Wednesday, July 29, 2015

ကွန်ပျူတာ password မေ့သူများအတွက်

၂၀၁၅ ဇူလိုင် ၂၉ 
ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်

ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာသောအခါ အမှုမဲ့အမှတ်မဲ့နဲ့ မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့ ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုး ကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း သိချင်သူတွေအတွက် နည်းလမ်းလေးများ ဖြစ်နိုင်သလောက် ဖော်ပြပေး လိုက်ရပါတယ်။

ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာ ဂျိုလီ မြန်မာနိုင်ငံသို့ ရောက်ရှိ

ကမ္ဘာကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ အထူးသံတမန်အဖြစ် ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီ သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးနှင့်အတူ တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

Tuesday, July 28, 2015

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ပိုင်ရှင်မဲ့မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၂၀၁၅ ဇူလိုင် ၂၉




ဖုန်းအား ကြိုးမဲ့သွင်းနိုင်တဲ့ မော်နီတာကို Samsung က ထုတ်လုပ်

၂၀၁၅ ဇူလိုင် ၂၉

samsung1

SE370 လို့ အမည်ရတဲ့ မော်နီတာ အမျိုးအစား အသစ်ကို Samsung မှ မိတ်ဆက်ခဲ့ပါတယ်။ သူ့ထူးခြားချက် အနေနဲ့ကတော့ ဖုန်းများကို ကြိုးမဲ့ အားသွင်းနိုင်ပြီး ကမ္ဘာ့ပထမဆုံး ကြိုးမဲ့ ဖုန်းအား သွင်းနိုင်တဲ့ မော်နီတာလို့ ဆိုထားပါတယ်။

ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲနှင့် (၄၃)နှစ်မြောက် တိုင်း နှစ်ပတ်လည်နေ့ ထူးချွန်ဆု ပေးပွဲ ကျင်းပ ပြုလုပ်

ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲနှင့် (၄၃)နှစ်မြောက် တိုင်း နှစ်ပတ်လည်နေ့ ထူးချွန်ဆု ပေးပွဲ ကျင်းပ ပြုလုပ်

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ခန်းမ၌ ကျင်းပပြုလုပ်ရာ
နိုင်ငံတော် သြဝါဒါစရိယ လားရှိုးမြို့ ကန်မိန်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တမုနိန္ဒ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တက်ရောက်လာကြသူများသည် ဘဒ္ဒန္တမုနိန္ဒထံမှ ငါးပါးသီလခံယူ ဆောက် တည်ကြကာ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်တော် မူကြပြီး ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

1st Miss Universe Lashio 2015

 Miss Universe Lashio 2015 ရွေးချယ်ပွဲကို
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်ည၊ လားရှိုးမြို့ တော်ခန်းမ၌ အရောင်အသွေး စုံလင်ပျော်ရွှင် စွာ ရွေးချယ်ခဲ့ရာ

လားရှိုးမြို့တွင် နေဝန်းနီရဲ့ "ယာ" လက်ရုံး တန်ဖိုးသင့်ထမင်းဆိုင် အဖွဲ့ခွဲ ထပ်မံဖွင့်လှစ်

မြောက်ဥက္ကလာပမြို့နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ် စာသင်ကျောင်းသုံးကျောင်းနှင့် လူနေအိမ် ၁ဝဝ ကျော် ပျက်စီးဆုံးရှုံး၊ တစ်ဦးဒဏ်ရာရ

၂၀၁၅ ဇူလိုင် ၂၈

ရန်ကုန် ဇူလိုင် ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် အတွင်းသို့ ယနေ့နံနက် ၁နာရီခန့် တွင် လေဆင်နှာ မောင်းဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရပ်ကွက်အချို့ရှိ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ လူမှုရေးအသင်း အဆောက်အအုံများမှ အမိုးများလေထဲလွင့်ပါ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး သစ်ပင်များမှာ လမ်းမများပေါ်နှင့် လူနေအိမ် များပေါ်သို့ ပြိုလဲခဲ့သည်။

