Thursday, February 28, 2013

လူ့ဦးနှောက်နှင့်ပက်သက်၍မှတ်သားဖွယ်ရာများ


1March2013


၁။ ဦးနှောက်တွင်Pain-receptors မပါရှိသဖြင့် နာကျင်သောဝေဒနာကိုမခံစားနိုင်ပါ။

၂။ ဦးနှောက်တွင်တစ်မိနစ်တိုင်းNeuronပေါင်း၂သိန်းခွဲမွေးဖွားသည်။

၃။ မွေးစမှစ၍ယနေ့တိုင်ယနေ့တိုင်ဦးနှောက်အရွယ်အစားလုံးဝမပြောင်းလဲပါ။

မုံးကိုးမြို့ မန်ဂျယ်တံတားအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားသောကြောင့် အပြစ်မဲ့ ကလေးငယ် (၆)ဦး ဒဏ်ရာရ


28 February 2013


Wednesday, February 27, 2013

မျက်မမြင်များအတွက် မိုဘိုင်းဖုန်း


28 February 2013




    မျက်မမြင်တွေ အသုံးပြုဖို့အတွက် မိုဘိုင်းဖုန်း ဆိုပြီး ဒီဇိုင်နာ Peter Lau က တီထွင်ဖန်တီးလိုက် တာဖြစ်ပါတယ်။ပုံမှာမြင်တွေ့ရတဲ့အတိုင်းသူ့လိုအပ်တဲ့Featureနဲ့UIတွေအစုံအလင်ပါရှိပါတယ်။ဖုန်းခလုပ်နှိပ်ဖို့ အတွက် ကလည်း နိုင်ငံတကာ မျက်မမြင် သင်္ကေတ စနစ်ကိုပဲ အသုံးပြု ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လွယ်လွယ်ကူကူပဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။Messageလည်းပို့လို့ရပါတယ်။ 

မျက်မမြင်တစ်ယောက်အနေနဲ့ ဒီလောက် Function စုံစုံလင်လင်ဖုန်း အသုံးပြုခွင့်ရဖို့ဆိုတာ ဒီဖုန်းနဲ့မှ ပထမဆုံး ဖြစ် မယ်ထင်ပါတယ်။ ဒီဇိုင်းအရသာ ရှိသေးပေမယ့် အသုံးပြုရမယ့် နည်းပညာများက အဆန်းအပြားတွေ သိပ်မပါတဲ့အတွက် ၂၀၁၃ ခုနှစ်အတွင်းတောင် ထုတ်လုပ်နိုင်ချေ ရှိတဲ့ ဖုန်း ဖြစ်ကြောင်း သိရပါတယ်။

2013 AFC Cup : ရန်ကုန်အနိုင်ရသော်လည်း အဝေးကွင်းတွင် ဧရာဝတီအရေးနိမ့်ခဲ့ရ


28 February 2013



 ဒါနန်းနှင့်ဧရာဝတီပွဲစဉ်မြင်ကွင်း

 အုပ်စုပွဲစဉ်များအားဖေဖော်ဝါရီ(၂၆/၂၇)ရက်နေ့များကစတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ ရန်ကုန်ယူနိုက်တက် အသင်းသည် အိမ်ကွင်းတွင် အင်ဒိုနီးရှားကလပ် ပါဆီဘို အသင်းအား တိုက်စစ်မှူး ကိုနေး၏ (၅၆၊၆၃၊၉၀+၂)ဟက်ထရစ်သွင်းဂိုးဖြင့်(၃-၀)ဂိုးအနိုင်ရရှိသွားခဲ့သည်။အဆိုပါပွဲစဉ်ကို ဂျပန်ကွင်းလယ် ဒိုင်အီဒါမှ တာဝန်ယူကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီးကွင်းဝင်ပရိသတ်(၉၈၅)ဦးရှိခဲ့သည်။ အင်ဒိုနီးရှား ကလပ်ပါဆီဘို အသင်းသည် အိမ်ရှင်ရန်ကုန်အသင်းအားပွဲထွက်လူစာရင်း(၁၁)ဦးနှင့် အရန် ကစား သမား (၁)ဦးသာ ပါဝင် ယှဉ်ပြိုင်ခဲ့ရခြင်

ဂရိနိုင်ငံရှိလှပသောအဖြုရောင်မြို့ကလေး


28February2013

  

၎င်းမြို့ကလေးရဲ့နာမည်ကတော့  Santorini    မြို့လို့ခေါ်ပါတယ်။  ထူးဆန်းလှပတာတွေကတော့ မြို့ရဲ့အိမ် အများစုဟာ အဖြုရောင်ဆေးများ    သုတ်လိမ်း ထားပြီးမြို့သူမြို့သား    အများစုဟာလည်း   အဖြုရောင် ဝတ်ဆင် ခြင်းကို နှစ်သက်တဲ့ အတွက် နှစ်စဉ် ဂရိနိုင်ငံရဲ့ကမ္ဘာ့လှည့်ခရီးသွားအများဆုံးမြို့လေးဖြစ်ပါတယ်။

မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာအနီး စိတ်ကြွရူးသွပ်ဆေးပြား (၅၉၄၀)ပြား ဒေသတန်ဖိုး (၁၁၈ . ၈)သိန်း ဖမ်းဆီးရမိ


27 February 2013




 ဖေဖော်ဝါရီ(၂၂)ရက်နေ့ညနေ(၀၅၀၀)နာရီတွင်မူဆယ်မြို့နယ်နမ့်အွမ်ကျေးရွာအနီး၊နမ့်အွမ်-တီးမကျေးရွာ သွားလမ်းခွဲထိပ်တွင် ထွန်းကျော်(ခ) ဆမ်လိတ် (၅၀)နှစ်၊ (ဘ)ဦးမာနော် စီးနင်းလာသည့် ရင်စင်း ၁၂၅ဆိုင်ကယ်အား(၁၀၅)မိုင်လှုပ်ရှာအဖွဲ့ရဲအုပ်ဦးစီးအဖွဲ့များမှ ရပ်တန့်စစ်ဆေးရာ ယာဘက်   ခြေ သလုံး တွင်ကြိုးဖြင့်ချည်ထားသော ပလပ်စတစ်ကပ်ခွာအိတ်အတွင်း (88) နှင့် (1) စာတမ်းတစ်ဖက်စီပါစိတ်ကြွ ရှုးသွပ်

ရွှေစိမ်း (Green Gold)


27 February 2013



ဝါးပင်မှာ ဆင်းရဲသားများအတွက်သစ် ( poor man´s timber) ဟု တင်စားခေါ်ဝေါ်သော အပင်ဖြစ်ပါသည်။ သစ်တော သမားများကမူ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း (non-Timber Forest Products NTFPs) ဟု ဆိုကြပါသည်။ ရာဘာပင်ကို ရွှေဖြူဟု ခေါ်သလို ၀ါပင်ကို ရွှေစိမ်း (Green Gold) ဟုခေါ်လာကြပါသည်။ သစ်ပင်(ဥပမာ-ကျွန်းပင်) သည် သစ်အသုံးပြုရန်ကောင်းမွန်သော်လည်း

စိတ်ဖိစီးမှုကိုအမြန်ဆုံးလျှော့ချနိုင်သောနည်းလမ်းခြောက်သွယ်



27 February 2013












စိတ်ဖိစီးမှုကို အနည်းနဲ့ အများတော့ လူတိုင်း လိုလို ကြုံတွေ့ နေရပါတယ်။ စိတ် ဖိစီးမှု မဖြစ်အောင် နေထိုင် တာ အကောင်းဆုံး ဆိုပေမယ့်လည်း ဖြစ်လာပါက အမြန်ဆုံးပြေပျောက်သွားအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကိုရေးသားလိုက်ပါတယ်။
`` ဇက်ကြော တက်တာလျော့ပေးပါ´´

 စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါပထမဆုံးစသိနိုင်တာက သင့်လည်ပင်းပါ။အများစုက ဇက်ကြောတက်တယ်

Tuesday, February 26, 2013

မာလကာသီး စားသုံးခြင်းဖြင့် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ


26 February 2013


မာလကာသီး တစ်လုံးတွင် ရှိသော ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။    မာလကာသီး၌    ဗီတာမင်စီ အပြင်  အေနှင့် ဘီ၊  ကယ်လ်ဆီယမ်၊  ဖော့စပရပ်စ်၊ ပိုတက် ဆီယမ်၊သံဓာတ်၊ဖောလစ်အက်စစ်နှင့်အမျှင်ဓာတ်တို့ပါဝင်သည်။ အများဆုံးပါဝင်သောဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။

          မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုးကျဆင်းစေပြီး နှလုံး

Monday, February 25, 2013

လူငယ်နှင့် ဘဝ


26 February 2013

ဘွဲ့နှင်းသဘင် ဦးထုတ် (mortarboard)

