Sunday, March 31, 2013

စစ်ဘေးကြောင့် နေရပ်စွန်ခွာသူအချို့ နေရပ်သို့ ပြန်လည်ထွက်ခွာ


31 March 2013
စစ်ဘေးကြောင့် မိမိတို့၏ နေအိမ် အလုပ်အကိုင်တို့ကို စွန့်လွှတ်ပြီး မိမိအသက်အန္တရယ် ထိခိုက်မည်ကို စိုးသောကြောင့်စစ်ဘေးနှင့်ကင်းလွှတ်သည့်နမ္မတူမြို့၊ပန်ဟိုက်ရပ်ကွက်(၇)၊ကချင်နှစ်ချင်းခရစ်ယာန် ကျောင်း အတွင်းပြောင်းရွှေနေထိုင်ခဲ့သည့် အိမ်ထောင်စု(၁၈)စုကျား(၂၈)ဦး၊ မ(၄၆)ဦး၊ ပေါင်း (၇၄)ဦးရှိသည့်အနက် မန်တုံမြို့နယ်၊မန်မောက်ကျေးရွာနေဒေါ်ဒေါင်းနေပါကျား(၂)ဦး မ(၄)ဦး ပေါင်း(၆)ဦး၊ ရော်ဘန်ကျေးရွာနေ   ဒေါ်မာတောင်ပါ ကျား(၁)ဦး မ(၃)ဦး ပေါင်း(၁၀)ဦးတို့သည် တည်ငြိမ်းအေးချမ်းနေပြီဖြစ်သော မိမိတို့နေထိုင်အရပ်ဒေသ သို့ပြန်လည်ထွက်ခွာသွားကြောင်း သိရပါသည်။

Friday, March 29, 2013

ပြစ်ဒဏ်စေ့လွတ်မြောက်သူတရုတ်နိုင်ငံသား(၉)ဦးအား ပြည်နှင်လွဲပြောင်းရန်ဆောင်ရွက်စဉ်ကာလအတွင်း မူဆယ်ရဲစခန်းတွင် ထိန်းသိမ်းထား


30 March 2013

 မူဆယ်မြို့ကောင်းမှုတုံရပ်ကွက်ဆင်ဖြူဈေး(၃)ထပ်ဆောင်ရှိလောင်းကစားဝိုင်းမှဖမ်းဆီးရမိသည့်မြန်မာနိုင်ငံ သားကျား(၄)ဦး၊မ(၃)ဦးနှင့်တရုတ်နိုင်ငံသားကျား(၇)ဦး၊မ(၂)ဦးပေါင်း(၁၆)ဦးတို့အားစက်တင်ဘာလ(၂၇)

အသဲကျန်းမာရေးကို ထိခိုက်စေနိုင်သော နေထိုင်စားသောက်မှုပုံစံ


29 March2013

။အိပ်ယာဝင်နောက်ကျ၍အိပ်ယာထနောက်ကျခြင်း။
 ၂။မနက်တွင်ဆီးမသွားခြင်း။
။အလွန်အကျွံစားသောက်ခြင်း။

လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း နှီးဘုရားဓမ္မာရုံ၌ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၉)ပါးတို့အား ဂုဏ်ပြုကြိုဆိုလှူဒါန်းပူဇော်ပွဲ ကျင်းပပြုလုပ်


29 March 2013


 
Add caption


လားရှိုးမြို့၊သီရိမင်္ဂလာမန်ဆူကျောင်း၌ယနေ့နံနက်(၀၉၀၀)နာရီမှစ၍ရှမ်းပြည်နယ်မြောက်ပိုင်းမှဘွဲ့တံဆိပ်   တော်ရ ဆရာတော်ကိုးပါးဖြစ်သော ဘဒ္ဒန္တ ကောရိယ မဟာဂန္ဓ၀ါစကပဏ္ဍိတ (ကန်မိန်းကျောင်းတိုက်၊ လားရှိုးမြို့)ဘဒ္ဒန္တသုဝရသဒ္ဒမ္မဇောတိကဓဇ(ရွှေလီကျောင်းတိုက်၊လားရှိုးမြို့)၊ဘဒ္ဒန္တရာဏ၀ံသဂန္တ၀ါစကပဏ္ဍိတ

Thursday, March 28, 2013

လားရှိုးမြို့ နန်းဟေ၀န်ပန်းခြံအနီးဆိုင်ကယ်တိမ်းမှောက်၍ တစ်ဦးသေဆုံး


28 March 2013













လားရှိုးမြို့ရပ်ကွက်(၁)နယ်မြေ(၉) နေသူ ထွန်းအေး(ဘ)ဦးပြည့် သည် KENBO-110 ဆိုင်ကယ်ဖြင့် ရပန်းလမ်းဆုံဘက်မှအ၀ိုင်းဘက်သို့မောင်းနှင်လာစဉ်ရပ်ကွက်(၂) နန်းဟေ၀န်ပန်းခြံအနီးတွင် ဆိုင်ကယ် တိမ်းမှောက်ခဲ့ကြောင်းသိရသည်။ ထွန်းအေးသည် ၀ဲဂျိုစောင်းပေါက်ပြဲ၊ ၀ဲမျက်လုံး အောက်ပွန်းပဲ့ဒဏ်ရာ (သတိမရ)များဖြင့်လာရှိုး ပြည်သူ့ ဆေးရုံသို့တင်ပို့ဆေးကုသစဉ် ရရှိဒဏ်ရာများဖြင့် မတ်လ(၂၇)ရက် နံနက်(၇)နာရီ (၄၅)မိနစ်တွင် သေဆုံခဲ့ကြောင်း သိရသည်။

Wednesday, March 27, 2013

မိမိအသက်ကို ပဓာနမထားဘဲ ရေနစ်နေသူ(၂)ဦးအားကယ်တင်


28 March 2013

လောက်ကိုင်မြို့၊တုံချိန်ရပ်ကွက်(၁)ရှိမူးယစ်ပြတိုက်အနောက်ဘက်တုံချိန်ရေကန်၌ မလီဆင်းလန် (၁၄)နှစ် (ဘ)ဦးလီလောက်ဝူးရပ်ကွက်(၁)နေသူနှုင့်မဟော်ကျင်းရှယ်(၁၄)နှစ်(ဘ)ဦးဟော်ကန်နန်၊ရပ်ကွက်(၁) နေသူ

ပိုင်ရှင်မဲ့ တာမလန်း၊ ပိတောက်များအား သစ်တောဦးစီးဌာနသို့လွှဲပြောင်း


28 March 2013

မန်တုံမြို့နယ်အတွင်းမတ်လ(၂၇)ရက်နေ့ကတပ်မတော်စစ်ကြောင်းများမှနယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်   နေစဉ်တောအုပ်တနေရာ၌ တာမလန်း၊ပိတောက်ရောရာလုံးပတ်(၄)လက်မနှင့်(၁)ပေ(၂)လက်မခန့်ကြား အရှည်(၉)ပေခန့်ရှိသောအရွယ်အစားမျိုးစုံသစ်လုံး(၈၆၃)လုံးအားတွေ့ရှိခဲ့သဖြင့်မန်တုန်မြို့နယ်ထွေ/အုပ်မရန (မန်တုံ)နှင့် သစ်တောဦးစီးဌာနများအားအကြောင်းကြားလွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်းသိရ ပါသည်။

တညတာအတွက် အကောင်းဆုံး အိပ်ချိန်


28 March 2013


သာမန်အရွယ်ရောက်ပြီးလူတစ်ယောက်ဟာတစ်ရက်မှာအိပ်ချိန်အနည်းဆုံး(၇)နာရီရှိရင်လုံလောက်တယ်လို့ ဆိုထားပေမယ့်သူ့အချိန်နဲ့သူအိပ်တတ်ဖို့လည်းလိုပါသေးတယ်။ ဥပမာည(၁)နာရီမှအိပ်ပြီး မနက်(၈)

Tuesday, March 26, 2013

လားရှိုးမြို့တွင် သတင်းအရ ၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးရောင်းသူနှင့် သုံးစွဲသူများဖမ်းဆီးမိ


26March 2013


လားရှိုးမြို့ရပ်ကွက်(၅)နယ်မြေ(၂)နားအိုက်ခန်လမ်းနေဒေါ်အေးမွမ်း(ဘ)ဦးအိုက်ထွန်းနေအိမ်အားလားရှိုးမူးယစ် (အထူး)အဖွဲ့မှဝင်ရောက်ရှာဖွေရာနေအိမ်ခြံစည်းရိုးအုတ်နံရံအပေါက်အတွင်းမှဘိန်းဖြူမှုန့်အလေးချိန်

Sunday, March 24, 2013

ခွေးတောက်နွယ်ပင်


25March 2013

ခွေးတောက်ရွက်မှာ ပူ၏၊ ခါး၏၊ ဝမ်းမီးကို တောက်စေ၏။ ကြေကျက် လွယ်၏။ သွေးကိုပွားစေ၏။ နှုတ်ကို မြိန်စေ၏။ သလိပ်ကိုနိုင်၏။ ကာမကိုအားပေး၏။ လည်ချောင်းနာ၊ ဂူလုံးနာ၊ လေရောဂါပိုးနာ၊ နူနာ၊ အဆိပ်သင့်နာ၊ ပန်းနာ ရင်ကျပ်၊ တုလာသရော ရောဂါ တို့ကို နိုင်၏ဟု အရှင်နာဂသိန် ပုံပြဆေး အဘိဓာန်မှ ဖော်ပြထားပါသည်။ အနာဖြစ်ပါက ခွေးတောက်ရွက်ကို မီးကင်၍ကပ် ထားပါက

