Sunday, August 30, 2015

နယ်မြေခံ ရဲကင်းအား TNLA အဖွဲ့မှ မီးရှို့ဖျက်ဆီး

၂၀၁၅ သြဂုတ် ၃၁


ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ အူမူးကျေးရွာရှိ နယ်မြေခံရဲကင်းအား သြဂုတ်လ ၂၉ ရက်နေ့တွင် TNLA အဖွဲ့မှ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ TNLA အဖွဲ့မှ အင်အား ၃၀ ခန့်သည် သီပေါမြို့နယ် ၊ အူမူးကျေးရွာသို့ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ရောက်ရှိလာပြီး ကျေးရွာနယ်မြေခံရဲကင်းအတွင်းရှိ အုတ်စီသွပ်မိုး ၆ ခန်းတွဲ ၂ လုံး၊ အချုပ်ခန်း ၁ ခန်း၊ ရုံးခန်း ၁ ခန်း၊ ကင်းတဲသေး ၁ လုံး၊ လူပျိုအိပ်ဆောင် ၁ လုံးတို့ ရှိတဲ့အနက်မှ အချုပ်ခန်းနှင့် ရုံးခန်းအား မီးရှို့ဖျက်ဆီးကာထွက်ခွာသွားကြောင်း အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူး မှ ပြောပါသည်။

RCSS/SSA အဖွဲ့မှ မိုးနဲမြို့နယ်အတွင်း လူသစ်နှင့် ဆက်ကြေးငွေများ အဓမ္မကောက်ခံခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်

၂၀၁၅ သြဂုတ် ၃၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ လွိုင်ချိုကျေးရွာအုပ်စု၊ ကုန်းခမ်းကျေးရွာနှင့် လွိုင်ယုကာကျေးရွာများသို့ RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ မဖြစ်မနေ ပေးဆောင်ရန် အတင်း အဓမ္မ တောင်းခံနေကြောင်း ယင်းဒေသခံရွာသားများထံမှ သိရပါသည်။

လဲချားမြို့နယ်တွင် RCSS/SSA အဖွဲ့မှ ဒေသခံရွာသား ၅၀ ဦးအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ သြဂုတ် ၃၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် သြဂုတ်လ(တတိယ)ပတ်မှ စ၍ ဒေသခံရွာသား ၅၀ ဦးအား RCSS/SSA အဖွဲ့တစ်ဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာအား ၁ ရွာလျှင် လူသစ် ၂ ဦးနှုန်း ပေးဆောင်ရန် SSPP/SSA အဖွဲ့မှ အတင်းအကြပ် တောင်းခံ

၂၀၁၅ သြဂုတ် ၃၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ မော်ပေ့ကျေးရွာအုပ်စု၊ ၀မ်ကျယ်ကျေးရွာသို့ သြဂုတ်လ ၂၂ ရက် နေ့တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့မှရောက်ရှိလာပြီး ကျေးရွာ ၁ ရွာလျှင် လူသစ် ၂ ဦးနှုန်းဖြင့် ကျေးရွာ ၆ ရွာ ထံမှ အတင်းအကြပ် တောင်းခံခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

ကျောင်းဆောင်များဆောက်လုပ်ရန် သစ်ကြမ်းများ ခွဲနေသည့် သစ်စက်အား KIA အဖွဲ့မှ ဆက်ကြေးငွေ ကောက်ခံ

၂၀၁၅ သြဂုတ် ၃၁


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအရှေ့တောင်ဘက်ရှိ နန့်စီးအောင်သစ်တောကြိုးဝိုင်း လုပ်ကွက် အမှတ်(၁၉)တွင် အခြေခံပညာ အထက်တန်းကျောင်းခွဲ(ပေကုန်းရွာ) အတွက် ကျောင်းဆောင် များ ဆောက်လုပ်ရာတွင် လိုအပ်သောသစ်ကြမ်းများခွဲနေသည့် သစ်စက်သို့ ဆက်ကြေးငွေကျပ် ၂ သိန်း အား သြဂုတ်လကုန်အပြီးပေးဆောင်ရန် KIA အဖွဲ့မှ သြဂုတ်လ ၂၆ ရက်နေ့တွင် လာရောက်တောင်းခံ သွားကြောင်း သစ်လုပ်သားများထံမှ သိရှိရသည်။

