ခဲ့ကြောင်းသိရပါသည်။အခမ်းအနားသို့(၃၁)ဘုံသာသနပြု ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တသီဟဗလနှင့် ပင့်သံဃာတော်(၄၅)ပါး၊နယ်စပ်ရေးရဒုတိယ၀န်ကြီး၊ရှမ်းပြည်နယ်အစိုးရ၊ ပြည်နယ်သာသနာထွန်းကားပြန့်ပွား

မိခင်ဖြစ်သူမှ သားသမီး(၂)ဦးအား တရုတ်နိုင်ငံသို့ ရောင်းစား


16 July 2013




မိခင်ဖြစ်သူမှသားသမီး(၂)ဦးအားတရုတ်နိုင်ငံသို့ ရောင်းစားသည်ဟူသောသတင်းအရသီပေါမြို့နယ်နမ့်လန်   ကျေးရွာအုပ်စုအေးချမ်းသာရပ်ကွက်နေမတင်နွယ်စိုး(ခ)မစိုးအားနမ့်လန်နယ်မြေရဲစခန်းသို့ ခေါ်ယူစစ်ဆေး   မေးမြန်းရာမတင်နွယ်စိုးသည်ဇူလိုင်လ ၂၃ရက်နေ့တွင်စားဝတ်နေရေးမပြေလည်သဖြင့်၎င်း၏သမီးဖြစ်သူ

သွေးမတိုးအောင် သတိဆောင် ကိုယ်လက်လှုပ်ရှား မျှအောင်စား


15 July 2013



စာရေးသူထံ ကုသမှု ခံယူသူ အသက် ၃ဝ ကျော်မျှသာ ရှိသေးသည့် အိအိဖိုင့်ဖိုင့် အမျိုးသမီး တစ်ဦးသည် ရင်သားအကြိတ်အသားစဓာတ်ခွဲစစ်ဆေးမှုMammognam နို့ဓာတ်မှန်အဖြေများအရကင်ဆာရှိသော နို့အုံ တစ်ခုလုံးခွဲစိတ်ထုတ်ပစ်ရမည့်အပြင်ချိုင်းရှိအကြိတ်များ၊မျိုးပွားဥအိတ်အစုံတို့အားထုတ်ပစ်ရမည့် ကုထုံးကို

Sunday, July 14, 2013

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့မှ ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ခြင်းအားတားမြစ်နေ


15 July 2013


ရှမ်းပြည်နယ်အစိုးရ၏ ရံပုံငွေဖြင့် နမ့်စန်ပြည်သူ့ဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်သော နမ့်စန်မိုးနဲသွားကားလမ်းနှင့်ရထားလမ်းဆုံရာမှရွာပေါင်း(၃)ရွာအထိ ကျောက်ချောလမ်းခင်းရန် ဆောင်ရွက်   နေမှုအားရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့များမှလုပ်ငန်းရပ်ဆိုင်းထားရန်လာရောက်တား

လားရှိုးမြို့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆောင်းရေးအဖွဲ့နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်





ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့်ရှမ်းပြည်တိုးတက်ရေးပါတီSSPP/SSAငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ဇူလိုင်လ(၁၃)ရက်နေ့တွင်

Friday, July 12, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ``၀´´ အထူးဒေသ (၂)တို့၏ သဘောတူထုန်ပြန်ချက်




ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ``၀`´´ အထူးဒေသ(၂)တို့သည် ၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့တွင် ကျိုင်းတုံမြို့ ၌ တွေဆုံဆွေးနွေးစဉ် အောက်ပါအတိုင်း သဘော တူညီချက် (၅)ချက်အား ပြည်ထောင်စုငြိမ်းချမ်ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ မှ ဒုတိယဥက္ကဌ ဦးသိန်းဇော်နှင့် ``၀´´ အထူးဒေသ(၂)မှ ဦးကျော်ဂေါ်အန်း လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ကာကွယ်ရေးဝန်ကြီးအဖြစ် ဝန်ကြီးချုပ်ရင်လပ် စတင် တာဝန်ထမ်းဆောင်


