15 June 2014
လားရှိုးမြို့၊ ရပ်ကွက်(၇) စိတ္တသုခ ကျောင်းတိုက်တွင် အစ္စလာမ် ဘာသာဝင် ၆ ဦး ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူပြောင်းသည့်အခမ်းအနားအား ဇွန်လ ၁၄ ရက်နေ့ နံနက် ၀၈၀၀ နာရီတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ၄င်းအခမ်းအနားသို့စိတ္တသုခကျောင်းတိုက်နာယကဆရာတော်ဘဒ္ဒန္တပုညနန္ဒ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ ၀ါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊နယ်စပ်တောင်တန်းသာသနာ့နုဂ္ဂဟအသင်းနှင့်ရပ်မိရပ်များတက်ရောက်ခဲ့ ကြောင်း သိရသည်။
ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းလာသူ လားရှိုးမြို့၊ ရပ်ကွက် (၄) နယ်မြေ ၁၆ ရတနာပုံလမ်း၊ အိမ်အမှတ် (၂၁၅)နေ ဦးထွန်းမြင့်၊ ဒေါ်နန်းမြအောင်၊ မမိုးစန္ဒာအောင်၊ မဧကရီမြင့်၊မဧသရီထွန်း၊ မောင်ထက်ပိုင်ဟိန်တို့
အား ဘဒ္ဒန္တပုညနန္ဒမှ သရဏဂုံဆောက်တည်ပေးခြင်း၊ ငါးပါးသီလဆောက်တည်ပေးခြင်းများ ပြုလုပ်ပေးပြီး တက်ရောက်လာသူများမှဗုဒ္ဓဆင်းတုတော်ပေးအပ် လှူဒါန်းခြင်းနှင့်သာသနာရေးဝန်ကြီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်အား ပေးအပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒေါ်နန်းမြအောင်မှမိမိသည် ယခင်က ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဦးထွန်းမြင့်နှင့် အိမ်ထောင်ကျပြီးနောက် အစ္စလာမ်ဘာသာသို့ကူးပြောင်းခဲ့ကြောင်း၊၄င်းနောက်နမ္မတူမြို့နေမိဘများအိမ်သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ ဒေါ်နန်းမြရင်မှာ သားသမီးများများနှင့် အတူ အဘိုး/ အဘွားများနှင့် ဘုရားသွား၊ ကျောင်းတက် ပြုလုပ်ရင်း ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းလိုသောကြောင့် ခင်ပွန်းဖြစ်သူအား ခွင့်တောင်းပြီး သားသမီး များမှာလည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သဖြင့် ဦးထွန်းမြင့်အပါအ၀င် တစ်မိသားစုလုံး ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment