Tuesday, December 30, 2014

KIO(ကချင်) နှင့် SSA အဖွဲ့များမှ မူဆယ်မြို့တွင် ဆက်ကြေးတောင်ခံသည့်စာများ ပေးပို့

SSA တပ်မဟာ မှ ဆက်ကြေးတောင်းခံစာ
SSA တပ်မဟာ မှ ဆက်ကြေးတောင်းခံစာ
K.I.Oအဖွဲ့မှ ဆက်ကြေးတောင်းခံစာ
K.I.Oအဖွဲ့မှ ဆက်ကြေးတောင်းခံစာ


မူဆယ်မြို့၊ရွှေသမင်ဂေါက်ကွင်းအနီးပြည်ထောင်စုကားလမ်းမကြီးဘေးရှိ ရွှေရာဇာ စက်သုံးဆီ အရောင်း ဆိုင်သို့ ၂၀၁၄ ခုနှစ်၊ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ၉ နာရီတွင် KIO(ကချင်) အဖွဲ့မှ ကချင်ဘာသာဖြင့် ရေးသားထားသော ဆက်ကြေးတောင်ခံစာ ၁ စောင်အား နံပါတ်မပါ ဆိုင်ကယ်စီးနင်း လာသည့် အမည် မသိလူ ၂ ဦးမှလည်းကောင်း၊၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့နံနက် ၅ နာရီတွင် SSA တပ်မဟာ(၁) အမှတ်(၉)ခရိုင်မူဆယ်ဒေသမှ မြန်မာဘာသာဖြင့်   ရေးသားထားသည့် ဆက်ကြေးငွေတောင်ခံစာ ၂ စောင် အားအမည်မသိလူ ၁ ဦးမှ လည်းကောင်း   ပေးပို့ခဲ့ပြီး မူဆယ်မြို့နယ်အတွင်းရှိ အခြားစက်သုံးဆီ အရောင်း ဆိုင်များသို့လည်း အလားတူဆက်ကြေး တောင်းခံစာများ ပေးပို့ခဲ့ကြောင်း သိရှိရရှိပါသည်။

Wednesday, December 17, 2014

ဆေးဖက်ဝင် မာလကာရွက်

 18 Dec 2014

နေအိမ်အများစုမှာမာလကာပင်တွေစိုက်ပျိုးထားလေ့ရှိပြီးအသီးကိုသာအဓိကထားစားသုံး လေ့ရှိကြပါတယ်။ သို့သော်လည်းအများစုသတိမမူမိတဲ့အချက်တော့မာလကာရွက်ရဲ့အံ့ဖွယ်ဆေးဖက်ဝင်အစွမ်းသတ္တိတွေပဲ   ဖြစ်ပါတယ်။

မာလကာရွက်ဟာသဘာဝဆေးဝါးတစ်မျိုးဖြစ်ပြီးဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ၊ရောဂါပိုးမွှားတွေကူးစက်တာကို ကာကွယ်နိုင်တဲ့အစွမ်းသတ္တိ၊ရောင်ရမ်းတာတွေ၊နာကျင်တာတွေကို ပျောက်ကင်းစေတဲ့ဂုဏ်သတ္တိ တွေပါဝင်ပါတယ်။ ယနေ့ခေတ် မှာဆိုရင် မာလကာရွက်ကနေ ဆေးဝါးတို့၊ မာလကာရွက်လက် ဖက်ခြောက်တို့ပါ ထုတ်လုပ်သုံးစွဲ လာကြပြီဖြစ်ပါတယ်။

TNLA (ပလောင်) အဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးထံ အစည်းအဝေးခေါ်စာများပေးပို့ ခြိမ်းခြောက်


17 Dec 2014


မိုးကုတ်မြို့နယ်၊ မန်ပြစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်နေအိမ်သို့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် TNLA(ပလောင်)အဖွဲ့၏အမာခံ ပလောင်လူမျိုး ၂ ဦးရောက်ရှိလာပြီး TNLA တပ်ရင်း(၅၂၇)အမှတ် တံဆိပ် ရိုက်နှိပ်ထားသော စာ ၆ စောင်အား လာရောက်ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ စာများထဲမှ ဦးလှမြင့်အမည်ရေးသားထားသော စာအိတ်အား ဖွင့်ဖတ်ကြည့်ရာ အခြားစာအိတ် ၅ ခုတွင် ရေးသားထားသော လိပ်စာများထံသို့ စာများဆက်လက်ပို့ဆောင်ပေးရန်ရေးသားထားပြီး ၄င်းလိပ်စာ ၅ ခုမှာ ပိန်းပြစ်ကျေးရွာမှ ၂ ဦး၊ မိုးကုတ်မြို့မှ ၂ ဦးနှင့် ပိန်းပြစ်လီဆူး ကျးရွာအုပ်ချုပ် ရေးမှူးတို့ ဖြစ်သည်။မိုးကုတ်မြို့မှ ၂ ဦးအနက် ၁ ဦးမှာ မိုးကုတ်မြို့ရှိ ကျောက်မျက်ရတနာကုမ္ပဏီ တစ်ခုမှ လုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်း သိရသည်။

Thursday, December 11, 2014

ပန်ဆိုင်း(ကြူကုတ်)မြို့ပေါ်တွင် အသံမိုင်း တစ်လုံးပေါက်ကွဲမှု KIA မှ လုပ်ဆောင်ဟု ဒေသခံတစ်ဦး ပြောကြား


10 Dec 2014 















ဒီဇင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပန်ဆိုင်း(ကြူကုတ်)မြို့ပေါ်၌ ပေါက်ကွဲသံကြား၍ ပန်ဆိုင်း (ကြူကုတ်)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ရာ ရပ်ကွက်(၄)တွင် နေထိုင်သော ဦးမြင့်လွင် နေအိမ် အနောက်ဘက်မှ အသံမိုင်းဟု ယူဆရသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်းနှင့် အဆိုပါအသံမိုင်း ပေါက်ကွဲမှုကြောင့် လူ၊တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

Wednesday, December 10, 2014

RCSS/SSA အဖွဲ့မှ သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခြိမ်းခြောက်၍ ရွာသား ၁၂ ဦးအား လူသစ် အဖြစ်စုဆောင်း

10 Dec 2014


















RCSS/SSA အဖွဲ့မှ စိုင်းပီး ခေါင်းဆောင်သော အင်အား ၈ ဦးသည် သီပေါမြို့နယ် အတွင်းရှိ ကျေးရွာများ ဖြစ်သော ကုန်းသာကျေးရွာ၊ဟိုနောင်ကျေးရွာ၊ကုန်းပြင်းကျေးရွာများသို့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်တွင် ရောက်ရှိလာပြီး အဆိုပါကျေးရွာများမှ ၄င်းတို့အဖွဲ့အတွင်း တာဝန်ထမ်းဆောင်ရန် အမည်စာရင်း သတ်မှတ်ထားသော ရွာသား ၁၂ ဦး၏ နေအိမ်များသို့ တစ်အိမ်တက်တစ်အိမ်ဆင်း သွားရောက်၍ ၄င်းရွာသားများအား ဆွန်လုံကျေးရွာအုပ်စု ၊ချောင်းဆုံရွာဘက်သို့ ယနေ့ အရောက်စေလွှတ်ရန် ခြိမ်းခြောက်ပြောဆိုပြီးရွာ၏ မြောက်ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

၎င်းကျေးရွာများမှ အချို့ရွာသားများသည် မိသားစုစားဝတ်နေရေးအတွက် အခြားမြို့ရွာများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသဖြင့် ကင်းလွှတ်ခွင့်ပေးရန် မိဘများမှ   ငိုယိုတောင်းပန်သော်လည်း