Saturday, March 23, 2013

ကွတ်ခိုင်မြို့တွင် အရံသားဖွားအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်


24March 2013

ကွတ်ခိုင်မြို့၊ရပ်ကွက်(၂)ရှိကွတ်ခိုင်ပြည့်သူ့ဆေးရုံဆိုလာခန်းမ၌ကျန်းမာရေးဦးစီးဌာနနှင့်Merlin(ကွတ်ခိုင်)တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့်အရံသားဖွားသင်တန်းအခြေခံသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ရာမြို့နယ်အုပ်ချုပ်   ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမြို့နယ်ကျန်းမာရေးလ/ထဦးစီးမှူးသင်တန်းသူများစုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းသူများအားသင်တန်း ဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

ရှမ်းပြည်တပ်မတော် SSA (ရွက်ဆစ်) အဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟုအကြောင်းပြ၍ ပြည်သူတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်


24 March 2013


ရှမ်းပြည်တပ်မတော်SSA(ရွက်ဆစ်)အဖွဲ့မှဒုဗိုလ်အိုက်ပီးနှင့်အဖွဲ့ဝင်၁၂ဦးတို့သည်ပြောက်ကျားယူနီဖောင်းများ ၀တ်ဆင်၍သေနတ်ကိုယ်စီကိုယ်ဆောင်လျက်ယခုလ၂၃ရက်နေ့တွင်သီပေါမြို့နယ်၊ဇတ်စုရက်ကွက်သို့ရောက်ရှိ ခဲ့သည်။၎င်းတို့အဖွဲ့သည် ဇတ်စုရက်ကွက်၊ နယ်မြေ (၂)ရှိ သီပေါမြို့မှ တုံဆင့်သို့သွားသော ကားလမ်းနှင့် ရထားလမ်းအနီးတွင်နေထိုင်သောဦးရွှေလှ၊(၄၅)နှစ်အားမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသည်ဟုအကြောင်းပြ၍  ၄င်းနေအိမ်၏ မြောက်ဘက်တောထဲ သို့ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

Friday, March 22, 2013

တစ်နေ့တာမှာ စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာ အခိုက်အတန့်တို့ ကြုံတွေ့လာရင် ချက်ချင်း စိတ်ရွှင်လန်းသွားစေဖို့


23March 2013

ပြုံးပါ။ရယ်မောတာကစိတ်ဖိစီးမှုကိုလျော့ကျစေတဲ့အကြောင်းတစ်ခုက သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး   နှလုံးရောဂါဝေဒနာတွေကိုလျော့ကျစေလို့ပါ။ 

 ပန်းအိုးထားရှိပါ။ရနံ့သင်းပျံ့တဲ့ပန်းပွင့်တွေထိုးထားတဲ့ ပန်းအိုးတစ်လုံးကိုသင့်အနားမှာ ထားရှိ တာကြောင့်

Thursday, March 21, 2013

နေအိမ် အိပ်ခန်းသေတ္တာအတွင်းမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိ


22 March 2013

 မတ်လ(၂၁)ရက်နေ့ကတန့်ယန်းမူးယစ်အဖွဲ့မှရဲအုပ်ဦးစီးပူးပေါင်းအဖွဲ့များသည်တန့်ယန်းမြို့ရပ်ကွက်(၂)အတွင်း မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးရေးဆောင်ရွက်ခဲ့ရာမယေ့ကပ်(၂၀)နှစ်(ဘ)ဦးလုံးတောင်၏ခန္ဓကိုယ်ပေါ်မှ WYစာတန်းပါ

ဘော်ကြိုမုဌောစေတီ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲအခမ်းအနားပြုလုပ်


22 March 2013

သီပေါမြို့နယ်၊ဘော်ကြိုကျေးရွာရှိသမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်ကြီးဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲအခမ်း အနားအားမတ်လ(၂၁)ရက်နေ့နံနက်(၉)နာရီမှစတင်ပြုလုပ်ခဲ့ရာဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ဒေသခံပြည်သူများစုစုပေါင်း(၃၀၀)ကျော်တက်ရောက်ခဲ့ကြောင်းသိရပါသည်။

အဆိုပါအခမ်းအနားသို့ပွဲတော်ကျင်းပရေးကော်မတီနာယကဦးစိုင်းလွန်းသာဦးကျော်သိန်းနှင့် ဂေါပကဥက္ကဌ ဦးအောင်ခင်တို့မှဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အားစက်ခလုတ်နှိပ်ဖွင့်လှစ်ပြီးပွဲတော်အားမတ်လ(၂၆)ရက်နေ့ အထိကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်းသိရပါသည်။

