Monday, June 27, 2016

People And Police Media Group



 KBC က ပြောသည့် လိမ္မာသောကျောင်းသားလေးဂွန်ဆိုင်းအောင်(ခ)ယော်ပေါင်၏ အသက်(၁၇) နှစ်သားအရွယ်မှစသော လုယက်မှုမှတ်တမ်း
===========================================

KIA ထောက်ခံသူအချို့နဲ့ KBC ယောင်ပြဘာသာရေးအဖွဲ့ဝင်တွေက ကွန်ပျူတာ တက္ကသိုလ်ပထမနှစ်ကျောင်းသားလေး ဂွန်ဆိုင်းအောင်ဟာ “ရိုးသားတဲ့ကျောင်းသားလေးပါ၊ မိဘကို လုပ်ကျွေးနေသူပါ။ အေးဆေးနေတဲ့ကလေးပါ” ဟု ပြောဆိုနေသော်လည်း ဖော်ပြပါ မှတ်တမ်းတွေအရတော့ သူဟာ အသက်(၁၇)နှစ်ကတည်းက အဖွဲ့ဖွဲ့ပြီး မြစ်ကြီးနားမှာ မိုက်ကြေးခွဲ ပိုက်ဆံတောင်းနေတဲ့ လူရမ်းကားအဖွဲ့ခေါင်းဆောင်တစ်ယောက်သာဖြစ်သည်။
၁၀- ၁၂- ၂၀၁၃ ရက်နေ့က ကိုနိုင်ထက်၊ ပူတာအိုမြို့နေသူနှင့် မမြတ်သူဇာ၊ မြစ်ကြီးနား နေသူတို့ ချိန်းတွေ့နေစဉ် ၎င်းတို့ထံမှ ငွေကျပ်(၂)သိန်းကျော် လုယက်ယူငင်သွားသောကြောင့် နီးစပ်ရာ ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ ဂွန်ဆိုင်းအောင်တို့အဖွဲ့မှ လဇတ်ခေါင်လွမ်း (ခ)နုတ်နုတ်၊ ၂၀နှစ်(ဘ၀ ဦးလဇတ်လွန်းခေါင်၊ ဆေးတက္ကသိုလ်(ဒုတိယနှစ်) မကွေးဆေး တက္ကသိုလ်၊ မြစ်ကြီးနားနေသူအားဖမ်းဆီးရမိခဲ့သည်။ နောက်ပိုင်းတွင် ဆက်စပ်တရားခံများ ဖြစ်သော ဂွန်ဆိုင်းအောင်(ခ)ယော်ပေါင်(၁၇)နှစ်၊ (ဘ)ဦးဂေးဝါး၊ ကျောင်းသား၊ ဂျိမ်းဖော-ခရစ်ယာန်၊ အမှတ်(၁၀၇)၊ နယ်မြေ(၁)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနား နှင့် ဆိုင်တူ(၁၅)နှစ်၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူတို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။
ဒါကတော့ ၂၀၁၃ခုနှစ်က KBC က ပြောသည့် လိမ္မာသောကျောင်းသားလေး ဂွန်ဆိုင်းအောင်(ခ)ယော်ပေါင်၏ အသက်(၁၇) နှစ်သားအရွယ်မှစသော လုယက်မှုမှတ်တမ်း လေးပါ။ ထိုသို့သောသူအတွက် ဆန္ဒပြတောင်းဆိုနေကြတယ်ဆိုတော့ KBC ယောင်ပြဘာသာရေး အဖွဲ့ဝင်တွေက လူမိုက်အားပေးအဖွဲ့တွေလား။ ဒါမှမဟုတ် ကချင်တိုင်းရင်းသားတွေက လူမျိုးရေး ခွဲခြားပြီး ကျန်တိုင်းရင်းသားတွေဖိနှိပ်စော်ကားတာကို ကာကွယ်ပေးနေတာလား… ကချင်တိုင်းရင်းသားလို့ဆိုလိုက်တာနဲ့ လူပဲသတ်သတ်၊ မုဒိန်းပဲကျင့်ကျင့်၊ မိုက်ကြေးခွဲလုယက် တာပဲလုပ်လုပ်…ဘာတွေပဲဖြစ်နေပါစေ….လူရိုးလူကောင်းလေးတွေပါ၊ သနားစရာမျက်နှာမွဲလေး တွေပါလို့ လီဆယ်လိမ်ညာပြီး ဇာတ်နာအောင် ကလိမ်ကျနေတဲ့အဖွဲ့ပဲလားဆိုတာ တွေးကြည့်ရင် ပြေးကြည့်တာထက်ပင်မှန်နေပါလိမ့်မည်။


No comments:

Post a Comment