Tuesday, January 12, 2016

KIA အဖွဲ့မှ စစ်ရှောင်ဒုက္ခသည်များ အား ထောက်ပံ့ရန် အကြောင်းပြ၍ ဒေသ ခံကျေးရွာများတွင် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ

၂၀၁၆ ဇန်န၀ါရီ ၁၃


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ ကျေးရွာများ၌ ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် KIA အဖွဲ့မှ စစ်ဘေးရှောင် ဒုက္ခသည်များအား ထောက်ပံ့ရန်အတွက်ဟု အကြောင်းပြကာ ဆက်ကြေးငွေများကောက်ခံနေကြောင်း ယင်း ဒေသခံများထံမှ သိရသည်။

မိုးညှင်းမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် KIA အဖွဲ့မှ စစ်ဘေးရှောင် ဒုက္ခသည်များအား ထောက်ပံ့ရန် အတွက် ကျေးရွာတစ်ရွာလျှင် ဆက်ကြေးငွေ ၂ သိန်းကျပ်နှုန်း ကောက်ခံနေကြောင်း အမည်မဖော်လို သူ ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောပြသည်။

TNLA အဖွဲ့မှ နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာများအား အစည်းအဝေးခေါ်ယူပြီး လူသစ်နှင့် ဆက်ကြေးများတောင်းခံ

၂၀၁၆ ဇန်န၀ါရီ ၁၂
  

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ လုံထောက်ကျေးရွာ(အရှေ့ရွာနှင့် အနောက်ရွာ)သို့ ဇန်န၀ါရီလ ရက်နေ့တွင် TNLA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးများကောက်ခံခဲ့ကြောင်း ယင်းဒေသခံများ၏ ပြောပြချက်အရ သိရပါသည်။

ကျွန်တော်တို့ရွာကို ဇန်န၀ါရီ ရက်နေ့ မနက် နာရီလောက်မှာ TNLA အဖွဲ့တွေရောက် လာတယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကိုခေါ်ပြီး လုံထောက်ကျေးရွာ(အနောက်)နဲ့ လုံထောက်ကျေးရွာ(အရှေ့တို့က ရွာသားတွေ ကိုခေါ်ပြီး လူသစ်နဲ့ ဆက်ကြေးငွေပေးဆောင်ရေး အတွက်အစည်းအဝေးပြုလုပ်ခဲ့တယ်၊ သူတို့အဖွဲ့က ခေါင်းဆောင်ဖြစ်သူက ကျေးရွာတစ်ရွာကို လူသစ် ဦးနဲ့ ဆက်ကြေးငွေ ၇ဝဝဝဝ ကျပ် စီ ပေးဆောင်ရမယ်လို့ ပြောတယ်ဟု လုံထောက်ရွာ(အနောက်)မှ ရွာသားတစ်ဦးက ပြောပြခဲ့ပါသည်။

Monday, January 11, 2016

မိုးကောင်းမြို့မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး KIA မိုင်းထိပေါက်ကွဲပြီး လက်ကောက်ဝတ်ပြတ်ရှ၊ မိုင်းစများ တစ်ကိုယ်လုံးထိမှန် ဒဏ်ရာရရှိ

၂၀၁၆ ဇန်န၀ါရီ ၁၁  


၂၀၁၆ ဇန်န၀ါရီ ၉ ရက်နေ့က မိုးကောင်းမြို့၊ မန်ရွက်ကျေးရွာနေ ပြည်သူ့စစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးချစ်ဦး (၄၅) နှစ်၊ ဗမာ/ဗုဒ္ဓ သည် ၎င်း၏နေအိမ်မှ တောင်ယာသို့ သွားရောက်စဉ် ရွာအထွက်၌ ခြေချော်လဲကာ KIA သောင်းကျန်းသူ ထောင်ထားသော မြေမြုပ်မိုင်း (၁)လုံးအား လက်ထောက်မိပြီး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ခြေချော်လဲ၍ KIA မိုင်းအား လက်ထောက်မိသော ညာဘက်လက်မှာ လက်ကောက်ဝတ်မှနေ၍ ပြတ်ထွက် သွားကြောင်း၊ မိုင်းစများမှာ ညာဘက်ပေါင်နှင့် ၀မ်းဗိုက်တို့တွင် ဖောက်ဝင်ပေါက်ပြဲ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သည်။

