Wednesday, June 29, 2016

စစ်ဘေးရှောင် ပြည်သူများထံ ဆရာမများနှင့် ပရဟိတအဖွဲ့မှ တက်အားသလောက်လှူဒါန်းဒါနပြုလုပ်



28.6.2016
လားရှိုးမြို့ (၆)မိုင်မှ စစ်ဘေးရှောင် လီဆူတိုင်းရင်းသားများထံ ကုမုဒြာပရဟိတ လူမူရေးအဖွဲ့နှင့် ဆရာမအချို့မှ ဇွန်လ၂၆ရက်နေ့၊ ညနေ(၂း၃၀)အချိန်ပသွားရောက် ဒါနပြုခဲ့ကြသည်။
ပရဟိတအဖွဲ့မှ အတွင်းရေးမှူး ကိုအောင်လွင်ဦးမှ "ကျွန်တော်တို့အဖွဲ့ဟာ ခက်ခဲနေတဲ့ မည်သူကိုမဆို ကူညီလိုတဲ့ စိတ်ဆန္ဒနဲ့ ဆရာမတို့အဖွဲ့လေးနဲ့အတူပူးပေါင်းပြီး လာရောက်ကူညီကြတာပါ၊ အသင်းဖွဲ့လေး ကိုလည်းတက်အားသလောက်ငွေကြေး ၊လူအင်အားဖြင့်ဖွဲ့စည်းထားပါတယ် ယခုလိုလာရောက်လှူဒါန်း ရတဲ့အတွက် ပြောမပြတက်တက်အောင်ပိတိ ဖြစ်ရပါတယ်ငွေပမာဏာအားဖြင့် ကျပ် ( ၁၀၀၀၀၀ ) တစ်သိန်းခန့် နှင့်တခြားအသုံးဆောင် ပစ္စည်းများကိုလည်း စေတနာတဒါတရား ထက်တန်စွာဖြင့် လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်"ဟုပြောကြားခဲ့သည်။
ထိုနေရာတွင်သာသနာပြုနေသော ဆရာမအလူးမိမှလည်း "ကျွန်မတို့ဒီရောက်တာမကြာသေးပေမယ့် ပညာဒါန တက်အားသလောက် ဆရာ(၂)ဦး ၊ဆရာမ (၃)ဦးတို့နဲ့အတူ သင်ကြားပေးလျက်ရှိပါတယ် သူတို့တွေ နယ်မြေသစ်လည်းဖြစ်နေတာကြောင့် ကျန်းမာရေးနင့်ရေတော်တော်ခက်ခဲနေပါတယ် တစ်ခုခု နာမကျန်းဖြစ်ရင် ဆရာတော်နဲ့ပရဟိတ အဖွဲ့တွေ့မြို့ကို မိနစ်၃၀ လောက်မောင်းပြီး ကုသနေရပါတယ် တိုင်းရင်းသားတွေလည်း စိတ်ဆန္ဒရှိမယ်ဆိုရင်ကျန်းမာရေးနဲ့ပညာရေးအတွက်တက်အားသလောက်ကူညီပေးစေချင်တာအမှန်ပါ"ဟုပြောပြခဲ့သည်။
ဆရာတစ်ဦးဖြစ်သူ ဆရာဇော်ထူးမှလည်း "သူတို့လေးတွေကို တက်အားသလောက် ပညာသင်ပေးရတာ ပြောမတက်အောင်ပီတိဖြစ်မိပါတယ် ခုလိုလာရောက်လှူဒါန်းပေးသည့် အတွက်ကြောင့် ရွာသူ/သားများ ကိုယ်စား အများကြီးကျေးဇူးတင်မိပါတယ် ဒီမှာလိုဘဲတခြားသောနေရာတွေပါ စစ်ဘေးဒဏ်ကို မခဲ့ကြရဘဲ ငြိမ်းချမ်းစွာ အတူတူနေထိုင်နိုင်ရင်သိပ်ကောင်းမှာဘဲ" ဟုရင်တွင်းခံစားချက်များ ထုတ်ဖော်ပြောကြား ပေးခဲ့ပါသည်။
စစ်ဘေးရှောင် လီဆူတိုင်းရင်းသားများ လားရှိုးမြို့၆မိုင် သို့ရောက်ရှိလာသည်မှာ၆လခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
Lashio Media

No comments:

Post a Comment