Monday, September 28, 2015

‘‘အမျိုးစောင့် ဥပဒေအောင်ပွဲ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်ပြုလုပ်’’

၂၀၁၅ စက်တင်ဘာ ၂၈

၂၀၁၅ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့တွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)မှ အမျိုးစောင့်ဥပဒေ  အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် လားရှိုးမြို့တွင်းသို့လှည့်လည်ကာအောင်ပွဲခံခဲ့ကြပါသည်။

ထိုသို့အောင်ပွဲခံခြင်းအခမ်းနားကို ထိုနေ့၏ မွန်းလွဲ(၁၁း၃၀)အချိန်တွင် လားရှိုးမြို့တော်ခန်းမကြီးရှေ့တွင် ဖဲကြိုးဖြတ် ဖွင့်လစ်ခဲ့ပြီး မြို့တွင်းသို့ကြွေးကြော်သံများ ကြွေးကြော်ပြီး လှည့်လည်အောင်ပွဲခံခဲ့ကြခြင်း ဖြစ်ပါ သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၁၆)မြို့နယ်ရှိရာတွင် ထိုအခမ်းနားသို့ (၁၄)မြို့နယ် တက်ရောက်ခဲ့ကြပါ သည်။ မြို့နယ်အသီးသီးမှ ဦးဆောင်သော သံဃာတော်များနှင့် အမျိုးသား၊ အမျိုးသမီးများ တက်ရောက်ခဲ့ကြ ပါသည်။

ကြွေးကြော်သံများကြွေးကြော်ခဲ့သည်မှာ  အမျိုးစောင့်ဥပဒေ (အောင်ခဲ့ပြီ အောင်ခဲ့ပြီ) အမျိုးစောင့် ဥပဒေ ကမ္ဘာတည်စေ (မြန်မာပြည်ကြီးငြိမ်းချမ်းစေ) တိုင်းရင်းသားပြည်သူတို့ဘ၀လုံချုံရေး (အမျိုးစောင့်ဥပဒေဖြင့် ကာကွယ်ပေး) အမျိုးစောင့် ဥပဒေဖြင့်ကာကွယ်မှ (အမျိုးသမီးတို့ဘ၀စိတ်ချရ) အမျိုးစောင့် ဥပဒေကန့်ကွက်သူ (တိုင်းဖျက်ပြည်ဖျက်တို့ရန်သူ) အမျိုးချစ်ရင်စောင့်ရှောက်ပါ (အမျိုးစောင့်ဥပဒေ လိုက်နာ ပါ) အမျိုးစောင့် ဥပဒေကမ္ဘာတည်ဖို့ (ဒို့ပြည်သူအများဝန်းရံစို့)…..ဟူ၍ကြွေးကြော်ကာ လားရှိုးမြို့တွင်းသို့  လှည့်လည်ပြီးအောင်ပွဲခံခဲ့ကြပါသည်။


ထိုကဲ့သို့ လားရှိုးမြို့တွင်းသို့ လှည့်လည်အောင်ပွဲခံခဲ့ပြီး လားရှိုးမြို့တော်ခန်းမရှေ့တွင် အမျိုးစောင့် ဥပဒေ အောင်ပွဲ အခမ်းနားကျင်းပခဲ့ကြကြောင်းသိရှိရပါသည်။
Credit >>> Lashio Media Group

No comments:

Post a Comment