Sunday, July 26, 2015

မိုးအဆက်မပြတ်ရွာသွန်း သီပေါတွင် သက်တမ်းရင့် တံတားကျိုး

၂၀၁၅ ဇူလိုင် ၂၆


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မိုးသည်ထန်စွာ ရွာသွန်း မှုကြောင့် နှစ်ပေါင်း (၁၀၀)ကျော်ခန့်ရှိ ရှေးဟောင်း ကွန်ကရစ်တံတား တစ်စင်း ကျိုးကျကာ လူတစ်ချို့ရေထဲမျောပါသွားပြီး ၄င်းတို့ထဲမှ (၃)ဦးသေဆုံးသွားကြောင်း ကယ်ဆယ်ရေး လုပ်နေသူများ က ပြောသည်။

Friday, July 24, 2015

ရွှေလီမြစ်ဝှမ်းဒေသ၌ ရေကြီး ပျက်စီးရှုံးဆုံးမှုများပြား

၂၀၁၅ ဇူလိုင် ၂၅


ဂျူလိုင်လ ၂၄ ရက် ၂၀၁၅

မြန်မာနိုင်ငံ (ရှမ်းပြည်နယ်မြောက်ပိုင်း)နှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသ ဖြစ်သော ထုန့်မော(၀်)  ခေါ် ရွှေလီမြစ်ဝှမ်းဒေသ၌ ရေကြီးမှု ကြောင့် ပျက်စီးရှုံးဆုံးမှုများကြောင်း သတင်းရရှိသည်။

မူဆယ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျရာမှ လူငယ်တစ်ဦးသေဆုံး

၂၀၁၅ ဇူလိုင် ၂၅

မူဆယ် ဇူလိုင် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု ၁ဝ၅မိုင်၌ ဇူလိုင် ၂၄ ရက် နံနက် ၄ နာရီ က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်အတွင်းရှိ(Green Luck)ဂရင်းလပ်ဆီဆိုင်ပိုင် အုတ်တံတိုင်း ပြိုကျခဲ့ရာ ဒေသခံလူငယ်တစ်ဦး သေဆုံးကြောင်း သိရသည်။

သီပေါမြို့နယ်ရှိ ဘော်ကြိုဘုရားကြီျးေကျာင်းတိုက် အတွင်း၌ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တူးဖော်တွေ့ရှိ

၂၀၁၅ ဇူလိုင် ၂၅
သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာ၊ သမိုင်းဝင်ဘော်ကြို(မုဋ္ဌော)  စေတီတော်မြတ်ကြီးရှိရာ ဘော်ကြိုဘုရား ကြီး ကျောင်းတိုက်အတွင်း အရှေ့မြောက်ဘက်မြေနေရာလွတ်၌ ဒေသခံပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဓာတ်ပေါင်းစု ဂန္ဓကုဋီတိုက် ၂ ထပ်ကျောင်းဆောင် ဆောက်လုပ်ရန် ကျောင်းထိုင်ဆရာတော် နိုင်ငံတော် ဓမ္မကထိက ဘဒ္ဒန္တဒေ၀ိန္ဒ(MA သီရိလင်္ကာ)၏ ဦးဆောင်မှုဖြင့် မြေနေရာအား ပန္နက်ရိုက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၂ရက်နေ့မှ စတင်၍ မြေတူးဖော်ခဲ့ရာ အဆောက်အဦ ဆောက်လုပ်မည့် အလယ်နေရာ မြေကျင်း အမှတ် (၂၊၃၊၄) တို့အား တူးဖော်စဉ် အနက် ၂ပေခန့်အရောက်တွင် အုတ်ရိုးဖြင့် ဋ္ဌာပနာ ပြုလုပ်ထားသည့် ဥာဏ်တော် ၄လက်မ မှ ၁၅လက်မခန့်အထိ ဥာဏ်တော်စုံ ရှေးဟောင်းဆင်းတု (ငွေ/ကြေး) ဗုဒ္ဓရုပ်ပွားတော်မျိုးစုံ (မြန်မာသက္ကရာဇ် ၁၂၄၂ ခုနှစ်ခန့်မှ) အကောင်း ၂၂၉ဆူ၊ အပျက် ၇၀ဆူ၊ စုစုပေါင်း ၂၉၉ဆူအား ဇူလိုင်လ ၂၄ ရက် နေ့တွင် တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