26 February 2013

 

ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard)ဟာရောမခေတ်အီတလီလူမျိုးများမ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။ ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် သီပေါမြို့နယ် သမိုင်းဝင် ဘော်ကြိုမုဌော စေတီတော် ရွှေထီးတော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်


25 February 2013

           အဆိုပါ ထီးတော်တင်မင်္ဂလာအခမ်းအနားသို့ သီပေါမြို့နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော် ဘဒ္ဒ န္တမိလိန္ဒ ၊    အကျိုးဆောင်ဆရာတော်    ဦးဥာဏ်ဏော ဘာသနှင့်  ပင့်သံဃာများ၊    ရှမ်းပြည်နယ် လွှတ်တော်    ဥက္ကဌ   ဦးစိုင်းလုံဆိုင်နှင့် ပြည်နယ်ဝန်ကြီးများ၊      ရမခတိုင်းမှူး       ဗိုလ်ချုပ် အောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ ၊ ဒုရဲမှူးကြီး မိုးမောင်သန်း၊ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းနှင့်  ပါတီဝင်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဘော်ကြို ဘုရား ဂေါပက ဥက္ကဌ ဦးအောင်ခင်နှင့် အဖွဲ့       ၀င်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ စုစုပေါင်း အင်အား (၅၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။

မူဆယ်ခရိုင် ၊ ကွတ်ခိုင်မြို့နယ် အတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီး


25 February 2013



၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် (၁၀၁၅)နာရီမှ နေ့လည်(၀၂၃၀)နာရီထိ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ယုံမောကျေးရွာအုပ်စု၊ ယုံမောကျေးရွာတောင်ဘက်ရှိ ဘိန်းပင်အရွယ် (၃)ပေခွဲ့ခန့်ရှိ (၇)ဧကအား မုံစီးရဲစခန်းမှ ရဲအရာရှိဦးစီး (၁၉) ဦးဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ယင်းနေ့ (၁၁၀၀)နာရီမှ နေ့လည် (၀၃၄၀)နာရီထိ ကောင်းလိန်ကျေးရွာအုပ်စု မန်လုံကျေးရွာတောင်ဘက်ရှိ ဘိန်းပင်အရွယ် (၁)ပေခွဲခန့် ရှိ (၃)ဧကခန့်နှင့် ဟိုမောဟိုပုံကျေးရွာအုပ်စု လောက်ကြိုင်ကျေးရွာ အနောက်ဘက်ရှိ ဘိန်းပင်အရွယ် (၁)ပေခွဲခန့်အား နမ့်ဖက်ကာ ရဲစခန်းမှ ရဲအရာရှိဦးစီး ၍ ဌာနဆိုင်ရာနှင့် ပြည်သူများပူးပေါင်း ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။

တောင်ကိုရီးယားသမ္မတသစ် အာဏာလွဲပြောင်းယူ

25 February 2013



တောင်ကိုရီးယားနိုင်ငံမှာ သမ္မတသစ်ရဲ့တာဝန်စတင်မှုကိုကြေညာတဲ့ ခေါင်းလောင်းထိုးပွဲ အခမ်းအနားကို ညသန်းခေါင်ချိန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဆိုးလ်မြို့လယ်က ဧရာမ ရှေးဟောင်းခေါင်းလောင်းကြီးရှိတဲ့ ဖိုရှင်ဂန် (Bosingak) အဆောက်အဦးမှာ သမ္မတသစ် ဘက်ဂွန်ဟေး (Park Guen-hye)ကတာဝန်လွှဲပြောင်း ယူတဲ့ အထိန်းအမှတ်ခေါင်းလောင်းထိုးပွဲအခမ်းအနားကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Sunday, February 24, 2013

ဘူတန်မှ ကျောက်ကမ်းပါးထက်က ဘုန်းကြီးကျောင်း

24 February 2013



ဘူတန်နိုင်ငံ၊ Paro ပြည်နယ်၊ Paro တောင်တန်းပေါ်မှာ တည်ဆောက်ထား တဲ့ ဘုန်းကြီးကျောင်း ဖြစ်ပါတယ်။ ၈ ရာစုလောက်က တိဘက်ဗုဒ္ဓဘာသာမှာ ကိုးကွယ်ရတဲ့ ဂုရု Padmasambhava ဟာ ကျားကိုစီးပြီး ယင်းတောင်က ဂူထဲမှာ ၃ နှစ်၊ ၃လ၊ ၃ ပတ်၊ ၃ ရက်၊ ၃ နာရီ တရားအားထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်းကို အဆွဲပြုလို့ Tiger’s Nest Monastery လို့လည်းခေါ်ပါတယ်။ သို့ပေမယ့် ဘုန်းကြီးကျောင်းကို စတင် တည်ဆောက်တာကတော့ ၁၆၉၂ ခုနှစ်ကလို့ ဆိုပါတယ်။ ၁၉ ရာစု ဖြစ်ပြီး ခေတ်အဆက်ဆက် ထိန်းသိမ်း လာမှုကြောင့် ဘုန်းကြီးကျောင်းဟာ ယနေ့တိုင် တည်ရှိတာ ဖြစ် ပါတယ်။ တောင်ထိပ်မှာ မဟုတ်ပဲ တောင်ဘေး တစ်နေရာမှာ ယခုလို တည်ရှိနေပါတယ်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၃ ထောင်ကျော်မက မြင့်တဲ့ တစ်နေရာမှာ တည်ရှိပြီး ဆိုးရွားတဲ့ ရသီဥတု ဒဏ် ကို ခံနိုင်း စွမ်းရှိပတယ်။ ဘူတန်နိုင်ငံရဲ့  ဗုဒ္ဓဘာသာအတွက် အထူးခြားဆုံး အမှတ်သား လက္ခဏာ တစ်ခု အဖြစ် တည်ရှိနေကြောင်း သိရပါတယ်။

မျက်လုံးထောင့်စွန်းက အသား - PLICA SEMILUNARIS

24 February 2013



Plica Semilunaris လို့ခေါ်တဲ့ မျက်လုံးထောင့်တွေမှာ ရှိနေတတ်တဲ့ အသား ခေါ် တတိယ မျက်ခွံဟာ လူနဲ့ အခြား သတ္တဝါအချို့ မှာ ပါရှိတတ် ပါတယ်။ သူ့ရဲ့  အဓိက လုပ်ဆောင်ချက်ကတော့ မျက်လုံး ရဲ့  လှုပ်ရှားမှု ဒီဂရီတိုင်းကို ထိန်းပေးခြင်း ဖြစ်ပါတယ်။ သူသာ မရှိရင် မျက်လုံးဟာ ကိုယ်လက်ရှိ လှည့်နိုင်တဲ့ မျက်လုံး ဒီဂရီလောက် လှည့်နိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ် လုပ်ဆောင်ချက်ကတော့ ယင်း နေရာကနေ အရည်တစ်မျိုး ထုတ်ပေးပြီး မျက်လုံးပေါ်က မလိုအပ်တဲ့ အညစ်အကြေးနဲ့ အမှုန်တွေကို စုစည်းစေပါတယ်။ မနက် အိပ်ယာထတဲ့အခါ မျက်လုံးထောင့်မှာ မျက်ချေး ကပ်နေတယ်ဆိုတာ ယင်း Plica Semilunaris က လုပ်ဆောင်ချက် ကောင်း မွန်နေသေးလို့ ဖြစ် ပါတယ်။

မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး ပြည်သူများ ပူးပေါင်း ဆောင်ရွက်ပေး


24 February 2013
Written by စကားဝါ

ကမ္ဘာ့နိုင်ငံ အသီးသီး၌ လူမှု ပတ်ဝန်းကျင်ကို မူးယစ်ဆေးဝါး ဆိုင်ရာ ပြဿနာများ ကအန္တရာယ် ပေးလျက်ရှိသည်။ လူငယ်ထု အတွင်းကောင်းကျိုး မပေးသည့် မူးယစ်ဆေးသည် အသွင်သဏ္ဌာန် အမျိုးမျိုးဖြင့် ပျံ့နှံ့လျက်ရှိရာ တားဆီးနှိမ်နင်း ကာကွယ်ရေး လုပ်ငန်းများကိုလည်း နိုင်ငံအသီးသီး ကအလေးထား ဆောင်ရွက်လျက် ရှိသည်။