13 July 2013

ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်သည် နိုင်ငံ၏ ပထမဆုံးသော ကာကွယ်ရေးဝန်ကြီး အဖြစ် ဇူလိုင် ၁၁ ရက်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီး အဖြစ် စတင်တာဝန် ထမ်းဆောင်ရန် အဆိုပါ ဝန်ကြီးဌာန အဆောက်အအုံ အတွင်းသို့ ရင်လပ် ရောက်ရှိလာချိန်တွင် ဒုတိယ

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


13 July2013


ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံး ကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စား တာမျိုးလည်း ပြုလုပ် ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုး ကျေးဇူးတွေကို ရရှိစေ ပါတယ်။အသည်းရဲလုပ်ငန်းဆောင်တာ တွေကိုဟန်ချက်ညီစေပါတယ်ဘူးသီးမှာ ပြည့်ဝဆီနဲ့ကယ်လိုရီပါဝင်မှု

သီပေါမြို့တွင် သေတန်းစာနှင့် အတူ မိသားစု တစ်စု ရေနစ်သေဆုံး


13 July 2013

ဇူလိုင်လ(၁၂)ရက်နေ့ကသီပေါမြို့နယ်နမ့်ရမ်းအုပ်စုနောင်ကော်ကြီးကျေးရွာ၊ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ   ပြဇတ်ရုံအနောက်ဘက်ကိုက်(၃၀၀)ခန့်အကွာ နောင်ကော်ကြီးရေကန်အတွင်းလူ(၃)ဦး သေဆုံးနေကြောင်း   ကျေးရွာအုပ်ချုပ်ရေးမှူးမှဖုန်းဖြင့်သတင်းပေးပို့မှုအရနမ့်လန်ရဲစခန်းမှတာဝန်ရှိသူများမှသွားရောက်စစ်ဆေးရာ

လျှပ်စစ်ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာဖွင့်ပွဲ အခမ်းအနားပြုလုပ်


12 July 2013




ဇူလိုင်လ(၁၁)ရက်နေ့ကလားရှိုးမြို့နယ်မန်အိုင်ကျေးရွာနမ့်စမ်ကျေးရွာ၌နိုင်ငံတော်အစိုးရမှတည်ဆောက်ပေးခဲ့ သည့် KV ဓာတ်အားလိုင်း ၂၀၂၃မိုင်၊ ၁၁/၀.၄KV(၁၀၀)KVAထရန်စဖော်မာ(၃)လုံးနှင့်၄၀၀ဗို့လိုင်း(၂.၅)မိုင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ကျင်းပခဲ့ရာရှမ်းပြည်နယ်အစိုးရ၊လျှပ်စစ်နှင့်စက်မှုဝန်ကြီးဌာန၀န်ကြီး ဒေါက်တာ ဦးစိုင်းထွန်းရင်၊လူမှုရေးရာဝန်ကြီးဌာန၀န်ကြီး ဒေါက်တာမျိုးထွန်းနှင့်တာဝန်ရှိသူများ   ဒေသခံပြည်သူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရပါသည်။

Thursday, July 11, 2013

Samsung Galaxy SIII ပေါက်ကွဲပြီး (၁၈) နှစ်အရွယ် မိန်းကလေး ဒဏ်ရာရ

11 July 2013


















ဆဲလ်ဖုန်း ပေါက်ကွဲတယ် ဆိုတာ ရယ်စရာ တစ်ခု မဟုတ် ပါဘူး။ အခုလည်း Samsung Galaxy SIII ဟာ Fanny Schlatter အမည်ရှိ အသက် (၁၈) နှစ် အရွယ် မိန်းကလေးရဲ့ ဘောင်းဘီ ထဲမှာ ပေါက်ကွဲ ခဲ့ပါတယ်။ ပေါင်မှာတောင်ထိခိုက်မှု တော်တော်များတဲ့အတွက်ဟမ်းဆက်မှာ ဆိုရင်တော့ ပြောစရာတောင် မလိုတော့ ပါဘူး။ အခု ဆိုရင် ဖုန်းတွေဟာ ဘယ်နေရာ မှာမဆို ပေါက်ကွဲ နိုင်တယ် ဆိုတာ သတိ ထားမိ ကြမှာပါ။ အတိ အကျတော့ မသိရ သေးပေမယ့်   မိန်းကလေးဟာ  တခြား ထိခိုက် မှုေ တွ ထပ်မဖြစ် ဖို့အတွက်

