Thursday, April 30, 2015
စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးအား TNLA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်
29 Apirl 2015
TNLA အဖွဲ့များသည် အေပြီလ၂၅ ရက်နေ့က တောင်သုံးဆယ်ကျေးရွာမှ ကျောက်ဖြူကျေးရွာသို့ ရောက်လာပြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးကျော်အေးအားလာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဒေသခံရွာသားများ၏ပြောပြချက်အရ ဦးကျော်အေးအားတပ်မတော်နှင့်ပတ်သက်သည်ဟု အကြောင်းပြချက်ဖြင့် ဖမ်းဆိးခေါ်ဆောင်သွားကြောင်းသိရသည်။
Tuesday, April 28, 2015
KIA မှ အတင်းအဓမ္မစုဆောင်းခြင်းခံရသူ ၃၀ ဦးအား တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ကယ်တင်နိုင်ခဲ့
28 Apirl 2015
အေပြီလ၂၆ရက်နေ့ကရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်းမှKIAရဲ့အတင်းအဓမ္မစုဆောင်းခြင်းခံရ သူနမ့်အွန်၊တာလုံ၊ခိုမုန်းအနီးပတ်ဝန်းကျင်ကျေးရွာများမှရွာသား ၃၀ဦးအားဟိုဖျက်ရွာသို့ တုန်ဖုန်းယာဉ်ဖြင့် ပို့ဖြင့်ဆောင်စဉ်တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှကယ်တင်ပေးနိုင် ခဲ့ကြောင်းသိရသည်။ 
လူသစ်စုဆောင်းခံရသူများမှာ နမ့်အွန်၊ တာလုံ၊ ခိုမုန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ အချိုးကျစနစ်ဖြင့်         အတင်းအဓမ္မစုဆောင်းခံရသူများဖြစ်ကြောင်း၎င်းရွာသားများအား မေးမြန်းသိရှိရပါသည်။ 
စုဆောင်းခံရသူများမှာ ခိုမုန်းကျေးရွာမှ ၄ ဦး တာလုံရွာမှ ၂ ဦး မော်ဆောင်းရွာမှ ၄ ဦး တုံခန်းရွာမှ ၂ ဦး ကောင်းကတ်ရွာမှ ၁ ဦး နမ့်အွမ်ရွာမှ ၁၄ ဦး နမ့်ဆန်ဂိုဒေါင်ရွာမှ  တစ်ဦး ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးအား
Monday, April 27, 2015
TNLA လှုပ်ရှားနယ်မြေအတွင်း ဘုန်းကြီး ၁ ပါး၊ အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၂ ဦး၏ အလောင်းများတွေ့ရှိ
27 Apirl 2015
ကျောက်မဲမြို့နယ် ပဇီကျေးရွာအနီး မိုးကုတ်-ပြင်ဦးလွင်သွား ကားလမ်း မိုင်တိုင် ၄၃နဲ့ ၄၄ကြားလျိုအတွင်း ဘုန်းကြီး ၁ ပါး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့၏ အလောင်းများ အားတွေ့ရှိခဲ့ကြောင်း ပဇီကျေးရွာ အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။ တာဝန်ရှိသူနယ်မြေခံရဲများ၏ စုံစမ်းချက်အရ မတ်လ ၁၃ ရက်နေ့က 3C/1917 BOJI ကားအမျိုးအစားနှင့် ထွက်ခွာသွားသော