ဘိန်းဖြူများ ကျောက်မဲဂိတ်တွင် ဖမ်းမိ

၂၀၁၅ ဇူလိုင် ၂၄
 
 Drugရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မှ မန္တလေးမြို့သို့ သွားရောက်မည့် ယာဉ်မောင်း အိုက်မောင်(ခ) ကိုမောင် အသက် (၃၀)နှစ် မောင်းနှင်လာသည့် Pajero အမျိုးအစား ယဉ်အမှတ် 7D/ 9427 ကို ယနေ့နံနက် က  ကျောက်မဲ တိုးလ်ဂိတ်တွင် ကျောက်မဲ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မင်းမင်း နှင့် နယ် ထိန်း တပ်ဖွဲ့ဝင်များ၊ နေပြည်တော် မူးယစ်တပ်ဖွဲ့စုမှ ဒုရဲအုပ်မျိုးမင်းထွန်း ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရာ ယာဉ်အတွင်းသို့ ဝှက်သယ်ဆောင်လာသော ရောင်စုံဆပ်ပြာခွက် (၂၄၂)ခွက် အတွင်းမှ၊ စုစုပေါင်း အလေး ချိန် (၂.၉၀၄) ကီလိုဂရမ်ရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း ကျောက်မဲမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

Credit==>ဧရာဝတီ

Thursday, July 23, 2015

မြင်းမူမြို့နယ်အတွင်းရှိ မူးမြစ်ရေ၀င်ရောက်သည့် ကျေးရွာများမှ ပြည်သူများအား ကယ်ဆယ်ပြောင်းရွှေ့ပေးလျက်ရှိ


မြင်းမူ ဇူလိုင် ၂၃

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မူးမြစ်ရေဝင်ရောက်ခဲ့သည့် မြင်းမူမြို့နယ် ကျေးရွာအချို့အား ကယ်ဆယ်ရေးနှင့် ရွှေ့ပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မူးမြစ်ရေ ဝင်ရောက်ခဲ့သည့် မြင်းမူမြို့နယ် သပြေသာကျေးရွာကို မြင်းမူမြို့နယ်မှ ပျော့ကျေးရွာနှင့် စစ်ကိုင်းမြို့နယ် မှ ပေါက်ကားကျေးရွာ၊ ညောင်ပင်ဝန်းကျေးရွာများသို့ လည်းကောင်း၊  မေဂျာကျေးရွာမှ  ပြည်သူများအား
ညောင်မြစ်ကျေးရွာ၏ တောင်ဘက်ရှိ ကုန်းမြင့်သို့လည်းကောင်း၊ ပုံညာကျေးရွာမှ ပြည်သူများအား မကျီးကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း ပြောင်းရွှေ့ ပေးခဲ့ပြီးဖြစ်သည်။

သမီးကို တရုတ်နိုင်ငံသားထံ ဇနီးမယားအဖြစ်ရောင်းစားမှု တာဝန်သိပြည်သူတို့က ကြည့်မြင်တိုင်ရဲစခန်းသို့ တိုင်ကြား

24 July 2015 
ဇနီးမယားဝယ်ယူတဲ့ လူကုန်ကူးသူ တရုတ်နိုင်ငံသားလေးဦး။ ဓါတ်ပုံ - Law Black (FB)
ရန်ကုန် ဇူလိုင် ၂၃
ဇူလိုင် ၂၂ ရက် ည ၁ဝ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် သီတာရပ်ကွက်၊ ကုက္ကိုလမ်းအမှတ် (၆/ခ) တွင် နေထိုင်သူ ဒေါ်စန်းထွေးသည် သမီးဖြစ်သူ မယုယုထွေး (၂ဝနှစ်) ကို တရုတ်နိုင်ငံသားတစ်ဦး ထံ ငွေကျပ် သိန်း ၃ဝ ဖြင့် ဇနီးမယားအဖြစ် ရောင်းချခဲ့ကြောင်း ယင်းရပ်ကွက်နေ တာဝန်သိ ပြည်သူ အချို့က ကြည့်မြင်တိုင်မြို့မရဲစခန်းသို့ ဖုန်းဖြင့် တိုင်ကြားခဲ့သည်။

