Wednesday, June 22, 2016

ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံကို ယူရိုသန်း နှစ်ရာ ကူညီမည်



နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်နိုင်ငံခြားရေးနှင့်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာဂျီးမာ့ခ်အီရောင်တို့ တွေ့ဆုံနှုတ်ဆက်နေကြစဉ်
 ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံကို ယူရိုသန်းနှစ်ရာ ကူညီမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြား သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေ သော ပြင်သစ်နိုင်ငံ နိုင်ငံခြားရေး နှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီး H.မစ္စတာဂျီးမာ့ခ်အီရောင်သည် ဇွန်လ ၁၇ ရက် က နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံပြီး မီဒီယာများ ၏ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားခဲ့သည်။`
‘‘ဒီအချိန်ကနေစပြီး ယူရိုသန်းနှစ်ရာ ကူညီဖို့အဆင်သင့်ရှိပါတယ်။ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအနေနဲ့ မြန်မာရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ ဆောင်ရွက်နေတာတွေရှိပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကိစ္စရပ်တွေ၊ နောက်စွမ်းအင်ကဏ္ဍနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ ပါဝင်ကူညီဆောင်ရွက်နေတာတွေရှိပါတယ်’’ဟုပြင်သစ်ဝန်ကြီးကပြောကြားသည်။ထို့အပြင် ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံအား ကူညီပေးနေသော ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် ငွေကြေးပမာဏထပ်မံတိုးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ် နိုင်ငံ၏ ယဉ်ကျေးမှုကို စိတ်ဝင်စားကြောင်းနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးမှုများကို ကျေးဇူးတင်ကြောင်းပြောသည်။
‘‘ကျွန်မတို့ဟာယဉ်ကျေးမှုဘက်မှာတင်မကပါဘူး။ဖွံ့ဖြိုးတိုးတက်ရေးဘက်၊နိုင်ငံရေးဘက်၊ စီးပွားရေး ဘက်မှာလည်း ပြင်သစ်နိုင်ငံဟာ ကျွန်မတို့ကို တစိုက်မတ်မတ် ကူညီအားပေးခဲ့တာကြောင့်မို့လို့ပါ။ ဒါကို ဒီလို အချိန်မှာကျေးဇူးတင်တယ်လို့ပြောနိုင်တဲ့အတွက်အင်မတန်မှကျွန်မ၀မ်းသာပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
ပြင်သစ်အနေဖြင့်လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက်အကူအညီများကို၂၀၀၆မှစကာ နှစ်ဆတိုးမြှင့်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏စီးပွားရေး၊ယဉ်ကျေးမှုနှင့် နှစ်နိုင်ငံအကြားဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လို ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန် ကြီးကပြောကြားသည်။
‘‘အခုဆိုရင် ပြင်သစ်ယဉ်ကျေးမှုဌာနကို တည်ထောင်တဲ့ (၅၅) နှစ်မြောက် ယဉ်ကျေးမှုပွဲတော်ကြီးကိုလည်း ဒီနှစ်လုပ်ဖို့စီစဉ်ထားတာရှိပါတယ်။ အခုရန်ကုန်မှာရှိနေတဲ့ ပြင်သစ်ကျောင်း ကို ဒီထက်ပိုကြီးမားလာတဲ့ကျောင်း ဖြစ်အောင်ကျွန်တော်တို့ ဆောင်ရွက်ချင်ပါတယ်။အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု တွေလည်း  တိုးတက်လာနိုင်စရာ အကြောင်းရှိ ပါတယ်’’ဟု ၎င်းကဆိုသည်။
VOA

No comments:

Post a Comment