Tuesday, June 28, 2016

တရုတ်နှင့်တင်းမာမှု မြင့်တက်နေစဉ် ထိုင်ဝမ်၏ ဒုံးခွင်းစနစ်သစ်ကို အမေရိကန်တွင် စမ်းသပ်မည်

Keelung မြောက်ပိုင်းရှိ ရေတပ်စခန်းတွင် ဆိုက်ကပ်ထားသော အမေရိကန်နိုင်ငံလုပ် ထိုင်ဝမ်ရေတပ်သင်္ဘောနှစ်စင်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (Photo: AFP)
ထိုင်ဝမ်က လာမည့်လအတွင်း ၎င်း၏ ဒုံးခွင်းစနစ်သစ်ကို အမေရိကန်နိုင်ငံ၌ ပထမဆုံးအကြိမ် စမ်းသပ်ရန် စီစဉ်ထားကြောင်း ဇွန် ၂၇ ရက်က ကာကွယ်ရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ခုနှင့် သတင်းများ၌ ဖော်ပြချက်အရ သိရသည်။ 
 
တရုတ်အစိုးရအပေါ် အယုံအကြည်မရှိသည့် ဆန်အင်းဝမ် အစိုးရသစ်လက်ထက်တွင် ထိုင်ဝမ်နှင့်တရုတ်တို့၏ ဆက်ဆံရေးမှာ လျှင်မြန်စွာ အေးစက်လာခဲ့သည်။ မေလ က ဆန်သမ္မတဖြစ်ခဲ့ပြီး aနာက်ပိုင်း ထိုင်ဝမ်၏ ရှစ်နှစ်ကြာမြင့်ခဲ့သည့် တရုတ်နှင့် ပြန်လည် သင့်မြတ်ရေးအစီအစဉ်မှာ အဆုံးသတ်သွားခဲ့သည်။
 
အမေရိကန်နိုင်ငံလုပ် Patriot Advanced Capability-3(PAC-3) ဒုံးခွင်းစနစ်ကို ဇူလိုင်လ အစောပိုင်းတွင် နယူးမက္ကဆီကိုရှိ White Sands ဒုံးပစ်ကွင်းတွင် စမ်းသပ်မည်ဟု ကာကွယ်ရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ အဆိုပါ စမ်းသပ်မှုကို ဆန်အာဏာမရမီကတည်းက စီစဉ်ထားခြင်း ဖြစ်သော်လည်း ယင်းသည် တရုတ်အစိုးရကို ဒေါသထွက်စေနိုင်သည်။  ယင်း သတင်းရင်းမြစ်၏ ပြောကြားချက်အရ စမ်းသပ်မှုကို အမေရိကန်နိုင်ငံတွင် ပြုလုပ်ရခြင်းမှာ တရုတ်ဘက်မှ သတင်းအချက်အလက်များ ထောက်လှမ်းခြင်းကို ရှောင်ရှားရန်နှင့် ထိုင်ဝမ်သည် နေရာအသုံးပြုနိုင်မှု အကန့်အသတ်ရှိသောကြောင့် ဖြစ်ကြောင်း သိရသည်။ 
 
အမေရိကန်သံရုံး တစ်ရုံးအဖြစ် ဆောင်ရွက်နေသော ထိုင်ဝမ်ရှိ အမေရိကန်အင်စတီကျူက ထိုစမ်းသပ်မှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့ပေ။ အမေရိကန် နှင့် ထိုင်ဝမ်အစိုးရကြားတွင် တရားဝင်သံတမန် ဆက်ဆံရေးမရှိသော်လည်း အမေရိကန်သည် ထိုင်ဝမ်၏ အကြီးဆုံးမဟာမိတ်နှင့် လက်နက်တင်ပို့သည့် နိုင်ငံဖြစ်နေဖြစ်သည်။ PAC-3 ဒုံးခွင်းစနစ်ကို ၂၀၀၈ ခုနှစ်ကတည်း က ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး စမ်းသပ်မှုပြုလုပ်ရေးကို အမေရိကန်က ပြီးခဲ့သည့်နှစ်က အတည် ပြုပေးခဲ့သည်။ 
 
ထိုင်ဝမ်သည် ၁၉၉၀ ပြည့်လွန်နှစ်များက ယခင်မော်ဒယ်ဖြစ်သည့် PAC-3 စနစ်သုံးခုကို ၀ယ်ယူခဲ့ပြီး ယင်းတို့ကိုလည်း အမေရိကန်မှာပင် စမ်းသပ်ခဲ့သည်။ ထို့နောက် ယင်းစနစ်များကို လူနေထူထပ်သည့် တိုင်ပေတွင် တပ်ဖြန့်ထားခဲ့သည်။ PAC-3 ဒုံးခွင်းစနစ်အသစ်သည် ၂၀၀၈ ခုနှစ်က အမေရိကန်ထံမှ ထိုင်ဝမ် ၀ယ်ယူခဲ့သည့် ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ တန်ဖိုးရှိ လက်နက်များအနက် တစ်ခုဖြစ်သည်။ ထိုစဉ်ကလည်း တရုတ် က ဒေါသထွက်ခဲ့သေးသည်။ 
 
 PAC-3စနစ်သည်ထိုင်ဝမ်တွင်တစ်စိတ်တစ်ပိုင်းစတင်လည်ပတ်နေပြီဖြစ်ပြီးတိုင်ပေအပြင်တိုင်ချွန်နှင့်တာင်ပိုင်းကောင်ရွှမ်ဒေသတို့ကို တရုတ်၏ဒုံးကျည်တိုက်ခိုက်မှုမှကာကွယ်ပေးထားသည်ဟု ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။ 

News-Eleven

1 comment:

  1. How to Play Poker at the Borgata | Wilbur's Lotto & Bingo - Wor
    Borgata Poker 메리트카지노 Room at the Wynn · The Borgata Casino · Borgata Casino · The Borgata · Borgata 1xbet korean Spa · 바카라 The Water Club · Atlantic City · Atlantic City Borgata.

    ReplyDelete