 ကမ္ဘာ့ အသိုင်းအဝိုင်းဝင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တွင်လည်း ပြည်သူ အပေါင်းကျန်းမာ ၍လူနေမှု ဘဝ အဆင့်မြင့်မားရေး၊ အသိဥာဏ် ဗဟုသုတ တိုးတက်ရေး အတွက် မူးယစ် ဆေးဝါးတားဆီး ကာကွယ်ရေးကို အမျိုးသားရေး တာဝန်အဖြစ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။ အရှေ့တောင် အာရှနိုင်ငံများ တွင်မူးယစ် ဆေးဝါးပပျောက်ရေး ကိုလာမည့် ၂ဝ၁၅ခုနှစ်တွင် အပြီး ဆောင်ရွက်ရန် သတ်မှတ်ထားရာ မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး အတွက်စိုက်ပျိုး ထုတ်လုပ်မှု ပပျောက်ရေး၊ သယ်ယူ ပို့ဆောင်ရောင်းဝယ်မှု ပပျောက်ရေး ၊မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ပပျောက်ရေး တို့ကို

ရေသယံဇာတအရင်းအမြစ်များဖွံ့ဖြိုးရေး တောင်ပေါ်သစ်တောများ ထိန်းသိမ်းပေး

24 February 2013
Written by ရွှေတည်

ကမ္ဘာမြေ မျက်နှာပြင်၏ ၇ဝ ရာခိုင်နှုန်း ခန့်ကို ရေများက ဖုံးလွှမ်း ထားသော်လည်း ထိုရေထု၏ ၉၇ ရာခိုင်နှုန်းသည် ပင်လယ်ရေငန် ဖြစ်ပြီး ၃ ရာခိုင်နှုန်း ခန့် သာ ရေချိုဖြစ်ကြောင်း ပညာရှင်များ ၏ လေ့လာ တွေ့ရှိချက် အရ သိရသည်။ ကမ္ဘာပေါ်ရှိ ရေချို သယံဇာတများ အားလုံး၏ ၆ဝ ရာခိုင်နှုန်း ကျော်ခန့်သည် တောင်တန်းဒေသ များမှ ရရှိသည်။ ထိုတောင်တန်း ဒေသများသည် ကမ္ဘာမြေ မျက်နှာပြင်၏ ၂၄ ရာခိုင်နှုန်း ခန့်ရှိပြီး ကမ္ဘာ့ လူဦးရေ၏ ၁၂ ရာခိုင်နှုန်းတို့ နေထိုင်လျက် ရှိသည်။ 

Friday, February 22, 2013

အင်ဘူးကောင်းရွာအနီးတွင် KIA မှ မိုင်းထောင်

23 February 2013



      ဆဒုံးမြို့နယ် အင်ဘူးကောင်းရွာအနီးတွင် KIA တပ်ဖွဲ့ဝင်များမှ မိုင်းများထောင်ထား ကြောင်းသိရှိ ရပါသည်။  ရွာနီးပတ်ဝန်းကျင်တွင်ရွာသားများကအသီးအရွက်ရှာခြင်း၊ ထင်းရှာခြင်းများရှိနေသည့် အတွက် အခုလိုမိုင်းထောင်ထားတာဟာ ရွာသားများအတွက် အခက်အခဲများစွာ ဖြစ်နေကြာင်း သိရှိရပါသည်။

 KIA က အစိုးရတပ်တွေကို ထောင်းထားသည်ဆိုသော်လည်း ၎င်းတို့ မိုင်းထောင်ထားသည့် နေရာများမှာ အစိုးရတပ်တွေလာနိုင်သောနေရာတွေမဟုတ်ဘဲရွာသားများသာ အသုံးပြုနေသည့် နေရာဖြစ်သောကြောင့်

ပျားရည်တစ်ဇွန်းသောက်လျှင် အဆီကျ ပိန်စေနိုင်

23 February 2013


ပျားရည်ကိုရှေးနှစ်ပေါင်း ၂၅၀၀ ကျော်ကပင် လူသားတို့ သုံးစွဲခဲ့ကြပြီးဆေးဖက်ဝင် အသက်ရှည်ဆေးအဖြစ် သုံးစွဲခဲ့ကြသည်။ဗုဒ္ဓမြတ်စွာဘုရားလက်ထက်တော်ကပင်နာမကျန်းသူ၊အသက်ဝါကြီးသူ၊ရဟန်းတော်များကို အားဆေးအဖြစ် “စတုမဓူ” ဖော်စပ် သုံးစွဲခဲ့ကြသည်။ ထိုစတုမဓူတွင် ပျားရည်၊ သကာရည်၊ တင်လဲရည်နှင့်ထောပတ်တို့ပါဝင်သည်။  အချို့ကလည်းတင်လဲရည် အစားနှမ်းဆီထည့်ပြီးဖော်စပ်သုံးစွဲ ခဲ့ကြသည်။ ပျားရည်သည်အနာကျက်စေနိုင်သောသတ္တိရှိသဖြင့် ဒဏ်ရာများကိုပျားရည်ထည့်ပြီး ပတ်တီး စည်းပေးပါကနောက်တစ်နေ့နံနက်ပတ်တီးဖြည်လိုက်သောအခါအနာကျက်နေကြောင်း  တွေ့ရသည်။  

ရေအောက်မြင် အချက်ပြလေယာဉ်သုံး၍ ဓမ္မစေတီ ခေါင်းလောင်းရှာဖွေခြင်း မိုးမကျမီစမည်

22 February 2013
 
ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရာတွင် စင်ကာပူ ကုမ္ပဏီမှ သမိုင်းဝင် ပစ္စည်း ရှာဖွေရေးနှင့် ရေငုပ် ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံသား၊ ဗြိတိန်လူမျိုး ကပ္ပတိန် မိုက်ကယ် မိုက်ဟယ်ဂျာကို ငှားရမ်း သွားမည်ဟု စင်ကာပူ ကုမ္ပဏီမှ CEO က အဆိုပါ အလုပ်ရုံ ဆွေးနွေး ပွဲတွင် ပြောကြားခဲ့သည်။စင်ကာပူ ကုမ္ပဏီမှ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံရှိ  သမိုင်းသုတေသနသို့ ထပ်မံ ဆက်သွယ်မှု  မရှိသေးကြောင်း၊     ငွေကြေးပိုင်းဆိုင်ရာ

Thursday, February 21, 2013

ကားလမ်းမပေါ်ဖြတ်၍ တည်ဆောက်ထားသော လေဆိပ်

22  February 2013



ကားလမ်းမပေါ် ဖြတ်ပြီး တည်ဆောက်ထားသော လေဆိပ် အမှန်တကယ် ရှိပါတယ်။ တည်နေရာကတော့ လစ်ဘရိန်းပင်နီဆူလ ကျွန်းရဲ့ တောင်ဘက်စွန်း ရှိ ဗြိတိန်ပိုင် ကျွန်းမြို့ တစ်ခုဖြစ်တဲ့ Gibraltar ကျွန်းမှာ ဖြစ်ပါတယ်။ Gibraltar လို့ အမည်ရတဲ့ ယင်းလေဆိပ်ဟာ Gibraltar ကနေ စပိန်နိုင်ငံသို့ဖောက်လုပ်ထားတဲ့အဝေးပြေးလမ်းမပေါ်ဖြတ်ပြီးတည်ဆောက်ထားပါတယ်။ လေယာဉ်ပြေးလမ်း

KIA ပစ်ခတ်မှုကြောင့် သစ်တောဝန်ထမ်းတစ်ဦး ကသာဆေးရုံသို့ ဆေးကုသရန်ရောက်ရှိ

22 February 2013


        











၂၀၁၃ခုနှစ်ဖေဖော်ဝါရီလ၁၄ရက်နေ့နေ့လည်၂နာရီခန့်တွင်မဘိမ်းသစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ
ဖြစ်သည့် ဦးအောင်တင်ဦးနှင့် တောခေါင်းဦးခင်မောင်ဝင်း ငါးအိုးရွာနေသူတို့သည်နမ့်မင်း၊နမ့်ပါ ကြိုးဝိုင်းများအတွင်း ကျူးကျော်စာရင်းများ   ကောက်ယူခြင်းဆောင်ရွက်နေစဉ် KIAတပ်ရင်း(၁၂/၂၇)မှအင်အား (၃၀)ခန့်သည် လက်နက်များကိုယ်စီ ကိုင်ဆောင် ရောက်ရှိလာပြီး ၄င်းတို့(၂)ဦးအား နမ့်ပါချောင်းအနီး ဈေးဆိုင် တစ်ဆိုင်သို့   ခေါ်ဆောင်သွားကာ `` ငါတို့ KIA လှုပ်ရှားမှုကို လာချောင်းတာလားဟု´´  အကြိမ်ကြိမ် စွပ်စွဲပြောဆိုမေးမြန်းခဲ့သည်။

