17 June 2014
SSA(၀မ်ဟိုင်း)အဖွဲ့၊ တပ်ရင်း (၆၁၂)မှ ကျောက်လွမ်း နှင့်အဖွဲ့များသည် သီပေါမြို့နယ်၊ ကျင်သီကျေးရွာ၊ ပုံဖန်းကျေးရွာ၊ ရေပူ(ကြံခင်း)ကျေးရွာ တွန်ဆောက်ရွာမှ တစ်ရွာလျင် လူသစ် ၁ယောက်နှုန်း ဇွန်လ ၂၀ ရက်နေ့အတွင်း လာရောက်ခေါ်ဆောင်မည့်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လျှို့ဝှက် အကြောင်းကြား
ခဲ့ကြောင်း ၄င်းကျေးရွာနေ ရွာသား တစ်ဦး၏ ပြောပြချက်အရသိရသည်။
၎င်းကျေးရွာများမှလူသစ်တစ်ဦးမဖြစ်မနေစုဆောင်းပေးရမည်ဖြစ်ပြီး လူသစ်မပေးနိုင်ပါက တစ်ယောက်လျှင် ငွေကျပ်သိန်း ၂၀ ပေးသွင်းမှာသာ ကင်းလွှတ်ခွင့်ပြုမည်ဟုလည်း သိရသည်။
အချို့ကျေးရွာများမှာ လူသစ် စုဆောင်းပေးရန် ခက်ခဲသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှSSA(၀မ်ဟိုင်း)အဖွဲ့၏ အကြောက် တရားဖြင့်ခြိမ်းခြောက်တောင်းဆိုထားသည့် သိန်း ၂၀ အား ပေးသွင်းနိုင်ရန် ကျေးရွာ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ NGOအဖွဲ့ဝင်များ၊၀န်ထမ်းများပါ တစ်အိမ်ထောင်လျင် သုံးသောင်းကျပ်နှုန်း၊ မိုဆိုးမ၊တစ်ခုလပ်အိမ်များမှ နှစ်သောင်းကျပ်နှုန်း ပေးသွင်းရန်နှင့် ကြိုတင်ရှာဖွေထားရန် အစည်းအဝေး ပြုလုပ် မှာကြားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment