Saturday, February 28, 2015

ဆွံအ နေသော မီဒီယာများ

၂၀၁၅ ဖေ ၂၈








လောက်ကိုင်ဒေသ စစ်ပွဲတွင် ပိတ်မိနေသော ပြည်သူများအား သွားရောက်ကူညီရာတွင် ကြက်ခြေနီ အဖွဲ့များအား ကိုးကန့်သောင်းကျန်းသူများမှ (၂)ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်-- ဒီလို လုပ်ရပ်များဟာ နိုင်ငံတကာရဲ့ ဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အတွက် ၄င်းအဖွဲ့ကို ခေါင်းဆောင်တဲ့ ဖုန်းကြားရှင် ကို နိုင်ငံတကာ ဥပဒေနှင့် အညီအရေးယူသွားရပါမယ်။ ဒီလိုတိုက်ခိုက်မှုတွေဖြစ်တဲ့ ဖြစ်ရပ်တွေကို ပြည်တွင်းရှိ သတင်းဌာများမှ ဖော်ပြခြင်းမရှိသည့်အတွက် 

သမိုင်းရဲ့တရားခံများ



 ၂၀၁၅ ဖေ ၂၈










ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများတွင် ဖုန်ကြားရှင်မှ ကိုးကန့်သောင်းကျန်းသူများအား ရာမဆေးပြားများနှင့် ငွေကြေးများပေး၍ စည်းရုံးတိုက်ခိုက် နေကြောင်း သိရှိရပါသည်။ KIA (ကချင်)၊ TNLA(ပလောင်)၊ AA(ရခိုင်)သောင်းကျန်းသူနှင့် SSA(၀မ်ဟိုင်း)တို့အဖွဲ့အစည်းများကလည်း စစ်ပွ္ပဲ္ပတွင် ပါဝင်ကူညီတိုက်ခိုက်ပေးလျက်ရှိကြောင်း သိရှိ ရပါသည်။ ၄င်းအဖွဲ့အစည်း ခေါင်းဆောင်အချို့မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြောကြား သောစကားများသည် လူကြားကောင်းအောင် ပြောဆိုနေသလားဟု ထင်မှတ်စရာ ဖြစ်လာပါ တယ်။မိမိကိုယ်ကျိုးအတွက်

စစ်ဘေးရှောင်ပြည်သူများလောက်ကိုင်ဒေသသို့ ပြန်လည်ဝင်ရောက်လာခြင်း



 ၂၀၁၅ ဖေ ၂၈ 










ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ လောက်ကိုင်ဒေသအတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း ယခုအခါ လောက်ကိုင် ဒေသသို့ တပ်မတော်စစ်ကြောင်းများမှ ကိုးကန့်သောင်းကျန်းသူအဖွဲ့များအား  ရဲဝံ့စွာတိုက်ခိုက် ချေမှုန်းမှုများကြောင့် စစ်ဘေးရှောင် ပြည်သူများမှာ လောက်ကိုဒေသသို့ ပြန်လည်ဝင်ရောက်လာပြီး နယ်မြေခံ

SSA(၀မ်ဟိုင်း)အဖွဲ့မှ လားရှိုးမြို့နောင်နွေကျေးရွာမှ ကျောင်းသားများအား လူသစ်စုဆောင်ခြင်း



 ၂၀၁၅ ဖေ ၂၈









၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊နောင်နွေကျေးရွာမှ ကျောင်းသား(၄)ဦးအား SSA(၀မ်းဟိုင်း)အဖွဲ့မှ သေကျဆိုသူ ဦးစီးသည့် ၃ ဦးသည် ကလေးငယ် များကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောင်းသားတစ်ဦး၏ ဖခင် ဦးစိုင်းပန်မှ ပြောကြားခဲ့ပါသည်။ ၄င်းကျောင်းသား လေးဦးမှာ မောင်လှအောင်(၄)တန်းနှင့်မောင်စိုင်ခမ်းအောင်၊ မောင်စိုင်းစံညွန့်နှင့် မောင်စိုင်းအောင်(၃)တန်းတို့သည် လားရှိုးမြို့ ဝေလုကျေးရွာ အမကတွင် ပညာ သင်ကြားနေပြီး စာမေးပွဲပြီးဆုံး၍ ရွာသို့ပြန်လာစဉ်