တပ်မှထွက်ပြေးသည့် နောင်ပုန်ရွာသားထံ KIA မှ ငွေညစ်တောင်းရမ်း

၂၀၁၅ သြဂုတ် ၃၁


KIA တပ်ဖွဲ့မှ ကချင်ပြည်နယ်အတွင်းရှိ သျှမ်းရွာမှ ရွာသားများကို ဖမ်းဆီးပြီး KIA တပ်သားအဖြစ် တာဝန်ထမ်းဆောင်စေခဲ့သည့် သျှမ်းအမျိုးသားသုံးဦး စစ်ကြောင်းထွက်ချိန်၌ တပ်မှ ထွက်ပြေးသောကြောင့် KIAတပ်မှ သူ့တို့ ဇနီးထံ ငွေညစ်တောင်းယူ။

Friday, August 28, 2015

3D နည်းပညာဖြင့် ထုတ်လုပ်ထားသော လက်က James Dyson ဆုဆွတ်ခူး

၂၀၁၅ သြဂုတ် ၂၈



လန်ဒန် ၊ ၂၇-၈-၂၀၁၅

ဗြိတိန်တွင် တက္ကသိုလ်အဆင့် နည်းပညာပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ရာ 3D နည်းပညာဖြင့် ထုတ်လုပ် ထားသည့် နည်းပညာမြင့် လက်တစ်မျိုးမှာ James Dyson ဆုရရှိခဲ့ကြောင်း သိရသည်။

လက်နက်ခဲယမ်းများ နှင့် ကျပ်သိန်းပေါင်း ၁၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၂၀၁၅ သြဂုတ် ၂၈
နေပြည်တော် ၊ ၂၇-၈-၂၀၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) တာမိုးညဲမြို့၊ နမ့်ဖာတီး ကျေးရွာအနီး တပ်မတော် စစ်ကြောင်းများ က နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် သြဂုတ် ၂၅ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် အဆိုပါ ကျေးရွာနေ လောင်စီး ၃ဝ နှစ် (ဘ) ဦးထင်ရှန်း ၏နေအိမ်မှ ပီနံအိတ် လေးအိတ်ဖြင့် ထုပ်ထားသော လက်နက်မျိုးစုံ ၁ဝ လက်၊ ကျည်မျိုးစုံ ၁၂၉ တောင့်၊ ပစ္စတို ကျည်အိမ် တစ်ခု၊ မိုင်း တစ်လုံးနှင့် ကာလတန်ဖိုး ကျပ် သိန်းပေါင်း ၁၄၁၆ဝ ရှိ စိတ်ကြွ မူးယစ်ဆေးပြား အထုပ်ကြီး ၁၁၈ ထုပ် (၇ဝ၈ဝဝဝ)ပြား တို့ကို ပြစ်မှု ကျူးလွန်သူ လောင်စီး (ပုံ) နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

Thursday, August 27, 2015

တောဆင်ရိုင်းများ မူလကျက်စားရာ ပဲခူးရိုးမဆီသို့ ပြန်လည်ပို့ဆောင်ရေး စတင်ထိန်းကျောင်းမောင်းနှင်

၂၀၁၅ သြဂုတ် ၂၈


ကျောက်ပန်းတောင်း သြဂုတ် ၂၇

နတ်မောက်မြို့သစ် ပဲခူးရိုးမဆီမှ နယ်ကျွံဝင်ရောက်လာခဲ့သော ရိုးမပျော်ဆင်ရိုင်းအုပ်စုကို မိုင်ရာကျော် ခရီးနှင်၍ ၄င်းတို့ဝင်ရောက်လာရာလမ်းမှ ယခုအခါ သင့်လျော်သော သဘာဝပတ်ဝန်းကျင်ရှိရာ ၄င်းတို့၏ မူလအရပ် ပဲခူးရိုးမဆီသို့ ပြန်လည်ဦးတည်စေ၍ ယနေ့ ညနေတွင် စတင်ထိန်းကျောင်း မောင်းနှင်နေပြီ ဖြစ်သည်။

တောဆင်ရိုင်းများအနက် ငါးကောင် ကန်ကြီးထောင့်ကျေးရွာအနီးရောက်ရှိလာပြီး တစ်ကောင်ပြတ်ကျန်


၂၀၁၅ သြဂုတ် ၂၇



နေပြည်တော် သြဂုတ် ၂၆
ညောင်ဦးမြို့နယ်အတွင်း ရောက်ရှိနေသော တောဆင်ရိုင်းခြောက်ကောင် သည် ယနေ့ညနေ ၅ နာရီခန့် တွင် ကျောက်ပန်းတောင်းမြို့၏ အနောက်မြောက် ယွန်းယွန်းရှိ ကြပ်ထောင်ကျေးရွာအနီး ရောက် ရှိနေကြောင်း၊ ဒေသခံပြည်သူများကို ရန်မူခြင်းမရှိကြောင်းသိရသည်။ 