SSA (၀မ်ဟိုင်း)မှ ကျေးရွာများတွင် ဆက်ကြေးကောက်ခံလျက်ရှိ

22 February 2013



၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ရက်နေ့ ည (၁၁)နာရီအချိန့်ခန့်တွင် SSA(၀မ်ဟိုင်း)မှ (၄)ဦးသည် သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု၊ ပန်လန်းရွာသို့ ရောက်ရှိလာပြီး ပန်လန်းရွာအတွက် တစ်နှစ်စာ ဆက်ကြေးငွေအဖြစ် အိမ်ထောင်တစ်စုလျင် ငွေကျပ် (၃၀၀၀၀ိ/)-ကျပ်နှုန်းပေးဆောင်ရမည်ဟု ကျေးရွာ ဥက္ကဌအားပြောခဲ့ကြောင်းသိရသည်။ 

ပန်လန်းရွာသည်အိမ်ခြေ(၃၅)အိမ်သာရှိပြီး ကျေးရွာ ဥက္ကဌနှင့် ရပ်မိ/ရပ်ဖတိုထံမှ ငွေကျပ် (၆)သိန်း ယူဆောင်ပြီး ပန်လန်းရွာ အနောက်မြောက်ဘက် ပန်ညောင်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် အတွင်းရှိ ဘိန်းခင်းများ ဌာနဆိုင်ရာနှင့် ပြည်သူလူထု ပူးပေါင်းဖျက်ဆီးပစ်ခဲ့

21 February 2013



၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် (၁၀၃၀)နာရီမှ (၁၆၃၀)နာရီထိ မူဆယ်ခရိုင် ၊ ကွတ်ခိုင်မြို့နယ် မုံထန်ကျေးရွာအုပ်စု၊ နမ့်ဖိန်းကျေးရွာအနောက်မြောက်ဘက်ရှိ ဘိန်းပင်အရွယ် (၁)ပေခွဲခန့်ရှိဘိန်းခင်း (၆)ဧကခန့်အား မုံးစီးရဲစခန်းမှ ရဲအရာရှိဦးစီး (၁၉)ဦးဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည့် ပန်းသီး

21 February 2013



ပန်းသီးတွင် အဆုတ်ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ များကို ကာကွယ်တိုက်ဖျက်ရာတွင် အထောက်အကူပြုသည့်   သဘာဝဓာတ်         ပစ္စည်းတစ်ခုဖြစ်သော Quercetin ပါဝင် သည်။   ထို့အတူ ခန္ဓာကိုယ် အတွင်းရှိ      ဆဲလ်များအား    ရောဂါပိုးများက တိုက် ခိုက်ခြင်းမှ     အကာအကွယ်ပေးသည့် Antioxidant များစွာ ပါဝင်လျက်ရှိ သည်။  

               အချုပ်အားဖြင့်    ဆေးလိပ်သောက် ခြင်းမှရှောင်ကြဉ်ခြင်း   ၊Antioxidant များ ကြွယ်ဝသည့်

လည်နေသော တိုက်

21 February 2013



ပုံမှာမြင်တွေ့ရတာကတော့ ဘရာဇီးနိုင်ငံမှာရှိတဲ့ Suite Vollard ကုမ္ပဏီမှ တည်ဆောက်ခဲ့တဲ့ တို က်   ဖြစ်ပါတယ်။ ယင်းတိုက်ဟာ ၁၁ ထပ်ရှိပြီး တစ်ထပ်စီ တစ်ထပ်စီဟာ ၃၆၀ ဒီဂရီ လည်ပတ်လို့ ရပါတယ်။

 အဲဒီလိုလည်ပတ်နိုင်အောင် စက်ခန်းတစ်ခုမှ ထိန်းချုပ်ပေးထားမှာ ဖြစ်ပြီး တစ်ပတ်အပြည့် လည်ဖို့အတွက်

Wednesday, February 20, 2013

ထောပတ်သီးက တိရိစ္ဆာန်တွေအတွက် အဆိပ်ဖြစ်

21February2013



ထောပတ်သီးက ငှက်၊ ကြောင်၊ ခွေး၊ ယုန် တို့အပြင် အခြားသော အိမ်မွေးတိရစ္ဆာန်တော်တော် များများ ကို အဆိပ်ဖြစ်စေပါတယ်။ ကျွဲ ၊နွား၊မြင်း ၊ ဆိတ်၊ ယုန်၊ ကြက်၊ငှက်၊ ကြောင်၊ ခွေး တို့အပြင်  ငါးတို့လို  တိရစ္ဆာန်  တွေကိုတောင် ထောပတ်က အဆိပ်ဖြစ်စေပါတယ်။ စားသုံးမိတဲ့ ပမာဏ အနည်းအများ အလျောက် သေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ တိရစ္ဆာန် တော်တော်မျးများမှာ ထောပတ်သီး နဲ့ ဆက်စပ် အစား အစာ ကျွေးမွေး မိခြင်းကြောင့် ဝမ်းလျှောခြင်း၊ အသဲပတ်လည် တစ်ရှူးတွေ ရေမြှုပ်ထွက်ခြင်း၊ အသက်ရှူ လမ်းကြောင်း ပိတ်ခြင်း၊ ခန္ဓာကိုယ် လှဲကျလောက်သည်ထိ အားပျက်သွားခြင်း အစရှိ သဖြင့် ရောဂါ လက္ခဏာအမျိုးမျိုး ပြသပြီး အချိန်မှီ ဖြေဆေး မပေးနိုင်ရင်သေနိုင်ပါတယ်။ ဒါကြောင် တိရစ္ဆာန်တွေကို ဘယ်လိုအကြောင်းမျိုးနဲ့မှ ထောပတ်သီး မကျွေး မိ စေရန်တိုက်တွန်းထားကြောင်း သိရပါတယ်။




SSA (၀မ်ဟိုင်း)အဖွဲ့မှ သီပေါမြို့တွင် ဈေးလိုက်လံရောင်းချနေသူတစ်ဦးအား ဖမ်းဆီး

21 February 2013

       












၂၀၁၃ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ည(၀၉၀၀)နာရီမှ  (၁၂၀၀)နာရီထိ SSA  ( ၀မ်ဟိုင်း)အဖွဲ့မှ တိုက်နယ်မှူး     အဆင့်ရှိ စိုင်းခိုင်ဦးစီး အင်အား(၃၀)ခန့်သည် သီပေါမြို့နယ်၊ မိုးတေ၊ နားကြူ၊ နားယုတ်၊ ပန်လန်း၊ ပြိန်းဆိုင်း ကျေးရွာ(၅)ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု၊ ပန်လန်းကျေးရွာ မြောက်ဘက်(၅)မိုင်ခန့်တွင် အစည်းအဝေး ပြုလုပ်နေစဉ် ၄င်းကျေးရွာ များတွင် ဈေးလိုက်လံရောင်းချနေသူ ကျော်စိုး အားအစည်းအဝေးပြုလုပ်သည့်နေရာတွင် မျက်နှာဖုံးစွပ် ကြိုးတုပ်ထားကြောင်းသိရပါသည်။SSA(၀မ်းဟိုင်း)အဖွဲ့မှကျော်စိုးအားမင်္သကာစိတ်ဖြင့်ဖမ်းဆီး ခေါ်ဆောင်ထား ခြင်းဖြစ်ပြီး ကျော်စိုးမှာ ယခုအချိန်ထိ ၄င်း၏ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသောကြောင့် လက်ကိုင်ဖုန်းအား ဆက်သွယ်ခေါ်ဆိုရာ စက်ပိတ်ထားကြောင်း သိရပါသည်။

၂၀ ရာစုရဲ့ ကမ္ဘာ့ ဒုတိယအကြီးဆုံး မီးတောင်ပေါက်ကွဲမှု















ဖိလစ်ပိုင်နိုင်ငံမှ    ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။   မနီလာမြို့     အနောက်မြောက် ပိုင်း ၅၅ မိုင်အကွာလောက် မှာ ဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံကို  အကျိုး သက် ရောက်စေခဲ့တဲ့    ပေါက်ကွဲမှု ဖြစ်ပါတယ်။      ၁၉၉၁ ခုနှစ် ဇွန်လက ဖြစ်ပြီး လူ  ၈၀၀ ဦး အထက် သေလို့  ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရပါတယ်။        ၉ နာရီ ကြာမြင့်တဲ့ ဖြစ်စဉ်ကြောင့် ဇွန်လ ၁၅ ရက်နေ့ မှာပဲ ဆာလဖာဒိုင်အောက်စိုက် တန်ချိန် သန်းချီ လွင့်ကုန်ပြီး ကမ္ဘာ့ အပူချိန်ကို   အနည်းငယ် လျော့ကျသွားစေခဲ့ပါတယ်။     မနီလာမြို့  အနောက် ဘက်မှာ တည်ရှိတဲ့ မီးတောင်များ ဟာ နှစ်ပေါင်း  ၅၀၀၊ ၃၀၀၀ နဲ့ ၅၀၀ အသီးသီး ခြားလို့ ပေါက်ကွဲမှု များ   ဖြစ်ပေါ်ခဲ့ပါတယ်။   ဖိလစ်ပိုင်နိုင်ငံဟာလည်း ကမ္ဘာမှာ မီးတောင်များတဲ့ နိုင်ငံများထဲမှာ ပါဝင်ပြီးကမ္ဘာ့အဆိုးရွားဆုံ:   ချော်ရည်  ကျဆင်းမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရ ပါတယ်။