လားရှိုးမြို့ တွင် Miss Universe Lashio 2015 ရွေးချယ်ပွဲ ကျင်းပမည်

Lashio News Diary's photo.
၂၀၁၅ ဇူလိုင် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ တွင် ရန်ကုန်မြို့ အခြေစိုက် Double Dream Entertainment မှ Miss Universe Lashio 2015 ရွေးချယ်ပွဲကို လားရှိုးမြို့ တော်ခန်းမ၌ ဇူလိုင်လ ၂၆ ရက်၊ ညနေပိုင်း ၅ နာရီမှ ၉ နာရီ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။လျှောက်လွှာပေါင်း ၁၀၀ ကျော်ကနေ ပြိုင်ပွဲဝင် အယောက် ၄၀ ကို ရွေးချယ်ပြီး အဆင့်ဆင့်အကဲဖြတ်ပြီးတော့ သူတို့ ထဲက ၂၀ ဦးကို စင်တင်ရွေးချယ်မှာ ဖြစ်ပါတယ်။

Wednesday, July 22, 2015

သက်ရှိတွေနေထိုင်နေဖွယ်ရှိတဲ့ ဂြိုလ်တစ်ခုကို NASA တွေ့ရှိထား


The Kepler လို့ ခေါ်တဲ့ အာကာသ ယာဉ်တစ်ခုကို ၂၀၀၉ ခုနှစ်မှာ စတင် လွှတ်တင်ခဲ့ပြီး အာကာသထဲမှာ သက်ရှိတွေ ရှိနေသေးလားဆိုတာကို ရှာဖွေလေ့လာခဲ့ကြပါတယ်။
 
ပလူတိုဂြိုလ်ရဲ့ ပထမဆုံး ဓါတ်ပုံတွေ ရိုက်ကူးဖို့မဟုတ်ပဲ၊ မားစ်ဂြိုလ်ပေါ်မှာ ပိရမစ်တွေ ရှာဖွေကြည့်ဖို့ မဟုတ်ပဲ ၊ NASA ဟာ သက်ရှိတွေနေထိုင်နေတဲ့ ဂြိုလ်တစ်ခုကို ကျယ်ပြန့်လှတဲ့ အာကာသထဲမှာ ရှာဖွေဖို့အတွက် ဒီ စစ်ဆင်ရေးကို စတင်ခဲ့တာပါ။

အခုချိန်မှာတော့ အာကာသ လေ့လာရေး အေဂျင်စီ တစ်ခုဖြစ်တဲ့ NASA ဟာ The Kepler အာကာသ လေ့လာရေး ခရီးစဉ် ရဲ့ သက်ရှိရှာဖွေရေး စစ်ဆင်ရေးကနေ တွေ့ရှိလာတဲ့ ရလဒ်တွေကို သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ပြီး ဖော်ပြသွားမယ်လို့ ဆိုပါတယ်။

ထို ကြေညာမှုကိုတော့ ဇူလိုင် ၂၃ ရက် ကြာသပတေးနေ့ ညနေ ၄ နာရီမှာ ပြုလုပ်မှာ ဖြစ်ပြီး အာကာသထဲမှာ သက်ရှိတွေနေထိုင်နေတဲ့ ဒုတိယ မြောက် ကမ္ဘာကို ရှာဖွေတွေ့ရှိမှုကိုပါ ကြေညာ သွားဖွယ်ရှိနေပါတယ်။