Wednesday, March 20, 2013

ရှောင်တခင်လမ်းကြောင်းပိတ်စစ်ဆေးရာမှ ဘိန်းဖြူ (၈၂)သိန်းကျော်ဖိုး ဖမ်းဆီးရမိ


20 March 2013

မူဆယ်-နမ့်ခမ်းသွားကားလမ်းမပေါ်ရှိ လွယ်ဆုတောင်းစေတီအနီး ရှောင်တခင်စစ်ဆေးရာ နမ့်စန် ဂိုဒေါင်ကျေးရွာမှမူဆယ်ဘက်သို့မောင်ဆမ်(ခေါ်) ဆမ်လုံ (ဘ)ဦးအိုက်ခမ်းမတ် ပလောင်/ဗုဒ္ဓ မောင်းနှင်ပြီး အိုက်မြင့်(ဘ)ဦးဆမ်မို့ပလောင်/ဗုဒ္ဓ စီးနင်းလိုက်ပါလာသောဇောင်ရှန်း-150 ဆိုင်ကယ်အားရပ်တန့် စစ်ဆေးရာ မောင်ဆမ် ရင်ဘတ်တွင် ဘိန်းဖြူ(၁၃)ဂရမ်ဆီပါသော ဆပ်ပြာခွက် (၁၁)ခွက်နှင့်အိုက်မြင့်၏

Tuesday, March 19, 2013

ဟိုပန်မြို့တွင် မျက်စိ ဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသပေး


20 March 2013


ဟိုပန်မြို့၊ ကောင်းဟုန်ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ သံဃာ ကုသဆောင်၌ ချယ်ရီမေတ္တာ ဖောင်ဒေးရှင်းမှ မျက်စိကျွမ်းကျင်ပညာရှင်ဦးသန်းစိုးနှင့် အဖွဲ့မှ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးခဲ့ရာ ဟိုပန်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကွမ်လုံမြို့နယ်၊ ကားမိုင်းကျေးရွာမှ မျက်စိဝေဒနာရှင် စုစုပေါင်း (၁၅၄)ဦး အား စမ်းသပ် ကုသပေးခဲ့ကြောင်း သိရပါသည်။

Monday, March 18, 2013

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်


19 March 2013


ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အတွင်းရှိနိုင်ငံရေးပါတီ(၇)ပါတီ၊ အပစ်အခတ်ငြိမ်းချမ်းရေးအဖွဲ့ အစည်း (၂)ဖွဲ့မှကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသောငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေး ပွဲအား ကယားပြည်နယ်အခြေစိုက် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ(၁၂)ပါတီ၊ အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသောငြိမ်းချမ်းရေးအဖွဲ့အစည်း(၁၄)ဖွဲ့တို့သည်မတ်လ(၂၀)ရက်နေ့ နံနက်(၀၉၀၀) နာရီမှမတ်လ(၂၂)ရက်နေ့ထိလားရှိုးမြို့၊လားရှိုးမိုတယ်တွင်ကျင်းပပြုလုပ်သွားမည်ဟု ဆွေးနွေးပွဲဖြစ်မြောက်   ရေးကော်မတီနှင့် နီးစပ်သော သတင်းရပ်ကွက်မှ သိရပါသည်။

ကွမ်လုံမြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်နေရာမှ ဘိန်းစိမ်း ကျပ်(၈၆)သိန်းကျော် ဖမ်းဆီးရမိ


19 March 2013

ကွမ်လုံမြို့ ဗိုလ်ချုပ်လမ်း၊ လွတ်လပ်ရေးကျောက်တိုင်အနီးတွင် မတ်လ(၁၈)ရက်နေ့ နံနက်(၁၀)နာရီ (၄၅)မိနစ်တွင်ဒုရဲအုပ်ကျော်နိုင်စိုး ဦးစီးတပ်ဖွဲ့ဝင်များသည် ယာဉ်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်နေစဉ် ကာမိုင်းကျေးရွာဘက်မှ ချင်းရွှေဟော်ဘက်သို့ မောင်းနှင်းလာသော လောက်ဖာ (ခ)ရန်ရှောဖော (ဘ)ဦးရန်စီး ကိုးကန့်/ဗုဒ္ဓ တုံမောင်းကျေးရွာ၊ တန့်ယန်းမြို့နယ် နေသူ မောင်းနှင်လာသော KANBO -125

အေးရှားဝေါလ်တိုးဂိတ်အနီး သတင်းအရစောင့်ဆိုင်းနေစဉ် စိတ်ကြွဆေးပြား သိန်း(၂၉၂၅)ကျပ်အား သိမ်းဆည်းရမိ