 20 February 2013

HIV ဗိုင်းရပ်စ် ကူးစက်မှု၏ အဓိက ပရိုတိန်းဓာတ်တွေ့ရှိ













 20 Febuary 2013 | 


အမေရိ ကန်ပြည်ထောင်စု Johns Hopkins Bloomberg ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ သုတေသီ အဖွဲ့သည် HIV ဗိုင်းရပ်စ်က လူသားဆဲလ်ကို ဖျက်ဆီး တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သော ပရိုတိန်း မော်လီ ကျူး တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ ဤတွေ့ရှိချက်သည် HIV ကုထုံး အသစ်များဆီသို့ ဦးတည် သွားနိုင်မည့် HIV ပိုး၏ ပရိုတိန်းနှင့် လူသား ပရိုတိန်းများ အကြား ရှုပ်ထွေးစွာ အပြန် အလှန် ဓာတ်ပြုကြ ပုံနှင့် ပတ်သက်၍ အရေး ပါလှသော အဖြေ တစ်ပိုင်း တစ်စ ဖြစ်ကြောင်း တွေ့ရှိချက် အပြည့် အစုံကို ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Nature စာစောင်တွင် 

SSA(၀မ်ဟိုင်း)အဖွဲ့၏တရားဥပဒေမဲ့လုပ်ရပ်များကြောင့် ပြည်သူလူထုအထိတ်တလန့်ဖြစ်မှုများအား တပ်မတော်မှကာကွယ်

20 February 2013

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် SSA(၀မ်ဟိုင်း)အဖွဲ့မှ ဒုမြို့နယ်မှူးအဆင့်ရှိသူ လက်မှတ်ရေးထိုးထားသည့် SSA တပ်မဟာ(၁) တံဆိပ်တုံးပါ ရှမ်းဘာသာဖြင့် ရေးသားထားသော ဆက်ကြေးတောင်းခံစာတစ်စောင်အား နမ္မတူမြို့ ၊ငွေရတနာမန်းကားဂိတ်သို့ ပေးပို့ခဲ့ပါသည်။

အဆိုပါစာပါအကြောင်းအရာမှာ "နမ္မတူမြို့၊ငွေရတနာမန်းကားဂိတ်(၃)ခုအနေဖြင့် ၂၀၁၃ ခုနှစ်တွင် မှန်လုံ(ကားကြီး) ၁၀၀၀၀၀ ကျပ်နှုန်း၊ မှန်လုံ(ကားလတ်) ၇၀၀၀၀ ကျပ်နှုန်း၊ မှန်လုံ(ကားသေး) ၅၀၀၀၀ ကျပ်နှုန်းအား ဂိတ်မှူးမှ ကောက်ခံ၍ နမ္မတူမြို့၊နားကွန်ရွာသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ၀၉၀၀ နာရီအရောက် ပေးပို့ရန် " ဟုပါရှိကြောင်း၊၄င်းဆက်ကြေးတောင်ခံစားအား အောက်တွင် ဖော်ပြအပ်ပါသည်။

Tuesday, February 19, 2013

ကင်ဆာ ရောဂါဖြင့် သေဆုံးမှု လေးရာ ခိုင်နှုန်းသည် အရက် သောက်ခြင်းကြောင့်ဟု ကျွမ်းကျင်သူများ သတိပေး

19 February 2013
Written by အာကြီး



ကင်ဆာရောဂါဖြင့် သေဆုံးမှုများ အားလုံး၏ လေးရာခိုင်နှုန်းသည် အရက်ကြောင့်ဖြစ်ပြီး ၎င်းအရက်သည် သောက်သုံးသူများကို သိသိသာသာ ဒုက္ခပေးသော်လည်း ထင်ရှားသော လက္ခဏာ ပြ သခြင်းမျိုး မရှိ ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။ ဆရာဝန်များ၏ လေ့လာမှုအရ

တားဆီးနိုင်သော အန္တရာယ်ရှိသည့် အကြောင်းအရာများကို တွေ့ရှိရပြီး ထိုအချက် ကို ပြည်သူများသိရှိမှု နည်းပါးကြောင်း သိရှိ ရသည်။ အမေရိကန် နိုင်ငံတွင် နှစ်စဉ် အရက်ကြောင့် ကင်ဆာရော ဂါဖြင့် သေဆုံးသူ ၂၀၀၀၀ ခန့် ရှိပြီး နိုင်ငံအတွင်းရှိ သေဆုံးသူ စုစုပေါင်း၏ ခန့်မှန်းခြေ ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း အမေရိကန် သုတေသီ များက ရှာဖွေ တွေ့ရှိခဲ့ကြသည်။ လေ့လာမှုအရ ရင်သား ကင်ဆာနှင့် အရက်သောက်သုံးသော အမျိုးသမီး တို့ အများဆုံး ဆက်နွယ်မှု ရှိသော ရောဂါပုံစံ ကိုလည်း ရှာဖွေတွေ့ရှိ ခဲ့သည်။ အမေရိကန် နိုင်ငံတွင် နှစ်စဉ် ခန့်မှန်းခြေ အားဖြင့် လူပေါင်း ၆၀၀၀ ၏ သေဆုံးမှုသည် အရက်သောက်ခြင်းနှင့် ဆက်နွယ်မှုရှိသော ရင်သား ကင်ဆာကြောင့်ဖြစ်ပြီး ကင်ဆာကြောင့်ဖြင့် သေဆုံးမှု အားလုံး၏ ၁၅ ရာခိုင်နှုန်း ခန့်ရှိကြောင်း ဘော့စတွန် တက္ကသိုလ် ဆေးဘက်ဆိုင်ရာ ဌာန၏ ဌာနခွဲ တစ်ခုက

ကွန်ပျူတာ သုံးပြီးတိုင်း လက်ဆေးပါ။

19 February 2013
Written by အာယု


ကွန်ပျူတာ သုံးပြီးတိုင်း လက်ဆေးပါ။

ဒီနေ့ခေတ်မှာ ကွန်ပြူတာ သုံးတဲ့ သူငယ်ချင်းတွေ သိထား သင့်တယ် ထင်လို့ပါ ကွန်ပျူတာ တစ်စုံရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက် ၅ ဆ ပိုညစ်ပတ် ပါသတဲ့။ မယုံမရှိ ကြပါနဲ့။ London National Laboratory တစ်ခုရဲ့ တိကျ သေချာသော သုသေသန လုပ်ဆောင်ချက် တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊ Computer တခုရဲ့ Keyboard တခုတွင် Bacteria သန်းနှင့် ချီပြီး ပေါက်ဖွား ရှင်သန် နိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။

စိမ်းပြာရောင်ကမ်းခြေ- Navagio beach

19 February 2013



ပန်းချီကားမဟုတ်ပါဘူး။ အပြင်မှာ တကယ်ရှိပါတယ်။ ဂရိနိုင်ငံ အနောက် ပိုင်း Zakynthos ကျွန်းမှာ တည်ရှိတဲ့ ကမ်းခြေတစ်ခု ဖြစ်ပြီး Navagio လို့ခေါ် ပါတယ်။ ပုံမှာမြင်တွေ့ရတဲ့အတိုင်း ကျောက်ကမ်းပါးများ ဝန်းရံထားတဲ့ ရေပြင်ဟာ သီးသန့် နီးပါးခွဲထွက်ပြီး စိမ်းပြာရောင် ရေပြင်လို ဖြစ်နေပါတယ်။ အမှန်တော့ ကမ်းခြေပတ်လည်အနီးရေအောက်ကြမ်းပြင်မှာအရောင်လက်ကျောက်စရစ်ခဲများရှိနေပြီးကောင်းကင် အပြာေ ရာင်ပြန်ဟက်ရောစပ်သွားမှုဖြစ်ပြီးနေရောင်ခြည်ထိုးဖောက်လိုက်တော့စိမ်းပြာရောင်လို အရောင်ထွက်စေပါ တယ်။ချောက်ကမ်းပါးများဝမ်းရံပြီးအတွင်းမှာရေဂူပေါင်းမြောက်များစွာရှိပါတယ်။အထဲတွေကိုတော့ စက်လှေ

လားရှိုး -မန္တလေး အစုန်လူစီးရထားပေါ်တွင် ခရီးသည်တစ်ဦး၏ လက်ဆွဲအိတ်အတွင်းမှ ဘိန်းဖြူ ၈၈ သိန်းဖိုး ဖမ်းဆီးရမိ