ထို The Kepler အာကာသ ယာဉ်ကို စတင် လွှတ်တင်လိုက်ကတည်းက အာကာသယာဉ်ဟာ ဂြိုလ်ပေါင်း ၁၀၂၈ ခုကို လေ့လာခဲ့ပြီး အဲဒီထဲကမှ ၂၂ ခုက သက်ရှိတွေနဲ့ သင့်တော်နေတာ ကို တွေ့ရှိခဲ့တာ  ဖြစ်ပါတယ်။ NASA ဟာ ထို သက်ရှိတွေ နေထိုင်နေတဲ့ ဂြိုလ်ကို ရေတွေတည်ရှိနိုင် မယ့်မျက်နှာပြင်အပူချိန်မျိုးရှိတဲ့ ၊ ကြယ်တစ်ခု နဲ့ လုံလောက်တဲ့ အကွာအဝေးရှိတဲ့ ဂြိုလ်မျိုးကို သတ်မှတ် ခဲ့တာပဲ ဖြစ်ပါတယ်။
 
Ref : Mirror

KIA ကချင် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့မှ အသံမိုင်းထောင် ဖောက်ခွဲခြိမ်းခြောက်

မူဆယ်မြို့ ဟိုနားရပ်ကွက် မြို့ပတ်လမ်းရှိ ဆန်ဂိုဒေါင်ရှေ့ အုတ်တံတိုင်း အောက်ခြေတွင် မိုင်းကွဲသည့်နေရာကို တွေ့မြင်ရစဉ်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မြို့ပတ်လမ်း၊ အကွက်အမှတ် (၁ဝဝ)ဘက်၌ ဇူလိုင် ၂ဝ ရက်ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲသံ တစ်ချက် ကြားသဖြင့် နယ်မြေခံတပ်မှ သွားရောက် စစ်ဆေးရာ ဒေါ်အေးယေ့ ၄၆ နှစ် ပိုင်ဆိုင်သော ဆန်ဂိုဒေါင်ရှိ အုတ်တံတိုင်း အောက်ခြေတွင် အလျား ၈ လက်မ၊ အနံ ၃ လက်မခန့်ရှိ အပေါက်တစ်ခု ပေါက်နေကြောင်း စစ်ဆေး တွေ့ရှိရသည်။

Tuesday, July 21, 2015

ပြင်ဦးလွင်မြို့တွင် ပစ္စည်းလုယူသူများအား ဖမ်းဆီးရမိ

ပြင်ဦးလွင် ဇူလိုင် ၂ဝ
ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၇)နေ မခိုင်လေး(၁၈ နှစ်)သည် သူငယ်ချင်းဖြစ်သူ သက်ဝေအောင်နှင့် အတူ ဆိုင်ကယ်ဖြင့် ပြင်ဦးလွင်မြို့ ဂန္ဓမာအဝိုင်းဘက်မှ ကန်တော်ကြီးဥယျာဉ်ဘက်သို့ မောင်းနှင်လာစဉ် ဇူလိုင် ၁၅ ရက် ည ၁ဝ နာရီခန့်က ကန်တော်ကြီး ကန်ပေါင်အနီး အရောက်၌ မျက်နှာဖုံးများ အုပ်ထားသည့် အသက် ၂ဝ ခန့်ရှိ လူငယ်သုံး၊ လေးဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် လမ်းကိုပိတ်ရပ်၍ သက်ဝေအောင်၏ ပိုက်ဆံအိတ် (ငွေစက္ကူရောရာ ကျပ် ၄ဝဝဝဝ- နိုင်ငံသားစိစစ်ရေး ကတ်ပါ) အားနှိုက်ယူပြီး မခိုင်လေး၏ လည်ပင်းတွင် ဆွဲထားသည့် ရွှေအလေးချိန် ခုနစ်ပဲခန့်ရှိ ရွှေဘယက်တစ်ကုံးအား ဖြုတ်ယူခြင်း၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို ဆွဲယူပြီး ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့သည်။

Monday, July 20, 2015

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးတွင် သမ္ဗုဒ္ဓေဘေးရန်ကင်းစေတီတော်တည်ထားရန် ပန္နက်တော်တင် အခမ်းအနား

၂၀၁၅ ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် စကားအင်းလမ်းအသုံးပြုခ ကောက်ခံရေးဂိတ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးမှာ ယာဉ်မတော်တဆမှုများ  ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ပြီး သမ္ဗုဒ္ဓေဘေးရန်ကင်းစေတီတော် တည်ထားရန် ပန္နက်တော်တင် အခမ်းအနားကို ဇူလိုင်လ (၁၈)ရက်နေ့ ကပြုလုပ်ခဲ့ပါသည်။