Wednesday, July 10, 2013

ကျောက်ဖရုံသီး ( BENINCASA CERIFERA ) ဂုဏ်သတ္တိ


11 July 2013


ကျောက်ဖရုံသီးကိုများသောအားဖြင့်အသီးကိုသုံးရသည်။ချို၏။အမှည့်အနည်းငယ်ဖန်၏။အေး၏။ (အစိမ်း) အနည်းငယ်အေး၏။ဝိပါကချို၏။အားကိုတိုးပွားစေ၏။သုတ်ကိုတိုးပွားစေ၏။ ကြေကျက်ခဲ၏။မှည့်သောအသီး သည်ဝမ်းမီးကို တောက်စေ၏။ ကြေကျက်လွယ်၏။ဆီးအိမ်ကိုသုတ်သင်တက်၏။သည်းခြေကို နိုင်၏။ 

အသုံးပြုပုံ 
- ကျောက်ဖရုံသီး၏သတ္တုရည်ကို သွေးအန် သွေးဝမ်း၊ သွေးယိုစီးသော ရောဂါများကိုတိုက်ကျွေးလျှင် ပျောက်

SEA GAMES သီချင်းခွေများ အခမဲ့ ဖြန့်ဝေ


11 July 2013

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာတွင် မြန်မာနိုင်ငံ၌ကျင်းပမည့်(၂၇)ကြိမ်မြောက်SEA GAMES၌ အသုံးပြုမည့် Theme Song များကို မွန်ပြည်နယ်အတွင်းရှိ ပြည်သူများနားဆင်နိုင်ရန်နှင့် အဆိုပါသီချင်း၁ဝပုဒ်ထဲမှအကောင်းဆုံး

လူသတ်မှုတရားခံဟုယူဆရသူအမျိုးသမီးကသက်သေခံပစ္စည်းများပြသ


10 July 2013


ယနေ့ မွန်းလွဲနှစ်နာရီတွင် လားရှိုးပန်းခြံထဲ၌ လူသတ်တရားခံဟု ယူဆထားသော အမျိုးသမီး တစ်ဦးသည် အမှုဖြစ်စဉ် နေရာမှ သက်သေခံ ပစ္စည်းများကို ရဲတပ်ဖွဲ့အားလိုက်လံပြသနေကြာင်း သိရသည်။ လွန်ခဲ့သော ဇူလိုင်(၄)ရက်ကလားရှိုးပန်ခြံတွင်အသတ်ခံရသူမိန်းကလေးမှာ ရွှေဆွဲကြိုးနှင့် ရွှေလက်စွပ်တစ်ကွင်းပါ ဖြုတ်

Tuesday, July 9, 2013

မေမေ


10 July 2013

(၁ဝ)နှစ် အရွယ်မှာ အမေရဲ့ အရိုက်ကိုခံရတော့ သူငိုတယ်။
 (၂ဝ)နှစ် အရွယ်မှာ အမေရဲ့ အရိုက်ကိုခံရတော့ သူဒေါသထွက်တယ်။
 (၃ဝ)နှစ် အရွယ်မှာ အမေရဲ့ အရိုက်ကိုခံရတော့ သူအောင့်ခံတယ်။
 (၄ဝ)နှစ် အရွယ်မှာ အမေရဲ့ အရိုက်ကိုခံရတော့ သူ ရယ်တယ်။
(၅ဝ)နှစ် အရွယ်မှာ အမေရဲ့ အရိုက်ကိုခံရတော့ သူငိုတယ်။
အသိ
 (၁ဝ)နှစ် အရွယ်မှာ နားမလည်လို့ သူငိုတယ်။
(၂ဝ)နှစ် အရွယ်မှာ မသိလို့ သူပေါက်ကွဲတယ်။
(၃ဝ)နှစ် အရွယ်မှာ နားလည်လာလို့ သူအောင့်ခံတယ်။
 (၄ဝ)နှစ် အရွယ်မှာ ပိုနားလည်လာလို့ သူရယ်တယ်။
(၅ဝ)နှစ် အရွယ်မှာ ကျေးဇူးတင်လို့ သူငိုတယ်။
 (၆ဝ)နှစ်၊ (၇ဝ)နှစ်မှာ အတိတ် အမှတ်တရတွေထဲက နွေးထွေးနူးညံ့မှုတွေကို ရှာယူရင်း အမေကို သူလွမ်းဆွတ် သတိရနေခဲ့တယ်