Tuesday, November 25, 2014

TNLA ၏ ခေါက်ရိုးကျိုးနေသော ဒုက္ခကို ခံစားနေရသည့် လီရှော များ

26 Nov 2014

TNLA အဖွဲ့သည် ပလောင်လူမျိုးများကောင်းစားရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးနှင့် ပလောင် လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ယခုကဲ့သို့ လူမျိုးစု တစ်စု ကောင်းစုကောင်းစားရေး ဦးတည်ဆောင်ရွက်မှု ရှိသလို တစ်ဘက်တွင်လည်း ပလောင်လူမျိုး မဟုတ်သည့် တိုင်းရင်းသားများအား KIA TNLA အဖွဲ့များက မင်မဲ့စရိုက်ဆန်ဆန် ပြုသမျှ မရှုမလှ ခံစားနေကြ ရသည်များကို မည်သူ့ တစ်ဦးတစ်ယောက်မျှ မသိရှိအောင် အကြောက်တရားဖြင့် ဖိနှိပ်ချုပ်ခြယ်ခြင်းကို

Thursday, November 20, 2014

ရှမ်းလက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့မှ နောင်ပိန်ကျေးရွာ နေ ၆၅ နှစ်အရွယ် အဘိုးအိုအား ဖမ်းဆီးခေါ်ဆောင်မှု သက်ဆိုင်ရာသို့တိုင်ကြား

20 Nov 2014

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စု ရပ်ကွက် ၃ နေ အသက် ၆၅ နှစ်အရွယ် ရှမ်းအမျိုးသား ဦးတင်မြင့်အား နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီတွင် ရှမ်းလက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။

 ဖမ်းဆီးခံရသူ၏ ဇနီး ဒေါ်တောက်၏ ပြောပြချက်အရ နိုဝင်ဘာ လ ၁၈ ရက်နေ့ ည ၈ နာရီ မှာ အဘွားခင်ပွန်းနဲ့ TV ကြည့်နေတုန်း အိမ်ထဲကို အရပ်ဝတ်နဲ့ လူစိမ်း ၂ ယောက် ၀င်လာပြီး ကိုတင်မြင့်ကို ဖမ်းခေါ်သွားတယ်။ အဘွားအိမ်အပြင်လိုက်ကြည့်တော့ခြံထဲမှာအစိမ်းရောင်ဝတ်  သေနတ်ကိုင်ထားတဲ့သူ

အမျိုးသမီး နှစ်မျိုး

21 Nov 2014

 တစ်ချို့အမျိုးသမီးတွေက ရုပ်လှဖို့အတွက် အလှပြင်နေချိန်မှာ... တစ်ချို့အမျိုးသမီးတွေက စိတ်လှဖို့အတွက်စာဖတ်နေတယ်.....။
 * တစ်ချို့အမျိုးသမီးတွေက ယောက်ျားတွေရဲ့အကြည့်ခံပြီး အလှပြနေချိန်မှာ... တစ်ချို့အမျိုးသမီးတွေက ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ပြနေတယ်......။
 * တစ်ချို့အမျိုးသမီးတွေက မဖော်ပြသင့်တဲ့အရာကို မိုက်မဲစွာ လှစ်ဟပြနေချိန်မှာ...

ကျောက်မဲမြို့နယ်အတွင်း ဗမာကျောင်းဆရာ/ဆရာမများ လုံးဝ မမြင်ချင်ဘူးဟု RCSS မှ ခြိမ်းခြောက်

19 Nov 2014







RCSS/SSA သည် ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားသော်လည်း လက်အောက်အချို့မှာ ကျောက်မဲမြို့နယ်အတွင်း ကျေးရွာများတွင် ဆက်ကြေးကောက်ခံခြင်း ပြည်ထောင်စု လမ်းမကြီးတွင်သွားလာနေသောယာဉ်များအားတားဆီးဆက်ကြေးကောက်ခံခြင်းများပြုလုပ်လျက်ရှိပါသည်။

အဆိုးဆုံးမှာ ရှမ်းပြည်နယ်အတွင်း ပညာရေးတိုးတက်မြင့်မားရေးအတွက် ကိုယ်ကျိုးစွန့် မိသားစုနှင့် ခွဲခွာ၍ တစ်နယ်တကျေးတွင်ပညာလာရောက်သင်ကြားပေးသောဆရာ/ဆရာမများအား ခြိမ်းခြောက် ပြောဆို   ခြင်းဖြစ်သည်။ ပုံဝိုးကျေးရွာသား တစ်ဦး၏ပြောပြချက်အရ နိုဝင်ဘာ ၁၆ ရက်နေ့က SSA(ရွက်ဆစ်)အဖွဲ့ ဆက်ကြေး တာဝန်ခံ အိုက်စံ ရွာကို ရောက်လာတယ်။ သူနဲ့ အဖွဲ့ဝင် ၁၀ ယောက်လောက်တော့ရှိမယ်ဗျ။

Wednesday, November 19, 2014

အပျိုစင်တစ်ယောက်ရဲ့ည"



ကျမ အိပ်ပျော်လုလု အချိန်မှာ သူရောက်လာတယ်
တနေကုန် အလုပ်မှာ ပင်ပန်းထားတော့ ကျမ အရမ်းအိပ်ချင်နေပြီ
သူ့ကို တွန်းလှန်ဖို့ရာ အင်အားမရှိဘူး
 သူ.... ကျမ တကိုယ်လုံး ခြေဆုံးခေါင်းဆုံး လိုက်ကြည့်တယ် သူ့လက်တွေခြေတွေနဲ့ ပွတ်သပ်ကျည်စယ်တယ် အသံကလည်း ပလုံးပထွေးနဲ့ ဘာတွေမှန်းလဲ မသိဘူးရှင် ပြီးတော့... ကျမခန္ဓာကိုယ်ရဲ့ တနေရာကိုရောက်တော့

Tuesday, November 18, 2014

SSA(၀မ်ဟိုင်း) လက်နက်ကြီး တပ်ရင်းမှ ၂ ဦး လက်ပစ်ဗုံးခွဲ၍ မိမိကိုယ် မိမိ အဆုံးစီရင်

19 Nov 2014

SSA(၀မ်ဟိုင်း)လက်နက်ကြီး တပ်ရင်းမှ စိုင်းအောင်နှင့် မနန်းလီတို့ ၂ ဦးသည် နိုဝင်ဘာလ ၁၄ ရက်နေ့က ည ၀၈၀၀ နာရီတွင် လက်ပစ်ဗုံး စနက်တန်ဖြုတ် ပေါက်ကွဲအောင် ပြုလုပ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရသည်။ 

 ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့အတွင်း ထွက်ပေါ်နေသော သတင်းများအရ SSA(၀မ်ဟိုင်း) မှ ခေါင်းဆောင် အချို့သည် လူနည်းစု တစ်စု ကောင်းစားရေးကိုသာ ဦးတည်ဆောင်ရွက်နေပြီး လက်အောက် ငယ်သားများ ၏  စား၊ ၀တ်၊ နေ၊ ရေး အား လျစ်လျူရှု၍ အကြောက်တရားဖြင့်  ဖိနှိပ်ချုပ်ခြယ် စစ်သင်တန်းပေး

Monday, November 10, 2014

TNLA အဖွဲ့ ကျောက်မဲခရိုင်အတွင်း လူသစ် ၅၅၆ ဦး စုဆောင်းမှုအား ပလောင်လူငယ်အစည်းအရုံးမှ တိုင်ကြားမှု ပြုလုပ်မည်ဟုဆို

8 Nov 2014

TNLA (ပလောင်)အဖွဲ့သည် စတင်လှုပ်ရှားဆောင်ရွက်သည့် ၂၀၁၃ ခုနှစ်မှစပြီး ယနေ့အထိ ပလောင်လူမျိုးများ ကောင်းစားရေးနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်လုပ်ငန်းများဦးတည်ဆောင်ရွက် နေသော်လည်း လက်ရှိအခြေအနေတွင် ပလောင်ကျေးရွာများမှ ဆက်ကြေးတောင်းခံခြင်း၊ ကျေးရွာအတွင်း ရွာသားများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် လူသစ်စုဆောင်းခြင်းများကြောင့်ပလောင်လူငယ်အစည်းအရုံးနှင့် ဒေသခံ ပလောင်လူမျိုးအများစုမှာ TNLA အဖွဲ့အပေါ် ယုံကြည်မှု ကင်းမဲ့ခဲ့ကြောင်း ပလောင်လူငယ် အစည်းအရုံးမှ လူငယ်တစ်ဦး၏ ပြောပြချက်အရသိရသည်။ 