နှာစေးနေကြသူများ



 ၂၀၁၅ ဖေ ၂၈







မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသမှာရှိတဲ့ လောက်ကိုင်ဒေသသို့ ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်သောင်းကျန်းသူများနှင့် မြန်မာ့တပ်မတော်တို့နှစ်ဘက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား နေပါတယ်။ဒီလိုတိုက်ပွဲများဖြစ်ပွားရခြင်းမှာလည်း နိုင်ငံရဲ့အချုပ်ခြာအာဏာကိုထိပါး စေမည့် နယ်မြေ ကျူးကျော်မှုကို ဖုန်ကြားရှင်မှ စတင်ဖန်တီးလိုက်ခြင်းပင်ဖြစ်ပါတယ်။နိုင်ငံရဲ့အချုပ်ခြာ အာဏာကို တလက်မမှ ဆုံးရှုံးမခံနိုင်သည့်အတွက် တပ်မတော်မှ အရာရှိ၊စစ်သည်များသည် မိမိတို့၏ အသက်ခန္ဓာကိုယ်အားစတေးပြီး  ကျူးကျော်လာသော ကိုးကန့်သောင်းကျန်းသူများကို တွန်းလှန် ဖယ်ရှားရင်း တိုင်းပြည်နှင့်လူမျိုးများအတွက် အသက်ခန္ဓာစွန့်လွတ်ရသည့် တိုက်ပွဲကျ အရာရှိ စစ်သည်များနှင့် ဒဏ်ရာရအရာရှိ စစ်သည်များအား တစ်နိုင်ငံလုံးရှိ လူ့အဖွဲ့အစည်းများမှ ကိုးကန့်သောင်းကျန်းသူများနှင့် ၄င်းတို့ဘက်မှ ပါဝင်ကူညီတိုက်ခိုက်ပေးနေသော KIA (ကချင်)၊ TNLA(ပလောင်)၊ AA(ရခိုင်)တိုင်းရင်းသား လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများအား ပြင်းထန်စွာရှုတ်ချကြောင်းသဘောထားထုတ်ပြန်ကြေငြာချက်များ ထုတ်ပြန်ခဲ့ပါသည်။
တစ်နိုင်ငံလုံးရှိ ရဟန်းသံဃာ၊ပြည်သူလူထုနှင့် အနုပညာရှင်းများကလည်း ကျရှုံးအရာရှိ၊ စစ်သည်များနှင့် တိုက်ပွဲတွင် ဒဏ်ရာရရှိသော စစ်သည်များအား အလှူငွေများထည့်ဝင်လှူဒါန်းခြင်း ရှေ့တန်းရောက် တပ်မတော်သားများအတွက် အစားအသောက်များကိုလည်း နေ့စဉ်နှင့်အမျှ ပါဝင်လှူဒါန်းနေပြီး

လေးစားထိုက်သည့်တပ်မတော်



၂၀၁၅ ဖေ ၂၈












ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်ဒေသတွင်တိုက်ပွဲများဖြစ်ပွားခဲ့တာသုံးပတ်မြောက်ရောက်လာ      ပြီဖြစ်ပါတယ်၊ ယခုအခါမှာ လောက်ကိုင်ဒေသတစ်ခုလုံးတည်ငြိမ်အေးချမ်းစပြုလာပြီ ဖြစ်လာသဖြင့်တိုက်ပွဲဖြစ်ပွားစဉ် စစ်ဘေးရှောင်ပြည်သူများ  မြို့တွင်းသို့ပြန်လည်ဝင်ရောက် နေထိုင်လာကြပြီ ဖြစ်ပါတယ်၊လောက်ကိုင်မြို့ရှိ နယ်မြေခံ တပ်မတော်သားများက စစ်ဘေးရှောင်ပြည်သူများကို လိုအပ်သောအထောက်အပံ့ပစ္စည်းများ ကူညီပေးခဲ့တာ အားလုံးအသိပင်ဖြစ်ပါသည်။၎င်းအပြင် ကိုးကန့်သောင်းကျန်းသူများ၏ လောက်ကိုင်မြို့တွင်းဝင်ရောက်တိုက်ခိုက်မှု ကြောင့် မြို့အတွင်းရှိ ပျက်စီးသွားသည့် အဆောက်အဦများနှင့် ဈေးဆိုင်ခန်းများအား ပြန်လည်ပြုပြင်ပေးခြင်းနှင့်သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို တပ်မတော်သားများက ဖေဖော်ဝါရီလ၂၇ရက်နေ့တွင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအခါ လောက်ကိုင်မြို့နေပြည်သူများအေချမ်းစွာနေထိုင်နိုင်ရေးအတွက်နယ်မြေလုံခြုံရေးသာမက