လစာတစ်သိန်းအထက်ရပါက ဆမ်ဆောင်းပစ္စည်းများ အရစ်ကျဝယ်နိုင်ပြီ


10 July 2013


လစာတစ်သိန်းအထက်ရရှိသောကုမ္ပဏီဝန်ထမ်းများနှင့်အစိုးရ၀န်ထမ်းများအတွက်ဆမ်ဆောင်းအမှတ်တံဆိပ် ဟန်းဆက်နှင့်အီလက်ထရွန်းနစ်ပစ္စည်းများအရစ်ကျစနစ်ဖြင့်aရာင်းချပေးနေသည်ဟုဆမ်ဆောင်းအမှတ်တံ ဆိပ် ဖြန့်ချိရေးကိုယ်စားလှယ်တစ်ဦး ဖြစ်သည့်O2Mobileမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

KIA မှ ရပ်ကွက်စာရေးတာဝန်ထမ်းဆောင်သူတစ်ဦးအား အကြောင်းမဲ့ဖမ်းဆီး


10 July2013

ဇူလိုင်လ(၈)ရက်နေ့ နေ့လည်(၁၂)နာရီတွင်မူဆယ်မြို့၊မုံးကိုးမြို့နယ်ခွဲလွယ်ဝန်ကျေးရွာအုပ်စုတွင် စာရေး တာဝန်ထမ်းဆောင်နေသည့်ဦးဘောက်လဒ်  သည်မုံးကိုးမြို့နယ်အုပ်ချုပ်ရေးရုံး၌ကျင်းပပြုလုပ်သည့်အစည်း

Monday, July 8, 2013

မိုင်းယောင်းမြို့နယ်တွင် RCSS/SSA အဖွဲ့ ရာဘာနှင့် ဆန် ဆက်ကြေးများကောက်ခံ


8 July 2013


ရှမ်းပြည်နယ်၊မိုင်းယောင်းမြို့နယ်အတွင်းရှိကျေးရွာ  အုပ်စုများတွင်ဇူလိုင်၎ရက်နေ့မှစ၍ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ရှမ်းပြည်တပ်မတော်RCSS/SSAအဖွဲ့က ရော်ဘာနှင့်ဆန်ဆက်ကြေးများ ကောက်ခံ

"ဝါဆိုသင်္ကန်း လှူဒါန်းရခြင်းကျိုး..."

  8 July 2013



ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့
" နိဗဒ္ဓအလှူ (၇)မျိုး"ထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို အမြဲမပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင်သေပြီးနောက်ဘဝမှာ အပါယ်မလားဘူးလို့ အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။ 

အဲဒီနိဗဒ္ဓအလှူ (၇)မျိုးက
၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း

လားရှိုးမြို့ ရပ်ကွက်(၅)ရှိ နေအိမ်တစ်အိမ်အား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသူ ဖမ်းဆီးရမိ


8 July 2013

ဇူလိုင်လ(၇)ရက်နေ့က လားရှိုးမြို့ ရပ်ကွက်(၅)ရှိ ဦးလီပေါက်ချမ်း နေအိမ်အား သေနတ်ဖြင့် လမ်းပေါ်မှ (၅)ချက်ပစ်ခတ်၍ပါဂျဲရိုးအဖြူရောင်ဖြင့်ထွက်ပြေးသွားကြောင်းသိရပါသည်။သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေး

Sunday, July 7, 2013

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်


8 July 2013

ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်း ဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။ ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင် ဖြစ်သည်။စိုက်ပျိုး၍လည်းရသည်။မျိုးစေ့မှ