Tuesday, August 25, 2015

ပိုက်ဆံလုယက်တရားခံများ ဖမ်းမိပြီ

၂၀၁၅ သြဂုတ် ၂၅


ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင်ယနေ့ မနက် ၁၁း၃၀ အချိန်ခန့်၌ တရုတ်လူလတ်ပိုင်း အရွယ်နှစ်ဦး က 125 ဆိုင်ကယ်စီးကာ မိဘပြည်သူတစ်ဦး၏ ပိုက်ဆံအိတ်ကို လုယက်ထွက်ပြေးခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းတို့ ဆိုင်ကယ်ထွက်ပြေးရာလမ်းသည် မန့်ဟောင်းလုံကျေးရွာမှ နောင်မလုံကျေးရွာသို့ ဦးတည်မောင်းပြေးလျှက်ရှိရာ နှစ်ရွာလုံးမှလူငယ်များ လမ်းကြောင်းပိတ်ကာ  စောင့်ဖမ်းခဲ့ကြကြောင်း သတင်းရပ်ကွက်က ဆိုပါသည်။

မူဆယ် အင်းဝဘဏ် ဗုံးပေါက်ကွဲ


၂၀၁၅ သြဂုတ် ၂၅


၂၀၁၅ သြဂုတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်တွင် မူဆယ်မြို့၊ ဈေးရပ်ကွက်၊ မူဆယ်-နမ့်ခမ်း ပြည်ထောင်စုကားလမ်းမကြီး ယာဘက်ရှိ အင်းဝဘဏ်၌ ပေါက်ကွဲမှုကြောင့် ဘဏ်ရှေ့မျက်နှာ စာ မြေညီထပ်ရှိ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ လေကာမှန် ၁ချပ်၊ အဆောက်အဦ ပထမထပ် ရှေ့မျက်နှာ စာ ယာဘက်ရှိ အလျား၂၀ ပေ၊ အနံ ၁၀ ပေရှိ မှန် ၁ချပ်၊ အလယ်ရှိ အလျား ၁၀ ပေ၊ အနံ ၁၀ပေရှိ မှန် ၁ချပ် နှင့် အဆောက် အဦ ယာဘက်ဘေးလှေကား အထက်ရှိ အလင်းဝင်ပေါက်တွင် တပ်ဆင်ထားသော အလျား ၂ ပေ၊ အနံ ၂ ပေရှိ မှန် ၁ချပ်၊ စုစုပေါင်း မှန် ၄ချပ်ကွဲကြေပျက်စီးခဲ့ကြောင်း နှင့်  ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ဒေသခံ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

Monday, August 24, 2015

ဇီဝဓါတ်ငွေ့ ကို ကျောပိုးအိတ်ဖြင့်သယ်ဆောင်ကာ ရောင်းချကြသူများ

၂၀၁၅ သြဂုတ် ၂၅


တစ်ချိန်က ငတ်မွတ်ခေါင်းပါးတဲ့ဘေးနဲ့  ကြုံတွေ့ ခဲ့ရတဲ့ အာဖရိကတိုက်က အီသီယိုးပီးယားနိုင်ငံဟာ ကမ္ဘာကြီးရဲ့  တစ်ထောင့်တစ်နေရာမှာ ရှင်သန်ရပ်တည်နိုင်ဖို့  ကြိုးစားရုန်းကန်ဆဲဖြစ်ပါတယ်။ လူထုဘ၀ရပ်တည်မှုအတွက် နိုင်ငံအစိုးရက ပုဂ္ဂလိကကုမ္ပဏီတွေကိုလည်း လုပ်ကွက်တွေဖော်ပေးပြီး ပြည်သူကြားမှာ အလုပ်အကိုင်အခွင့်အရေး ဖန်တီးပေးနေပါတယ်။ ဒီတစ်ခါ အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီနှစ်ဖွဲ့  ပေါင်းစပ်ပြီးဖော်ဆောင်လိုက်တဲ့ လုပ်ကွက်ကတော့ ကမ္ဘာမှာပထမဆုံး လို့ ပြောလို့ ရတဲ့ အရင်းနှီးနည်းဇီဝဓါတ်ငွေ့ ထုတ်လုပ်ရောင်းချခြင်းပဲ ဖြစ်ပါတယ်။

မိုင်းနောင်မြို့နယ်တွင် RCSS/SSA အဖွဲ့မှ ဒေသခံရွာသား ၂၅ ဦးအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်း ပြကာ အတင်းအကြပ် လူသစ်စုဆောင်း