မိုးကုတ်မြို့ ရှောလီဝိုင်းအုပ်စု၊ အောင်သာယာရပ်နေ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီတွင် Ph.d တက်ရောက်နေသည့် ဥူးဆရန္ဒလင်္ကာရနှင့် ဒကာ/ဒကာမဖြစ်သည့် ဦးကြည်မောင်(၇၁)နှစ်၊ သမီး ဒေါ်ဇာဇာနှင့် ဦးကြည်မောင်၏ ဇနီးဖြစ်သူ များဖြစ်နိုင်သည်ဟု ယူဆရကြောင်း သိရသည်။ ၄င်းအလောင်းများအား ဒေသခံများမှ သယ်ဆောင်မီးသင်္ဂြုံလ်ရန် ဆန္ဒရှိသော်လည်း နယ်မြေလုံခြုံရေးအရ မ၀ံမရဲဖြစ်နေကြောင်း သိရသည်။ဘုန်းကြီးဟု ယူဆရသူမှာ ခေါင်းဖြတ် သတ်ဖြတ်ခံ ရခြင်းရဖြစ်ကြောင်းလည်း ၄င်းမှအုပ်ချုပ်ရေးမှူးမှ ပြောပါသည်။
Thursday, April 23, 2015
ကိုးကန့်သောင်းကျန်းသူများ ကုန်းကြမ်းမြို့ ဆုံကန်ရွာရှိ တံတားတစင်းအား ဖောက်ခွဲဖျက်ဆီး
24 Apirl 2015
ယခုလ၂၂ရက်နေ့ကကိုးကန့်သောင်းကျန်းသူများသည်ကုန်းကြမ်းမြို့နယ်၊ဆုံကန်ရွာအနီးရှိ ဘေလီတံတား    အမျိုး အစား အလျား၂၄ ပေ ရှိ တံတား တစ်ခုအား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသိရသည်။
 ဖောက်ခွဲဖျက်ဆီးခံရသောတံတားအားလမ်းသွားလမ်းလာများ ပြန်လည်အသုံးပြုနိုင်ရေးတပ်မတော်စစ်ကြောင်းများမှ ပြန်လည်ပြုပြင်ဆောင်ရွက်   နေတယ်ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။
Wednesday, April 22, 2015
သတင်းအမှောင်ချမှုအသုံးပြုသော MNDAA နှင့် တပ်မတော်တို့ တိုက်ခိုက်မှုတွင် SSA(၀မ်ဟိုင်း)မှ ဒု တပ်မဟာမှူး အဆင့်ရှိသူ တစ်ဦးနှင့် တရုတ်ကြေးစား စစ်သား ၅၀ ကျော်ကျဆုံး
23 Apirl 2015
MNDAA အဖွဲ့အတွင်း ခေါင်းဆောင်ပိုင်းနေရာယူထားသူများမှာ ဖုန်ကြားရှင် မိသားစုဝင်များနှင့် ဆွေမျိုး အသိုင်းအ၀ိုင်းများဖြစ်ပြီး တပ်သားများမှာ အများအားဖြင့် အတင်းအဓမ္မ စုဆောင်းခံရသူများသာ ဖြစ်ကြောင်း သိရသည်။ MNDAA သောင်းကျန်းသူများ၏ လစာနှုန်းထားမှာ ယွမ် ၁၅၀သာ ရရှိကြပြီး ရိက္ခာထောက်ပံ့ပေးမှုများမှာမပြည့်စုံသောကြောင့်လက်နက်ချအလင်းဝင်ရောက်သူများထဲတွင်တပ်ခွဲအဆင့်များပင်ပါဝင်ကြောင်းသိရသည်။
 MNDAA နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွားမှုများအနက် ကြွယ်ပါး၊ နမ့်ကော်၊ စီကော်လျှံ တိုက်ပွဲများတွင်MNDAA မှ အရာရှိ ၂ ဦး အခြားအဆင့် ၁၈၀ ဦး သေကြေခဲ့ပါတယ်။ဒါ့အပြင် တရုတ်ကြေးစားစစ်သားများထဲမှ အရာရှိ ၂ ဦး စစ်သည် ၄၀ ဦး သေဆုံးခဲ့သည့် နောက်ပိုင်းတွင် တရုတ်ကြေးစားစစ်သားများ ထပ်မံ ထည့်သွင်း အသုံးပြုခြင်း မရှိကြောင်းသိရသည်။ 