 TNLA အဖွဲ့သည် ၂၀၁၄ ခုနှစ်အတွင်း လူသစ်စုဆောင်းမှု ဆက်ကြေးကောက်ခံမှုများအား ယခင်ထက်ပိုမို ဆိုရွားစွာလုပ်ကိုင်လာပြီး ကျောက်မဲခရိုင်အတွင်း ကျေးရွာ၅၆ရွာမှအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင် ခြင်းခံရ

Thursday, October 30, 2014

TNLA မှ နမ့်ဆန်မြို့နယ် မန်နောက်ကျေးရွာနေ ရွာသား ၂၁ ဦးအား ထပ်မံခေါ်ဆောင်မှု ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်

30 Oct 2014

TNLA အဖွဲ့များသည် ရှမ်းမြောက်ဒေသအတွင်း ပလောင်လူမျိုးများအား မူးယစ်ဆေးဝါး အကြောင်းပြ၍ အသက်အရွယ်မေ၇ွးဖမ်းဆီးခေါ်ဆောင်ပြီးအသက်အရွယ်ကြီးရင့်သူများအားဆက်ကြေးငွေ တောင်းယူ၍ ပြန် လည် စေလွှတ်ပေးသော်လည်း ငယ်ရွယ်သူ ပလောင်လူမျိုးများအား ၄င်းတို့ အဖွဲ့ ရေရှည် ရပ်တည်နိုင်ရေး စစ်သင်တန်း ပေးရန်အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းများယခုကဲ့သို့မကြာခဏ ပြုလုပ်နေသောကြောင့်   ဒေသခံ ရိုးသားသော ပလောင်လူမျိုးအချို့မှာ ၄င်းတို့ နေအိမ်များစွန့်လွှတ် ထွက်ပြေးတိမ်းရှောင်

Tuesday, October 28, 2014

TNLA မှ ပလောင်လူမျိုး ၂၉ ဦးအား ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သင်တန်းပေး

29 Oct 2014

TNLA မှ ကျောက်မဲခရိုင် နမ်ဆန်မြို့နယ် ကျောက်ဖြူကျေးရွာမှ ရွာသား ၂၉ ဦးအား အောက်တိုဘာလ ၂၅ ရက်နေ့ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းဖမ်းဆီးခံရသူများ ဆွေမျိုးတော်စပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ 

 TNLA ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများမှာ ဦးစန်လှူ၊ ဦးထွန်းခိုင်၊ ဦးဖိုးဆိုင်၊ ဦးပန်းညိမ်း၊ ဦးအိုက်သန်း၊ ဦးစံလွင် ဦးကျော်လွင်၊ ဦးကျော်နိုင်၊ ဦးကျော်ဝင်း၊ ဦးအိုက်မြတ်၊ ဦးအိုက်ထွန်း၊ ဦးအိုက်လမ်း၊ ဦးအောင်အေး၊ ဦးအိုက်ပို၊ ဦးအောင်နိုင်၊ ဦးကျော်ဌေး၊ ဦးနေအောင်၊ ဦးအောင်လွင်၊ ဦးအိုက်လော၊ ဦးအောင်သန်းထွေး၊ မောင်မင်းအောင်၊ မောင်ထွန်းနောင်၊ ဦးအိုက်လှ ၊ ဦးဘအုန်း၊ ဦးဘိုနီ၊ ဦးအောင်နိုင်လတ်၊ ဦးတင်လှိုင်၊ ဦးအောင်နိုင်၊ မောင်လှမောင် တို့ ဖြစ်ကြောင်းသိရသည်။ 

 TNLA အဖွဲ့များသည် ယခုကဲ့သို့ ဒေသခံပြည်သူများအား မူးယစ်ဆေးဝါး အကြောင်းပြ ဖမ်းဆီးပြီး ငွေတောင်းခြင်း၊ ငွေမပေးနိုင်ပါက လူသစ်အဖြစ် စုဆောင်းမှု ပြုလုပ်ပြီး အသက်ကြီးငယ်မရွေး စစ်သင်တန်းပေး နေကြောင်း သိရသည်။ 
 နမ့်ဆန်

ကျောက်မဲဒေသခံ ၂ ဦးအား SSA(၀မ်ဟိုင်း)မှ ဖမ်းဆီးခေါ်ဆောင်

28 Oct 2014

SSA(၀မ်ဟိုင်း)အဖွဲ့မှ အောက်တိုဘာလ ၂၀ ရက်နေ့က ကျောက်မဲမြို့နယ် ခဲမွန်ကျေးရွာမှ ဒေသခံ ၂ ဦးအား မူးယစ်ဆေးဝါး အကြောင်းပြ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ ခဲမွန် ကျေးရွာသူ ရွာသားများမှာ ရိုးသားစွာ နေထိုင်ပြီး စား၊ ၀တ်၊ နေ၊ ရေး အတွက် ရိုးသားစွာ ရှာဖွေလုပ်ကိုင် စားသောက်နေသူများ ဖြစ်ကြောင်း ခဲမွန်ကျေးရွာနေ ဦးစိုင်းမင်းအောင်က ပြောပါသည်။ 

SSA(၀မ်ဟိုင်း)အဖွဲ့က ၁၀ ယောက် ဆိုင်ကယ် ၅ စီးနဲ့ ကျွန်တော်တို့ ရွာကို ရောက်လာတယ်။ ပြီးတော့ ကျွန်တော့ အစ်ကို ဦးသန်းနု (၆၂) နဲ့စိုင်းဝင်းလှိုင်တို့ကို လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဟု ၄င်းကပြောသည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများနဲ့ ယနေ့အချိန်ထိ အဆက်အသွယ် မရ သေးကြောင်း လည်း ၄င်းမှပြောပါသည်။

 SSA(၀မ်ဟိုင်း)အဖွဲ့များသည်ကျောက်မဲမြို့နယ်အတွင်းကျေးရွာများတွင်တိုင်းရင်းသားများအပေါ်အနိုင်ကျင့်   နှိပ်စက်ခြင်းများ မကြာခဏပြုလုပ်နေပြီး ထိုကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များအား အမြန်ဆုံးတားမြစ်  ဖြေရှင်း

Sunday, October 26, 2014

TNLA မှ နမ္မတူမြို့နယ် မန်စံကျေးရွာနေ ဒေသခံ ၃ ဦးဖမ်းဆီး ခေါ်ဆောင်၍ သိန်း ၃၀ ဖြင့်ရွေးခိုင်းမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်


26 Oct 2014

TNLA (ပလောင်)အဖွဲ့များသည် ရှမ်းမြောက်ဒေသအတွင်း ဒေသခံများအား ဖမ်းဆီး ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်ခံခြင်း၊ခရီးသွားများအားခြိမ်းခြောက်ငွေတောင်းခြင်းများကိုပလောင်လူမျိုးများ ကောင်းစားရေး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုသည့် စကားလုံးလှလှလေးသုံးပြီး ဒေသခံများအားဥပဒေမဲ့ ပြုလုပ်မှုများအား ၂၀၁၃ ခုနှစ်မှ စ၍ ယနေ့အထိ ကျူးလွန် ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

 အောက်တိုဘာ ၁၈ ရက်နေ့က TNLA အဖွဲ့သည် နမ္မတူမြို့နယ် ပန်ကွတ်ကျေးရွာမှ မန်စံကျေးရွာ သို့ ရောက်လာပြီး ဦးအားကျို၊ ဒေါ်အေးညန်းနှင့် မောင်ငို့ တို့အား ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မန်စံရွာသား တစ်ဦးမှပြောပါသည်။ ဖမ်းဆီးခံရသူ ၃ဦးမှ မောင်ငို့အား ငွေကျပ်၂သိန်းဖြင့် ပြန်လွတ်ပေးခဲ့ပြီး