၂၀၁၅ သြဂုတ် ၂၅


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်ခွဲ၊ နောင်တောက်ကျေးရွာအုပ်စု၊ နမ့်ပုတ်ကျေးရွာသို့ သြဂုတ်လ ၂၃ ရက်နေ့ တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့မှရောက်ရှိလာပြီး ရွာအတွင်းရှိ လူငယ်များအား မူးယစ်ဆေးဝါး သုံးစွဲသည်ဟု အကြောင်းပြ၍ ရွာသား ၂၅ ဦးအား လူသစ်အဖြစ် အတင်းအကြပ်စုဆောင်းသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

မိုင်းနောင်မြို့နယ်ခွဲတွင် RCSS/SSA အဖွဲ့မှ ဆန်၊ ဆီ တောင်းပြီး ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ သြဂုတ် ၂၄


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်ခွဲ၊ ၀မ်ဆင်းကျေးရွာသို့ သြဂုတ်လ ၁၇ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့  ရောက်ရှိလာပြီး ဆန်၊ ဆီများတောင်းရမ်း၍ ဒေသခံရွာသား ၂ ဦး ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယင်းဒေသခံ များထံမှ သိရှိရပါသည်။

RCSS/SSA အဖွဲ့မှ စားနပ်ရိက္ခာ ကြပ်တည်းမှုကြောင့် ဆန်၊ ဆီနှင့် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ

၂၀၁၅ သြဂုတ် ၂၄



ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ်းကျေးရွာအုပ်စု၊ ကုန်းပေါင်းကျေးရွာသို့ သြဂုတ်လ ၂၀ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား ခေါ်ယူ၍ လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအကြပ်တောင်းခံခဲ့ကြောင်း ယင်းဒေသခံရွာသားများထံမှသိရသည်။

ကျောက်မဲတွင် လျှပ်တစ်ပျက် ရေကြီး ရေလျှံပြီးနောက် လုပ်ငန်းများ ပြန်လည် လည်ပတ်လျက်ရှိ

၂၀၁၅ သြဂုတ် ၂၄

ကျောက်မဲ သြဂုတ်(၂၃)ရက်
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် သြဂုတ်လ (၂၂)ရက်၊ ညနေ (၈း၀၀)နာရီ အချိန်မှစ၍ နမ့်စောင်းငေါင်း ချောင်းတလျှောက်တွင် လျှပ်တစ်ပျက် ရေကြီးရေလျှံမှု ဖြစ်ပွားရာ အမှတ် (၆)ရပ်ကွက်ရှိ လူနေအိမ်များနှင့် အမှတ်(၅) ရပ်ကွက်ရှိ အမှတ်(၁)၊ အခြေခံပညာ မူလတန်းကျောင်းတို့တွင် ရေ၀င် နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။

SSPP/SSA အဖွဲ့ထောင်ထားသောမိုင်းနင်းမိပေါက်ကွဲရာမှ ဒေသခံတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ

၂၀၁၅ သြဂုတ် ၂၄


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဖာယကျေးရွာမှ ရွာသား ၄ ဦးသည် အမဲလိုက်ရန် ထွက်ခွာလာစဉ် တောထဲတွင် SSPP/SSA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးနင်းမိပေါက်ကွဲခဲ့ရာ ရွာသား တစ်ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရပါသည်။

မြန်မာ့ရိုးရာလက်ဝှေ့လောကသို့ ၀မ်ချိုင်းမျိုးဆက်သစ် လွမ်ချိုင်း ခြေချပြီ

၂၀၁၅ သြဂုတ် ၂၄



ရန်ကုန် သြဂုတ် ၂၃
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ ချုပ်ကကြီးမှူးပြီး မြန်မာမီဒီယာဂရု(ပ်) ကစီစဉ်သည့် မျိုးဆက်သစ်မြန်မာ ဖိုက် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သိမ်ဖြူ ရိုးရာအားကစားလက်ဝှေ့ရုံ၌ ကျင်းပခဲ့ရာ တစ်ချိန်က မြန်မာ့ရိုးရာ လက်ဝှေ့လောကတွင် နာမည်ကြီး လက်ဝှေ့ကျော်ဖြစ်ခဲ့သည့် ဝမ်ချိုင်း မျိုးဆက်သစ် လွမ်ချိုင်း စတင်ဝင်ရောက် ခြေချယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။

Friday, August 21, 2015

နယ်စပ် အပြန်အလှန် ပစ်ခတ်မှုများအပြီး မြောက်ကိုရီးယား စစ်တပ်များကို အမြင့်ဆုံး တပ်လှန့်ထား

