Friday, June 27, 2014

SSA(၀မ်ဟိုင်း)မှ သီပေါ ပန်လန်းရွာနေ ဒေါ်နန်းအိန်အား ကြိုးတုတ်ဖမ်းဆီးခေါ်ဆောင်

27 June 2014

SSA(၀မ်ဟိုင်း) တပ်မဟာ ၆၁၂ မှ အဖွဲ့များသည် သီပေါ မြို့၊ မိုးတေကျေးရွာအုပ်စု ၊ ပန်လမ်းရွာနေအသက် ၄၇ နှစ်အရွယ် ဒေါ်နန်းအိန်အားမူးယစ်ဆေးဝါးအကြောင်းပြဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ယခုလ၂၆ရက်နေ့ည၂နာရီလောက်မှာSSA(၀မ်ဟိုင်း)ကအဖွဲ့တွေ ဒေါ်နန်းအိန်ရဲ့ နေအိမ်ကို ရောက်လာပြီး ရှာဖွေမှုတွေပြုလုပ်တယ်။

အိမ်ပေါ်မှာမူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့်ပိုက်ဖြတ်စများ တွေ့ရှိသောကြောင့် ကျေးရွာအုပ်ချုပ်ရေး မှူးအားခေါ်ပြီး ဒေါ်နန်းအိန်အားကွန်ဟောက်(တောင်)ရွာသို့ ငွေကျပ်၁၅သိန်းနဲ့လာရွေးရန် ပြောဆိုထွက်ခွာ သွားကြောင်းပန်လန်းရွာသား   တစ်ဦးမှပြောပါသည်။    ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်   ဒေါ်နန်းအိန်  ဆွေမျိုးများမှ
ကွန်ဟောက်(တောင်)ရွာသို့  သွားရောက်ပြီး  SSA(၀မ်ဟိုင်း)အဖွဲ့  တောင်းသော   ငွေ၁၅သိန်းပေးရန်အဆင်  မပြေကြောင်း တောင်းပန် ပြောဆိုပြီး၎င်းတို့တွင်  ရှိသောငွေသုံးသိန်းငါးသောင်းကျပ်ဖြင့် ပြန်လည်ရွေးယူ  ခဲ့ ရကြောင်း ၄င်းတို့နှင့်  နီးစပ်သည့်အသိုင်းအ၀ိုင်း မှ သိရသည်။

 SSA(၀မ်ဟိုင်း)အဖွဲ့များသည်မူးယစ်ဆေးဝါးအကြောင်းပြ၍ ငွေကြေးတောင်းခံမှုများမကြာခဏ ပြုလုပ်   နေသောကြောင့် ဒေသခံများမှာ စိတ်သောကရောက်နေရပြီး SSA(၀မ်ဟိုင်း)အဖွဲ့အပြင် TNLA အဖွဲ့ မှလည်း ယခုကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်လေ့ရှိကြောင်းသိရသည်။

No comments:

Post a Comment