Saturday, July 6, 2013

KIA မှ လမ်းအခြေအနေ လိုက်လံကြည့်ရှုသည့် အငယ်တန်းအင်ဂျင်နီယာ တစ်ဦးအားဖမ်းဆီး


7 July 2013

ဇူလိုင်လ (၆)ရက်နေ့က နမ့်တောင်း မုံးပေါ် လမ်းပိုင်း တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ ဦးညီညီခိုင် မှ ဒုံတူးရွာ နှင့် ပိန်းဆိုင် ကျောက်ခင်းလမ်းဆောင်ရွက်ရန်အတွက် လမ်းအခြေအနေအား လိုက်လံ ကြည့်ရှုစဉ် KIA တပ်ရင်း (၃၆)နှင့် တွေ့ဆုံ၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ သတင်းပေးချက်အရ သိရပါသည်။သက်ဆိုင်ရာဒေသခံများနှင့်ဦးညီညီခိုင်အား ပြန်လည်စေလွှတ်ပေးရန်KIAအဖွဲ့သို့ တောင်းဆို ထားသော်လည်း ပြန်လည်စေလွှတ်ပေးခြင်းမရှိကြောင်းသိရပါသည်။ ထို့ကဲ့သို့KIAအဖွဲ့မှ ဦးညီညီခိုင်အား အကြောင်းမဲ့ဖမ်းဆီးထားသောကြောင့် ၄င်းတို့ မိသားစုဝင်များ မှာ စိုးရိမ်ပူပန်နေရကြောင်း သိရပါသည်။

ဆန်ဖရန်ဆစ္စကိုမှာ ဘိုးရင်း ၇၇၇ ပျက်ကျ


7 July 2013

ခရီးသည်၃၀၀ကျော်တင်ဆောင်လာတဲ့Asianaလေကြောင်းလိုင်းကလေယာဉ်တစီးအမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းကယ်လီဖိုးနီးယားပြည်နယ်၊ဆန်ဖရန်ဆစ္စကို နိုင်ငံတကာလေဆိပ်ကိုအဆင်းမှာပျက်ကျ

Thursday, July 4, 2013

သီပေါတွင် ယာဉ်တိုက်မှုကြောင့် လူတစ်ဦးသေ


5 July 2013

ဇူလိုင်က (၄)ရက်နေ့ကသီပေါ ကုန်းသာကျေးရွာ မန္တလေး -လားရှိုးသွားကားလမ်းပေါ်တွင် လားရှိုးမှ မန္တလေးဘက်သို့မောင်နိုင်မောင်းနှင်လာသည့်ဆိုင်ကယ်မထိန်းနိုင်ဘဲတစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ပြင်ဦးလွင်မြို့နေထွန်းထွန်းမောင်းနှင်လာသည့်FOTON(၆)ဘီးယာဉ်အားဝင်ရောက်တိုက်မိ ခဲ့သဖြင့်မောင်နိုင်သည်ဝဲဘက်ပေါင်ကျိုး၊ဇက်ကျိုးဒဏ်ရာများနှင့်အခင်းဖြစ်ပွားရာ နေရာတွင်ပင်  သေဆုံးသွား   ကြောင်းသိရပါသည်။

ခြေထောက် လေးချောင်းပါ ကလေးငယ်ကို ယခုလ ဒုတိယပတ်အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသမည်

5 July 2013
 
 
 
 
 
 
 
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လုံမြို့မှ မွေးရာပါ ခြေထောက် လေးချောင်းပါသုံးလခွဲအရွယ်ကလေးငယ်ကိုယခုလဒုတိယပတ် အတွင်းရန်ကင်းကလေးဆေးရုံကြီးတွင်ခွဲစိတ်ကုသသွားမည်ဖြစ်ကြောင်းရန်ကင်းကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ   အောင်မြင့်လွင်က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ခွဲစိတ်ကုသရန် အတွက် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ်ကုသမှုကို ရန်ကုန်နှင့်

