Wednesday, June 18, 2014

TNLA အဖွဲ့မှ လားရှိုး- မူဆယ် လမ်းပေါ်တွင် သွားလာနေသော ယာဉ်များအား ဆက်ကြေးကောက်ခံ

18 June 2014

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဖြတ်သန်းသွားသည့် ယာဉ်တစ်စီးအား TNLA အဖွဲ့မှ ရှာဖွေ စစ်ဆေးမှုများပြုလုပ်ပြီး ငွေကျပ် ၅၅ သိန်း သိမ်းယူသွားကြောင်းသိရသည်။ ယခုလ ၁၆ ရက်နေ့က ကွတ်ခိုင်၊ မန်နိမ်း၊ ၁၂ မိုင်စုစည်းကျေးရွာနေ ခိုလုံ/လီရှော လူမျိုးများဖြစ်သည့် ဦးအောင်ကျော် ဒေါ်ယဉ်ထွေး၊ ရန်မိန်းကွယ်တို့သည်နမ့်ခမ်းသို့ကားဖြင့်ထွက်ခွာလာရာမန်အောင် ကျေးရွာအ၀င်  မန်ကောင်းရပ်ကွက်အနီး
ယခုကဲ့လက်နက်ဖြင့်ခြိမ်းခြောက် ငွေတောင်းခြင်းခံခဲ့ရကြောင်းသိရသည်။

TNLAအဖွဲ့မှ သေနတ်ဖြင့် ချိန်ကာကားပေါ်မှဆင်းခိုင်းပြီးဦးအောင်ကျော်တို့ ၃ ဦးအား လက်ပြန်ကြိုးတုတ်၍ ရွာထဲသို့ ခေါ်ဆောင် သွားကာ TNLAမှ ခေါင်းဆောင် တစ်ဦးက ၄င်းတို့ ၃ ဦးအား မှတ်တမ်းဓာတ်ပုံများ ရိုက်ယူ၍   သက်ဆိုင်ရာသို့တိုင်းကြားပါက ၄င်းတို့မိသားစုများအားလာရောက်  ဖမ်းဆီးမည်ဟုခြိမ်းခြောက်   ပြောဆိုပြီး ကားပေါ်တွင် ပါလာသော ငွေကျပ် ၅၅ သိန်းအား ယူဆောင် သွားကြောင်း သိရသည်။ 

ကွတ်ခိုင်ဒေသခံ အမည်မဖော်လိုသူ တစ်ဦးပြောပြချက်အရ TNLA အဖွဲ့များသည် ယခုကဲ့သို့ လားရှိုး- မူဆယ်လမ်းပေါ်တွင်သွားလာနေသောယာဉ်များအားတားဆီး၍ဆက်ကြေးကောက်ခံမှုများမကြာခဏပြုလုပ်   နေကြောင်းလည်းသိရသည်။

No comments:

Post a Comment