စီကောလျှံတိုက်ပွဲတွင်တပ်ခွဲမှူးအဆင့်ရှိ ရောင်ရှောက်ချိန်ဦးဆောင်သောအဖွဲ့မှ၄၂ဦးလက်နက်ကြီးထိမှန်သေဆုံးပြီးဖုန်ခွင်ဦးဆောင်သောအဖွဲ့မှ၃၅ဦး သေဆုံးကြောင်းသိရသည်။ကိုးကန့်တိုက်ပွဲတွင်ပါဝင်သောတရုတ်လူမျိုးများမှာစစ်မှုမထမ်းမနေရစနစ်အရထမ်းဝန်ထမ်းဆောင်သူများအားယွမ်10000 ဖြင့် ငှားရမ်းအသုံးပြုခဲ့ပြီးကျဆုံးမှုများပြားခြင်းစရိတ်ကုန်ကျမှုများခြင်းကြောင့်ထည့် သွင်းအသုံးပြု မရှိတော့ကြောင်း
Sunday, April 19, 2015
မေ့မေတ္တာ မောင့်စွမ်းအား တိုင်းပြည်ရန်ကာကွယ်ထား
19 Apirl 2015
 အသက်ပဓာဏ မထားဘဲ တိုင်းပြည်ရန်စွယ်ကို အောင်ပွဲခံနေတဲ့ သူရဲကောင်း ခင်ပွန်းသည်များအတွက် ပါရမီဖြည့်ဖက် ရဲမေဇနီးမျာ့း  ကလည်း ခေါက်ဆွဲကြော် ပူပူလေးတွေ ဖန်တီးပြီး စီစဉ်ပေးတဲ့ ရဟတ်ယာဉ်နဲ့ ပို့ပေးလို
ခုလိုဘဲ ဇနီးမယားမျက်နှာ ၊ တိုင်းပြည်မျက်နှာ မြင်ယောင်ပြီး ပျော်ရွှင်စွာ အောင်ပွဲခံစားနေတဲ့မြင်ကွင်း
Sunday, April 12, 2015
သိန်းနီမြို့နယ်မှာ ယာဉ်တိမ်းမှောက် (၂)ဦးသေ၊ (၁၅)ဦးဒဏ်ရာရ
2015 April 12
 ၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ်၊ သိန်းနီမြို့နယ်၊ တန့်ဆော်ကျေးရွာအနီး၊ သိန်းနီ-ကွမ်းလုံကားလမ်း၊ မိုင်တိုင်အမှတ်(၂၂/၂၃)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ နမ့်စလပ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များကသက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။
ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ ဆက်ကြေးကောက်ခံစာပေးပို့ခြင်း
2015 April 12
ကိုးကန့်သောင်းကျန်းသူအဖွဲ့များမှ ၂၀၁၅ ခုနှစ် အေပြီလ ၉ ရက်နေ့ရက်စွဲဖြင့် ၄င်းတို့အတွက် စစ်အသုံးစရိတ် အဖြစ် တရုတ်ငွေ ယွမ် သိန်း ၃၀ အားပေးပို့ရန် အကြောင်းကြားစာတစ်စောင်အား လောက်ကိုင်မြို့တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
RCSS/SSA အဖွဲ့မှ ကျေးရွာများအား ခြိမ်းခြောက်၍ လူသစ်စု
2015 April 12
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မွေတော်ကျေးရွာသို့ RCSS/SSA အဖွဲ့၊ ရင်း(၆၁၇)မှ စိုင်းထွန်းအောင် ခေါင်းဆောင်သော အင်အား ၁၀ ဦးခန့်သည် ပြောက်ကျားဝတ်ဆုံများဖြင့် လက်နက်များကိုင်ဆောင်ကာ အေပြီလ ၆ ရက်နေ့ ညနေတွင် ရောက်ရှိလာခဲ့ပြီး မွေတော်ကျေးရွာအပါအ၀င် အနီးပတ်ဝန်းကျင်ရွာများမှ အုပ်ချုပ်ရေးမှူးများ ၊ ရပ်မိရပ်ဖများ စသည် လူ ၅၀ ဦးခန့်အား ခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း  သိရသည်။
