Thursday, June 30, 2016

ရခိုင်ပြည်နယ် နယ်စပ်ဒေသရှိ လ၀ကအရာရှိ ၅၀ ကျော်အား ဒေသပြောင်းရွှေ့

ရခိုင်ပြည်နယ်တွင်တာဝန်ထမ်းဆောင်နေသောလူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၄)မှလက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ၅၇ ဦးအား ဒေသပြောင်းရွှေ့တာဝန် ထမ်းဆောင်စေခဲ့ကြောင်း သတင်း ရရှိသည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ၀န်ကြီးရုံး(အမှုထမ်းအ ဆင့်) ၀န်ထမ်းရေးရာစီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးဆုံးဖြတ် ချက်ဖြင့် အမိန့်စာထုတ်ပြန်ကာအ ဆိုပါ ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးများအား အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိမြို့နယ်အသီးသီးသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် နယ်စပ်ဒေသ တွင် တာဝန်ထမ်းဆောင်နေသည့် လူဝင်မှု ကြီးကြပ်ရေးမှူးများကို ယခင်က အလှည့်ကျစနစ် ဖြင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင် စေခဲ့သော်လည်းယခုကဲ့သို့အရေအတွက်များပြားမှုမျိုးသည် ရှားပါး ကြောင်း ဒုတိယလ၀က မြို့နယ် ဦးစီးအရာရှိတစ်ဦးက ဆိုသည်။
‘‘လ၀က အရာရှိပိုင်းတွေဆို နယ်စပ်ဒေသမှာ တာဝန်မယူဖူးသူ မရှိသလောက်ပဲ။ အလှည့်ကျပုံ မှန်သွားပြီး တာဝန်ထမ်းဆောင် ကြရတယ်။ အနည်းဆုံးတစ်နှစ်လောက်လုပ်ရတယ်။ အခုလောက်တော့ အရင်က အချိန်းအပြောင်းမများဘူး။ တချို့တွေကျတော့အဲဒီနေရာကိုမသွားချင်ကြဘူး’’ဟုအထက်ပါပုဂ္ဂိုလ်က ဆိုသည်။
အဆိုပါ လူအင်အားအများ အပြား ဒေသပြောင်းရွှေ့တာဝန် ထမ်းဆောင်စေသည့် ၀န်ကြီးဌာန ရုံးအမိန့်စာသည် လူမှုကွန်ရက်စာ မျက်နှာများတွင် ဖြန့်ဝေမှုများရှိခဲ့သည်။
 ထိုသို့ အင်အားအရေအတွက်များစွာကို တစ်ပြိုင်တည်း ပြောင်းရွှေ့တာဝန်ထမ်းဆောင် စေခြင်းသည် အခြားအကြောင်းကိစ္စ များကြောင့် မပါဝင်ဘဲ ဌာန၏ပုံ မှန်လုပ်ရိုးလုပ်စဉ် အရသာပြုလုပ် ခြင်းဖြစ်သည်ဟု အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမြင့်ကြိုင်က ပြောသည်။
‘‘တခြားဘာအကြောင်းမှ မရှိပါဘူး။ ပုံမှန်အရွှေ့အပြောင်းပါပဲ။ အခုပြောင်းရမယ့်သူ နေရာကို တခြားတိုင်းဒေသကြီး ပြည်နယ်အသီးသီးကသူတွေ လာရောက် တာဝန်ယူကြရမှာပါ’’ဟု ၎င်းကဆိုသည်။

7daydaily

No comments:

Post a Comment