Wednesday, February 25, 2015

တည်ငြိမ်စ ပြုလာသည့် လောက်ကိုင်ဒေသသို့ စစ်ရှောင်များ ပြန်လည်ဝင် ရောက်လာခြင်း

၂၀၁၅ ဖေ ၂၆










တည်ငြိမ်စ ပြုလာသည့် လောက်ကိုင်ဒေသသို့ ပြန်လည်ဝင်ရောက် လာကြသည့် စစ်ဘေးရှောင်ပြည်သူများ ၏ လိုအပ်သော ဆေးဝါး၊ စားစရာနှင့် အသုံးအဆောင်ပစ္စည်းများကို ကူညီထောက်ပံ့ပေးရန်အတွက် တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် သွားရောက်ပို့ပေးလျက်ရှိကြောင်း သိရှိရပါသည်။
စစ်ဘေးရှောင်ပြန်လည်ရောက်ရှိလာသော ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အား

စစ်ဘေးရှောင်ပြည်သူများလောက်ကိုင်ဒေသသို့ ပြန်လည်ဝင်ရောက်လာခြင်း

၂၀၁၅ဖ၂၆









ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ လောက်ကိုင်ဒေသအတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း ယခုအခါ လောက်ကိုင် ဒေသသို့ တပ်မတော်စစ်ကြောင်းများမှ ကိုးကန့်သောင်းကျန်းသူအဖွဲ့များအား  ရဲဝံ့စွာတိုက်ခိုက် ချေမှုန်းမှုများကြောင့် စစ်ဘေးရှောင် ပြည်သူ ၁၀၅၇ ဦးနှင့် ရွှေ့ပြောင်းလုပ်သား ၂၅၇ ဦးတို့သည် လောက်ကိုင်ဒေသသို့ ပြန်လည်ဝင်ရောက်လာသည့်အတွက် နယ်မြေခံ တပ်မတော်သားများမှ လှိုက်လှဲစွာ  ကြိုဆိုကြပြီး စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သော စားစရာများနှင့်

ကိုးကန့်အဖွဲ့များ အပြစ်မဲ့ သေခံများအား ရက်စက်စွာသတ်ဖြတ်


၂၀၁၅ ဖေ ၂၅ 





 

 





















လောက်ကိုင်ဒေသအတွင်းတိုက်ပွဲများတွင်ကိုးကန့်အဖွဲ့များအနေဖြင့်တပ်မတော်၏တိုက်ခိုက်မှုဒဏ်ကိုမခံနိုင်သဖြင့် တပ်မတော်အားရင်ဆိုင်မတိုက်ခိုက်ရဲဘဲအပြစ်မဲ့သည့်ဒေသခံများအားချောင်းမြောင်းပစ်ခတ်လာသည်ကို
 တွေ့ရှိရပါတယ်၊ကိုးကန့်အဖွဲ့မှအကြောင်းမဲ့ပစ်ခတ်သဖြင့်ကြက်ခြေနီအဖွဲ့များဒဏ်ရာရရှိသလိုအပြစ်မဲ့တဲ့ ဒေသခံတွေ အများအပြားသေဆုံးဒဏ်ရာရရှိခဲ့ပါတယ်၊ သေဆုံးဒဏ်ရာရရှိတဲ့သူတွေထဲမှာအသက်၎/၅နှစ်အရွယ် ကလေးတွေပါဝင်နေတာကိုတွေ့ရလို့အလွန်စိတ်မကောင်းဖြစ်ရပါတယ်၊လောက်ကိုင်မြို့ပေါ်မှာတရားဥပဒေ စိုးမိုးရေးအတွက်တပ်မတော်