19 March 2013

   မူဆယ်မြို့အ၀င်အေးရှားဝေါလ်ဂိတ်တွင်ဒုရဲအုပ်ဇော်မင်းသိန်းဦးစီးအဖွဲ့ဝင်များသည်သတင်းအရ စောင့်ဆိုင်း   နေစဉ်၁၀၅မိုင်ကျေးရွာဘက်မှမူဆယ်ဘက်သို့ စိုင်းဆမ်စော(ဘ)ဦးအိုက်ထွန်း မောင်းနှင့်လာသည့် တရုတ်နိုင်ငံလုပ်LIFAN-125 အမျိုးအစား(စိမ်းပုပ်ရောင်)ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်

တရုတ်နိုင်ငံအတွင်း လူသတ်ပြီး မြန်မာနိုင်ငံသို့ထွက်ပြေးခဲ့သည့် လူသတ်တရားခံဖမ်းမိ


18 March 2013

တရုတ်နိုင်ငံ၊ ရင်ကျန်းခရိုင်  ဖင်ယွမ်မြို့၊ လားဟူလျန်တံတားကြီးဘေး ပန်ခြံအတွင်းရှိ ကျောက်တံတား တစ်ခုတွင် အမျိုးသားအလောင်းတစ်လောင်းတွေ့ရ၍ စုံစမ်းစစ်ဆေးခဲ့ရာ ကျော်သန်း(ဘ)ဦးမောင်အေး ရှမ်း/ဗုဒ္ဓနမ့်မြင့်ရွာ၊မိုင်းငေါ့မြို့နယ်ခွဲနေသူသည်အောင်လဲ့(ရှမ်းလူမျိုး)နောင်ကွန်ရွာ၊ ဗန်းမော်ခရိုင်နေသူအား

Sunday, March 17, 2013

လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌(၂၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေး/စာပြန်ပွဲတော်နှင့် ဓမ္မာစရိယစာချတန်းအောင်မြင်တော်မူသော သံဃာတော်များအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်


18 March 2013

 လားရှိုးမြို့၊သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ယနေ့နံနက်(၀၉၀၀)နာရီမှစ၍ဘဒ္ဒန္တမုနိန္ဒနှင့်သံဃာတော်များမှ ဦးစီး၍(၂၈)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာပရိယတ္တိသဒ္ဓမ္မပါလစာမေး/စာပြန်ပွဲတော်နှင့်ဓမ္မာစရိယစာချတန်း   အောင်မြင်တော်မူသောသံဃာတော်(၁၅)ပါးတို့၏ဂုဏ်ပြုပွဲအားမတ်လ(၁၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ရာ ပင့်သံဃာများ၊လားရှိုးမြို့နယ်အတွင်း ကျောင်းပေါင်း(၇၈)ကျောင်းမှရဟန်းသာမဏေ(၅၃၉)ပါး ၊ဌာနဆိုင်ရာ

Saturday, March 16, 2013

မိုးမိတ်မှ သစ်များခိုးခုတ်ပြီး သရီူးကရောင်းယာဉ်(၆)စီးဖြင့် တရုတ်ပြည်သို့ သယ်ဆောင်ရန်စီစဉ်နေ


17 March 2013












မိုးမိတ်မြို့နယ်၊ပြောင်းပြန်ကျေးရွာနှင့်ပန်ဟိုင်းကျေးရွာအရှေ့ဘက်နေရာတစ်ဝိုက်တွင်ပေါက်ရောက်နေသော ကျွန်း၊ တမလန်း၊ ပိတောက် စသည့် အဖိုးတန်သစ်များအား ဦးကျော်ဝင်း(ခ)မောင်ကျော် (မန္တလေး)နှင့် ဦးစိုင်းထွန်းကြည်(ကိုယ်စားလှယ်)မဲဟန်ကျေးရွာလားရှိုးမြို့နေသူတို့ပူးပေါင်း၍အဖိုးတန်သစ်တန်(၃၀၀)အား ခုတ်ယူပြီးပန်ဟိုင်းကျေးရွာအနီးလက်ဖက်ခြံတွင်စုပုံထားကြောင်းသိရပါသည်။ထိုအဖိုးတန် သစ်များအား သရီးဂရောင်းယာဉ် (၆)စီးဖြင့် သီပေါ-လားရှိုး-နမ့်ခမ်း လမ်းကြောင်းအတိုင်း တရုတ်ပြည်သို့ သယ်ဆောင်   ရောင်းချမည်ဖြစ်ကြောင်း သိရပါသည်။

ရှမ်းပြည်တပ်မတော်(SSA)ရွက်ဆစ် အဖွဲ့မှ ကျေးရွာအတွင်းရှိ ကားများအား ဘီးအေ၇အတွက်အလိုက် ဆက်ကြေးကောက်ခံ