၂၀၁၅ သြဂုတ် ၂၁


နှစ်နိုင်ငံ နယ်စပ်တွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မြောက်ကိုရီးယားက ၎င်းတို့၏ တပ်ဖွဲ့များကို အမြင့်ဆုံးအဆင့် စစ်ပြင်ထားရန် တပ်လှန့်ပြီး တောင်ကိုရီးယားကို ခြိမ်းခြောက် လာကြောင်း သိရသည်။ နှစ်နိုင်ငံနယ်ခြားရှိ စစ်မဲ့ဇုန်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲပြီး တောင်ကိုရီးယား စစ်သည်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့်နောက် တောင်ကိုရီးယားက နယ်စပ်ဒေသရှိ နှစ်ပေါင်းအတော် များများ အသုံးမပြုသည့် မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့်သည့် လော်စပီကာများကို ပြန်လည် ဖွင့် လှစ်ခဲ့သည်။

ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်

၂၀၁၅ သြဂုတ် ၂၁


တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံနယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် တောင် ကိုရီးယား အစိုးရက နယ်စပ်အနီး အနောက်ဘက်ပိုင်း ဒေသတစ်ခု က နေထိုင်သူတွေကို ဘေးလွတ်ရာ ခိုလှုံကြဖို့ အမိန့် ထုတ်လိုက်ပါတယ်။ဒီကနေ့ ကြာသပတေးနေ့ မှာ မြောက်ကိုရီးယား ဘက်က ဒုံးကျည် တစ်ခုနဲ့ စတင် ပစ်ခတ်ခဲ့တဲ့အတွက် တောင်ကိုရီးယား ဘက်ကလည်း အမြောက်ကျည် အများအပြား နဲ့ ပြန်လှန် ပစ်ခတ် ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

Thursday, August 20, 2015

တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို အဆက်မပြတ် ဖမ်းဆီးကာ မြန်မာဘက်သို့ လွှဲပြောင်း

၂၀၁၅ သြဂုတ် ၂၁


ထိုင်းနိုင်ငံအတွင်းသို့ နည်းမျိုးစုံဖြင့် သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြသော တရားမ ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့မှ စိစစ် ကာ ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ဆောင်လျက်ရှိရာ ယနေ့ သြဂုတ်လ(၂၀)ရက် နေ့လည်ပိုင်းတွင် တရား မ၀င် ရွှေ့ပြောင်း အလုပ်သမား မြန်မာနိုင်ငံသား (၂၂)ဦးအား လွှဲပြောင်းလာကြောင်း သိရသည်။

SSPP/SSA အဖွဲ့မှ လူသစ်၁၅ဦး၊ ဆက်ကြေးငွေနှင့် ဆန်အိတ် ၁၅၀ မဖြစ်မနေပေးဆောင်ရန် ကျေးရွာများသို့ အတင်းအကြပ်တောင်းခံ

၂၀၁၅ သြဂုတ် ၂၁



ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ တုံစဉ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအုပ်စုနှင့် တိန်းစံကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများသို့ SSPP/SSA အဖွဲ့တစ်ဖွဲ့သည် အရပ်ဝတ်များဝတ်ဆင်၍ သြဂုတ်လ ၁၈ ရက်နေ့တွင်ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ မဖြစ်မနေ ပေးဆောင်ရန်ပြောကြားသွားကြောင်း ယင်းဒေသခံရွာသားများထံမှ သိရပါသည်။

RCSS/SSA အဖွဲ့၏ လူသစ်စု၊ ဘိန်းဆက်ကြေးကောက်ခံမှု လောင်းရိပ်အောက်မှ ဒေသခံရွာသားများ ရုန်းမထွက်နိုင်သေး

၂၀၁၅ သြဂုတ်လ ၂၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်ခွဲ၊ ၀မ်ဆင်းကျေးရွာအုပ်စု၊ ၀မ်ဆင်းကျေးရွာသို့ သြဂုတ်လ ၁၆ ရက်နေ့တွင် RCSS/SSA အဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံလူငယ် ၅ ဦးအား မူးယစ်ဆေးဝါး သုံးစွဲသည်ဟု အကြောင်းပြကာ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

