11 June 2014
ဘဏ်မှထုတ်ယူပြီးမေ့ကျန်ခဲ့သောကျပ်သိန်းကိုးဆယ်ကျော်ပါရှိသည့် ငွေထုပ်ကိုတွေ့ရှိပြီး ပြန်လည်ပေးအပ်ခဲ့ သူ အနှေးယာဉ် လုပ်သားဦးစန်းဝင်းအားဂုဏ်ပြုသည့်အနေဖြင့် ပြည်မြို့ဒေသခံ များစုပေါင်း၍ စာရိတ္တ ဂုဏ်ရည်ဆုချီးမြှင့်ခဲ့သည်။
မြန်မာ့စီးပွားရေးဘဏ်မှထုတ်ယူထားသောကျပ်သိန်းကိုးဆယ်ခန့်ရှိ ငွေထုပ်ကောက် ရသည့် နေ့တွင် ငွေထုပ်တွင်ပါရှိသည့်လိပ်စာအတိုင်းလိုက်ရှာ ပေးသော်လည်းမတွေ့သဖြင့် မြန်မာ့စီးပွားရေး
ဘဏ်မန်နေဂျာထံ ပြန်လည်အပ်နှံခဲ့ကြောင်း မေ့ ကျန်ခဲ့သူမှာ RTCမှ ၀န်ထမ်းတစ် ဦးက လစာငွေများ ထုတ်လာခြင်း ဖြစ်ပြီး၎င်း၏ တစ်လစာငွေအား ကျေးဇူးဆပ်သည့်အနေဖြင့်ကန် တော့သော်လည်းကိုယ်ချင်းစာ ပြီးလက်မခံခဲ့ဘဲ ပြည်မြို့ရှိ စေတနာရှင်ဒေသခံများကရိုးဂုဏ်ကိုချီးမြှင့်ခြင်းဖြစ်သဖြင့်ဝမ်းသာစွာလက်ခံပြီးဘဏ်၌ သာအပ်နှံထားကြောင်းဦးစန်းဝင်း ကပြောသည်။
အဆိုပါအနှေးယာဉ် လုပ်သား၏ အကျင့်စာရိတ္တအားဂုဏ် ပြုသည့်အနေဖြင့်မြိုခံလူထု ၇၀ ကျော်စုပေါင်း၍ ငွေကျပ်ခုနစ်သိန်းငါးထောင်ဆုချီးမြှင့်ခဲ့သည်။
‘‘ဒီလိုပြုလုပ်ပေးမယ်လို့မ ထင်ထားဘူး။ ကိုယ့်ရဲ့ရိုးသားမှုကို အသိအမှတ်ပြုတဲ့အတွက်ဝမ်းသာပီတိဖြစ်ရတယ်။ကောက်ရတဲ့အဲဒီငွေတွေကို ပြန်မပေးဘဲထားလို့ရပါတယ်။
ဒါပေမဲ့ ပျောက် သွားတဲ့လူဘက်ကို ကိုယ်ချင်းစာ တယ်။ လိုက်ရှာပြီး ပြန်ပေးတယ်။ ကောက်ရတဲ့ငွေတွေနဲ့ ကျွန်တော့် မိသားစုစာဝတ်နေရေးမှာအသုံး ပြုဖို့ဟာ လုံးဝစိတ်မသန့်ဘူး’’ဟု ဦးစန်းဝင်းကပြောသည်။
‘‘ကျွန်တော်တို့ဒေသခံတွေ က စုပြီးချီးမြှင့်တာ။ တစ်ထောင် ထည့်တဲ့သူလည်းပါတယ်။ နှစ် ထောင်၊ ငါးထောင်စသည်ဖြင့်ပေါ့။တစ်သိန်းအလှူရှင်ကတော့မ လေးရှားကနေလှမ်းလှူတာဖြစ်တယ်’’ဟု ပြည်ဒေသခံ ဦးဇင်သိန်း ကပြောသည်။
7Day Daily
No comments:
Post a Comment