Friday, May 29, 2015

TNLA ပလောင်အဖွဲ့မှ ကွက်ခိုင်မြို့နယ်အတွင်း ဆက်ကြေးကောက်

2015 May 26















TNLA(ပလောင်)သူဖုန်အဖွဲ့မှ အင်အား ၇ ဦးသည် မေလ ၂၁ ရက်နေ့နေ့လည်၂ နာရီခန့်တွင် ကွက်ခိုင်မြို့နယ် လွယ်ကန်ကျေးရွာအုပ်စု ၊ မန်ဂျတ်စုစည်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် နမ့်ဖတ်ကာရွာမှ ရွာသူ/သား  ၅ ဦး အား ခေါ်ယူတွေ့ဆုံ၍ ဆက်ကြေးငွေနှင့် ရိက္ခာဆန်များတောင်းခံခဲ့ကြောင်းသိရသည်။

RCSS/SSA(ရွက်ဆစ်)အဖွဲ့မှ သီပေါမြို့တွင်ဆက်ကြေးကောက်

2015 May 26














 သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်၊ နယ်မြေ(၁၀)တွင် နေထိုင်သော ပရိဘောဂလုပ်ငန်းလုပ်ကိုင်သူ ဦးစိုး ဆိုသူ၏ နေအိမ်သို့ SSA(ရွက်ဆစ်)အဖွဲ့မှ အင်အား (၃)ဦးသည် အရပ်ဝတ်များဝတ်ဆင်လျက် ဆိုင်ကယ်(၂)စီးဖြင့် မေလ ၁၉ရက်နေ့လည်တွင်ရောက်ရှိလာပြီး ပရိဘောဂလုပ်ငန်းအတွက် ဆက်ကြေးငွေ ၅ သိန်းပေးဆောင်ရန်နှင့် ပေးဆောင်နိုင်ခြင်းမရှိက ပရိဘောဂလုပ်ငန်းဆက်လက်လုပ်ကိုင်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုကာ ဆက်ကြေးငွေ တောင်းခံကြောင်းသိရသည်။

KIA အဖွဲ့မှ ကွတ်ခိုင်မြို့ပေါ်ရှိ ကားဂိတ်များတွင် ဆက်ကြေးကောက်ခံခြင်း

2015 May 22



















ယခုကာလအတွင်း မူဆယ်မြို့နှင့် မူဆယ်-မန္တလေးသွား ကားလမ်းမကြီးတစ်လျောက်တွင် ဆက်ကြေးကောက်တွင် ဆက်ကြေးကောက်ခံနေသည့် TNLA ပလောင်အဖွဲ့နှင့် KIA ကချင်အဖွဲ့တို့သည် ၄င်းတို့၏ လူနည်းစုကောင်းစားရေး အတွက် လက်နက်ကိုင်ပြီး အနိုင်ကျင့် ဗိုလ်ကျနေ သည်ကို ဒေသခံပြည်သူများသာမက စီးပွားရေး လုပ်ငန်းရှင်များပါ စိုးရိမ်သောက ရောက်နေကြပါသည်။

Tuesday, May 19, 2015

ဓါးပြတိုက် ရမ်းကားနေသော TNLA သူပုန်များအဖွဲ့















 2015 Mya 18

TNLA သောင်းကျန်းသူအဖွဲ့သည် တအာင်း(ပလောင်)လူမျိုးများအား အခြေခံထားသော လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့ဖြစ်ပါသည်။ ၄င်းသောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းေ ဒသရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း စသည့်မြို့နယ် များရှိ ကျေးရွာ များတွင် ဖြန့်ခွဲလှုပ်ရှားလျက်ရှိပါသည်။ ၄င်းသောင်းကျန်းသူအဖွဲ့ အနေဖြင့် ဒေသခံကျေးရွာများအား ဆက်ကြေးကောက်ခံခြင်း၊ ရိက္ခာ တောင်းခံခြင်း၊ အတင်းအဓ္ဓမလူသစ်စုဆောင်း ခြင်း၊ မူးယစ်ဆေးဝါးအကြောင်းပြ၍ ဒေသခံများအား နိုင်ထက်စီးနင်းပြုကျင့်ခြင်း၊ ကွတ်ခိုင်-မူဆယ် ပြည်ထောင် စုကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျှက်ရှိသော ကားများအား ဆက်ကြေးငွေ တောင်းခံခြင်းများဖြင့် ရပ်တည်လျက်ရှိပါသည်။

Tuesday, May 12, 2015

TNLA ပလောင်အဖွဲ့မှ မူဆယ်မြို့ပေါ်ရှိ ယာဉ်လိုင်းများအား ဆက်ကြေးကောက်ခံ

2015 May 10














မူဆယ်မြို့ပေါ်ရှိ ယာဉ်လိုင်းများဖြစ်သော မြတ်မန္တလာထွန်း၊ GI ၊ ဓူဝံ နှင့် AA ယာဉ်လိုင်းများထံသို့ TNLA ပလောင် အဖွဲ့မှ နော်ဒမ်းဆိုသူမှ မေလ ၈ ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူပြီး အဆိုပါယာဉ်လိုင်းများမှ ယာဉ်အရေ အတွက်အလိုက် ယာဉ်တစ်စီးလျှင် ငွေကျပ် နှစ်သိန်းနှုန်းအား ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာ ကျေးရွာအနီးသို့ လာရောက်ပေးသွင်းရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။ 

Sunday, May 3, 2015

မူဆယ်-လားရှိုးလမ်းပေါ်တွင် သွားလာနေသော ယာဉ်များအားTNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့်ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင်ပါလာသူများ ဒဏ်ရာရရှိခဲ့

1 May 2015

 







ယခုရက်ပိုင်းအတွင်း TNLA (ပလောင်)အဖွဲ့များသည် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသော ယာဉ်များအား ဆက်ကြေးကောက်ခံခြင်း၊     နှောက်ယှက်ပစ်ခတ်ခြင်းများကြောင့်     ယာဉ်မောင်း ၁ ဦး နှင့် အမျိုးသမီး ၁ ဦးဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေကြောင်းသိရသည်။

TNLAအဖွဲ့၏ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နေထိုင်သူ ယာဉ်မောင်း ဦးစိုးမိုးတရုတ်/ဗုဒ္ဒမှာဘယ်ဘက်         ချိုင်းအောက်တွင်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။