Sunday, June 22, 2014

မန္တလေး ရွှေဈေး ဝယ်လိုအား များပြီး အဝင်နည်း၍ ဈေး မြင့်တက်

23 June 2014

မန္တလေး ရွှေဈေးကွက်တွင် ဈေးနှုန်းများဆက်တိုက်ကျဆင်းနေရာမှဇွန်တတိယအပတ်မှစတင်၍ ရွှေလုပ်ကွက် များတွင်မိုးများရွာသွန်းသဖြင့်အထွက်နည်းခြင်း၊နယ်ဝယ်လိုအားများလာခြင်း၊ကမ္ဘာ့ ရွှေဈေးတစ်ထရိုင်အောင်စ ကို အမေရိကန်ဒေါ်လာ ၁၃၁၄ သို့ ရောက်ရှိလာ သဖြင့် ရွှေဈေးများ မြင့်တက် လျက်ရှိရာ ဇွန် ပထမပတ်က အခေါက်ရွှေ တစ်ကျပ်သား ငွေကျပ် ၆၄၇၅ဝဝ ကျပ်နှင့်    ၁၅ ပဲရည် ရွှေရည်မီ   တစ်ကျပ်သား ငွေကျပ် ၆၁၅ဝဝဝ
 ခန့်သာ ရှိပြီး ဇွန် ၂၁ ရက် မွန်းလွဲ ၁ နာရီက ရွှေဈေးကွက်တွင် မီးလင်း အခေါက်    ရွှေတစ်ကျပ်သား ငွေကျပ် ၆၇၂၅ဝဝ ဈေး ရှိပြီး ၁၅ ပဲရည် ရွှေရည်မီ တစ်ကျပ်သား ငွေကျပ် ၆၄၃၅ဝဝ အထိ ရှိကြောင်း သိရသည်။

ကမ္ဘာ့ ရွှေဈေးနှင့် ပြည်တွင်း ရွှေဈေးမှာ တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသော်လည်း ရွှေထွက်ရာ ဒေသ သပိတ်ကျင်း ဘက်တွင် မိုးများ နေသဖြင့် ရွှေအဝင် နည်းကာ ဈေးတက်လေ့ ရှိပြီး ရွှေ ဝယ်ယူ စုဆောင်းသူ များက ရွှေဈေးမငြိမ်သေးသဖြင့် ဈေးကွက်အခြေအနေ စောင့်ကြည့် နေကြကြောင်းမန္တလေးတိုင်း ဒေသကြီး   ရွှေလုပ်ငန်းရှင်များ အသင်းဝင် တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

 မောင်ပြည်သူ

No comments:

Post a Comment