ဗန်းမော်၌ ကေအိုင်အေတပ်သားတစ်ဦးအား၁၇(၁)ဖြင့် ဖမ်းဆီးအရေးယူ

၂၀၁၆ ဇန်န၀ါရီ ၁၁


ဗန်းမော်မြို့နယ် မန်ရွတ်ကျေးရွာတွင် ကေအိုင်အေတပ်ဖွဲ့မှ တပ်သား တစ်ဦးအား နယ်မြေခံတပ်ရင်းမှဖမ်း ဆီးပြီး မတရားအသင်း အက်ဥပဒေပုဒ်မဖြင့် ယခုလ ၈ ရက်တွင် အမှုဖွင့်အရေးယူခဲ့ကြောင်း စုံစမ်း သိရ သည်။

ဗန်းမော်မြို့ ဖန်ခါးကုန်းရပ်ကွက်အခြေပြု အမှတ်(၄၇)ခြေလျင် တပ်ရင်းမှ ယာယီတပ်ခွဲမှူး ဗိုလ်မှူးဇော် ထွန်းလှိုင်ဦးစီး စစ်ကြောင်းသည် ယခုလ ၇ ရက် နံနက် ၆ နာရီခွဲက သတင်းအရ ဗန်းမော်မြို့နယ် မန်ရွတ်ကျေးရွာ ခန့်မှန်းမြေပုံညွှန်း(LG-246755)သို့ ပိတ်ဆို့ရှင်းလင်းခဲ့ရာ ကေအိုင်အေတပ်ဖွဲ့မှ တပ်သားသောင်းမြင့်(ခ)ဇော်ဒွဲ  (ကိုယ်ပိုင် အမှတ်-၃၄၉၅ဝ)အား ၄င်း၏နေအိမ်နောက်ဖေးလျှိုအတွင်း ပုန်းအောင်းနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ကာ ၄င်းနှင့်အတူ လှံစွပ်အိမ်ပါလှံစွပ်တစ်ချောင်း၊ စစ်သုံးရေ ဘူးနှစ်ဘူး သိမ်းဆည်းရမိခဲ့သည်။

PSLF/TNLA အဖွဲ့မှ မိုင်းခက်ရွာသားများထံ တစ်အိမ်ကို ဆန်၂တင်းတောင်းယူ

၂၀၁၆ ဇန်န၀ါရီ ၁၁


ကျောက်မဲခရိုင် မန်တုံမြို့နယ် မိုင်းခက်ရွာအနီး၌ PSLF/TNLA အဖွဲ့မှ စခန်းသစ်ဆောက်ပြီးလှုပ်ရှားနေပြီး ၄င်းတပ်သားများစားသုံးရန်အတွက် မိုင်းခက်ရွာသားများထံသို့ တစ်အိမ်ကို ဆန်၂ တင်း တောင်းယူ သွားကြောင်း သိရပါသည်။

Thursday, January 7, 2016

TNLA သောင်းကျန်းသူအဖွဲ့ ၀င် ၂ လောင်း ရရှိ

၂၀၁၆ ဇန်န၀ါရီ ၇


ဇန်န၀ါရီ ၅ ရက်နေ့ ရှမ်းမြောက် ပန်မကျေးရွာနဲ့ ပန်စုံ ကျေးရွာ ၂ ရွာကြားမှာ ခိုအောင်းနေတဲ့ TNLA အဖွဲ့ ရင်း(၇၁၇)က ရင်းမှူးအဆင့်ရှိ တာပန်လှ ခေါင်းဆောင်တဲ့ အင်အား၁၀၀ကျော်နဲ့ မြန်မာ့တပ်မတော်တို့ တွေ့ ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်....

နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး မြန်မာ့တပ်မတော်မှ လက်နက်ကြီးပစ်အား ရယူကာ တိုက်ခိုက်ချေမှုန်း ခဲ့တဲ့အတွက် TNLA သောင်းကျန်းသူအဖွဲ့ဟာ ကစဥ့်ကလျား ထွက်ပြေးဆုတ်ခွာ သွားခဲ့ပါတယ်...

ဆုတ်ခွာသွားတဲ့ သောင်းကျန်းသူနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါရှင်းလင်းခဲ့ရာ လက်နက်ကြီး ဒဏ်ကြောင့် သေဆုံးသွားတဲ့ TNLA သောင်းကျန်းသူ အလောင်း ၂ လောင်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်...

သေဆုံးသွားတဲ့ သောင်းကျန်းသူ ၂ လောင်းကို ကောင်းမွန်စွာ မြေမြှုပ်ပေးခဲ့ပါတယ်....