Tuesday, October 21, 2014

TNLA (ပလောင်)အဖွဲ့မှ ဖမ်းဆီးငွေကြေးတောင်းယူမှုအား သက်ဆိုင်ရာသို့ အကြောင်းကြားပါက အသက်အန္တရယ် စိုးရိမ်ရကြောင်း ဒေသခံများအား ခြိမ်းခြောက်ပြောဆို

22 Oct 2014

TNLA(ပလောင်)အဖွဲ့သည်ကွတ်ခိုင်မြို့နယ်အတွင်းမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်အောင် ဆောင်ရွက်   နေသည်ဟု အင်တာနက်သတင်းများတွင် အသံကောင်းဟစ်နေသော်လည်း မြေပြင်တွင် မူးယစ်ဆေးဝါး အကြောင်းပြပြီး ဒေသခံပြည်သူများထံမှ ဖုန်း၊ ငွေ စသည့်တို့အား နိုင်ထက်စီးနင်း ယူဆောင်သည့် အပြင် ဖမ်းဆီးပြန်ပေးဆွဲ ငွေတောင်းခြင်းများပါ ပြုလုပ်နေကြောင်း ဒေသခံများ ၏ ပြောကြား ချက်အရသိရသည်။

 အောက်တိုဘာလ၁၁ရက်နေ့ကTNLA(ပလောင်)အဖွဲ့က၈ယောက်လောက်ရှိမယ်ဗျ။ကျွန်တော်တို့ နေတဲ့ လွယ်ကျောက်ရွာက ချိန်ကျားယုံရဲ့ နေအိမ်ကိုရောက်လာတယ်။ အဲဒီအိမ်မှာက ချိန်ကျားယုံးရဲ့ ဇနီး မအေးစိန် တစ်ယောက်တည်းရှိနေတယ်။ သူတို့တွေက အိမ်ထဲကို ၀င်ပြီး မအေးစိန်ကို လက်ထိပ် ခတ်တယ်။ ပြီးတော့ မူးယစ်ဆေးဝါး ရှာဖွေမယ်ဟု ပြောပြီး အိမ်ထဲမှာရှိတဲ့ ငွေတွေကို ရှာယူသွားတယ်ဟု ၄င်းကပြောပါသည်။ ပြီးတော့ ဦးရှောက်ရှမ်း နေအိမ်ကို ၀င်ပြီး မူယစ်းဆေးဝါးရှာဖွေသည့်ဟု အကြောင်းပြကာ နေအိမ်အတွင်းရှိ CDMA လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေများအား ရှာဖွေသိမ်းယူသွားပြီး ဦးရှောက်ရှမ်းအား လက်ထိပ်ခတ်

Tuesday, October 14, 2014

SSA(ရွက်ဆစ်)အဖွဲ့ နောင်ချို့မြိုနယ်မှ ရွာသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်


15 Oct 2014

SSA(ရွက်ဆစ်)အဖွဲ့မှ နောင်ချိုမြို့နယ် ဆီဆုံကျေးရွာအုပ်စု၊ ပလောင်ချောင်းကျေးရွာမှ ဦးစိုးမြင့်အား အောက်တိုဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ဆောင်သွားကြောင်းသိရသည်။ 

မျက်မြင်ရွာသားတစ်ဦး၏ ပြောပြချက်အရ SSA(ရွက်ဆစ်)က ၂၅ ယောက်လောက်ရှိမယ်ဗျ။ ဆီဆုံကျေးရွာ ဘက်ကနေ ကား ၃ စီးနဲ့ ရောက်လာတာ။ ရွာကိုရောက်ပြီး ညနေ ၅ နာရီလောက်မှာ ဦးစံမြရဲ့သားဦးစိုးမြင့်ကို 

Sunday, October 5, 2014

ယုဇန ကုမ္ပဏီပိုင် ယာဉ်တစ်စီးအား SSA (၀မ်ဟိုင်း)အဖွဲ့မှ ခြိမ်းခြောက်ငွေကျပ် ၉၂ သိန်းယူဆောင်

6 Oct 2014

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်း-လားရှိုးသွား ကားလမ်းပေါ်တွင် ယုဇနကုမ္ပဏီပိုင် ငွေစာရင်းစက် လိုက်လံ ရောင်းချနေသည့် ကင်တာ (အဖြူရောင်) 6E/9462 ယာဉ်အား SSA(၀မ်ဟိုင်း)အဖွဲ့မှ ၃ ဦး လက်နက်များနှင့် ခြိမ်းခြောက် ၍ ငွေကျပ် ၉၂ သိန်းအားယူဆောင်သွားကြောင်းသိရသည်။

 အောက်တိုဘာလ ၄ ရက်နေ့က ကျွန်တော် ယာဉ်မောင်း ကိုထွန်းလှိုင်နဲ့ ငွေစာရင်းစက်များရောင်းချပြီး တန့်ယန့်မှ လာရှိုး ကို မောင်းနှင်းလာရာ ည ၀၇၀၀ နာရီတွင် SSA(၀မ်ဟိုင်း)အဖွဲ့မှ ၃ ဦး သူတို့မှာ ပါလာတဲ့ လက်နက်နဲ့ခြိမ်းခြောက်ပြီး ကားကို ရပ်ခိုင်းတယ်။

 ပြီးတော့ကျွန်တော်တို့ ၂ ယောက်ကို ကားပေါ်က ဆင်းခိုင်တယ်။ ကားပေါ်မှာ ငွေစာရင်းစက် ရောင်းလို့ ရတဲ့ငွေ ၉၂ သိန်းကိုယူသွားတယ်ဟု အဆိုပါ ၀န်ထမ်း၏ ပြောပြချက်အရသိရသည်။ ယုဇနကုမ္ပဏီပိုင် ၀န်ထမ်း ၂ ဦးမှာ မြောက်ဥက္ကလာနှင့် သာကေတ မြို့နယ်တွင် နေထိုင်သူများ ဖြစ်ပြီး ယခုကဲ့သို့ ဥပဒေမဲ့ပြုလုပ်မှုအား အရေးယူဆောက်ရွက်ပေးရန် ဦးချစ်မင်းမှ မိုင်းရယ် ရဲစခန်းသို့ သွားရောက် တိုင်ကြား ထားကြောင်း သိရသည်။

Friday, September 5, 2014

ရွာသားများအား ဖမ်းဆီး ပြန်ပေးဆွဲပြီး မူးယစ်ဆေးဝါး အကြောင်းပြ လက်တစ်လုံးကြား ပြုလုပ်နေသော TNLA


6 September 2014

TNLA အဖွဲ့၏ ဖမ်းဆီး ပြန်ပေးဆွဲခြင်းခံရသော လီရှော လူမျိုးများဖြစ်သည့် ဘွမ်ဆီ၊ ဦးဝမ်လောင်းနှင့် ဦးဝမ်ချိုက်ကျိုင်း တို့ ၃ ဦးအား ကုန်းကန်ရွာမှ သိမ်းဆည်း ရယူသွားသော ပြည့်သူ့စစ် ယူနီဖောင်းများ ၀တ်ဆင်စေပြီးTNLAမှ ၄င်းတို့တွင် အသင့်ပါလာသော မူးယစ် ဆေးဝါးများနှင့် မူးယစ်ဆေးဝါးနှိမ်နှင်းမှုအား လုပ်ကြံ ဖန်တီးမှတ်တမ်း ဓာတ်ပုံ ရိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသူ တစ်ဦးအား မေးမြန်းချက် အရသိရသည်။ 

TNLA(ပလောင်)အဖွဲ့များသည် သြဂုတ်လ ၃၁ ရက်နေ့က ဘွမ်ဆီအားကျပ်သိန်း ၁၀၀ဖြင့် လာရောက်ရွေးယူုရန် တရုတ်ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်းသိရသည်။ ဆက်သွယ်မှု ရသည်နှင့် ကုန်းကန် ရွာသူကြီး ဦးကျိမ်းထန်းလျှံနှင့် ရွာသား ၃ ဦးတို့သည် ငွေကျပ် သိန်း ၁၀၀ အား ဘွမ်ဆီ