19 February 2013

 

   ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့ နံနက်(၄)နာရီ ခွဲအချိန်ခန့်တွင် လားရှိုးမူးယစ်အထူးအဖွဲ့မှ ဒုရဲအုပ် ဇော်မျိုးထွန်း ဦးစီး တပ်ဖွဲ့ဝင်များသည် လားရှိုးမီးရထား ရဲတပ်ဖွဲ့မှ တပ်စုမှူး ဒုရဲအုပ် ကျော်သူမြင့် ဦးစီး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သက်သေများနှင့် အတူ အမှတ်(၁၃၂)လားရှိုး-မန္တလေး အစုန်လူစီးရထား ထွက်ခွာခြင်းမပြုမီ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများရှာဖွေစစ်ဆေးရာ အထက်တန်းတွဲထိုင်ခုံအမှတ်(A-5)တွင်ထိုင်နေသည့်ခရီးသည်မဇောင်းဂန်း၏     ခရီးဆောင်လက်ဆွဲအိတ်အတွင်းမှတရုတ်စာတန်းပါ  ခေါက်ဆွဲ
ခြောက် ဖာအတွင်း ရောင်စုံပလပ်စတစ်ဆပ်ပြာခွက် (၁)ခွက်လျင်ဘိန်းဖြူအလေးချိန်(၁၂)ဂရမ်ခန့်စီပါ(၁၉)ခွက်

ရေရှည် တည်တံ့သော အောင်မြင်မှု ပန်းတိုင်ဆီသို့


19 February 2013
 Written by ရွှေကူ

လောက လူ့ရွာအတွင်း နေထိုင်ကြသူ တို့သည် စိတ်ကူး ကြံစည်မှု၊ အယူ အဆနှင့် မူဝါဒ၊ ဦးတည်ချက် ပန်းတိုင် စသည်တို့၌ အမျိုးမျိုးဖြင့် ဘဝ ခရီးကို ရှေ့သို့သာ သွားနေ ကြ၏။ ရှေ့သို့သာ သွားကြရာ၌ ဖြောင့်ဖြောင့်တန်းတန်း သွားကြမှသာ ခရီးတွင်မည် ဖြစ်သည်။

 ဖြောင့်ဖြောင့်တန်းတန်း ဟူသည်မှာ ရိုးသား ဖြောင့်မတ်ခြင်းပင် ဖြစ်သည်။ရိုးသားခြင်း၏ ဆန့်ကျင်ဘက်မှာ မရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၏ ဆန့်ကျင်ဘက်မှာ ကောက်ကွေ့ခြင်း သို့မဟုတ် မာယာ များခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ရှင်တော် မြတ်ဗုဒ္ဓက ဖြောင့်မတ်ခြင်း ဟူသည် မာယာ ကင်းရှင်းခြင်းကို ခေါ်သည်ဟု မိန့်မှာခဲ့သည်။ 

ဦးနှောက်မှ အရေးကြီးသော အစိတ်အပိုင်း တစ်ခု -- ကြွက်သားမှတ်ဥာဏ်

19 February 2013



   လူတွေက ကိုယ့်ကိုယ်ကို ဘာလို့ကလိထိုးလို့မရတာလည်း ဆိုတာ ကလေးတွေ မေးလေ့ရှိပါတယ်။ ယင်းအတွက် အဖြေရှိပါတယ်။ ကိုယ့်ကိုယ် ကို ကလိထိုးလို့ မရယ်အောင် တားဆီး၊ သတိပေးနေတဲ့ အရာ ကတော့ ဦးနှောက်ထဲက cerebellum ဆိုတဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ သူက မိမိရဲ့  လှုပ်ရှားမှုကို ပြန်လည်မှတ်သား ထားနိုင်တဲ့အတွက် ဘယ်လိုပဲ ကိုယ့်ကိုယ်ကို ကလိထိုးပါစေ ရယ်အောင် မလုပ်နိုင်ပါဘူး။သူကိုကြွက်သွားမှတ်ဥာဏ်လို့လည်းခေါ်ပါတယ်။မိမိခန္ဓာကိုယ်ကြွက်သားရဲ့ လုပ်ဆောင်ချက်

Monday, February 18, 2013

ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များအတွက်ဟု အကြောင်းပြကာ KIA သောင်းကျန်းသူအဖွဲ့ ရွာသားများထံတွင် ပိုက်ဆံကောက်ခံခဲ့။

18 February 2013

 

  ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်တွင် မဘိမ်းမြို့နယ်၏ အရှေ့ ဘက်(၉)မိုင်ခန့်အကွာ၊ လ၀ါကျေးရွာသို့ KIA သောင်းကျန်းသူအဖွဲ့ တပ်ရင်း(၁၂)မှ စစ်ကြောင်းမှူး ဗိုလ်မှူးကြီးလတွဲခေါင်းဆောင်သောအဖွဲ့ဝင် ၂၀ ဦးခန့်ရောက်ရှိလာပြီး ကချင်ပြည်နယ်စစ်ဘေး ဒုက္ခသည်များအတွက်ဟု အကြောင်းပြကာ လ၀ါကျေးရွာမှ ငွေကျပ်(၃၅)သိန်း ကောက်ခံခဲ့ကြောင်း သိရသည်။ 
   
   အဆိုပါ KIA  သောင်းကျန်းသူအဖွဲ့သည် အင်အား (၆၀) ဦးခန့်ရှိပြီး မဘိမ်းမြို့နယ်အတွင်းရှိ လ၀ါ၊  ပင်ကြိမ်၊

Saturday, February 16, 2013

ရုရှား နိုင်ငံ၏ ထိတ်လန့်ဖွယ် ဥက္ကာခဲ ကျရောက်မှုကြောင့် လူ ၄ဝဝ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့


16 February 2013



 မော်စကို ဖေဖော်ဝါရီ ၁၅

ရုရှားနိုင်ငံ ချယ်ယက် ဘင့်ခ်မြို့ ပေါ်သို့ ဖေဖော်ဝါရီ ၁၅ ရက် ဒေသ စံတော်ချိန် နံနက် ၉ နာရီမိနစ် ၂ဝ အချိန်တွင် ကြီးမားသော ဥက္ကာခဲများ ကျရောက်မှုကြောင့် ပေါက်ကွဲမှုများ ဖြစ်ပွားပြီး စက်ရုံနှင့် အဆောက်အအုံ အချို့ ပျက်စီးကာ လူ ၄ဝဝ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။  ကာဇက်စတန် နယ်စပ် အနီးတွင် တည်ရှိပြီး ရုရှားနိုင်ငံ မော်စကိုမြို့ အရှေ့ဘက် မိုင် ၉ဝဝ အကွာရှိ ချယ်ယက်ဘင့်ခ် မြို့တွင် ဥက္ကာခဲများ ကျရောက်မှုကြောင့် ယူရယ်ဒေသ ဝန်းကျင် တွင် ထိခိုက်မှုတို့ ဖြစ်ပွားခဲ့သည်။ ဒေသ စံတော်ချိန်နံနက်၉နာရီမိနစ်၂ဝအချိန်တွင်ကောင်းကင်မှ မီးတောက်များတောက်ပ စွာပေါ်ထွက်လာခဲ့ ပြီးနောက်ပေါက်ကွဲမှုဖြစ်ပေါ်ကာအဆောက် အအုံနှင့် မြေပြင်တို့ တုန်လှုပ်ခဲ့သည်။ ဥက္ကာခဲ ကျရောက်မှုကြောင့်ဖြစ်ပေါ်လာသောပေါက်ကွဲမှုသည်အဆောက်အအုံမှန်များ အစိတ်စိတ်အမွှာမွှာ ကွဲထွက်

(၆၈) နှစ်မြောက် တပ်မတော် နေ့ အထိမ်း အမှတ် အကြိမ် (၂ဝ) မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ကျင်းပ

16 February 2013


 နေပြည်တော် ဖေဖော်ဝါရီ ၁၅

၂ဝ၁၃ ခုနှစ်၊ (၆၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိမ် (၂ဝ) မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီခွဲနှင့် ညနေ ၄ နာရီ တို့တွင် နေပြည်တော်ရှိ တည်းခိုရေး စခန်း (ရွာတော်) ၌ ကျင်းပ ခဲ့ပါသည်။ ထိုသို့ ကျင်းပရာ နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်တီးဝိုင်း၊ စစ်တက္ကသိုလ် စစ်တီးဝိုင်း၊ အမှတ်(၁၁) ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြုစစ်တီးဝိုင်းနှင့်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုစစ်တီးဝိုင်းတပ်ခွဲ(၁)အသင်းတို့က

သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား


16 February 2013



Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။ ပထမ ၂ လခွဲကာလအတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်စခန်းတစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါက ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး

မူဆယ်မြို့နယ်၊လုံခန်းကျေးရွာအနီးတွင် စိတ်ကြွဆေးပြား သိန်း ၈၀၀ ကျော်ဖိုး ဖမ်းဆီးရမိ


16 February 2013
 

၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မူဆယ်(မူးယစ်)၊ ၁၀၅မိုင်လှုပ်ရှားအဖွဲ့ ရဲအုပ်ဇော်မင်းသိန်း ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၁၀၅ မိုင်၊ ပန်ဆိုင်း(ကြူကုတ်)သွား ကားလမ်း၊   လုံခန်ရွာအနီးေ ညာင်ပင်တွင် စောင့်ဆိုင်းနေစဉ်  မုန်ခုန်ကန်ရွာဘက် မှ   ၁၀၅မိုင်ဘက် သို့

Friday, February 15, 2013

ဦးနှောက် ကျန်းမာ ဖွံ့ဖြိုးမှု အတွက် အစားအသောက်များ

15 February 2013
  
လူ့ဦးနှောက်ဟာ နေ့စဉ် စားသုံးတဲ့ အစားအစာ ကယ်လိုရီရဲ့ ၂၀ ရာခိုင်နှုန်းကို ဆုပ်ယူ သုံးစွဲ ပါတယ်။
ဒါကြောင့် နေ့စဉ် ကိုယ်စားသောက်တဲ့ အစားအစာ တိုင်းဟာ မိမိ မှတ်ဥာဏ်နဲ့ ဦးနှောက် ကျန်းမာ ဖွံ့ဖြိုးမှု အတွက် အလွန် အရေးကြီး ပါတယ်။ ဦးနှောက် ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှု အတွက် အရေးကြီးတဲ့ အစားအစာအချို့ 

နို့သောက်ပြီး ၀မ်းပျက်တတ်တဲ့ သူတွေအတွက်ပါ

15 February 2013


 နွားနို့ သောက်ပြီး ၀မ်းပျက်တဲ့ သူတွေ အတွက် နွားနို့ သောက်စရာ မလိုပဲ Calcium ဓါတ်တွေ များစွာ ပါဝင်တဲ့ "ပိန်းဥ"လို့ ခေါ်တဲ့ ကယ်လ်စီယမ် အစားထိုး စားသုံး ပေးလို့ လည်းရပါတယ် ဒီ့ပြင် "ပိန်းဥ" အစိမ်းမှာ ပါဝင်တဲ့ Oscillate ဆိုတဲ့ ဓါတ်တမိုးဟာ အဟာရထဲမှာ Calcium တွေကို စုတ်ယူ သွားမှာဖြစ်တဲ့အတွက် အရင်ဦးဆုံး

အခြေအနေ အချိန် အခါနှင့် အခွင့်အလမ်း အကျိုးရှိရှိ အသုံးချ


15 February 2013
Written by ရွှေကူ

 လူဆိုသည်မှာ အဖွဲ့အစည်း အသင်း အပင်းနှင့် နေထိုင်တတ်သော သက်ရှိ သတ္တဝါ ဖြစ်ခြင်းကြောင့် လူတိုင်းသည် ပတ်ဝန်းကျင် အသိုင်း အဝိုင်းနှင့် အတူ နေထိုင်ကြသော လူ့အဖွဲ့ အစည်း၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး လူ့အဖွဲ့ အစည်းသည်လည်း လူတိုင်းအတွက် လိုအပ်ချက် ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦး ချင်းသည် လူ့အဖွဲ့ အစည်းအတွက် ဖြစ်သကဲ့သို့ လူ့အဖွဲ့ အစည်းသည်လည်း လူတစ်ဦးချင်းစီ အတွက်ပင် ဖြစ်သည့် အားလျော်စွာ       လူအချင်းချင်း    ချစ်ကြည်    ရင်းနှီးမှု၊    ရိုင်းပင်းကူညီမှု ရှိကြရမည်  ဖြစ်သည်။ လူ့အဖွဲ့ အစည်းအတွင်း နေထိုင် ကြရသည့် ပုဂ္ဂိုလ်များသည် လူအချင်းချင်း အပေါ်

Tuesday, February 12, 2013

SSA တပ်မဟာ(၁)မှ ဒေသခံတိုင်းရင်းသားများအား တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်း


12 February 2013

  ၂၀၁၃ ခုနှစ်ဖေဖ၀ါရီလ (၈)ရက်နေ့တွင် ကျောက်မဲခရိုင်၊ဆိုက်ခေါင်ကျေးရွာအုပ်စု၊ပန်ဝိုးကျေးရွာသို့ SSA တပ်မဟာ(၁)မှ စိုင်းဆိုင်ခမ်းခေါင်းဆောင်သော အင်အား(၁၀)ဦးသည် လက်နက်ကိုယ်စီဖြင့် ရောက်ရှိလာပြီး ဆိုက်ခေါင်ကျေးရွာအုပ်ချုပ် ရေးမှူး နှင့် ဆိုက်ခေါင်ကျေးရွာအုပ်စုအတွင်းတွင်ရှိသော ကျေးရွာလူကြီး (၁၀)ဦးအား ခေါ်ယူတွေ့ဆုံခဲ့ကြောင်းသိရှိရသည်။

Sunday, February 10, 2013

ငြိမ်းချမ်းပါစေရှမ်းမြောက်မြေ

10 February 2013

  နိုင်ငံတော်အစိုးရသည် ကချင်ပြည်နယ်အတွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ရန်အတွက်KIO/KIA အပါအ၀င် တိုင်းရင်းသားပြည်သူအားလုံးနှင့်လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း၊ ဆန္ဒသဘောထားများဖော်ပြထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ 

KIO ဥက္ကဌ ဇောင်းဟရားနှင့် အင်ဘန်လတို့ ၂ ဦး `၀´ ဗဟိုဌာနချုပ်ပန်ဆန်းသို့ရောက်ရှိ


10 February 2013

  ၂၀၁၃၊ဖေဖ၀ါရီ ၈ ရက်နေ့တွင်KIO ဥက္ကဌဇောင်းဟရားနှင့်အင်ဘန်လတို့သည်`၀´သွေးစည်းညီညွှတ်ရေး တပ်မတော်၊ ဗဟိုဌာနချုပ်ရှိရာပန်ဆန်းမြို့သို့ တရုတ်နိုင်ငံ နယ်စပ်လမ်းကြောင်းအတိုင်းရောက်ရှိလာပြီး "၀''လုံဟိုတယ်တွင် တည်းခိုလျှက်ရှိကြောင်းသိရှိရသည်။

Saturday, February 9, 2013

KIAနှင့် TNLA ပူးပေါင်း၍ အပြစ်မဲ့တိုင်းရင်းသား ၂ ဦးအား ဖမ်းဆီး


10 February 2013

  ၂၀၁၃ ခုနှစ်၊ ဖေဖ၀ါရီလ ၉ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ လုံကန်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဦးလှအောင်ဦးစီးသည့်အဖွဲ့မှတပ်ဖွဲ့ဝင်(၂)ဦးအား လုံကန်ကျးရွာမှဒိန်ဂရီကျေးရွာသို့ ဈေးဝယ်ရန် သွားရောက်စဉ် KIA/TNLAပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

   အဆိုပါသတင်းနှင့်ပက်သက်၍ တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းမှုများဆောင် ရွက်ခဲ့ပြီးအဆိုပါ

Friday, February 8, 2013

မူဆယ်မြို့ ၌ခရိုင်အဆင့်မှီဆေးရုံအသစ်ဆောက်လုပ်မည်


9 February 2013
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့၌လက်ရှိဆေးရုံအစားဆေးရုံအဆောက်အဦးအသစ်အားမြို့ပတ်လမ်းရှိ
ဘောလုံးကွင်းအနီးလာမည့်ဧပြီလပိုင်းတွင်စတင်ဆောက်လုပ်တော့မည်ဖြစ်ရာမူလဆေးရုံဟောင်းနေရာ၌ ကျန်းမာရေးဝန်ထမ်းများကိုသာထားရှိတော့မည်ဖြစ်ကြောင်းမူဆယ်ခရိုင်အုပ်ချုပ်ရေးအသိုင်းအ၀ိုင်း

ဆားဝက်ခြံ အတွက် သဘာဝ နည်းလမ်း ကောင်းများ


9 February 2013












- ခရမ်းချဉ်သီးကို ပျစ်သွားတဲ့ အထိ ကြိတ်ချေပြီး ဆားဝက်ခြံ ရှိတဲ့ နေရာပေါ်မှာ ၁၅ -၂၀ မိနစ်ခန့် ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးပေး ရပါမယ်။ပြီးရင် ဒီတိုင်းပဲ ထားနော်။ Moisturizer ကို ချက်ချင်း မလိမ်းရဘူး။ -ပျားရည်ကို နွေးနွေးလေး ဖြစ်အောင် အပူပေးပြီး ဆားဝက်ခြံ ရှိတဲ့ နေရာမှာ ၁၅ -၂၀မိနစ်ခန့်

