Wednesday, June 22, 2016

ဓမ္မစေတီခေါင်းလောင်း ထပ်မံဆယ်ယူမည်



ဓမ္မစေတီခေါင်းလောင်း ထပ်မံဆယ်ယူမည်
13501931_1186250371436595_458421743968004268_n.jpg
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန်ကြိုးပမ်းခဲ့ဖူးသူ ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းကို လာမည့် သြဂုတ်လ တွင် ခေါင်းလောင်းကိုကြိုးချည်ပေးမည်ဖြစ်ပြီး ဆယ်ယူရန်က နိုင်ငံတော်ကတာဝန်ယူရမည်ဖြစ်ကြောင်း ဦးစံလင်း က ပြောသည်။
ရန်ကုန်မြို့ရှိ စီးတီးစတားဟိုတယ်တွင်ယနေ့ဇွန်လ ၂၁ ရက်က ပြုလုပ်သည့် ယင်းခေါင်းလောင်းဆယ်ယူရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးစံလင်း က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၄ခုနှစ်က ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုတွင် အလှူရှင်များလှူဒါန်းထားသောပိုသောငွေသိန်း၅၀၀ကျော် ဖြင့်ဓမ္မစေတီ ခေါင်းလောင်းတည်နေရာကို ရှာဖွေခြင်းနှင့် ခေါင်းလောင်းကို ကြိုးချည်ပေးသည့် အထိ တာဝန်ယူ မည်ဟု၎င်းကဆိုသည်။

7 Day Daily

No comments:

Post a Comment