Wednesday, September 3, 2014

ပလောင်လူမျိုးများ ကောင်းစားရေး အကြောင်းပြ၍ လူနည်းစုကောင်းစားရေး ဥပဒေမဲ့ ပြုလုပ်နေသော TNLA

3 September 2014

TNLA အဖွဲ့များသည် ပလောင်လူမျိုးများ ကောင်းစားရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများအား အကြောင်းပြ၍ ရှမ်းမြောက်ဒေသအတွင်း ဆက်ကြေးတောင်း လူသစ်စုဆောင်းခြင်းထက် လွန်ကဲ၍ ဥပဒေမဲ့ ဒေသခံ ပြည်သူများ၏ နေအိမ်များအတွင်း ၀င်ရောက်၍ ရွှေ၊ ငွေ ၊ လက်ဝတ် ရတနာများအား ယူဆောင်သွားသည့်အပြင် ရွာသားများအား အတင်းအဓမ္မ ဖမ်းဆီး ပြန်ပေးဆွဲမှုများပါ ကျူးလွန်နေကြောင်း သိရသည်။ 

TNLA ပလောင်အဖွဲ့တွေ သြဂုတ်လ ၃၁ ရက်နေ့က နမ့်ခမ်းမြို့နယ် ကုန်းကံ ရွာကိုရောက်လာတယ်။ အင်အားတော့ ၇၀ လောက် ရှိမယ်ထင်တယ်။ ရွာက ဦးဟုန်တီနေအိမ်ကို အတင်းဝင်ပြီး သားဖြစ်သူဘွမ်ဆီ

Monday, September 1, 2014

ရွှေမန္တလာအဝေးပြေးယာဉ်တိုက်မှုတွင် လူတစ်ဦးသေဆုံး

2 September 2014

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်စက်တင်ဘာ(၁)ရက်နေ့နံနက်(၅း၃၀)နာရီဝန်းကျင်တွင်   ကျောက်မဲမြို့အဝင် မုခ်ဦးအနီး ရွှေမန္တလာအဝေးပြေးယာဉ်မှ ယဉ်တိုက်မှု ဖြစ်ပွားကာ ဆိုင်ကယ်ဖြင့် ဈေးရောင်းချသူ အမျိုးသမီးတစ်ဦးသေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 “လမ်းကြောတစ်ခုတည်းကနေလာနေရင်း ရုတ်တရက် ကားရှေ့ ကနေဖြတ်ကွေ့လိုက်တာ ကျွန်တော်တို့ ကားက ရှောင်ပေမယ့် မရတော့ဘူး။”ဟု ရွှေမန္တလာယာဉ်ပေါ်မှ ခရီးသည်တို့က ပြောသည်။ မန္တလေး-လားရှိုး

ဓမ္မစေတီခေါင်းလောင်း ရှာဖွေဆယ်ယူရာသို့ လာရောက်ကြည့်ရှုသူ ဦးရေ လျော့ကျသွားဟုဆို

1 September 2014

ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ်ယူမှုကို စိတ်ဝင်စားစွာဖြင့် နေ့စဉ်ရက်ဆက် လာရောက်ကြည့် ရှုကြသူများ ရှိသကဲ့ သို့ ယခုအခါ ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးသည့်အတွက် စိတ်ဝင်စားမှု လျော့ကျကာ လာရောက်ကြည့်ရှုသူ လူဦးရေ လျော့ကျသွားကြောင်း သိရ သည်။ 

ယခင်အပတ် တနင်္ဂနွေနေ့က ဆိုလျှင် လာရောက်ကြည့်ရှုသူဦးရေ သုံးရာခန့်ရှိခဲ့ပြီး ပြည်သူလူထု၏ စိတ် ဝင်စားမှု အမြင့်မားဆုံးအခြေအနေ သို့ ရောက်ရှိခဲ့သော်လည်း ယခု သြ ဂုတ် ၃၁ရက် တနင်္ဂနွေနေ့ တွင်

Friday, August 29, 2014

KIA မှ ကွတ်ခိုင်မြို့နယ်အတွင်း ရွားသား ၇ ဦး အား ဖမ်းဆီးခေါ်ဆောင်မှု ``အက်စ် ဂွမ်မော် သိစေရန်´´

29 August 2014


မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ရပ်တန့်ပြီး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် မြန်မာ့တပ်မတော်မှ အရာရှိကြီးများ၊ NCCT နှင့် UPWC အဖွဲ့များဖြင့် သြဂုတ်လ ၁၆ ရက်နေ့မှ စပြီး ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွင် အပစ်အခတ်ရပ်ဆဲရေး မူကြမ်းပါ ကွဲလွဲချက်များအား အသေးစိတ် ဆွေးနွေးနေသည်ကို သိရသောကြောင့် ငြိမ်းချမ်းရေးကို လိုလားသူ တစ်ဦးအနေဖြင့် လွန်စွာ ၀မ်းသာပီတိဖြစ်မိပါတယ်။

ရှမ်းမြောက် ဒေသတွင် ယခင်က KIA အဖွဲ့များ ဒေသခံများအား သတ်ဖြတ်ခြင်း၊ဆက်ကြေး ကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းစသည့်အဖျက်အမှောက်လုပ်ငန်းများအားမကြာခဏဆိုသလိုကျူးလွန်မှုတွေရှိနေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နေလို့ငါတို့ရှမ်းမြောက် ဒေသခံတွေတော့ဒေသတွင်း အေးချမ်းပြီလို့ ၀မ်းသာ ပီတိဖြစ်ပြီး ပျော်ရွှင်တဲ့စိတ် ဟာ နာရီအနည်းငယ်သာမျှသာ  တည်မြဲ ခဲ့ရပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့

Thursday, August 21, 2014

မူးယစ်ဆေးဝါးမှုဖြင့် သားဖြစ်သူအဖမ်းခံရခြင်းအတွက် ပရိတ်သတ်ကို ဂျက်ကီချန်းတောင်းပန်

22 August 2014

မူးယစ်ဆေးဝါးမှုဖြင့် သားဖြစ်သူ အဖမ်းခံရသည့် ကိစ္စအတွက် မိမိအနေဖြင့် ရှက်ရွံ့မိကြောင်းဂျက်ကီချန်းက ဝန်ခံခဲ့ပြီး ပရိသတ်များကိုလည်း တောင်းပန်စကား ပြောကြားခဲ့သည်။ ကိုယ်တိုင်လည်း ဖခင်နည်းတူ သရုပ်ဆောင်တစ်ဦးဖြစ်သည့် ဂျေဆီချန်းသည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင်မူးယစ်ဆေးဝါး သုံးစွဲမှု၊

အကြီးတစ်လုံး အသေးတစ်လုံး။ မ္မစေတီခေါင်းလောင်းရှာဖွေရေးအဖွဲ့ ရေအောက်တွင် ခေါင်းလောင်း နှစ်လုံးရှာဖွေ တွေ့ရှိထား

22 August 2014

ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ဝင်များသည် ရေအောက်တွင် ခေါင်းလောင်းနှစ်လုံး ရှာဖွေတွေ့ရှိ ထား ပြီး ယင်းခေါင်းလောင်း ဆယ် ယူရေးလုပ် ငန်းများ အောင်မြင်စေရန် မွန်ဘုရင်မ ကြီး ရှင်စောပုအား ပွဲပေးဆုတောင်းမည်ဖြစ်ကြောင်းသိရသည်နတ်စင်တစ်ရာဆရာတော်မိန့်ကြားမှုဖြင့်ဓမ္မစေတီခေါင်းလောင်းအား နေ ရာပြောင်းရှာရာမှ      ခေါင်းလောင်းနှစ်လုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး   ဓမ္မစေတီခေါင်း လောင်းဟုတ်၊ မဟုတ် 

