Monday, March 31, 2014

KIA အဖွဲ့မှ မန်စီမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းအား ခြိမ်းခြောက်တားဆီး

31 March 2014

KIA အဖွဲ့သည် ကချင်ပြည်နယ် မန်စီမြို့(နမ့်ကောက်)ရှိ KIA တပ်ရင်း (၁၂)ရုံး၌ မတ် ၂၈ ရက်နေ့ ညနေ ၃ နာရီတွင် သန်းခေါင်စာရင်းကောက်ယူသည့် ကိစ္စနှင့်ပတ်သက်ပြီး အစည်းအဝေးပြုလုပ် ခဲ့ကြောင်း သိရသည်။ 

ထိုအစည်းအဝေးတွင်မဘိမ်းမြို့နယ်တုံကွာကျေးရွာအုပ်စု၊ စီပိန်းကျေးရွာအုပ်စုနှင့် လ၀ါကျေးရွာ အုပ်စု များတွင်သန်းခေါင်စာရင်း  ကောက်ယူခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်ခြင်းအားခွင့်မပြုရန်ဆုံးဖြတ်

Sunday, March 23, 2014

ဂျူးဖူး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

24 March 201

ချိုမြပြီး ကြက်သွန်နီလို အနံ့မျိုးရှိတဲ့ ဂျူးဖူးကို အသားတွေ ကြော်ရာမှာ ရောထည့်လေ့ ရှိကြပါတယ်။ ဂျူးဖူးအရသာကို ကြိုက်နှစ်သက် သူတို့ အတွက် ဂျူးဖူးမှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရေးသား ဖော်ပြလိုက်ရပါတယ်။ ကယ်လိုရီ ပါဝင်မှု အလွန်လျော့နည်း ပါတယ် လတ်ဆတ် စိမ်းစိုတဲ့ ဂျူးဖူး ၁ဝဝဂရမ် မှာ ၃ဝ ကယ်လိုရီပဲ ပါဝင်ပါတယ်။  ကယ် လိုရီပါဝင်မှု  နည်းတဲ့  အပြင်   ကျန်းမာရေး  တန်ဖိုးရှိတဲ့

MH370 အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုတချို့ ထပ်မံတွေ့ရှိ

24 March 2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုတွေကို ပြင်သစ်နိုင်ငံ ကလည်း ဆက်တလိုက်ကနေတဆင့် တွေ့ရှိထားတယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံက တွေ့ရှိထားတဲ့ အရာဝတ္ထုဟာ သြစတြေးလျ နိုင်ငံက တွေ့ရှိထားတဲ့ နေရာ တဝိုက်မှာပဲ ရှိနေကြောင်း ပြသထားပါတယ်။ 

သြစတြေးလျ နိုငံကလည်း ပြီးခဲ့တဲ့ တပတ်တုန်းကပဲ ဆက်တလိုက် ကနေတဆင့် အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ အရာဝတ္ထု နှစ်ခု တွေ့ရှိခဲ့ပြီး အဲဒီတဝိုက်မှာ ရှာဖွေမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ သြစတြေးလျနဲ့ အတူ ရှာဖွေမှုတွေ လုပ်ဖို့ တရုတ်နိုင်ငံက လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေလည်း  လာရောက်

စာချုပ်နဲ့ ရိုက်ရတာ ပိုကောင်းတယ်လို့ ဆိုလာတဲ့ ဖူးပွင့်သခင်

24 March 2014

၂၀၁၁ ခုနှစ်ရဲ့ အကယ်ဒမီ ဗန်းကိုင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး နောက်မှာတော့ ဗီဒီယို ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း Lucky Boss ဗီဒီယို ထုတ်လုပ်ရေးနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေပြီ ဖြစ်တဲ့ သရုပ်ဆောင် ဖူးပွင့်သခင်ကို Lucky Boss ဗီဒီယို ထုတ်လုပ်ရေးနဲ့ လက်ရှိမှာ စာချုပ်ပြည့်သွားပြီ ဖြစ်တဲ့အတွက် စာချုပ်နဲ့ ပတ်သက်ပြီး အနုပညာ အလုပ်လုပ်ကိုင်ရတဲ့ အပေါ်မှာ  သူမရဲ့

နောင်ချို အဲဗားဂရင်းကော်ဖီခြံအား ဒေသခံတောင်သူများမှ ဥပဒေမဲ့ ၀င်ရောက်ဖျက်ဆီး

22 March 2014











မတ်လ၁၆ရက်နေ့က နောင်ချိုမြို့ကုန်းကြီးရွာမအုပ်စု၊ ရေ၀င်ကျေးရွာအနီးရှိ အဲဗားဂရင်း ကော်ဖီခြံအတွင်း စိုက်ပျိုးထားသော ကြံလမိုင်းစိုက်ခင်း ၆ ဧကအား ဦးစိုးလွင် ဦးဆောင်သော ဒေသခံ တောင်သူ ၈ဦးမှ ထွန်စက် အကြီး ၂ စီး ၂ စီးအပြင် ဓား၊ ပေါက်ပြားများဖြင့် ၀င်ရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 ထိုကဲ့သို့ဝင်ရောက်ထွန်ယက်ဖျက်ဆီးစဉ်ဘန့်ဘွေးကျေးရွာအုပ်စုရာအိမ်မှူးဦးဝင်းဆွေမှဆန္ဒမစောကြရန်နှင့်