Friday, April 10, 2015
သေနတ်ပစ်ဖောက်ရမ်းကားသော TNLA(ပလောင်)
2015 April 10
TNLA(ပလောင်)သောင်းကျန်းသူအဖွဲ့မှ အင်အား (၁၀)ဦးခန့်သည် ယူနီဖောင်းများဖြင့် လက်နက်ကိုယ်စီ ကိုင်ဆောင်၍ အေပြီလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲချိန်ခန့်တွင် နမ့်ဆန်မြို့နယ်၊ ဇယာန်းကြီးအုပ်စု၊ ဇယန်းပလော့ ကျေးရွာရှိ ပတ္တမြားစေတီသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
          အဆိုပါ သောင်းကျန်းသူများ မြို့နှင့်နီးကပ်စွာရောက်ရှိလာပါက ဒေသခံတိုင်းရင်းသားများ ထိတ်လန့်
Wednesday, April 8, 2015
TNLA (ပလောင်) အဖွဲ့မှ ရွာသားများအား အဓ္ဓမ ဖမ်းဆီးခေါ်ဆောင်
2015 April 08
 TNLA (ပလောင်)သောင်းကျန်းသူအဖွဲ့မှ အင်အား ၇ ဦးသည် လက်နက်ကိုယ်စီကိုင်ဆောင်လျက် ဆိုင်ကယ် (၄)စီးဖြင့် ၂၀၁၅ ခုနှစ် အေပြီလ ၈ ရက်နေ့ နံနက် ၂ နာရီခန့်တွင် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု၊ အီနိုင်း ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာတွင်နေထိုင်သူ ဦးတူးနန်းအား ဖမ်းဆီး၍ လွယ်တောက်ကျေးရွာအုပ်စု၊ ကုန်းဘောင်းကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
SSA(၀မ်ဟိုင်း)အဖွဲ့မှ ကျောက်မဲမြို့ပေါ်တွင် ဆက်ကြေးကောက်ခံ
2015 April 07
SSA(၀မ်ဟိုင်း)အဖွဲ့မှ ကျောက်မဲမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ခင်ထံသို့ ဧပြီလ ၆ ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ပြီး မြို့အတွင်းရှိ လုပ်ငန်းရှင်များ၊ ကုမ္ပဏီပိုင်ရှင်များ ၊ ကုန်စုံဆိုင်များ ၊ထမင်းဆိုင်များ နှင့်  မော်တော်ယာဉ်ပိုင်ရှင်များအား ၂၀၁၅ခုနှစ် အတွက် ၄င်းတို့ဝမ်ဟိုင်းအဖွဲ့တစ်နှစ်စာဆက်ကြေးငွေအ ဖြစ် ၆ ဘီးယာဉ်တစ်စီးလျှင် ၃ သိန်းကျပ်၊ ၁၂ ဘီးယာဉ် ၁ စီးလျှင် ၆ သိန်းကျပ်၊ ၂၂ ဘီးယာဉ် ၁ စီးလျှင် ၈ သိန်းကျပ်၊ အခြားစီးပွားရေးလုပ်ကိုင်သူများအား သိန်း၃၀ ကျပ်ကောက်ခံလျှက်ရှိကြောင်း၊ ၄င်းတို့အဖွဲ့ သို့ ဆက်ကြေးငွေမပေးသည့်သူများအား စာရင်းပြုစုထားရန် ဖုန်းဖြင့်ပြောကြားခဲ့ကြောင်း ဦးအောင်ခင်ထံမှသိ ရှိရသည်။
TNLA(ပလောင်)အဖွဲ့မှ ပြင်ဦးလွင်-မိုးကုတ်သွားကားများထံမှ ဆက်ကြေးကောက်ခံခြင်း
2015 April 07