Tuesday, August 19, 2014

KIA မှ နမ့်တောင်းနှင့် ကောင်းခါးရွာကြား ဆိုင်ကယ်တား၍ ရွာသား တစ်ဦးအား ပစ်သတ်

20 August 2014

တနိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေးသဘောတူစာချုပ်ချုပ်ဆိုနိုင်ရန်အတွက်ရန်ကုန်မြို့တွင် ဆွေးနွေးပွဲ ပြု လုပ်နေစဉ် KIAမှ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲ၊ နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးရွာနေ ဇာနည်အောင် (၃၆)နှစ် အား သေနတ်ဖြင့် သြဂုတ်လ ၁၇ ရက်နေ့က ပစ်သတ်ခဲ့ကြောင်းသိရသည်။

 သြဂုတ်လ ၁၆ ရက်နေ့က ဇာနည်အောင်နှင့် ၄င်း၏ ဇနီးဖြစ်သူ ဒေါ်နမ်ဘောက်တို့သည် နမ့်တောင်းမှ  ကောင်းခါးသို့   ဆိုင်ကယ်နှင့်ပြန်လာစဉ်ကောင်းခါးရွာ  အနီးတွင် KIA မှ ဆိုင်ကယ်အားတား၍

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသရှိ ကျွဲ၊ နွား မှောင်ခို ပို့ဆောင်မှုလုပ်ငန်းနှင့် နောက်ကွယ်မှ ဆက်နွယ်သူများ

19 August 2014














မြန်မာပြည်အတွင်းမှ ကျွဲ၊ နွား များအား တရုတ်ပြည်သို့ တရားမ၀င်နည်းလမ်းမျိုးစုံဖြင့် တင်ပို့နေပုံများအား ဂျာနယ်များ၊ စာစောင်များတွင်၊ အင်တာနက် လူမှုကွန်ယက်များမှ တစ်သွယ် အချို့သော လွှတ်တော် အမတ်မင်းများက တားဆီးပေးရန် ၊ အရေးယူပေးရန် မကြာခဏ ပြောဆိုရေးသားထားသည်များကို ဖတ်ရှု ကြရပါသည်။

 အချို့ စာများတွင် တာဝန်ရှိသူများများမှ မသိကျေးကျွန်ပြုနေသည်ဟု ရေးသားဖော်ပြထားသည်များ ကိုလည်း တွေ့ရပါသည်။ယခုကဲ့သို့ လုပ်ရပ်များကြောင့် မည်သူတွေ အကျိုးအမြတ် မည်မျှ ရရှိနေ သည်မသိ၊ ကြားထဲမှ ရတက်မအေးဖြစ်ရသည်မှာ ကျွန်တော်တို့ ဒေသခံ ရွာသားများပင် ဖြစ်သည်။ မှောင်ခိုပို့သော ကျွဲ၊ နွား များ၏ နောက်တွင် လက်နက်ကိုင်သောင်းကျန်းသူများ ပါရှိတတ်ပြီးရွာသို့ရောက်ပါက ၄င်းတို့အားချက်ပြုတ် ကျွေးမွေးရသည့်အပြင် 

Monday, August 18, 2014

မြန်မာနိုင်ငံတွင် လူဦးရေသန်းခြောက်ဆယ်မကျော်နိုင်၊ သြဂုတ်လကုန်တွင် အတိအကျထုတ်ပြန်မည်

19 August 2014

ယခုနှစ်ကောက်ယူခဲ့ သော သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် သန်းခြောက်ဆယ်ကျော် မရှိ သဖြင့် မူလကောက်ယူထားသည့် လူဦးရေပမာဏနှင့် ကွာဟမှုရှိ မည် မဟုတ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။ စာရင်း အတိအကျကို သြဂုတ်စတုတ္ထပတ်တွင် ထုတ်ပြန်မည်ဖြစ်ပြီး လူဦးရေသန်း ၈၀ ရှိသည့် ဆိုသည့် တင်းများအပေါ် ငြင်းဆိုလိုက်ခြင်း

နောင်ပိန် ရွာသား တစ်ဦးအား SSA (၀မ်ဟိုင်း)မှ ဖမ်းဆီးခေါ်ဆောင်

19 August 2014

SSA(၀မ်ဟိုင်း)မှ ကျောက်မဲမြို့နယ်ရှိ ပင်တိန်ကျေးရွာနေ ရွာသား ဦးညွှန့်ဝင်းအား သြဂုတ်လ ၁၆ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

 နောင်ပိန်ကျေးရွာသားတစ်ဦး၏ ပြောပြချက်အရSSA(၀မ်ဟိုင်း)အဖွဲ့က၄ ယောက်သြဂုတ်လ၁၆ရက်နေ့က ကျွန်တော်တို့ရွာကို သေနတ်တွေနဲ့ ရောက်လာတယ်။ ဦးညွှန့်ဝင်းနေအိမ်ကိုရောက်တော့   ဦးညွှန့်ဝင်းကို

Sunday, August 17, 2014

တစ်ဖက်သတ်သရဖူအသိမ်းခံခဲ့ရကြောင်း ဖွင့်ဟတဲ့ ထားထက်ထက်နဲ့ ခင်ဝင့်ဝါ

18 August 2014

ဓာတ်ပုံ−ကျော်ဇင်သန်း 
 မကြာသေးမီက သရဖူ လွှဲပြောင်းခွင့်ပိတ်ပင်ခြင်းခံခဲ့ရ သော အလှမယ် ထားထက်ထက်နှင့် ခင်ဝင့်ဝါတို့က ၎င်းတို့ကိုအကြောင်းပြချက်တစ်စုံတစ်ရာမပေးဘဲပိတ်သိမ်းခံခဲ့ရခြင်းဖြစ် ကြောင်း ပြောကြားလိုက်သည်။ နှစ်ဖက် စာချုပ်သက်တမ်းသည် ဩဂုတ် ၁၅ ရက်တွင် ကုန်ဆုံး သည့်အတွက် သရဖူသိမ်းခံရခြင်းကိစ္စကို ယခုပြန်လည်ဖြေရှင်း သည့်အနေဖြင့် မီဒီယာအချို့နှင့် တွေ့ဆုံရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း ၎င်းတို့ကပြော သည်။

စာချုပ်စည်းကမ်းဖောက်ဖျက်လျှင် သိန်း ၉၀၀ ပေးလျော်ရမည်ဖြစ်၍ စာချုပ်သက်တမ်းကုန်ဆုံးမှသာ ဖွင့်ဟခြင်းဖြစ်သည်ဟု   ၎င်းတို့ကပြောသည်။   ‘ ‘ဘာပြစ်ချက်ရှိတယ်ဆိုတာလည်း   မပြောဘဲနဲ့ သရဖူလွှဲခွင့်

TNLA အဖွဲ့ မိုးမိတ်မြို့ ခက်ချယ်ကျေးရွာမှ ပလောင်လူမျိုး ၅၀ ဦးအား အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်မှုကြောင့် ရွာလုံးကျွတ် နည်းပါး ထွက်ပြေးတိမ်းရှောင်

18 August 2014

TNLAအဖွဲ့မှအိုက်ထွန်း နှင့်အဖွဲ့များသည်ယခုလ၈ရက်နေ့ကမိုးမိတ်မြို့နယ်ခက်ချယ်ကျေးရွာသို့ ရောက်ရှိ လာပြီး အသက် ၁၈ နှစ်မှ ၅၀ နှစ်ကြားရှိ ရွာသား ၅၀ ဦးအား လူသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။ အဖမ်းခံ ထားရသူ ရွာသား ၅၀ ဦးမှ ရိုးရာနတ်ပူဇော်ပသလိုသူ ရွာသား ၂၀ ဦးကို ကျေးရွာတွင် ခေတ္တနေထိုင်ရန် ပြန်လွှတ်ပေးတယ်။  ပြီးတော့ ဘာသာရေးနတ်ဆရာ ၅ဦး