Credit >>> တပ်ကြပ်ကြီး ဖိုးစီ

သွားကိုက်ဝေဒနာချက်ချင်းသက်သာစေမယ့်နည်းလမ်းကောင်း

၂၀၁၆ ဇန်န၀ါရီ ၇


နောက်ဆုံး  သုတေသနပြုချက်အရ  ကြက်သွန်ဖြူအဆီက  သွားကိုက်ဝေဒနာကို  ထိရောက်စွာ  ဖြေ ရှင်းနိုင်ကြောင်း ဖော်ပြပါတယ်။ ဒီသဘာဝဆေးနည်းကို သွားကိုက်ဝေဒနာ သက်သာစေရာမှာ အင်မတန် အစွမ်းထက်ကြောင်း သတ်မှတ်ပြီး လူမျိုးနွယ်စု အတော်များများက သွားကိုက်ဝေဒနာကုသဖို့ ဒါကို ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။

Wednesday, January 6, 2016

ဒေသခံ ရှမ်း၊ ကချင်လူမျိုး ၁၀ ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်

၂၀၁၆ ဇန်န၀ါရီ ၆ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာသို့ ဇန်န၀ါရီလ ၃ ရက်နေ့တွင်KIA အဖွဲ့တစ်ဖွဲ့ မှ ဒေသခံရှမ်းကချင်လူမျိုး ၁၀ ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးမှ ပြော သည်။

ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာသို့ ဇန်န၀ါရီလ ၃ ရက်နေ့၊ ည ၁၁ နာရီအချိန်ခန့်တွင် KIA အဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး ကျေးရွာများအတွင်းရှိ နေအိမ်များသို့ ၀င်ရောက်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ရာ မော် ဟန်ရွာသား ၁၀ ဦးဖြစ်သော ဒေါင်ဇေ ၂၃ နှစ်၊ ဒေါင်ဟောင် ၂၃ နှစ်၊ ဂမ်ယော ၂၅ နှစ်၊ ရီအောင် ၃၀ နှစ် ၊ အောင်ကျော် ၂၉ နှစ်၊ လခမ်း ၁၇ နှစ်၊ လဒင် ၁၇ နှစ်၊ လဒွဲ ၁၆ နှစ်၊ လဂမ်ဘောမ်ဆော် ၁၅ နှစ်နှင့် ဂမ်အောင် ၁၄ နှစ်တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ၎င်းတို့၏မိသားစုဝင်တစ်ဦးမှ ပြောပြခဲ့ပါသည်။

Monday, January 4, 2016

လောက်ကိုင်မြို့တွင် MNDAA သောင်းကျန်းသူများကို ရှုတ်ချပွဲအခမ်းအနားပြုလုပ်

၂၀၁၆ ဇန်န၀ါနရီ ၎


နေပြည်တော်၊ ဇန်နဝါရီ ၎
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ယနေ့နံနက် ၉ နာရီ တွင် လောက်ကိုင်မြို့မှ ရပ်မိရပ်ဖများနှင့် ကိုးကန့်လူငယ်အသင်းတို့မှ ဦးဆောင်၍ MNDAA သောင်းကျန်း သူများကို ရှုတ်ချပွဲအခမ်းအနားအားပြုလုပ်ရာ လောက်ကိုင်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တိုင်းရင်း သားပြည်သူလူထု ၈၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရှုတ်ချပွဲသို့ တက်ရောက်လာကြသော တိုင်းရင်းသားပြည်သူများသည် လောက်ကိုင်မြို့၊ ရပ်ကွက် (၃)၊ ပြည်ထောင်စုလမ်းမကြီးရှိ အေးငြိမ်းချမ်းသာ ပြည်သူ့ဥယျာဉ်တွင် စတင်စုဝေးကြပြီး လက်ကိုင်ဆောင် ပုဒ်များ၊ ကြွေးကြော်သံများဖြင့် ဘုံခုနှစ်ဆင့်အဝိုင်းမှ တစ်ဆင့် ပြည်ထောင်စု လမ်းမကြီးအတိုင်း ချီတက်ကာ လူထုကဇာတ်ရုံကွင်းပြင်တွင် ပြန်လည်စုဝေးပြီး အခမ်းအနားကို ဆက်လက်ကျင်းပကြသည်။

KIA အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီးထားသည့် လီဆူးနှင့်ရှမ်းလူငယ်များ ပြန်လည်လွတ်မြောက်လာ သော်လည်း ကျန်လူငယ်များစွာ ဆက်လက်ဖမ်းဆီးခံရ

၂၀၁၆ ဇန်န၀ါရီ ၎


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာအနီးတစ်ဝိုက်မှ လူသစ်အဖြစ်ဖမ်းဆီးထားသည့် ပယင်းကျောက်လာရောက်တူးဖော်လုပ်ကိုင်နေသူများအနက် လီဆူးနှင့်ရှမ်းလူငယ်များမှာ ဇန်န၀ါရီလ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်လူငယ်များစွာကို KIA အဖွဲ့မှ လူသစ်အဖြစ် ဆက်လက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