Y-Talk ကို အင်တာနက်လိုင်း မလိုဘဲ အသုံးပြုနည်း


Y-Talk ကို အင်တာနက်လိုင်း မလိုဘဲ အသုံးပြုလို့ရပါတယ်။ အသုံးပြုပုံလေးကတော့
(က) Land Line ( ကြိုးဖုန်း) နှင့် Mobile Phone ဖြင့် အသုံးပြုရန် ( Internet မလို ) ၀၁ – ၄၄ ၅၅၅၅၅ သို့ဆက်ပါ။ သင့် Ytalk Account Password ၏ နောက်တွင် “#” ကို ထည့်ပြီးနှိပ်ပါ။( ဥပမာ 1234567890# ) မိမိ ခေါ်ဆိုလိုသော နံပါတ်နှိပ်ပြီး “#” ကိုထည့်၍ ဖုန်းခေါ်ဆိုပါ။ ( ဥပမာ 00 65 90000000# )

(ခ) Land Line ( ကြိုးဖုန်း) နှင့် Mobile Phone ဖြင့် ငွေဖြည့်ရန် ( Internet မလို ) Ytalk Account အတွက် ငွေဖြည့်ရန် ဖြစ်သည်။ ၀၁ – ၄၄ ၅၅၅၅၄ သို့ဆက်ပါ။ မိမိ Ytalk Account Password ကိုနှိပ်ပါ။ ( ဥပမာ 1234567890# )PIN Code ၏ နောက်တွင် “#” ကိုထည့်ပြီး ငွေဖြည့်ပါ။


အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်


9 February 2013













ပုံမှာ ကြည့်လိုက်ရင် ရေတိမ်တယ်လို့ ထင်ရပါတယ်။ အမှန်တော့ ယင်း ကန်ဟာ ပေ ၃၇၀ နက်တဲ့ Flathead Lake ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ Montana ပြည်နယ်၊ မစ္စစပီမြစ် အနောက်ဘက်မှာ တည်ရှိပြီး

နော်ဝေမှ ကျွန်းမြို့  Lofoten


8 February 2013












နော်ဝေနိုင်ငံမြောက်ပိုင်း ပြည်နယ် Nordland တွင်းရှိ Lofoten အမည်ရ ကျွန်စုမြို့ ငယ်လေး ဖြစ်ပါတယ်။ ဘယ်လောက်လှတဲ့မြို့ ဖြစ်တယ်ဆိုတာ ပုံကြည့်ရုံနဲ့တင် သိရှိနိုင်ပါတယ်။ ဒါတောင် အပေါ်ယံမှာပဲ ရှိပါတယ်။ ရေအောက်မှာ ကမ္ဘာ့အရှားပါးဆုံးသော သန္တကျောက်တန်းစုကြီးတွေ၊ ငါးပူတင်း မျိုးစိတ်တွေ၊

ကမ္ဘာ့အသေးဆုံး သမင်


7 February 2013












တောင်အမေရိကမှာပဲ ရှိတဲ့ သမင် တစ်မျိုး ဖြစ်ပါတယ်။ Pudu လို့ ခေါ်ပြီး အီကွေဒေါ၊ ချီလီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ပီရူး အစရှိတဲ့ နိုင်ငံများရဲ့  တောင်ကုန်းမြင့် ဒေသတွေမှာ နေထိုင်ပါတယ်။အရွယ်အစားအားဖြင့် အမြင့် ၁၃ လက်မမှ ၁၇ လက်မ၊အရှည် ၃၃ လက်မ အထိပဲ ရှိပါတယ်။ ဝိတ်ကတော့ ၂၆ ပေါင်ဝန်းကျင်သာရှိပြီး

Thursday, February 7, 2013

ရှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းတွင် လူငယ်အချင်းချင်းဓားခုတ်မှုကြောင့်သေကြေဒဏ်ရာရ

8 February 2013
ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့ နယ်ပေါက်တိုက်ရပ်ကွက်တွင်ဖေဖ၀ါရီလ ၇ ရက်နေ့ည ၁၁ နာရီခွဲ
အချိန်ခန့်ကဓားခုတ်မှုဖြစ်ပွားရာလူတစ်ဦးသေဆုံးသွားကြောင်းသိရှိရပါသည်။
``ကျွန်တော်တို့အိမ်ရှေ့ မှာမနေ့ည ၁၁ နာရီခွဲလောက်ကဆိုင်ကယ်တစ်စီးနှင့်တရုတ်လူငယ်၂ယောက်

Wi-max အင်တာနက်အား ငွေကျပ် ၃ သိန်းကျော်ဖြင့် သာ ဈေးလျော့ရောင်းချ သွားမည်

 7 February 2013



 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေမှ ၁၉ ရက်နေ့ အထိ တစ်ပတ်တာ ကာလ အတွင်းမှာ Red Link ကုမ္ပဏီ အနေနဲ့ Wi-max အင်တာနက် စနစ်ကို ကနဦးတပ်ဆင်ခ ငွေကျပ် သုံးသိန်း ခြောက်သောင်း နဲ့ ရောင်းချ သွားမှာ ဖြစ်တယ်လို့ အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ အခုလို ရောင်းချရာ မှာလည်း မည်သည့် Service Plan အမျိုးအစား ကိုမဆို သတ်မှတ်ရက် အတွင်းမှာ ကနဦးတပ်ဆင်ခငွေကျပ် သုံးသိန်း ခြောက်သောင်း နဲ့ Promotion ပြုလုပ် သွားမှာ ဖြစ်တယ်လို့

ဗဟိုကော်မတီ စုံညီအစည်းအဝေး ၁/၂၀၁၃ ထုတ်ပြန်ချက် ABSDF ထုတ်ပြန်

7 February 2013
ဖေဖော်ဝါရီလ ၂ ရက်မှ ၆ ရက်ထိ မဲဆောက်မြို့အရှေ့ပိုင်း နောင်ဘွားရွာတွင် ပြုလုပ်ခဲ့သောဗဟိုကော်မတီ စုံညီအစည်းအဝေး ဆုံးဖြတ်ချက်အဖြစ်အချက် ၆ ချက်ပါ ထုတ်ပြန်ချက်တစ်စောင်ကို ABSDF အဖွဲ့မှ ယနေ့ထုတ်ပြန်လိုက်ကြောင်းသိရသည်။

အစိုးရနှင့် KIA ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် အစည်းအဝေး ထပ်မံပြုလုပ်မည်

7 February 2013



 
ဖေဖော်ဝါရီလ (၅) ရက်နေ့ နေ့လည်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် ကိစ္စများနှင့် ပတ်သက်၍ လိုင်ဇာမြို့တွင် KIO ဥက္ကဌ ဦးဇောင်းဟရားဦးဆောင်ပြီး အစည်းအဝေးပြုလုပ် ခဲ့ကြောင်း သိရှိရသည်။ လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သော

ဒူဘိုင်းမှ ကမ္ဘာ့အမြင့်ဆုံး လူနေအိမ်ရာ



7 February 2013


Princess Tower မှ မြူဖုန်းနေတဲ့ ဒူဘိုင်းမြို့ ကြီးကို လှမ်းမြင်နေရ မှု ဖြစ်ပါတယ်။
 















ယင်း ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ ရှိ Princess Tower ဟာ ကမ္ဘာ့အမြင့်ဆုံး လူနေအိမ်ရာ အဆောက်အအုံ (the world's tallest residential building) အဖြစ် စံချိန်တင်ထားပါတယ်။

ဘီးလူးစီးသော လေယာဉ်ပျံ


7 February 2013

GhostRiderလို့ဂုဏ်တင်ခေါ်ဆိုရတဲ့LockheedAC-130 ကကြည့်လိုက်ရင်တော့သာမန်သယ်ယူပို့ဆောင်ရေး  လေယာဉ်တစ်စီးအတိုင်းပါပဲ။သို့ပေမယ့်မိနစ်ပိုင်း
အတွင်းရန်သူတပ်စခန်းတစ်ခုကိုပြာပုံဖြစ်သွားအောင်တိုက်ခိုက်နိုင်ပါတယ်။ဗီယက်နမ်စစ်ပွဲမှာရက်ပိုင်း
အတွင်းရန်သူတပ်စခန်းပေါင်းရာချီကိုနှိမ်နှင်းခဲ့တာဆိုတော့သူ့စွမ်းအင်ကိုအထင်မသေးရဲပါဘူး။တစ်ချိန်