Monday, August 11, 2014

ရှမ်းမြောက်ဒေသတွင် ဆင်းရဲချမ်းသာမရွေး ဆက်ကြေးကောက်ခံနေသော TNLA


11 August 2014

TNLA အဖွဲ့များသည် ရှမ်းမြောက်ဒေသတွင် ကျေးလက်နေ ဒေသခံများအား လူသစ်အဖြစ် အတင်း အဓမ္မစုဆောင်းခြင်း ကျောက်မဲ -မိုင်းလုံ ကားလမ်းတွင် ကူးသန်းရောင်းဝယ်မှုပြုလုပ်နေသော ယာဉ်များအား ဆက်ကြေးကောက်ခံမှုများပြုလုပ်သည့်အပြင် လက်လုပ်လက်စား ဒေသခံဆင်းရဲချို့တဲ့သော ရွာသူ/ ရွာသားများ

Thursday, August 7, 2014

TNLA (ပလောင်)အဖွဲ့မှ ကွတ်ခိုင်မြို့ နမ့်ဖတ်ကာကျေးရွာ အလက(၁) ကျောင်းအုပ်ဆရာမကြီးအား နေရပ်ပြန်ရန် ခြိမ်းခြောက်စာပေးပို့

7 August 2014

TNLA (ပလောင်)အဖွဲ့မှ နမ့်ဖက်ကာ အလက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမိုးထံသို့ `` အသက် ရှင်ချင်ရင် နေရပ်ကို အမြန်ပြန်´´ဟု အသက်အန္တာရယ်ကို လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ရေး သားထားသော  စာတစ်စောင်   ယခုလ ၅  ရက်နေ့ နံနက်  ၆  နာရီ ၄၅ မိနစ်တွင်   ကျောင်းအုပ်    ဆရာမကြီး

Monday, August 4, 2014

SSA(၀မ်ဟိုင်း)အဖွဲ့တွင် မွတ်ဆလင် (ကုလား)လူမျိုးများ ထည့်သွင်းဖွဲ့စည်း

3 August 2014


SSA(၀မ်ဟိုင်း)အဖွဲ့များသည် SSPP/SSAကို စတင်ဖွဲ့စည်းချိန်ကရှမ်းပြည်တိုးတက်ရေး၊ ရှမ်းလူမျိုးများ   ကောင်းစားရေး ဆောင်ရွက်နေသည်ဟုဆိုသော်လည်း၂၀၁၀ခုနှစ်နောက်ပိုင်းတွင် ရှမ်းပြည် တိုးတက်ရေး အသံကောင်းဟစ်ပြီး ၄င်းတို့အဖွဲ့အစည်းရေရှည်ရပ်တည်နိုင်ရေး၊ အဖွဲ့အစည်း တစ်ခုကောင်း စားရေး ဦးတည်ပြီးအတင်း အဓမ္မဆက်ကြေးကောက်ခံခြင်း၊ အသက်ငယ်ရှမ်းလူမျိုးများအပြင် ဘာသာခြား မွတ်ဆလင်

Saturday, August 2, 2014

SSA(၀မ်ဟိုင်း) အဖွဲ့ ကျောက်မဲမြို့ ဆီဆိုင်များမှ ဆက်ကြေးကောက်ခံမှုရဲတင်းလာ

1 August  2014
SSA(၀မ်ဟိုင်း)အဖွဲ့မှ ကျောက်မဲမြို့ မြ၀တီ ဆီဆိုင် ကျော်သန်း ဆီဆိုင်နှင့် သိန်းသန်း ဆီဆိုင်များမှ ဆက်ကြေးများ ပေးဆောင်းရန် ဆက်ကြေးကောက်ခံမှုများရဲတင်းစွာဥပဒေမဲ့ ပြုလုပ် လာကြောင်းသိရသည်။ ဇူလိုင်လ ၃၁ ရက်နေ့ နေ့လည် ၂ နာရီတွင် ကုလားတစ်ဦးနှင့်ရှမ်းအမျိုးသားလူငယ်တစ်ဦးတို့သည်နံပါတ် မပါဆိုင်ကယ်အားစီနင်းလာပြီးကျောက်မဲမြို့ခိုမုန်းကျေးရွာ   အနီးမြ၀တီစက်သုံးဆီ အရောင်ဆိုင်(015) သို့ 

Thursday, July 31, 2014

မိုင်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်း ရမိ

1 August 2014

မူဆယ်မြို့နယ် ပြည်ထောင်စုကားလမ်းမကြီးအနောက်ဘက်ခြမ်း တောင်ကမ်းပါးယံ၌မသင်္ကာဖွယ်ရာအထုပ် တစ်ထုပ် တွေ့ရှိကြောင်း ကောင်းခါးရွာနေ ဦးအိုက်ရီ ၅ဝ နှစ်၏ သတင်းပေးချက် အရ တပ်မတော် သားများနှင့်မူဆယ်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များကဇူလိုင်၂၉ရက်ညနေ၃နာရီခွဲခန့်ကအဆိုပါ နေရာ အားသွားရောက်ရှာဖွေ  ရှင်းလင်းရာ  အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်  နှစ်ထပ်  ထုပ်ထားသော  မိုးပြာရောင်

Ooredoo အသုံးပြုရန်အတွက် ဒီ using guide

1 August 2014

Ooredoosimcard တွေအသုံးပြုဖို့အတွက်ဘာတွေသိသင့်လဲဘာတွေလိုအပ်လဲ ဆောင်ရန်ရှောင်ရန်လေးပါ။ Ooredoo Sim Card ဆိုသည်မှာ GSM အမျိုးအစားဖြစ်ပါတယ်။ ရန်ကုန် မန္တလေး နေပြည်တော် ၃ နေရာပဲ အသုံးပြုလို့ရဦးမှာဖြစ်ပါတယ်။ 
Ooredoo Sim Card ကိုအသုံးပြုဖို့အတွက် Huawei ဖုန်းတွေနဲ့ သုံးလို့ သိပ်အဆင်မပြေကြောင်း သိရပါတယ်။Samsung တွေနဲ့ဆိုရင်တော့အိုခေတယ်လို့ပြောကြပါတယ်။ထူးခြားမှုတစ်ခုကတော့Ooredoo SimCardအသုံးပြုတဲ့ဟန်းဆက်တွေမှာRootမဖောက်ခိုင်းပါဘူးခဗျာ သူပေးထားတဲ့ဖုန်းတွေက   မြန်မာဖောင့်

Wednesday, July 23, 2014

SNDP မှ တန့်ယန်းမြို့နယ် အတွင်း ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် တင်ပြပေးခြင်းကို SSA(၀မ်ဟိုင်း)မှ တားမြစ်

22 July 2014

တန့်ယန်းမြို့နယ်အတွင်း မိုင်းကောင်၊ ဆယ်ဟီ၊ နားတန်၊ နားလတ်၊ တောင်လျှိုး၊ ကောင်းလန်း၊ မန်ကောင်း၊ ခမ်းပုံး၊ နမ့်ဆိုင်၊ နမ့်အွမ် ကျေးရွာအုပ်စုများ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် SNDPမှ ပြည်ထောင်စု လွှတ်တော်သို့ အဆိုပြု တင်ပြခဲ့ကြောင်းသိရသည်။ 

SNDPတင်ပြမှုအပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရန်မိုင်းကောင် ကျေးလက်ကျန်းမာရေးမှူးမှ ဆေးပေး ခန်းဆောက်လုပ်မည့်နေရာများအားသွား ရောက်ကြည့်ရှုရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျေးလက် ဆေးပေး ခန်းဆောက်လုပ်ပေးရန်အခက်အခဲရှိကြောင်းနှင့်  ကျေးလက်ဆေးပေးခန်း  ဆောက်လုပ်  ပေးရန်မလိုကြောင်း

