Tuesday, March 8, 2016

TNLA/KIA အဖွဲ့တို့မှလူသစ်အတင်းစုဆောင်း၍ လီဆူးလူမျိုးများ လားရှိုးမြို့နယ်၊ (၆)မိုင်ကျေးရွာသို့တိမ်းရှောင်

၂၀၁၆၊မတ် ၈






လားရှိုးမြို့နယ်၊ ပန်ရှော်ကျေးရွာအုပ်စု၊ ပန်ကောင်းမှူးကျေးရွာတွင် နေထိုင်သောလီဆူးလူမျိုးများသည် ၂၀၁၆ ခုနှစ်၊မတ်လ(၂)ရက်နေ့တွင် TNLA/KIAအဖွဲ့များကျေးရွာအတွင်းသို့ ရောက်ရှိလာပြီးလူသစ်တောင်းခြင်း 

KIA အဖွဲ့မှ နမ့်ခမ်းမြို့နယ်၊ လွယ်ဂျောင်ကျေးရွာအနီးတွင် မီးသွေးဖုတ်သမားများထံမှ ဆက်ကြေးကောက်ခံ

၂၀၁၆ မတ်လ(၈)



KIA(ကချင်) အဖွဲ့မှ (၂၀)ဦးခန့်သည် နမ့်ခမ်းမြို့နယ်၊ လွယ်ဂျောင်ကျေးရွာသို့ ရောက်လာပြီး ကျေးရွာအနီး မှာရှိတဲ့ မကောက်ရွာ၊ ပန်ခါးကျေးရွာ နဲ့ ပက်ကောက်ရွာတွေမှာရှိတဲ့ မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သူ များထံမှ(၁)ဦးကို ငွေ (၅၀၀၀၀)ကျပ်နှုန်း ကောက်ခံလျက်ရှိသည်။ ထို့အပြင် လွယ်ဂျောင်ရွာ မြောက်ဘက် တရုတ်နယ်စပ်သွားလမ်းဆုံတွင်လည်းမီးသွေးသွားရောက်ရောင်းချသူများအား စောင့်ဆိုင်း၍ဆက်ကြေးကောက် ခံနေကြောင်းသိရသည်။

Wednesday, March 2, 2016

သိန်းနီမြို့နယ်၊ပန်ဟတ်ကျေးရွာအနီး ကချင်သောင်းကျန်းသူ ၄ ဦးဖမ်းဆီးရမိ



၂၀၁၆ မတ် ၂
 



၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် သိန်းနီမြို့နယ်အတွင်းရှိ မန်လင်ကျေးရွာအုပ်စု ပန်ဟတ် ကျေးရွာ အနီးရှိ နယ်မြေခံတပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းချီတက်စဉ် မသင်္ကာဖွယ်ရာ(၁)နောင်လတ်(ဘ)ဦးလဂါ(၂)လဘောက်(ဘ)ဦးလဖုန်း(၃)လဂမ်(ဘ)ဦးလတောင် (၄)တိန့်ဆောင်(ဘ)ဦးကျန်းတန့် (၅)ဇော်နူး(ဘ)ဦးဇော်လွန်း (၆)လလွေ(ဘ)ဦးကွယ်ယုံ (၇)ဆော်ကျူး(ဘ)ဦးဝူလုံဘောက် (၈)လောက်ဖူး (ဘ)ဦးကွယ်မြင့် (၉)လီကျိန်ချိတ်(ဘ)ဦးလော့ဖူး (၁၀)လောင်ဇစ်(ဘ)ဦးရန်ကွယ်ယုံ(၁၁)ဇစ်ဖျင်(ဘ)ဦးရန်ရှောက်ယုံ(၁၂)ဟွာချိန်(ဘ)ဦးဇော်မိုင်ကျင်း (၁၃)လီကျုံးချိန်(ဘ) ဦးလောက်ကွယ် တို့ ၁၃ ဦးအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။