တိုင်းရင်းသားသစ္စာဖောက်မဖြစ်စေဖို့



 ၂၀၁၅ ဖေ ၂၆











ကိုးကန့်ဒေသတွင်တိုင်းရင်းသားတပ်ပေါင်းစုတွေနဲ့ မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွားလျက်ရှိရာမှာ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ၂၁ရက်နေ့မှာ မြန်မာတပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဖတ်လိုက်ရပါတယ်၊အဲဒီသတင်းနဲ့ပက်သက်လို့ဘယ်လိုသက်သေပြမလဲလို့တင်ထားတဲ့သတင်းဌာန ကိုမေးချင်ပါတယ်၊ဘယ်ချိန်ကတိုက်တာလဲ၊ခုချိန်မှာတိုက်ပွဲဖြစ်နေတာဟာမြန်မာ့မြေကိုကျူးကျော်လာတဲ့ကိုးကန့် တပ်ဖွဲ့တွေကိုတပ်မတော်ကတိုက်ခိုက်နေတာပါတိုင်းရင်းသားတွေကို တိုက်ခိုက်နေခြင်းမဟုတ်တာ သေချာပါတယ်၊ဒီမြေမှာနေဒီရေကိုသောက်ပြီးကိုယ့်မြေကို ကာကွယ်ပေးဖို့၊ကျူးကျော်သူတွေကိုတွန်းလှန်ဖို့ပြည်သူတစ်ရပ်လုံးမှာတာဝန်ရှိတယ်လို့ထင်မြင်မိပါတယ်၊ကိုးကန့် ကျူးကျော်သူကနေတိုင်းရင်းသားတပ်ပေါင်းစုဖြစ်သွားပြီလား၊တိုင်းရင်းသားတွေကိုးကန့်အဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်း နေပြီလား၊အဲဒီလိုဆိုရင်တော့သွားရောက်ပူးပေါင်းတဲသူတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့  တိုင်းရင်သားတစ်ရပ်လုံးကိုသစ္စာ ဖောက်တာပါဘဲ၊ရေးထားတဲ့သတင်းဌာနကရော ဘာလူမျိုးလဲ၊နိုင်ငံခြားသားလား၊ကိုးကန့်လား၊မြန်မာနိုင်ငံထဲမှာ နေတာလားလို့မေးချင်ပါတယ်၊ ကျနော်တို့ဖတ်လိုက်ရတဲ့သတင်းအားလုံးထဲမှာတော့ တပ်မတော်က ကိုးကန့် အဖွဲ့တွေကို တိုက်ထုတ်နေလို့ ကိုးကန့်အဖွဲ့တွေ ခွေးပြေး၊၀က်ပြေး ပြေးနေရတယ်လို့ဘဲဖတ်ရပါတယ်၊တပ်မတော်ရဲ့ထိုးစစ်ကိုမခံနိုင်လို့ ဖင်မနိုင်ဘဲပဲကြီးဟင်းစားတဲ့ကိုးကန့်ခေါင်းဆောင်

ဒေသခံကိုအကျိုးယုတ်အောင်ပြုလုပ်နေသော KIA


၂၀၁၅ ဖေ ၂၅





 










 
 











KIA မိုင်းဖောက်ခွဲမှုကြောင့် ပျက်စီးသွားသည်ကားပုံ

 ဖေဖော်ဝါရီလ၂၄ရက်နေ့မနက်၉ နာရီခွဲချိန်တွင် မူဆယ်မြို့ ပန်ဆိုင်း(ကြူကုတ်)မြို့အ၀င် မုခ်ဦးအနီး၌ ဖရဲသီးများတင်ဆောင်လာသည့် မော်တော်ယာဉ်၂စီးအား KIAသောင်းကျန်းသူအဖွဲ့မှ သေနတ် ပစ်ဖောက်တားဆီးပြီး ၁၂ ဘီးယာဉ်မောင်းလာသူ ဦးအေးကိုနှင့် ဦးအေးသိန်းတို့အား ၄င်းတို့အဖွဲ့မှ ပေးပို့သည့်ဆက်ကြေးတောင်းခံစာရသလားဟုမေးမြန်းခဲ့ရာ ယာဉ်မောင်း ၂ ဦးမှ ၄င်းတို့ ရရှိခြင်းမရှိ ဟုဖြေကြားသည့်အတွက် KIA သောင်းကျန်းသူအဖွဲ့မှ မော်တော်ယာဉ် ၂စီး၏ ဦးခေါင်းပိုင်းအတွင်းသို့ လက်ပစ်ဗုံးများ ပစ်ထည့်ပြီး ထွက်ခွာသွားကြောင်းသိရှိရပါသည်။