နေ၀န်းနီ တန်ဖိုးသင့် ထမင်းဆိုင် ဖွင့်လှစ်

ဇူလိုင် ၁၉
လားရှိုးမြို့တွင် အများပြည်သူ စားသုံးနိုင်ရန်အတွက် နေ၀န်းနီ တန်းဖိုးသင့် ထမင်းဆိုင်မှ ထမင်းတစ်ပွဲလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျှက်ရှိပါသည်။

Saturday, July 18, 2015

Router အကြောင်းသိကောင်းစရာ

Router ဆိုတာကိုအရင်ပထမဆုံးရှင်းပြပါ့မယ်..ဒါမှသာ Router Function ကိုနားလည်ပြီး ဆက်ဖတ်လို့ ရမှာ ဖြစ်ပါတယ်.....နောက်ပြီးလူပြောများတဲ့ Router ဆိုတာဘာလဲဆိုတာကို ကျွန်တော်နားလည် သလောက် ရှင်းပြထားတာဖြစ်ပါတယ်...

Cisco နည်းပညာသုံး Linksys firewall Router တစ်လုံးအားတွေ့ ရပုံ

အဆုတ်ကို ကန်စွန်းရွက်ပြုတ်ရည်က သန့်ရှင်းပေးနိုင်

၂၀၁၅ ဂျူလိုင် ၁၆
 
 
ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ် အပူ များနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။
လိုအပ်သောပစ္စည်းများ ကန်စွန်းရွက် (၁) Kg( အရိုးကိုပါ အသုံးပြုပါ။) ပျားရည် (၄၀၀) ဂရမ် ရေ (၄)လီတာမျှ ရေကောင်းကောင်းဆန့်သည့် အိုးကြီး (၁)အိုး ပြုလုပ်နည်း
အထက်ပါပစ္စည်းများ အားလုံးရော၍ မီးမျှင်းမျှင်းနှင့် (၄) နာရီကြာ တည်ပါ။ အဖတ်များကို စစ်၍ ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲတွင် (၂-၃)ရက်ထားပါ။ မိသားစု (၁)ဦးချင်း တစ်နေ့(၁)ခွက် သောက်ရပါမည်။  အကျိုးသက်ရောက်ပုံများမှာ

Friday, July 17, 2015

KIA အဖွဲ့ ထောင်ထားသော မိုင်းနင်းမိ၍ တောင်သူ (၁)ဦးသေဆုံးခြင်း

မုံးကိုး-ဖောင်းဆိုင်သွား   ကားလမ်းမှ   မန်ယန်းလမ်းခွဲတွင်   ဇူလိုင်လ  ၁၆  ရက်နေ့ ညနေ   ၆  နာရီခန့် တွင်  တောင်ယာမှ ပြန်လာသော ရွာသား  ၂ ဦးသည် KIA အဖွဲ့ ထောင်ထားသော နင်းမိုင်း  ၁ လုံးနင်းမိ ၍  ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း  သိရှိရပါသည်။
          
မန်ယန်းကျေးရွာသား ရင်ထန့်နှင့် ဟာချော်တို့နှစ်ဦးသည် ဇူလိုင်လ  ၁၆ ရက်နေ့ ညနေ ၆ နာ၇ီခန့် တွင်  တောင်ယာမှ ရွာသို့ပြန်လာရာ  မုံးကိုး-ဖောင်းဆိုင်သွားကားလမ်းနှင့် မန်ယန်းကျေးရွာ လမ်းခွဲသို့ ရောက်ရှိစဉ် ရင်ထန့်မှ လမ်း၏ညာဘက်ဘေးတွင် KIA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ၍ ၄င်းနေရာတွင်ပင် မိုင်းဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး  ၄င်းနှင့်အတူပါလာသော ဟာချော်မှာ ခြေထောက်၊ ၀မ်းဗိုက်တို့တွင် မိုင်းစများထိမှန် ဒဏ်ရာရရှိခဲ့ပါသည်။

