25 June 2014
SSA(ရွက်ဆစ်)မှ ကျောက်မဲမြို့နယ်အတွင်း ကျေးရွာများတွင် ၄င်းတို့အမာခံများတစ်ဆင့်တစ်ရွာလျင်လူသစ် တစ်ယောက်နှုန်းနှင့်တစ်အိမ်ထောင်လျှင် တစ်သိန်းကျပ်နှုန်းပေးသွင်းရန်ခြိမ်းခြောက်ပြောဆို ထားကြောင်း သိရသည်။
ယခုလ ၂၄ ရက်နေ့က SSA(ရွက်ဆစ်)အမာခံတွေက ကျောက်မဲမြို့နယ်ထဲမှာရှိတဲ့ ပန်စံ၊ တော့စံ၊ ပန်ကွမ်၊ ကွန်ခါ၊မင်းကုန်းကျေးရွာတွေကအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး SSA(ရွက်ဆစ်)အဖွဲ့သို့ တစ်ရွာတစ်ယောက်နှုန်း
ဝင်ရန်မဲနှိုက်ဆုံးဖြတ်ခဲ့သည်ဟု ၄င်းကျေးရွာနှင့်နီးစပ်သည့် ကျောက်မဲဒေသခံတစ်ဦးမှ ပြောပါသည်။ရွက်ဆစ် အဖွဲ့တွေက လူသစ်အပြင် တစ်အိမ်ထောင် တစ်သိန်းကျပ်နှုန်းနဲ့ ကျေးရွာတစ်ရွာ အိမ်ခြေ ၁၅၀ ရှိရင် သိန်း၁၅၀ပေးသွင်းဖို့ပြောကြောင်း မပေးသွင်းပါကထိရောက်စွာ အပြစ်ပေးမယ်လို့ ဒေသခံများ ပြောပြချက် အရသိရသည်။
ကျေးလက်နေ ဒေသခံတွေဟာမိမိတို့စား၊၀တ်၊ နေ ရေးအဆင်ပြေအောင်ကြိုးစားရှာဖွေထားသော ငွေကြေး များမှာသမင်မွေးလိုက်ကျားစားလိုက်ဖြစ်နေကြောင်းပန်ကွမ်ကျေးရွာနေရွာသားတစ်ဦးမှ ပြောပါသည်။
ကျောက်မဲမြို့ ဒေသခံများမှာ SSA(၀မ်ဟိုင်း)၊ SSA(ရွက်ဆစ်)အဖွဲ့များ၏ မကြာခဏ ဆက်ကြေးကောက်၊ လူသစ်စုဆောင်းမှုများ ပပျောက်ရေး မျှော်လင့်တောင့်တနေသော်လည်း ၄င်းတို့အား အကြောက်တရားဖြင့် ခြိမ်းခြောက်ပြောဆိုထားသောကြောင့် ရိုးသားဖြူစင်သောကျေးလက်နေ ဒေသခံရှမ်းတိုင်းရင်းသားများမှာ ဆုပ်လည်းဆူး၊ စားလည်းရူး အခြေအနေမျိုးနှင့် ကြုံတွေ့နေရကြောင်းသိရသည်။
ကျောက်မဲဒေသခံများ
No comments:
Post a Comment