လားရှိုးမြို့ နန်းဟေ၀န်ပန်းခြံတွင် အသက်(၁၇)အရွယ် (၁၀)တန်းကျောင်းသူတစ်ဦးအသတ်ခံရ


4 July 2013



ယနေ့နံနက်၉နာရီအချိန်တွင်လားရှိုးမြို့နန်းဟေ၀န်ပန်းခြံအတွင်း၌၁၇နှစ်အရွယ်မိန်းကလေးတစ်ဦးဓားဒဏ် ရာဖြင့် သေဆုံးနေကြောင်းသိရသည်။၎င်းမိန်းကလေးသည်စည်ပင်ပန်းခြံအတွင်းရှိအုတ်ခုံဘေးတွင် ရင်အုပ်

နန်းခင်ဇေယျာ မြန်မာပြည်မှာ ဘီကီနီဝတ်မည်မဟုတ်

4 July 2013




နန်းခင်ဇေယျာကိုMissInternational2012င်ငံတကာမယ်ပြိုင်ပွဲမှာဘီကီနီတွေ့ခဲ့ရပါတယ်။အဲဒါဟာ ပြည်ပမှာ သွားရောက်ယှဉ်ပြိုင်စဉ်အဲဒီပြိုင်ပွဲရဲ့သတ်မှတ်ချက်တွေအရဝတ်ခဲ့ရတာဖြစ်တယ်လို့နန်းခင်ဇေယျာဆိုပါတယ်။ ဘီကီနီနဲ့ဓာတ်ပုံအရိုက်ခံစဉ်မှာ"ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်သလိုခံစားရတယ်"လို့နန်းခင်ဇေယျာက ပြန်ပြောပြ ပါတယ်။ဒါကြောင့်ဘီကီနီကို မြန်မာပြည်မှာဆိုရင်ဘယ်တော့မှလည်းဝတ်မှာမဟုတ်သလိုဝတ်ပြီးတော့လည်း ဓာတ်ပုံ အရိုက်ခံမှာ မဟုတ်ဘူးလို့ အလှမယ် နန်းခင်ဇေယျာကဆိုပါတယ်။ နန်းခင်ဇေယျာက ကိုးရီးယား ဖက်ရှင်နဲ့ Hot ဖြစ်တဲ့ ဖက်ရှင်ပုံစံတွေကိုကြိုက်ပေမယ့်သူနဲ့ လိုက်ဖက်မယ် မထင်ဘူး လို့လည်း ဆိုပါတယ်။ ဧရာဝတီနဲ့ မကြာသေးခင် တွေ့ဆုံစဉ်မှာ ပြောပြခဲ့တယ်လို့ သိရပပါတယ်။

shannews


နာရေးကူညီမှုအသင်း ကားဖြင့် မင်္ဂလာဆောင်သည့် စုံတွဲ အသိဖြင့် သတိဖြင့် ဘ၀ကို ရင်ဆိုင်မည့်စုံတွဲ


4 July 2013

နာရေးဆိုလျှင်အများကမင်္ဂလာမရှိဘူး။ရှောင်ရင်း၊ရွံ့ရှာစရာအဖြစ်သတ်မှတ်ကြတယ်။ ကြောက်လန့်စရာဟု ထင်မြင်ကြပြီး ဝေးဝေး ပြေးကြပြန်တယ်။အမှန်တော့ဒါတွေကို မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့   ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး ကျော်လွှားနိုင်ရမှာဖြစ်ပါသည်။ 

 ၄.၂.၂၀၁၂ (စနေ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခအာဟာရ စားသောက်ဆိုင်” ၌ နေ့လည် (၁း၀၀) နာရီမှ (၃း၀၀) နာရီအချိ န်တွင် မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့၏ မင်္ဂလာ ဧည့်ခံပွဲအခမ်းအနားကိုနာရေးကူညီမှုအသင်း(ရန်ကုန်)ရှိလူကြီးများမှဦးဆောင်၍ကျင်းပပြုလုပ် ပေးခဲ့သည်။   မောင်ဇင်ဖြိုးအောင်သည်နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်ဋ္ဌာန၌လုပ်ကိုင် ပေးဆပ်လျှက်