အဆိုပါ KIAသောင်းကျန်းသူများ၏လုပ်ရပ်ကြောင့်မော်တော်ယာဉ်ဦးခေါင်းပိုင်းမှာ

မိုက်တွင်းနက်နေဦးမယ့် TNLA

၂၀၁၅ ဖေ ၂၅



 လောက်ကိုင်ဒေသတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွါးလျက်ရှိပါတယ်။ ကိုးကန့်သောင်းကျန်းသူများနှင့် ပူးပေါင်း တိုက်ခိုက်လျက်ရှိသည့် လက်နက်ကိုင်သောင်းကျန်းသူများအတွင်းမှ KIA ကချင်အဖွဲ့ကတော့  ၄င်းတို့နယ်မြေသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရပါတယ်။
TNLAပလောင်သောင်းကျန်းသူအဖွဲ့ကတော့ တိုက်ပွဲအတွင်းသို့ဒေသအတွင်းရှိ ပလောင်ကျေးရွာများမှ အရွယ် ရောက်သူ ယောက်ကျားလေးများကို အတင်းအဓမ္မ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး လက်နက်များပေးကာ တိုက်ပွဲဝင်ခိုင်းနေကြောင်း

TNLA(ပလောင်)အဖွဲ့မှ ရွာသားများအားဖမ်းဆီး ဆက်ကြေးငွေတောင်း

၂၀၁၅ ဖေ ၂၅










၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ၂၁ ရက်နေ့ညနေ ၄ နာရီခန့်မှာ ကွတ်ခိုင်မြို့နှင့် ၆ မိုင်ခန့်အကွာ TNLA ပလောင် အဖွဲ့မှ ခရီးသည်တင်ဆောင်လာသော VAN ကား ၂စီးကို  သေနတ်ဖြင့် ပစ်ခတ်ပြီး ရပ်တန့်စေကာ ယာဉ်မောင်း ဦးတင်မောင်လွင် အပါအ၀င် ၃ ဦးအားဖမ်းဆီးပြီး မန်လုံကျေးရွာဘက်ကို ခေါ်ဆောင်သွားခဲပြီး ဖေဖော်ဝါရီလ၂၂ရက်နေ့ ညနေပိုင်းမှာ ၄င်းတို့ထံမှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ဖမ်းဆီးခြင်းခံရသည့် ဦးတင်မောင်လွင်ရဲ့ ပြောကြားချက်အရ

တိုင်းရင်းသား သစ္စာဖောက် TNLA တအာင်းတပ်မတော်မှ ဗိုလ်ကြီး တာပန်လ

၂၀၁၅ ဖေ ၂၅















အားလုံးသိပြီးဖြစ်ကြတဲ့အတိုင်း TNLA တအာင်းတပ်မတော် နိုင်ငံခြားရေးဌာနမှ ဗိုလ်ကြီး တာဘန်လက TNLA တအာင်းတပ်မတော်အနေဖြင့် ကိုးကန့်အဖွဲ့နဲ့မြန်မာ့တပ်မတော် တိုက်ပွဲ ဖြစ်နေချိန်မှာ ကိုးကန့် အဖွဲ့ ဘက်ကကူပြီး တိုက်ခိုက်ပေးနေတယ်လို့ VOA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အတိအလင်းပြောကြားခဲ့ပါတယ်၊ ဗိုလ်ကြီး တာဘန်လ ပြောကြားခဲ့သလို တအာင်း တပ်မတော်အနေနဲ့ ကိုးကန့်အဖွဲ့တွေကိုကူပြီး တိုက်ခိုက် ပေးတဲ့ဖြစ်ရပ်တွေရှိနေပါတယ်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ရက်နေ့တွင် သိန်းနီ-နမ့်ဆလပ်ကြားမှာတစ်ကြိမ်