၎င်းဒေသသည် KIA အဖွဲ့ လှုပ်ရှားရာဒေသဖြစ်ပြီး ဒေသခံပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန် ကျးရွာများအနီးတွင် မိုင်းထောင်ခြင်းများ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ပစ်ခတ်ခြင်းများပြု လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

KIO/KIA အဖွဲ့ မူဆယ်မြို့ပေါ်ရှိ ဘဏ်များသို့ ဆက်ကြေးတောင်းခံစာပေးပို့ခြင်း

2015 July 17
မူဆယ်မြို့ပေါ်ရှိ MOBဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ရိုးမဘဏ်၊ ယူနိုက်တက်အမရဘဏ် များနှင့် CBဘဏ်များသို့ KIO/KIA (ကချင်)သောင်းကျန်းသူအဖွဲ့မှ ဆက်ကြေးတောင်းခံစာများအား ဇူလိုင်လ  ၁၅ ရက်နေ့ ညပိုင်းတွင် ဘဏ်များရှိ ညစောင့်များထံသို့ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

ဇူလိုင် ၁၅ ရက်နေ့ ည ၉နာရီခန့်တွင် မူဆယ်မြို့၊ တောင်ရပ်ကွက်၊  ပြည်ထောင်စုလမ်းတွင်ရှိသော CB ဘဏ်၌ ညစောင့်ဝန်ထမ်း လုံခြုံရေးဝန်ထမ်းထံသို့ မြို့တွင်းနာရီစင်ဘက်မှ ဆိုင်ကယ်စီးနင်းလာသည့် အမည်မသိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်ပေါ်မှ စာတစ်စောင် အားပစ်ချ၍ စွမ်စော်ရပ်ကွက် ဘက်သို့ ဆက်လက်မောင်းနှင်ထွက်ခွာ သွားသဖြင့် ညစောင့်ဝန်ထမ်းမှ ၄င်းစာအား ကောက်ယူဖတ်ရှု ကြည့်ရာ KIO/KIA သောင်းကျန်းသူအဖွဲ့၏ ဆက်ကြေးတောင်းခံစာ ဖြစ်နေကြောင်း၊ အလားတူ မူဆယ်မြို့ပေါ်ရှိ MOBဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ရိုးမဘဏ်နှင့် ယူနိုက်တက်အမရ ဘဏ် များသို့လည်း အကြောင်းကြားစာများ ပေးပို့ထားကြောင်းသိရှိရသည်။

ကျောက်မဲမြို့နယ်ရှိ သတ္တုတူးဖော်ရေးကုမ္ပဏီများအား TNLA (ပလောင်)အဖွဲ့မှဆက်ကြေးတောင်း

2015 July 17















ဇူလိုင်လ ၁၅ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသိ င်္ဂီကျေးရွာရှိ `လင်းပြည့်´ သတ္တုတူးဖော်ရေး ကုမ္ပဏီ၊ ကုလားကွဲကျေးရွာအုပ်စု၊ နားမွန်ကျေးရွာရှိ `စန်းမြန်မာ´ သတ္တုတူးဖော်ရေးကုမ္ပဏီ နှင့် နားယုတ်ကျေးရွာရှိ `ဟော်ထိုက်´ သတ္တုတူးဖော်ရေးကုမ္ပဏီများသို့ TNLA (ပလောင်) အဖွဲ့၊တပ်ရင်း (၇၁၇)မှ ပလောင် လူမျိုးတစ်ဦးအား စေလွှတ်၍ ကုမ္ပဏီတစ်ခုလျှင် ငွေကျပ်  သိန်း ၂၀၀ စီဖြင့် ဇူလိုင်၁၇ ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ ပန်ဝိုးကျေးရွာသို့ မပျက်မကွက် လာရာက် ပေးသွင်းရန်နှင့် ပျက်ကွက်ပါက ၀န်ထမ်းများအား ၄င်းသောင်းကျန်းသူအဖွဲ့မှ လာရောက် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကာ ဆက်ကြေးတောင်းခံထား ကြောင်းသိရှိရပါသည်။

