Thursday, June 30, 2016

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင်တို့ အချေအတင် စကားများ


ပြည်လမ်းရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမင်္ဂလာခန်းမမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့်   ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များတွေ့ဆုံ ပွဲမှာ  ဒေါက်တာသက်သက်ခိုင်မှ မြန်မာနိုင်ငံနှင့်ပတ်သက်၍အခွန်ပေးဆောင်မှုကိစ္စတွေရှင်းပြနေချိန်…

ဦးဖြိုးမင်းသိန်းက အစ်မကြီး အနေနဲ့ သီအိုရီပိုင်းများကို ရှင်းပြနေရန်မသင့်၊ သီအိုရီပိုင်းများကို ကျွန်တော်တို့ အနေနဲ့လည်းသိပြီးပြီဖြစ်ကြောင်းနဲ့ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အောင်မြင်စွာထမ်းဆောင်နိုင်ကြောင်း  ပြောဆိုခဲ့ရာ ဒေါက်တာ သက်သက်ခိုင်မှ ဝန်ကြီးချုပ်ကို လက်ချာပေးနေတာမဟုတ်၊ မိမိမှာအောင်မြင်နေသော စီးပွားလုပ်ငန်းရှင် တစ်ယောက်ဖြစ်ကြောင်း၊ဝန်ကြီးချုပ်ပြောတာကို၎င်းအနေဖြင့်အကြာကြီးနားထောင် ပေးခဲ့ကြောင်း ပြန် လည်ပြောဆိုချေပခဲ့ရာ ဦးဖြိုးမင်းသိန်းမှ အလုပ်ရုံဆွေးနွေးပွဲလုပ်မှာလား၊ သီအိုရီပိုင်းရှင်းမှာလား ထပ် မံပြောဆိုခဲ့ရာ ဒေါက်တာသက်သက်ခိုင်မှအားလုံးနှင့်ဆိုင်ကြောင်းမိမိရှင်းပြသည်မှာ  ပြီးတော့မည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဦးဖြိုးမင်းသိန်းမှ ပြန်ထိုင်သွားခဲ့ပြီး ဒေါက်တာ သက်သက်ခိုင်မှ ဆက်လက်ရှင်းပြခဲ့ ပါတယ်။

မနေ့ကဖြစ်ခဲ့တာကြောင့် ဒီကနေ့ဘယ်မီဒီယာကနေများ ရေးသားဖော်ပြမလဲဆိုပြီး စောင့်ကြည့်နေတာ ဘယ် ဂျာနယ်တိုက်ကမှ တုတ်တုတ်မျှ မလှုပ် မသိချင်ယောင်ဆောင်နေကြပါတယ်။စတုတ္ထမဏ္ဍိုင်ဆိုတာဟာ ဘက်လိုက်မှုမရှိပဲ ကြားနေပြီး မျှမျှတတရေးသားဖော်ပြမှသာ စတုတ္ထမဏ္ဍိုင်ပီသတာပါ။ NLD အစိုးရသတင်း ဆို အမှောင်ချပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ စစ်တပ်မကောင်းကြောင်းနဲ့ ဒေါ်စုချီးမွမ်း ခန်းတွေပဲ ဖွင့်နေကြရင်ဖြင့် ပြည်သူတွေအတွက် ဂျာနယ်တွေဖတ်ခြင်းအားဖြင့် ဘာအကျိုးကျေးဇူးမှ မရတော့ဘဲ ပိုက်ဆံကုန်တာပဲ အဖတ်တင်ပါတယ်…

Credit - Original writer    
Photo Credit- copied

No comments:

Post a Comment