ကျန်းမာရေးအတွက် ခွေးလှေးယားသီး (အနက်စေ့)လှော်စားပါ


၂၀၁၅ သြဂုတ် ၂၀


ခွေးလှေးယားသီးဆိုတာနဲ့ လူတိုင်းသိကြမှာပါ။ ခွေးလှေးယားသီးပေါ်မှ အမွေးများသည် လူကို မခံမရပ်နိုင်အောင် ယားသည်ဟု ကျွန်တော် တို့ငယ်စဉ်က ကြားသိခဲ့ရသည်။ ခွေးလှေးယားသီး နှစ်မျိုး ရှိသည်။ အယဉ်နှင့် အရိုင်းဟုခေါ်ဆိုသည်။ အရိုင်းအသီး၏အမွေးသည် ယားပြီး အယဉ်ပင်သည်ဆေးဖက် ဝင်ကြောင်း သိရသည်။ အယဉ်သည် ပဲမျိုးနွယ်ဖြစ်၍ လူများစားသုံးလျှင် အန္တရာယ်မဖြစ်နိုင်ပါ။ 

Tuesday, August 18, 2015

SSA(၀မ်ဟိုင်း)အဖွဲ့မှ နောင်ချိုမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား အတင်းအကြပ် ဆက်ကြေးကောက်ခံ


၂၀၁၅ သြဂုတ် ၁၉


၂၀၁၅ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့် တွင် SSA(၀မ်ဟိုင်း)အဖွဲ့၊တပ်ရင်း(၈၁၆)မှ ဆက်ကြေးတာဝန်ခံ ဗိုလ်အဆင့်ရှိ သိန်းဌေးနှင့် အဖွဲ့ဝင်၂ဦး သည် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ မျက်ချင်းနုကျေးရွာအုပ်စု၊ နမ့်ဆောင်ဟူးကျေးရွာ၊ နောင်ချို-တောင်ခမ်းလမ်း မိုင်တိုင် ၁၄၃/၂ ရှိ ဦးဝင်းခိုင် ၏ ရွှေနောင်ချိုစက်သုံးဆီအရောင်းဆိုင်သို့ ရောက်ရှိလာပြီး ဆိုင်တာဝန်ခံအား တွေ့ဆုံ၍ ဆက်ကြေးငွေ အဖြစ် ငွေကျပ် ၁၀ သိန်းပေးရမည်ဖြစ်ကြောင်း၊ မပေးလျှင် ဆိုင်အား မိုင်းခွဲ၍ လူကိုလည်းသတ်ပစ်မည်ဟု အတင်းအကြပ် ခြိမ်းခြောက်ပြောဆိုပြီး တောင်းခံခဲ့ရာ ဆိုင်တာဝန်ခံ မှ ကြောက်ရွံ့၍ ၄င်းတို့တောင်း ခံသော ငွေကျပ် ၁၀ သိန်းအား ပေးဆောင်ခဲ့ရကြောင်း ဒေသခံ တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမိ



၂၀၁၅ သြဂုတ် ၁၈

သြဂုတ်လ ၁၇ ရက် ၁၁၀၀ ချိန် အမှတ်(၂၂)မူးယစ်စု (မူဆယ်)၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ ရဲအုပ် စိုးအောင် ဦးစီးအဖွဲ့သည် နမ့်ခမ်းမြို့နယ်၊ လွယ်လင်ကန်ကျေးရွာ ၊ ညောင်ပင်အနီး နမ့်ခမ်း-ပန်းဆေးကျေးရွာသွား ကားလမ်းပေါ်တွင် ပန်းဆေးကျေးရွာဘက်မှ နမ့်ခမ်းမြို့ဘက်သို့ အားဖူ(ခ)ထန်ဖူ(ကျား) တစ်ဦးတည်း မောင်းနှင် လာသော တရုတ်နိုင်ငံလုပ် (DAYANG-110)အမျိုးအစား (အနက်ရောင်) ဆိုင်ကယ် (နံပါတ်မပါ) အား ရပ်တန့် စစ်ဆေးရှာဖွေရာ ၄င်းဝတ်ဆင်ထားသည့် အင်္ကျီလက်ရှည် ၀ဲ/ယာ အိတ်ကပ်များအတွင်းမှ Love is Flower စာတန်းပါ ရောင်စုံဆပ်ပြာခွက်များအတွင်း ပလပ်စတစ်အိတ်ဖြင့်ထည့်လျက် ဘိန်းဖြူဟု ယူဆရသော အဖြူ နှင့် (၃၆)ဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေ ၇၂၀,၀၀၀ိ/-) နှင့် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော WY စာတန်းပါ အနီ ရောင်ဆေးပြား (၁)ထုပ်လျှင် (၁၉၅) ဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၀၀,၀၀၀) တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ အားဖူ(ခ)ထန်ဖူ (၂၆)နှစ်၊ (ဘ) ဦးမင်ယီး ခိုလုံလီရှော/ဗုဒ္ဓ တောင်ယာလုပ် ပန်ဆေးကျေးရွာ၊ နမ့်ခမ်းမြို့နယ်နေသူအား ၁၅၄၅ ချိန် နမ့်ခမ်းမြို့မရဲစခန်း မယ(ပ)၉၁/၂၀၁၅ ၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်း ဖွင့်လှစ်