Thursday, July 16, 2015

ကြိုသုံးချေးငွေကို Telenor က ပမာဏတိုးမြှင့်

၂၀၁၅ ဂျူလိုင် ၁၆

Telenor သည် ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းများအတွက် ငွေလက်ကျန်မရှိသည့်အခါ ကြိုသုံးချေငွေအဖြစ် ၇၀၀ ကျပ် ချေးယူနိုင်ရန် စတင်ခွင့်ပြုလိုက်သည်ဟု သိရသည်။ ယခင်က ၅၀၀ ကျပ်သာ ကြိုသုံးချေးငွေ အဖြစ် ပေးအပ်ခဲ့သော်လည်း စက်တင်ဘာလ ၃၀ ရက်အထိ ကြိုသုံးချေးငွေကို ၇၀၀ ကျပ်အထိ တိုးမြှင့်ပေး အပ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
ကြိုသုံးချေးငွေအတွက် ၀န်ဆောင်ခ ၅ ရာခိုင်နှုန်း ကောက်ခံလျက်ရှိသော်လည်း ကန့်သတ်ကာလအတွင်း ကြိုသုံးချေးငွေ ၇၀၀ ကျပ် ရယူအသုံးပြုပါက ၀န်ဆောင်ခကို ၂၅ ကျပ်အဖြစ် ပြောင်းလဲကောက်ခံမည်ဟု Telenor က ကြေညာထားသည်။ ကြိုသုံးချေးငွေ ရယူအသုံးပြုသူများသည် ဘီလ်ပြန်လည်ဖြည့်သွင်း သည့်အခါ ချေးငွေပြန်လည် ဖြတ်တောက်ခံရမည်ဖြစ်ပြီး အဆိုပါ ကြိုသုံးချေးငွေကို ရယူအသုံးပြုလိုပါက *500# ဟု ရိုက်နှိပ်ခေါ်ဆိုရမည်ဟု သိရသည်။

မျှစ်၏စွမ်းပကား





(၁) အစာခြေစနစ်ကျန်းမာ ခြင်းမျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေ ပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါ တယ်။

(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ကို လျော့ ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၃) ပိုးသတ် အာနိသင်ရှိခြင်း မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။

How to Hack the BIOS Password using by CMD Mode ?

                       

ကျွန်တော်တို့ Password တွေကိုကျော်ကြတဲ့နည်းပေါင်းစုံတွေ

ထဲမှာမှ အခုကျွန်တော်ပြောချင်တာက BIOS Password ကို

ကျော်မယ့်နည်းလေးပါ။ Desktop Computer မှာဆိုရင်တော့

ရှော့မရှိဘူးပေါ့ CMOS Battery ကိုဖြုတ်ပီး မိနစ် ၃၀ လောက်

ထားလိုက်ရင် BIOS Password က ပြုတ်သွားပါလိမ့်မယ်

နောက်တစ်နည်းကတော့ CMOS Jumper လေးကို နေရာ
ရွှေ့ပေးလိုက်ရုံပေါ့….

Software မသုံးဘဲ စက်ထဲမှာ Virus ရှိမရှိကြည့်နည်း


Software မသုံးဘဲ သင့်ရဲ့ PC မှာ Virus ရှိမရှိ ကြည့်နည်းလေးကို တင်ပေးလိုက်ပါတယ် မိတ်ဆွေများ ဝမ်းသာကြမယ်ထင်ပါတယ်။ ဒီပြဿ    နာကို Kernel32.dll အကြောင်းလေ့လာ ရင်း တွေ့ ရတဲ့ ဗဟုသုတပါ။ ဒီ kernel32.dll ပျက်နေတဲ့ စက်တွေမှာ Virus သတ်တဲ့ Software တွေ Install လုပ်ရခက်ပါတယ်။ ဒီတော့ ဒီပြဿ နာ ကိုဘယ်လိုရှင်းမလဲ ဆိုတဲ့ ဆောင်းပါးကို ရှုဖတ်ရင်းကနေ တွေ့ ရတဲ့ ရလဒ်လေးကို မျှဝေပေးလိုက်ပါတယ်။