Tuesday, February 24, 2015

နိုင်ငံကိုရောင်းစားနေသော TNLA ပလောင် (သို့)လောက်ကိုင်ဒေသရှိ ပလောင်လူမျိုးများကို ကျွန်ဖြစ်အောင်ပြုလုပ်နေသော TNLA ပလောင်

၂၀၁၅ ဖေ ၂၅












လောက်ကိုင်ဒေသအတွင်းဖြစ်ပွားနေသော တိုက်ပွဲများတွင် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် သောင်းကျန်းသူအဖွဲ့များကို TNLA ပလောင်အဖွဲ့မှ ပါဝင်ကူညီတိုက်ခိုက်ပေးနေကြောင်း သတင်းများ တရားဝင်ဖော်ပြထားပြီး TNLA ပလောင်အဖွဲ့မှ ၄င်းတို့ခေါင်းဆောင်ပိုင်း ကောင်းစားရေး အတွက် မြန်မာနိုင်ငံ၏ တစ်စိတ်တစ်ဒေသဖြစ်သည့် လောက်ကိုင်ဒေသကို ဖုန်ကြားရှင်နှင့်ပူးပေါင်းပြီး ဖဲ့ထုတ် ရောင်းစားနေသလားဟု

ပွဲလန့်တုန်းဖျာခင်းသူ (သို့) တိုင်းပြည်၏သစ္စာဖောက်








၂၀၁၅ ဖေ ၂၅



ယနေ့ လောက်ကိုင်ဒေသတိုက်ပွဲများအတွင်း တအောင်းတပ်မတော်(TNLA)သောင်းကျန်းသူအဖွဲ့မှ ကိုးကန့်၊ KIA ၊AAရခိုင်သောင်းကျန်းသူများနှင့် ပူးပေါင်းလျက် သိန်းနီ-ကွမ်းလုံလမ်းကြောင်းပေါ်ရှိ နားတီး၊ နမ့်ဆလပ် ဒေသများတွင် တပ်မတော်ယာဉ်တန်းများ၊ အုပ်ချုပ်ထောက်ပံ့မှုယာဉ်တန်းများအား မိုင်းဆွဲတိုက်ခိုက် ခြင်း၊ ချောင်းမြှောင်းပစ်ခတ်ခြင်းများပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။
TNLA(ပလောင်)သောင်းကျန်းသူ အဖွဲ့သည် နဂိုကပင် မိမိကိုယ်ပိုင်အစွမ်းအစဖြင့် ရပ်တည်နိုင် စွမ်းမရှိသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အဓိကအားဖြင့် KIA ၏ အထောက်အပံ့ဖြင့် ရပ်တည်နေရသော အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ယနေ့လောက်ကိုင်ဒေသ တိုက်ပွဲများတွင်လည်း ဖုန်းကြားရှင် ခေါင်းဆောင် သော ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ အထောက်အပံ့ ကိုရယူကာ နှင့် နယ်မြေဒေသအတွင်း ၄င်းတို့အဖွဲ့ ပိုမိုနေရာရရှိရန်အတွက် ၀င်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။
TNLAသောင်းကျန်းသူအဖွဲ့သည် လူမျိုးရေး အကြောင်းပြချက်နှင့်ဒေသတွင်း ပလောင်ကျေးရွာ များတွင်  အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများပြုလုပ်၍ ၄င်းတို့အဖွဲ့ အင်အား ကြီးမားလာစေရန် ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြောင်းပြချက်များဖြင့် ပလောင် တိုင်းရင်းသားခြင်းအပေါ် ဖမ်းဆီးအပြစ်ပေးခြင်း၊ ဒဏ်ငွေရိုက်ခြင်း၊ တပ်ဖွဲ့အတွင်း ၀င်ရောက် အမှုထမ်းခိုင်းခြင်းများဖြင့် သြဇာလွမ်းမိုးမှုရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
နိုင်ငံတော်မှ ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နေချိန်တွင် TNLA ခေါင်းဆောင်ပိုင်း များအနေဖြင့်  ၄င်းတို့အဖွဲ့ အင်အားတိုးပွားလာရေးနှင့် သြဇာကြီးမားလာစေရေးအတွက်သာ အဖျက်အမှောက် လုပ်ငန်း များအား ပိုမိုတိုးမြင့်လုပ်ဆောင်လျက်ရှိတာကို တွေ့ရပါတယ်။
ယနေ့ TNLA သောင်းကျန်းသူအဖွဲ့၏ ရပ်တည်ချက်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲထက် လောက်ကိုင်ဒေသ မငြိမ်မသက်ဖြစ်ပွားနေချိန် KIA အဖွဲ့နှင့် ကိုးကန့်သောင်းကျန်းသူ အဖွဲ့၏ လက်ပါးစေအဖြစ် ရနိုင်သမျှအထောက်အပံ့ကိုရယူကာ အမျိုးသားရေးနှင့် တိုင်းပြည်အပေါ် သစ္စာဖောက်လျက် ၄င်းတို့ခေါင်းဆောင်ပိုင်းအချို့ သြဇာအာဏာနှင့် စည်းစိမ်ချမ်းသာတိုးပွား လာအောင် ဆောင်ရွက်လျက်ရှိကြောင်း တွေ့မြင်ရပါတယ်။
by စိုင်းနေ