၂၀၁၅ သြဂုတ် ၁၈



သြဂုတ်လ ၁၇ရက်နေ့ ၀၉၀၀ ချိန်မှ ၁၀၀၀ ချိန်ထိ သီပေါမြို့၊ရွှေကျောင်းရပ်ကွက်ရှိ ရွှေကျောင်းပရိယတ္တိ သာသနာ့ရိပ်သာ၌  မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစက်ချုပ်သင်တန်း ဖွင့်လှစ်ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ထွန်း၊ သီပေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းရီဝင်း နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးအောင်ခင်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အလုပ်အမှုဆောင်အရာရှိ ဦးစိုင်းဝင်းမြင့် နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စက်ချုပ်သင်တန်းနည်းပြ ဆရာမ ဒေါ်ထွေးပါ(၂)ဦး၊ ရပ်ကွက်/ကျေးရွာများမှ စက်ချုပ် သင်တန်းသူ (၄၀) ဦး၊ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း၊ ဖွင့်ပွဲတွင် ဒေါ်နှင်းရီဝင်းမှ သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း၊ သင်တန်းနည်းပြ ဆရာမ (၂) ဦးမှ သင်တန်း၌တွေ့ကြုံရမည့် အတွေ့အကြုံများကို လည်းကောင်း ရှင်းလင်းပြောကြားကာ သင်တန်းဆက်လက်ပို့ချခဲ့ကြောင်း၊ သင်တန်းကာလ မှာ သြဂုတ်လ ၁၇ ရက်မှ စက်တင်ဘာ ၁၅ ရက်နေ့ထိ ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်



၂၀၁၅ သြဂုတ် ၁၈ 

သြဂုတ်လ ၁၇ ရက် ၁၃၀၀ ချိန်မှ ၁၃၃၀ ချိန်ထိ သီပေါမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်ပွဲပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော် နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုင်းသာလှိုင်၊ အတွင်းရေးမှူး ဦးမိုးထွေးဦး နှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား/သူများ ဖြစ်ကြသော ရပ်/ကျေး  ရွေးကောက်ပွဲ  ကော်မရှင်ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း၊ အခမ်းအနားတွင် ဦးမိုးထွေးဦး မှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ သင်တန်းအား ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဆက်လက်၍ ၁၃၄၅ ချိန်မှ ၁၇၄၅ ချိန်ထိ သင်တန်းဆရာများဖြစ်သည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမိုးထွေးဦး နှင့် အဖွဲ့ဝင် များဖြစ်ကြသော ဦးစိုင်းထွန်းသိန်း (မြို့နယ်ပြန်/ဆက်ဦးစီးမှူး)၊ ဦးစိုင်းတင့်ရွှေ (မြို့မိ/မြို့ဖ)၊ ဒေါ်နန်းယိင်း ဆိုင်ဖောင်း (မြို့နယ်ဥပဒေအရာရှိ)၊ ဦးမိုးကျော်စွာဝင်း (မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး) တို့မှ သင်တန်းပို့ချ ခဲ့ကြောင်း သိရသည်။

TNLA သောင်းကျန်းသူအဖွဲ့မှ မူဆယ်မြို့နယ်၊ (၁၀၅)မိုင် မိုင်းယုကျေးရွာ ရှိ တောင်ယာလုပ်ကိုင်သူရွာသား ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့

၂၀၁၅ သြဂုတ် ၁၈



၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ ည ၇ နာရီချိန်ခန့်တွင် မူဆယ်မြို့နယ်၊ ၁၀၅ မိုင် မိုင်းယုကျေးရွာနေ တောင်ယာလုပ်ကိုင်သူ ဦးကံချား (ဖခင်)ဦးမန်းဗဟာဒူး၊ ဦးစံထွမ်း (ဖခင်)ဦးမန်ဆိုင်လွဲ တို့သည် ဝေဠုကျေးရွာရှိ ဦးစံထွမ်း၏ပြောင်းစိုက်ခင်းသို့သွားရောက်စဉ် TNLA သောင်းကျန်းသူများမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

Sunday, August 16, 2015

KIO အဖွဲ့မှ မူဆယ်မြို့ပေါ်ရှိဘဏ်များသို့ ဆက်ကြေး(အခွန်)များပေးဆောင်ရန် အကြောင်းကြားပေးပို့