၂၀၁၅ အေပြီ ၅ ရက်နေ့ ညနေပိုင်းတွင် မိုင်းလုံမြို့နယ်ခွဲ ၊ ပဇီကျေးရွာအုပ်စု ရှမ်းလမ်းဆုံ အနီးရှိ ပြင်ဦးလွင်-မိုးကုတ်ကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များထံမှ TNLA (ပလောင်) အဖွဲ့သည် ယာဉ် ၁ စီးလျင် ၂၀၀၀၀ကျပ်မှ ၅၀၀၀၀ ကျပ်အထိ ဆက်ကြေးကောက်ခံ နေကြောင်း ပြင်ဦးလွင်-မိုးကုတ်သို့သွားလာနေသော ယာဉ်မောင်း တစ်ဦးထံမှ သိရှိရပါသည်။
Thursday, April 2, 2015
KIA သောင်းကျန်းသူအဖွဲ့ထောင်ထားသော မိုင်းနင်းမိ၍ အရပ်သား ၂ ဦးဒဏ်ရာရ
2015 April 02
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ၂၀၁၅ ခုနှစ်၊ အေပြီလ ၁ ရက်နေ့ညနေ ၅ နာရီခွဲ တွင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် အရပ်သား  ၂ ဦးရောက်ရှိ လာကာ ဆေးကုသမှု ခံယူခဲ့ကြောင်းသိရှိရပါသည်။
          အဆိုပါ လူနာ (၂)ဦးမှာ မူဆယ်မြို့တွင် နေထိုင်သူများဖြစ်ကြသော ဦးကျော်မိုးနှင့် ဦးထွန်းရှိန်တို့ဖြစ်ကြပြီး ၄င်း တို့၏ လက်ဖ၀ါး၊ လက်ဖျံရိုး၊ ခြေသလုံး၊ ဒူး စသည့်နေရာအနှံ့အပြားတွင် မိုင်းစများ ထိမှန် ဒဏ်ရာရရှိခဲ့ကြ ကြောင်း ယခု လက်ရှိတွင် မူဆယ်ပြည်သူဆေးရုံတွင် ဆေးကုသမှု ခံယူလက်ရှိပြီး ဒဏ်ရာအခြေအနေမှာ စိုးရိမ်စရာ မရှိတော့  ကြောင်း  တာဝန်ကျ ဆရာဝန် တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
Wednesday, April 1, 2015
KIA သောင်းကျန်းသူအဖွဲ့မှ ဒေသခံရွာသားများအား အတင်းအဓ္ဓမဖမ်းဆီးခေါ်ဆောင် လူသစ်စုဆောင်းခြင်း
၂၀၁၅အေ၁ရက်
KIA သောင်းကျန်းသူအဖွဲ့၊ ရင်း(၃၆)မှ တပ်ခွဲမှူးအဆင့်ရှိ ဇောင်ပေါက် ခေါင်းဆောင်သော အင်အား ၆၀ ဦး ခန့်သည် ၂၀၁၅ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ပန်ဆိုင်မြို့နယ်၊ နမ့်ဝိန်းရွာမှ ရွာသား ၁ ဦးအားလည်းကောင်း၊ မတ်လ  ၂၄ ရက်နေ့တွင် မုံးဟောင်ရွာမှ ရွာသား ၅ ဦးအားလည်းကောင်း၊ မတ်လ ၂၇ ရက်နေ့တွင် ပန်ဖိတ်ရွာမှ ရွာသား  ၄ ဦးတို့အားလည်းကောင်းဖမ်းဆီး၍ အတင်းအဓ္ဓမ လူသစ်စုဆောင်းသွားခဲ့ကြောင်းသိရှိရပါသည်။
          အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားသော ရွာသားများအနက် မုံးဟောင်ကျေးရွာမှ ရွာသား ၅ ဦးအား ၁ ဦးလျှင် ငွေကျပ် ၃ သိန်းနှုန်းဒဏ်ရိုက်က ပြန်လည်စေလွှတ်ပေးခဲ့ပြီး ကျန်ရှိသည့် နမ့်ဝိန်းရွာနှင့် ပန်ဖိတ်ကျေးရွာတို့မှ ရွာသားများအား ယနေ့အချိန်ထိ ပြန်လည်စေလွှတ်ပေးခြင်းမရှိသေးကြောင်းသိရှိရပါသည်။
          KIA သောင်းကန်းသူအဖွဲ့သည် ၄င်းပတ်ဝန်းကျင်းရှိ အခြားကျေးရွာများဖြစ်သော ကောင်းဖြတ်၊ ပန်ကညာ၊ ဟိုထိုလင်၊