16 March 2013


ရှမ်းပြည်တပ်မတော်(SSA)ရွက်ဆစ်အဖွဲ့တပ်ရင်း(၆၇၁)မှစိုင်းရွက်ခေါင်းဆောင်သောအဖွဲ့သည် ကျောက်မဲမြို့
နယ်၊ နောင်ပိန်ကျေးရွာသို့ရောက်ရှိခဲ့ကြောင်းသိရသည်။

Friday, March 15, 2013

နမ့်လန်တိုက်နယ် ကုန်းညောင်ရပ်ကွက်နှင့် နောင်ချိုကျေးရွာကြားနေအိမ်သို့ ရှမ်းလူမျိုး(၃)ဦး သေနတ်ဖောက် ၀င်ရောက်


16 March 2013
သီပေါမြို့နယ်၊နမ့်လန်ရဲစခန်း၏အနောက်ဘက်(၄)ဖာလုံအကွာတွင်မတ်လ(၁၄)ရက်နေ့ည(၉)နာရီတွင်   သေနတ်သံ(၂)ချက်ကြားရသောကြောင့်တာဝန်ရှိသူများမှသွားရောက်စုံစမ်းရာနမ့်လန်တိုက်နယ်ကုန်းညောင်

TNLA တပ်ရင်း (၂၅၆)မှ အေးချမ်းစွာလုပ်ကိုင်စားသောက်နေသော ပလောင်လူငယ်(၇)ဦးအား တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောာင်း


16March 2013

TNLA ပလောင်သောင်းကျန်းသူများသည် ၄င်းတို့တွင် လိုအပ်နေသော အင်အားများရရှိရန်အတွက် ဇယန်းမန်မိုင်ကျေးရွာ၊ ပန်စရီကျေးရွာ၊ စိန်စိရွာ၊အနောက်ကင်းရွာမှ ပလောင်လူငယ်ကလေးများအား ၄င်းတို့ အဖွဲ့အစည်းအတွင်း ၀င်ရောက်ရန်အတွက် ထိုကဲ့သို့ လူငယ်ကလေးများကို တွေ့လျင် `` မင်းက ပလောင်လား၊မင်းကဘယ်ရွာကလဲ၊မင်းတို့အဖေအမေတွေကဘယ်သူတွေလဲ၊မင်းတို့ညီအစ်ကို  မောင်နှမ   တွေက ဘယ်သူတွေလဲ ´´ ``မင်း ငါတို့အဖွဲ့ထဲ ကိုဝင်ရမယ်၊ မ၀င်ရင်မင်းတို့ကိုသတ်မယ်´´

အိန္ဒိယနိုင်ငံတောရိုင်းဆင်လေး၏ရင်နင့်စရာ


16 March 2013

ပုံမှာမြင်ရတာကတော့ကြမ်းတမ်းလှတဲ့ရင်နင့်ဖွယ်ရာပါပဲ။အိန္ဒိယရထားပို့ဆောင်ရေးဝန်ကြီး ပါဝမ်ကူမာ ဘန်ဆယ် ရဲ့ပြောပြချက်အရ ဆင်တွေ သွားလာဖို့လမ်းကြောင်းတွေ သစ်တောရေးရာဌာနက သတ်မှတ်ပြီး သားပါတဲ့၊ အရှိန်ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေ လဲပြဌန်း ထားပါတယ်၊ နောက်ပြီး ရထားမောင်းသူကို

Thursday, March 14, 2013

KIA သို့ ငွေကျပ်သိန်း(၁၆၀) ပေး၍ ပြန်ရွေးခဲ့ရသော ဦးတင်အောင်ဦး


15March 2013

မဘိန်းသစ်တောဦးစီးဌာနမှ ဦးတင်အောင်ဦး ပြန်လည်လွှတ်မြောက်လာရခြင်းမှာ KIA အဖွဲ့မှ ဦးတင်အောင်ဦး၏ ဇနီးဖြစ်သူ ဒေါ်ကေသွယ်စန်းထံသို့ ဖုန်းဖြင့်အကြောင်းကြားပြီး ဦးတင်အောင်ဦးအား

ရုရှား လေယာဉ်ကုမ္ပဏီနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့သည် ရုရှား လေတပ်အတွက် IL-78 ဝေဟင် ဆီဖြည့်လေယာဉ်သစ်များ ဝယ်ယူရန်အတွက် သဘော တူညီမှုများ ရရှိ