Friday, February 20, 2015

SSA(ရွက်ဆစ်)အဖွဲ့မှ သီပေါမြို့နယ်တွင် လူသစ်စုဆောင်းမှုများ ပြုလုပ်


၂၀၁၅ ဖေ ၂၁



၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ၁၄ရက်နေ့တွင်ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်၊      နမ့်လန်ကျေးရွာအုပ်စု ၊ကျူတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမောင် ထံသို့ အမည်မသိ ရှမ်းတိုင်းရင်းသား တစ်ဦးမှ တရုတ်နိုင်ငံလုပ် ၁၂၅ အမျိုးအစား အဖြူရောင်ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ``ပန်းရောင်တော်လှန်ရေး၊ ရှမ်းပြည်နယ် အုပ်ချုပ်ရေးအဖွဲ့၊ဌာနေ အုပ်ချုပ်ရေး(၁၀)၊တပ်ရင်း(၃၇၉)မှ လူသစ်တောင်းခံခြင်း`` ဆိုသည့် ရှမ်း ဘာသာဖြင့်ရေးသားထားသောစာ တစ်စောင် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။
စာတွင်ပါရှိသောအကြောင်းအရာများမှာ

Friday, February 13, 2015

တပည့်တွေတိုက်ပွဲဝင်ချိန်မှာ လောကစည်းစိမ်တွေနဲ့ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်




၂၀၁၅ ဖေ ၁၄
ဖုန်ကြားရှင်နဲ. သူ့တပည့် ကိုးကန့်တပ်ဖွဲ့တွေက တရုတ်ကိုအဖေခေါ်ပြီး  တိုင်းပြည်ကို ဖဲ့ထုတ်ဖို့ ကြံစည်နေကြတယ်၊ သူများပေးတဲ့ မဆို့မပို့ ပိုက်ဆံလေးနဲ့ တိုင်းပြည်ကို ရောင်းစားဖို့ ကြံရွယ်နေတာ ဖြစ်လို့ ကချင်၊ ပလောင်၊ ရခိုင် တိုင်းရင်းသားတွေအနေနဲ့ ဖုန်ကြားရှင် နဲ့ပေါင်းပြီး သမိုင်းတရားခံ မဖြစ်ဖို့လိုပါတယ်။
ဒီလိုတိုက်ပွဲတွေဖြစ်နေချိန်မှာငယ်သားတွေက

Friday, February 6, 2015

မျိုးကျော့မြိုင်၏ တစ်ကိုယ်တော် ဂီတ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၌ ကျင်းပမည်

၂၀၁၅ ဖေ ၀၆









ယခုနှစ်များ အတွင်း အနုပညာ လှုပ်ရှားမှုများ အနည်းငယ် ကျဲသွားသော ပြည်တွင်းမှ နာမည်ကြီး အဆိုတော် မျိုးကျော့မြိုင်၏ တစ်ကိုယ်တော် တေးဂီတ ဖျော်ဖြေပွဲကြီးကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Mya-nmar Event Park (MEP) ၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

