Thursday, June 19, 2014

သောင်းကျန်းသူများ မိုင်းထောင် ဖောက်ခွဲမှုကြောင့် မီးရထားဝန်ထမ်း တစ်ဦး သေဆုံး





ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာ ၊ ပြည်ထောင်စု ကာလမ်းမကြီး မိုင်တိုင်အမှတ် (၉၅/၅)နှင် (၉၅/၆) ကြားနေရာတွင် ဖွန်လ ၁၇ ရက်နေ့ ည ၆နာရီ ၄၅ မိနစ်တွင် မိုင်းတစ်လုံးပေါက်ကွဲပြီး ပေါက်ကွဲ မှုကြောင့် ပြင်ဦးလွင်မြို့နေ မီးရထားဝန်ထမ်းတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင့်သိရသည်။ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူနှင့်ဒဏ်ရာရသူ၂ဦးမှာသီပေါတွင်မီးရထားလမ်းပြုပြင်ရန်အတွက် ပြင်ဦးလွင် မှသီပေါသို့ဆိုင်ကယ်စီးနင်းလာပြီးမိုင်းပေါက်ကွဲသည့်နေရာအရောက်တွင် ဈေးဆိုင်တွင် ဈေးဝယ်ယူရန် ဆိုင်ကယ်အားပြည်ထောင်စုလမ်းမကြီးဘေးတွင်ရပ်ထားခဲ့ကြောင်းနှင့် ဈေးဝယ်ပြီးဆိုင်ကယ်ရှိရာသို့ ပြန်လာ
စဉ်ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းဖြစ်ကြောင်းဒဏ်ရာရရှိသူ ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး၇တွင် နေထိုင် သည့် နေ့စားမီးရထားဝန်ထမ်း ကိုအောင်ကျော်၏ ပြောပြချက်အရပါသည်။

 သေဆုံးသူအလောင်းနှင့် ဒဏ်ရာရရှိသူအားကျောက်မဲ ပြည်သူ့ဆေးရုံသို့ ၄င်းနေ့ ည ၀၉၀၀ နာရီတွင် ပို့ဆောင်ခဲ့ကြောင်းနှင့် ကျောက်မဲမြို့ ပတ်ဝန်းကျင်တွင် RCSS/SSA နှင့် SSPP/SSA အဖွဲ့များ ဆက်ကြေး ကောက်လူသစ်စုဆောင်းမှုများပြုလုပ်ရန်သွားလာလှုပ်ရှားမှု ပြုလုပ်နေသည့် နေရာများဖြစ်ကြောင်း   ကျောက်မဲမြို့နေ စိုင်းခမ်း ၏ ပြေပြချက်အရသိရသည်။

No comments:

Post a Comment