Friday, July 18, 2014

TNLA အဖွဲ့ လုပ်ရပ်များကြောင့် ပလောင်ဒေသဖွံ့ဖြိုးတိုးတက်မှု နောက်မကျစေလို

19 July 2014

TNLA အဖွဲ့များသည် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင် မြို့နယ်များအတွင်း ကျေးရွာများတွင် မကြာခဏ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် ဥပဒေမဲ့လုပ်ရပ်များ မကြာခဏကျူး လွန်နေ ကြောင်းသိရသည်။ 

ယခုလ ၁၃ရက်နေ့ကလည်း TNLAအဖွဲ့များသည် နမ့်ဆန်မြို့နယ်ဇယန်းကြီးကျေးရွာသို့ရောက်ရှိခဲ့ပြီး   တောင်ယာလုပ်ကိုင်သူသိန်းဌေးအောင်ပလောင်/ဗုဒ္ဓ နှင့်ရွာသား၉ဦးအား  အတင်းအဓမမ္မဖမ်းဆီး ခေါ်ဆောင်

Wednesday, July 9, 2014

ကိုယ် ရိုက်ချင်တာထက် ကိုယ့်ကို ပေးလာတဲ့ ကာရိုက်တာကို အကောင်းဆုံး လုပ်ဆောင်သွားမယ့် ခင်ဝင့်ဝါ

10 July 2014

အနုပညာ အလုပ်ဆိုတာက ကျောင်းတက် နေရသလိုပါပဲ။ ပညာဆိုတာ ဘယ်တော့မှ မကုန်နိုင်သလို ဘယ်လိုမှလည်း သင်လို့ ဆုံးမှာ မဟုတ်ပါဘူး။ အဲဒီ အတွက်ကြောင့် ကိုယ့်အတွက် ဗီဒီယို တစ်ကား ရိုက်နေရတာက ကျောင်းတက်ပြီး စာမေးပွဲ ဖြေနေ ရသလိုပဲ။ ဒီကား ထွက်လာရင် ပရိသတ် အားပေး ပါ့မလား ဆိုပြီးတော့ ရင်ခုန် နေရတယ်။ စိုးရိမ် နေရတယ်လေ။

 အနုပညာ ဆိုတာကလည်း နူးညံ့သိမ်မွေ့ပြီး ခက်ခဲတဲ့ အရာ တစ်ခုပါ။ ဒါကြောင့် ညီမကတော့ အနုပညာနဲ့ ပတ်သက်ရင်   ကိုယ့်ဘက်က  ရိုက်ချင်တဲ့  ကာရိုက်တာ  ဆိုတာထက်   ကိုယ့်ကို ပေးလာတဲ့ ကာရိုက်တာကိုပဲ

Mdeia များတွင် အသံကောင်းဟစ်နေသော SSPP/SSA

9 July 2014

SSPP/SSA အဖွဲ့များသည် Media များနှင့် တွေ့ဆုံးဆွေးနွေးမှုများ ပြုလုပ်စဉ် ရှမ်းလူမျိုးများကောင်းစာရေး၊ ရှမ်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆောင်ရွက်နေသည်ဟုဆိုသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံရှမ်း တိုင်းရင်းသား များမှာ SSPP/SSA အဖွဲ့၏ ဆက်ကြေးကောက် လူသစ်စုဆောင်းမှုများကြောင့် မြို့ပေါ် ဘုန်းကြီးများနှင့် မြို့ပေါ် ဒေသများသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ယခုရက်ပိုင်းတွင် SSPP/SSAအဖွဲ့များသည် ကျောက်မဲမြို့နယ်အတွင်းရှိနမ့်ပျဉ် ကျေးရွာသို့ ရောက်ရှိလာပြီး ကျွဲကုန်းရွာ၊   နောင်ပိန်လေးရွာ၊  နားထွမ်ရွာ၊  ဗူးခါးရွာ၊   နားခေါ်ရွာ၊  လွယ်ခေါ်ရွာ၊  ချောင်းချောက်ရွာ၊ ခဲမွန်ရွာ၊

SSA(ရွက်ဆစ်)အဖွဲ့မှ ကျောက်ခေးလျံ သီပေါမြို့နယ် အတွင်း ကျေးရွာတစ်ရွာလျင် ၁၀သိန်း ဆက်ကြေးကောက်ခံ

8 July 2014

SSA(ရွက်ဆစ်)အဖွဲ့သည် ယခုလ ၂ရက်နေ့ကသီပေါမြို့နယ်အတွင်းကျေးရွာများမှ တစ်ရွာလျင် ဆက်ကြေး ၁၀ သိန်း ပေးသွင်းရန် ဘောကြိုကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးအား လျှို့ဝှက်စွာ ခေါ်ယူပြောဆိုခြင်း ပြုလုပ် ခဲ့သည့်ဟု သီပေါ ဒေသခံ အိုက်ပီး ပြောပြချက်အရသိရသည်။ 

SSA(ရွက်ဆစ်)အဖွဲ့မှ ကျောက်ခေးလျံ နှင့် အဖွဲ့များသည် ယခုလ ၂ ရက်နေ့က သေနတ်များနှင့် သီပေါ မြို့နယ်၊ ဘော်ကြိုကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီးအုပ်ချုပ်ရေးမှူးအား ခေါ်ယူတွေ့ဆုံ၍ ဘော်ကြို ကျေးရွာ အုပ်စုအောက်ရှိကျေးရွာများမှတစ်ရွာလျင်ငွေကျပ်  ၁၀သိန်း  စုဆောင်း၍    ဇူလိုင်လမကုန်မီဟိုမော်ကျေးရွာနေ

Friday, July 4, 2014

လားရှိုးတွင် ယာဉ်အန္တရာယ် လျော့ပါးစေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆောင်ရွက်

4 June 2014


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးတွင် ဇူလိုင် ၄ ရက် နံနက် ၉ နာရီအချိန်မှ စတင်ကာ အမှတ် ၆၅ ယာဉ်ထိန်းရဲတပ်ဖွဲ့မှရဲအုပ်စောဝင်းဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့တို့သည် လားရှိုးမြို့ ရေပန်းလမ်းဆုံမှ မန်ဆူဘုရားဝင်းရှေ့ထိယာဉ်အန္တရာယ်လျော့ပါးစေရေးအတွက်ဆောင်ရွက်ခဲ့ကြသည်။

 ယာဉ်စည်းကမ်းလမ်းစည်းကမ်းအရ ရှေ့မှယာဉ်တစ်စီးအားကျော်တက်စဉ် လမ်းလယ်မှစီးသော ဆိုင်ကယ် များအန္တရာယ်ကင်းရှင်းစေရေးအတွက်ဆိုင်ကယ်စီးလျှင်လက်ယာဘက်၊ညာဘက်ကပ်စီးရန်နှင့်နှစ်ဦး ထက် ပိုမစီးရန်၊ဆိုင်ကယ်စီးသူများဦးထုပ်ဆောင်းရန်၊အရှိန်လျှော့မောင်းရန် တို့အား Hand Speaker ဖြင့် ကြေငြာ အသိပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

Tuesday, July 1, 2014

ဆက်ကြေးကောက်ခံမှုဖြင့် ရပ်တည်နေသော RCSS/SSA

2 July 2014

SSA(ရွက်ဆစ်)အဖွဲ့များရှမ်း ပြည်နယ်မြောက်ပိုင်း ဒေသအတွင်း ဒေသခံရိုးသားသော ကျေးလက်နေ ပြည်သူ များအားဖမ်းဆီး ဆက်ကြေးကောက်ခံခြင်း၊ ကူးသန်းရောင်းဝယ်မှု ပြုလုပ်သောကုန်ကားများနှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများထံမှဆက်ကြေးငွေ ကောက်ခံခြင်းများပြုလုပ်၍၄င်းတို့အဖွဲ့တစ်ခု ကောင်းစားရေးကို သာ ရှေ့ရှု၍ ဥပဒေမဲ့လုပ်ရပ်များဆက်တိုက်ပြုလုပ်နေကြောင်းသိရသည်။   ယခုလဇွန်လ ၃၀ရက်နေ့ကလည်း