Myo Kyawt Myaing Virus 3 64 Bit ဟု အမည်ပေးထားသော မျိုးကျော့မြိုင်၏ အဆိုပါ တေးဂီတ ဖျော်ဖြေ ပွဲ ဖြစ်မြောက်စေရန် Fore-ver Blossom Co., Ltd.မှ စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး ထိုဂီတ ဖျော်ဖြေပွဲတွင် အဆိုတော် မျိုးကျော့မြိုင်၏ ဂီတသက်တမ်း တစ်လျှောက် အောင်မြင် ကျော်ကြားခဲ့သော နာမည်ကြီး တေးသီချင်းများကို တစ်မူ ထူးခြားစွာ အကောင်းဆုံး သီဆိုဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။ ထို့အပြင်

Thursday, February 5, 2015

SSA (ရွက်ဆစ်)အဖွဲ့ အပြစ်မရှိရွာသားများအား ဖမ်းဆီးပြီး ဆက်ကြေးငွေတောင်း


၂၀၁၅ ဇန် ၃
 











၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊မန်ဟဲကျေးရွာနေထိုင်သူ ၁ ဦး ၊တိန်ချေးကျေးရွာ နေထိုင်သူ ၅ ဦးတို့သည် ကုန်းဆော့ကျေးရွာ၏ အနောက်တောင်ဘက် တောထဲတွင် ပရိဘောဂသုံးသစ်တို သစ်စများ ရှာဖွေစုဆောင်းနေစဉ် SSA (ရွက်ဆစ်)အဖွဲ့မှ တပ်စိတ်မှူးး အိုက်စံ ခေါင်းဆောင် ၅ ဦးခန့်မှ ညှင်းပန်းနှိပ်စက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ဖမ်းဆီးခံရသူ ၅ ဦးမှာ

KIA (ကချင်)အဖွဲ့မှ ကာမိုင်း-တီးတိန်ဒေသ ကျေးရွာများတွင် ဆက်ကြေးငွေများ ကောက်ခံနေ


၂၀၁၅ ဇန် ၃


KIA (ကချင်)အဖွဲ့သည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်မည့် အခမ်းအနား တစ်ခုအတွက် အကြောင်းပြပြီး ရှမ်းပြည်နယ်မြောက်ပိုင်း တီးတိန်-ကာမိုင်းဒေသရှိကျေးရွာများတွင် နေထိုင်သည့် မိသားစုဝင် များထံမှ တစ်အိမ်ထောင်လျှင် ၅၀၀၀ိ/- ကျပ်နှုန်း စီ ကောက်ခံနေကြောင်း၊ ထိုသို့ ကောက်ခံရာတွင် ၄င်းတို့၏ အမာခံများမှတဆင့် ကျေးရွာလူကြီးများသို့ ကောက်ခံခြင်းဖြစ်ကြောင်း သိရှိရပါသည်။
`` သူတို့အဖွဲ့က ဘာလုပ် ပါမယ်လို့တော့ မပြောဘူး၊ တစ်အိမ်ထောင် ၅၀၀၀ိ/-ကျပ်နှုန်းနဲ့ ကောက်ခံတာလေ

Sunday, February 1, 2015

လူသစ်စုဆောင်းမပေးနိုင်ပါက ကျေးရွာရှိ အရွယ်အားလုံးကို ဖမ်းဆီးမည် ဟု TNLA အဖွှဲ့ ခြိမ်းခြောက်


၂၀၁၅ ဇန် ၃၁ 

 
၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် TNLA (ပလောင်)အဖွှဲ့မှဒုတိယဗိုလ်မှူးကြီး စန်ညိုနှင့် အဖွဲ့ဝင် ၁ ဦးသည် နမ့်ဆန်မြို့နယ် ၊နမ့်လင်ကျေးရွာ သို့ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦး နှင့်တွေ့ဆုံကာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်း တွင် ကျေးရွာမှ လူသစ် အင်အား ၈၀ ဦး စုဆောင်းပေးရန်နှင့် ဆောင်ရွက်ခြင်းမရှိပါက ၄င်းတို့ကိုယ်တိုင် ထပ်မံလာရောက်ပြီးယခုလို အသိပေး  တောင်းဆိုခြင်း မပြုတော့ဘဲ ၄င်းတို့အစီအစဉ်ဖြင့် ကျေးရွာအတွင်းရှိ လူကြီး/လူငယ်(ကျား/မ) မရွေး တာဝန် ထမ်းဆောင်နိုင် သည့်အရွယ်အားလုံးကို သတ်မှတ်သည့်အင်အားအတိုင်း