အာလူး ၊ ပေါင်မုန့်မီးကင်နဲ့ အကင်တွေက အသည်းကို ပျက်စီးစေ

၂၀၁၆ ဇန်န၀ါရီ ၎


အရက်သောက်တာကြောင့်မဟုတ်ဘဲ အစားအသောက်ကြောင့် အသည်းရောဂါဖြစ်ပွားမှုဟာ မြှင့်တက် လျက်ရှိနေတယ်လို့ မာဆေးဆိုက်ဒေသက ပရော်ဖက်ဆာ Dr David Unwin က ဆိုပါတယ်။ အရက်တွေ တအားသောက်နေရင် အသည်းကို ပျက်စီးစေတယ်ဆိုတာတော့ ပြောလေ့ပြောထ ရှိကြပါတယ်။ အရက် မသောက်ပဲနဲ့လည်း အသည်းပျက်စီးနေတဲ့ သူတွေလည်းရှိနေပြီး နေထိုင်စားသောက်မှုပုံစံပေါ်မှာ မူတည် လျက်ရှိနေတယ်လို့ သိရပါတယ်။ အထူးသဖြင့် လူတွေအစားများလေ့ရှိတဲ့ အာလူး၊ ပေါင်မုန့်မီးကင်နဲ့ အကင်လို ကစီဓာတ်များတဲ့ အစားအသောက်တွေဟာ အသည်းကိုအဆီဖုံးစေပြီး ပျက်စီးစေတယ်လို့ သိရပါ တယ်။

Friday, January 1, 2016

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် အာဆင်နယ် ကစားသမားသစ်ခေါ် မည် ပြိုင်ပွဲစုံတွင် အခြေအနေကောင်းရန် အားဖြည့်ရန်လိုဟု အာဆင်နယ် နည်းပြဝန်ခံ

၂၀၁၆ ဇန်နဝါရီ ၁
 

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်တွင် ကစားသမားသစ်များ ခေါ်ယူ ကာ အသင်းကိုအားဖြည့်မှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း တယ်လီဂရပ်ဖ်သတင်းစာက ဖော်ပြ သည်။

ဆီးချိုသွေးချို ရောဂါ မဖြစ်ပွားစေဖို့ ဆေးလိပ်ဖြတ်ပါ

၂၀၁၆ ဇန်န၀ါရီ ၁ 
 

ဆေးလိပ်ဖြတ်လိုက်တဲ့သူတွေဟာ အမျိုးအစား၂ ဆီးချို၊ သွေးချို ရောဂါ ဖြစ်နိုင်ချေကို လျော့ကျသွားစေနိုင် တယ်လို့ သုတေသန တစ်ခုက အကြံပေးလိုက်ပါတယ်။ လူဦးရေ ၆ သန်းခန့်ကို စစ်တမ်းကောက်ယူခဲ့တဲ့ အချက်အလက်တွေအရတော့ ဆေးလိပ်သောက်ခြင်းနဲ့ ဆီးချို၊ သွေးချိုရောဂါဟာ ဆက်စပ်နေတယ်ဆိုတာ ကို သက်သေပြနိုင်တဲ့ ခိုင်လုံမှုတွေကို တွေ့ရှိခဲ့ကြပါတယ်။

လမ်းခင်းကျောက်အလုပ်သမားများအား KIA အဖွဲ့မှ ရိက္ခာများ တောင်းခံ

၂၀၁၆ ဇန်န၀ါရီ ၁
 
ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ်၊ ဘီးလူးကျေးရွာအုပ်စု၊ အုန်းဆံဆိုင်ကျေးရွာ၊ နန့်ဟန်ဂါးချောင်းဘေး တစ်လျှောက်၌ လမ်းခင်းကျောက်တူးဖော်နေသော အလုပ်သမားများအား ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် KIA အဖွဲ့မှ ရိက္ခာများတောင်းခံသွားကြောင်း သိရသည်။

“အလုပ်သမားတွေက ပိုက်ဆံမရှိလို့ လမ်းခင်းကျောက်တူးဖော်နေကြတာ များပါတယ်၊ တစ်နေ့ရတဲ့ လုပ်အားခလေးနဲ့ သူတို့မှာ ထမင်း၊ ဟင်း ချက်ပြုတ်စားသောက်နေရတာ၊ မရှိလို့ အလုပ်လုပ်နေတဲ့သူတွေ ကိုမှ သူတို့တွေက အနိုင်ကျင့်နေတယ်” ဟု အုန်းဆံဆိုင်ရွာသားတစ်ဦးက ပြောသည်။