15March 2013

ရုရှား လေယာဉ်ကုမ္ပဏီနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့သည် ရုရှား လေတပ်အတွက် IL-78 ဝေဟင် ဆီဖြည့်လေယာဉ်သစ်များ ဝယ်ယူရန်အတွက် သဘောတူညီမှုများ ရရှိခဲ့ကြောင်း မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ သဘောတူညီမှု အဆင့်များ တိုးတက်ခဲ့သော်လည်း စာချုပ်ချုပ်ဆိုခြင်းရှိသည်၊ မရှိသည်ကို ၎င်းတို့အနေဖြင့် ပြောပိုင်ခွင့်မရှိကြောင်း ကုမ္ပဏီ၏ သတင်းပြန်ကြားရေး တာဝန်ခံတစ်ဦးမှ

SSA (၀မ်ဟိုင်း)တွင် သားဖြစ်သူအား တာဝန်မထမ်းဆောင်စေလို၍ မိခင်ဖြစ်သူမှ ငွေကျပ်(၂၅)သိန်းဖြင့် လူစားထိုး


14 March 2013













သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စု၊ နားကျူကျေးရွာတွင် SSA(၀မ်ဟိုင်း)မှ တိုက်နယ်မှူး စောဝ်လိုင်နှင့် အဖွဲ့သည် တပ်သားသစ်(၃)ဦးစုဆောင်းခဲ့ရာ ဒေါ်စိန်နုမှ ၄င်း၏သား အိုက်မောင်လင်းအား SSA(၀မ်ဟိုင်း)သို့ မ၀င်ရောက်စေလို၍ မိုင်းလင်းကျေးရွာအုပ်စုနေ အိုက်ဟန်အား ငွေကျပ်(၂၅)သိန်းပေး၍ SSA သို့ဝင်ရန် တိုက်နယ်မှူး စောဝ်လိုင် ထံသို့ အပ်နှံခဲ့ကြောင်းသိရပါသည်။ 

အိုက်ဟန်သည် သင်တန်းဆင်းပြီး သိန်းနီမြို့၊ မိုင်းယန်းကျေးရွာအုပ်စုအခြေပြု SSA(၀မ်ဟိုင်း)မှ

လောက်ကိုင်မြို့တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ


14 March 2013

လောက်ကိုင်မြို့ဝင်ဂိတ်တွင်ကွမ်လုံမူးယစ်အထူးအဖွဲ့မှ ရဲအုပ်စိုးသင်း ဦးစီးအဖွဲ့သည် လောက်ကိုင်ဘက်မှ ချင်းရွှေအော်ဘက်သို့ လမ်းလျှောက်လာသူ ရန်တား (ဘ)ဦးရန်စီ ကိုးကန့်/ဗုဒ္ဓ ရက်ကွက်(၁) တုံချိန်မြို့သစ် နေသူအား မင်္သကာ၍ ရှာဖွေစစ်ဆေးရာ အနွေးထည် အင်္ကျီအိတ်ကပ်အတွင်းမှ YW စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၁၈၄)ပြား အလေးချိန် (၁၈.၄)ဂရမ်အား ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။

နေအိမ် မျက်နှာကျက်သုံးထပ်ပြားပေါ်မှ ဘိန်းမဲများ ဖမ်းဆီးရမိ


14 March 2013

သီပေါမြို့နယ်၊ တုံစင့်ကျေးရွာနေ ဦးအိုက်ဝူး(ဘ) ဦးဖကာမန်ဆိုင် ရှမ်း/တရုတ် ၏ နေအိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်မျက်နှာကျက် သုံးထပ်ပြားပေါ်မှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော ဘိန်းမဲ (၆.၁၂)ဂရမ်ပါ (၅)ထုတ်၊ နေအိမ်ရှေ့ပန်းခင်းအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသောဘိန်းမဲ အလေးချိန်(၆၅.၃၂)ဂရမ် ခန့်စီပါ (၄)ထုတ်၊ နှီးပလိုင်းအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော ဘိန်းမဲအလေးချိန် (၄၈.၉၉)ဂရမ်စီပါ(၂)ထုတ်၊ စုစုပေါင်း ဘိန်းမဲ(၃၈၉.၈၆)ဂရမ် ဖမ်းဆီးရမိကြောင်း သိရသည်။

Wednesday, March 13, 2013

FA ဖလားပြန်ကန်ပွဲစဉ် နေ့ရက်ထုတ်ပြန်ကြော်ငြာ


14 March 2013

မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ FAဖလား ကွာတားဖိုင်နယ် ပြန်ကန်ပွဲစဉ် အတွက် ယှဉ်ပြိုင်မဲ့ နေရက်နဲ့ အချိန်ကို ဒီကနေ့မှာအင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FAက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ အဆိုပါ ပွဲစဉ်ကိုတော့ လာမဲ့ ဧပြီလ ၁ရက်နေ့ ဒေသစံတော်ချိန် ( အင်္ဂလန်အချိန် ) ညနေ ( ၁၂:၃၀ ) အချိန်မှာ