Tuesday, March 18, 2014

သရက်ချောင်းမြို့နယ်တွင် ထူးခြားဖြစ်စဉ် မြွေ နှင့် နာနတ်ပင်

19 March 2014

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ပေါ်ရှိ သရက်ချောင်းကျောင်းကြီး၊ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံ အောက်ထပ် တွင်ရှိသော ဘုရားအနီးတွင် စပါးအုံမြွေကြီးတစ်ကောင် တွေ့ရပြီး ယင်း ကျောင်းဝင်းအတွင်း တစ်ခြားထူးဆန်းမှုတစ်ခုမှာ နာနတ်ပင်တစ်ပင်သည် နာနတ်ဖူး (၅၅)

RCSS(ရွက်ဆစ်) အဖွဲ့မှ သတ္ထုတွင်းလုပ်ငန်းလုပ်ကိုင်နေသည့် First Resources Co;ltd အား သိန်း ၆၀၀ ပေးသွင်းရန် ဆက်ကြေးကောက်ခံစာပေးပို့

18 March 2014


RCSS/ SSA အဖွဲ့သည် မတ် ၁၅ရက်နေ့ က သီပေါမြို့နယ်၊ မန်ဟဲကျေးရွာတွင် သတ္ထုတွင်း ၀န်ကြီးဌာန အမှတ်(၃) သတ္ထုတွင်းလုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်သည့် First Resources Co;ltd သို့ ဆက်ကြေး တောင်းစာ ၁ စောင် ပေးပို့ခဲ့ကြောင်း သိရသည်။ 

၎င်းစာတွင် RCSS တံဆိပ်တုံး ရိုက်နှိပ်ထားပြီး ဆက်ကြေးငွေ သိန်း ၆၀၀ အား ကုမ္ပဏီ မန်နေဂျာ ဦးမျိုးမင်းဇော်မှ မတ် ၁၇ ရက်နေ့ မပျက်မကွက်ပေးဆောင်ရန် ရှမ်းဘာသာဖြင့် ရေးသားထားကြောင်း သိရှိရသည်။ ထိုကဲ့သို့ ဆက်ကြေးကောက်ခံမှုနှင့် ပတ်သက်ပြီး သတ္ထုတွင်းလုပ်ငန်း ဒုတိယညွှန်ကြား  ရေးမှူး

Thursday, March 6, 2014

RCSS/SSA ဆက်ကြေးကောက်ခံမှူ ရဲတင်းလာ

6 March 2014


RCSS/SSA အဖွဲ့များသည် ဆက်ကြေးကောက် လူသစ်စုဆောင်းခြင်းများပြုလုပ်ရန်ကျောက်မဲမြို့အနီး ကျေးရွာ များတွင် သွားလာလှုပ်ရှားမှု ပြုလုပ်နေကြောင်းသိရသည်။ မတ်လ ၂ နေ့က ကျောက်မဲမြို့၊ ရပ်ကွက် ၆ ရွှေဖီးဦးလမ်းရှိ '' စိန်နန်းစိုး" ကားဂိတ်သို့ ရှမ်းအမျိုးသားတစ်ဦးမှ စူပါကပ် မော်တော် ဆိုင်ကယ်ဖြင့်  ရောက်ရှိ

Wednesday, March 5, 2014

ရှေးဟောင်းသမိုင်းဝင် ဘော်ကြိုမုဌော စေတီတော် တပေါင်းပွဲတော်

5 March 2014

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင် သီပေါမြို့နယ်၊ဘော်ကြိုကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဘော်ကြို မုဌော စေတီတော်ကြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို မတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အစီအစဉ်(၃)ခုဖြင့် ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

Saturday, March 1, 2014

ရှမ်း/ မြောက်တွင် သောင်းကျန်းသူများ ထောင်ထားသောမိုင်းနင်းမိ ၍ အပြစ်မဲ့ ရွာသား ၂ ဦး သေဆုံး

1 March 2014

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လည်၂ နာရီတွင်ကျောက်မဲမြို့နယ်၊ လွယ်အံတင်းကျေးရွာအုပ်စု၊ ပန်လော့ ကျေးရွာနေ ဦးမောင်ဝင်း (ပလောင်) (၅၄)နှစ် (တောင်သူ)နှင့် ဇနီးဖြစ် ဒေါ်မယ်ခမ်းဆွေ (၃၉)နှစ် တို့သည် သားသမီး၂ ဦးဖြစ်သူမောင်ဆာ(၆)နှစ်၊မအေးမွန်(၃)နှစ်တို့နှင့်အတူ  ပန်လော့ကျေးရွာ အနောက် ဘက် ၄မိုင်