၂၀၁၅ သြဂုတ် ၁၆

မူဆယ်မြို့ပေါ်ရှိ ဘဏ်များသို့ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် မျက်နှာတွင် မက်(ခ်) အုပ်ထားသော အမည်မသိ အမျိုးသား ၂ ဦးမှ စာများ လိုက်ပြီး ပစ်ချခဲ့ကြောင်း မြို့ခံပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။  စာပါအချက်အလက်များကို ဖတ်ကြည့်ခဲ့ရာ မူဆယ်မြို့ရှိဘဏ်များသည် KIO တောင်ပိုင်းတိုင်း၊ အမှတ်(၄)တပ်မဟာ နယ်မြေအတွင်းရှိသဖြင့် ဆက်ကြေး(အခွန်)ထမ်းဆောင်ရမည်ဖြစ် ကြောင်း မပေးပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း နှင့် စာထဲတွင်လည်း တရုတ်ဖုန်း ၁၅၉၂၅၄၅၆၆၃၀ နှင့် မြန်မာဖုန်း-၀၉၃၀၅၇၇၆၈၂ သို့ ဆက်သွယ်ရန်လည်းပါရှိသည်။

ရေအားသုံးမော်တော်ဆိုင်ကယ်တစ်စီးကို ဘရာဇီးလူမျိုးတစ်ယောက် တီထွင်

၂၀၁၅ သြဂုတ် ၁၆

ဘရာဇီးနိုင်ငံသား Ricardo Azevedo ဟာ အစဉ်အမြဲ မြင့်တက်နေတဲ့ လောင်စာ ဓာတ်ငွေ့ ဈေးနှုန်းကြောင့် စိတ်ညစ်နေခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Ricardo ဟာ သူ့ ရဲ့ စက်ပြင်ကျွမ်းကျင်မှုနဲ့ သားဖြစ်သူရဲ့ ဓာတုဗေဒစာအုပ်က အချက်တွေ လေ့လာပြီး နောက်မှာ ရေတစ်လီတာဖြည့်ရုံနဲ့ ၁၃၀ မိုင်အထိသွားနိုင် တဲ့ ရေအားသုံးမော်တော်ဆိုင်ကယ်တစ်စီးကို တီထွင်နိုင်ခဲ့ပါတယ်။

Friday, August 14, 2015

တစ်မိုင်ခန့် အကွာမှ ပစ်ခတ်လိုက်ရုံဖြင့် ကုန်ကားကို လောင်ကျွမ်း သွားစေနိုင်သည့် လေဆာလက်နက်


အမေရိကန် ကာကွယ်ရေး တပ်မတော်မှ လေဆာ လက်နက်တစ်ခုကို တီထွင် စမ်းသပ်ခဲ့ရာ ၄င်းလက်နက် သည် တစ်မိုင်ကျော် အကွာအဝေးမှ ကုန်ကားကို ပစ်ခတ်လိုက်ရုံဖြင့် လောင်ကျွမ်းသွားစေနိုင်မည် ဖြစ် ပါသည်။ ၄င်းလက်နက်ကို ATHENA သို့မဟုတ် Advanced Test High Energy Asset ဟု အမည်ပေး ထားပါသည်။ တီထွင်သူများ၏ ပြောပြချက်အရ ထိုလက်နက်ကို ပစ်ခတ်တိုက်ခိုက်ရန် စက္ကန့်ပိုင်းသာ အချိန် ယူရမည် ဖြစ်ပါတယ်။

လူကုန်ကူးမှုနဲ့ ၂၂ ဦး ထိုင်းရဲဖမ်းဆီး

၂၀၁၅ သြဂုတ် ၁၄

စွဲချက်တင်ထားခံရတဲ့ ဒုဗိုလ်ချုပ်ကြီး Manas Kongpan (Credit: Reuters) 
ဒါဟာ ​ဒီနှစ်အစောပိုင်းက ​ထိုင်းအစိုးရရဲ့ ​ချမှတ်ခဲ့တဲ့ ​ဒေသတွင်း ​လူကုန်ကူးမှုတိုက်ဖျက်ရေး ​လုပ်ဆောင်မှု ရဲ့ ​နောက်ဆက်တွဲ ​လုပ်ရပ်လည်း ​ဖြစ်ပါတယ်။ တခြား ​လူပေါင်း ​၂၆ ​ဦးအတွက်လည်း ​ဖမ်းဝရန်း ထုတ်ခဲ့ပြီဖြစ်ကြောင်း ​ထိုင်းဗိုလ်မှူးချုပ် ​Paween ​Pongsirin ​က ​ပြောကြားခဲ့ပါတယ်။