Himiko သင်္ဘော


14 March 2013

Himiko ဆိုတာ ဂျပန်တို့ရဲ့  သမိုင်းထဲက ပထမဆုံး ဘုရင်မ ဖြစ်ပြီး သူ့အမည်နဲ့ မြစ်ကူး သင်္ဘော တစ်စီးကို ဆောက်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ သင်္ဘော ဖြစ်ပြီး ပုံစံကို ယခုလို ထူးထူးခြားခြား မြင်တွေ့ ရပါတယ်။ Odaibaကျွန်းကိုသွားလာဖို့အတွက်တည်ဆောက်ထားတဲ့ခရီးသည်တင်သင်္ဘောဖြစ်ပါတယ်။ ပုံစံအားဖြင့်လည်း ထူးခြားပြီး ဂြိုလ်သားယာဉ်တစ်ခုနဲ့ တူတဲ့ယင်းသင်္ဘောကို Alien ship လို့လည်း နာမည်ပြောင် ပေးထားပါတယ်။

မြွေဆိပ်ဖြေဆေးများ တိုး၍ထုတ်လုပ်သွားမည်


14March 2013

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဆေးဝါး နှင့် စားသောက်ကုန် လုပ်ငန်း ၊ အမှတ်(၁) ဆေးဝါး စက်ရုံ   (ရန်ကုန်) ၏ ကြီးကြပ်မှု အောက်ရှိ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု စီမံကိန်း (မှော်ဘီ) တွင် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်အတွင်းနိုင်ငံတော်အတွက်လိုအပ်မည့်မြွေဆိပ်ဖြေဆေး၆၀၀၀၀ကိုတိုးတက်ထုတ်လုပ်နိုင်ရန်   ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

SSA (၀မ်ဟိုင်း)မှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အကြောက်တရားနှင့် စိုးမိုးပြီး ဆက်ကြေးကောက်ခိုင်း



13March 2013

SSA(၀မ်ဟိုင်း)၏ခြိမ်းခြောက်ပြောဆိုမှုကြောင့်သီပေါမြို့နယ်၊မိုင်းလင်းကျေးရွာအုပ်စု၊ မိုင်းလင်း ကျေးရွာ၊   ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် အမှတ်(၁၀)နယ်မြေ အတွင်းရှိကျေးရွာများမှလယ်ယာခြံမြေများအားတရုတ်လူမျိုးနှင့်ကုမ္မဏီများအားရောင်းချခြင်းမပြုရန်၊ကျေးရွာ

ဗိုလ်စံခေး SSA (ရွက်ဆစ်) မှ နမ့်ခမ်းမြို့ နှင့် ပတ်ဝန်းကျင် ကျေးရွာများသို့ ဆက်ကြေးကောက်ခံ



13March 2013
SSA (ရွက်ဆစ်)သောင်းကျန်းသူအဖွဲ့ရင်း (၇၀၁)မှ ဗိုလ် စံခေးသည် နမ့်ခမ်းမြို့ပေါ်နှင့် ကျေးရွာများရှိ စီးပွားရေးလုပ်ငန်းရှင် ရှမ်းတိုင်းရင်းသားများထံမှဆက်ကြေးတောင်းသည့် စာပေးပို့ခဲ့ကြောင်းသိရပါသည်။ ထိုစာတွင် လယ်ရှင် (၁)ဦးလျှင် တစ်နှစ်စာ (၂)သိန်းကျပ်နှုန်း၊ ဗင်ကားနှင့် ထော်လာဂျီလုပ်ငန်းရှင်များမှ

Tuesday, March 12, 2013

နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်


13 March 2013

နံနံပင်နဲ့ကျောက်ကပ်ကုနိုင်ပါတယ်။ဒါကအိန္ဒိယကနေအာရှအထိပျံ့နှံ့လာတဲ့သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံ တကာဆေးပညာရှင်များပါလက်ခံအသုံးပြုနေပြီဖြစ်တယ်လို့သိရပါတယ်။ ကျောက်ကပ်ကခန္ဓာကိုယ်တွင်း   သွေးထဲကအညစ်အကြေး၊ဆား၊ စွန့်ပစ်ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်  ပေးပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေကအစမှာ ပါဝင် သမျှသောမလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေးပါတယ်။ လူစဖြစ်ကတည်းက ယနေ့

ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ ပရိုဂမ်မာ


13March 2013


ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ ပရိုဂမ်မာလို့ အသတ်မှတ်ခံရတဲ့ သူက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ Ada Lovelace လို့အမည်ရတဲ့ ဗြိတိန်ဖွား အင်္ဂလိပ် အမျိုးသမီး ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်မှာပဲ ကမ္ဘာ့ပထမဆုံးကွန်ပြူတာပရိုဂရမ်တစ်ခုကိုရေးဆွဲထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။