Wednesday, June 22, 2016

မြန်မာနိုင်ငံအနေ ဖြင့် ကုန်သွယ်မှုအပေါ် မှီခိုနေမှု သည် ၃၀ ရာခိုင်နှုန်းခန့် ရှိနေ ကြောင်း ဒုသမ္မတဦးမြင့်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံအနေ ဖြင့် ကုန်သွယ်မှုအပေါ် မှီခိုနေမှု သည် ၃၀ ရာခိုင်နှုန်းခန့် ရှိနေ ကြောင်း ဒုသမ္မတဦးမြင့်ဆွေက ပြောကြားသည်။
13509135_910730425721491_9031483395192999066_n.jpg
ဇွန်လ ၂၀ ရက်က နေပြည်တော်တွင် ကျင်းပသော မြန်မာနိုင်ငံ ၏ကုန်သွယ်မှုဘက်စုံ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနား၌ ဒုသမ္မတက ပြောကြားခြင်း ဖြစ်သည်။
‘‘ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံရဲ့စုစုပေါင်းကုန်သွယ်မှုတန်ဖိုးနဲ့ကုန်သွယ်မှုအချိုး၊တစ်နည်းအားဖြင့် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုအပေါ်မှီခိုမှု (Trade Dependency) ဟာ ၃၀ ရာခိုင်နှုန်း ခန့်အထိ ရှိနေပါတယ်။ မြန်မာ နိုင်ငံရဲ့ ပထ၀ီနိုင်ငံရေးအချက်အ ချာကျမှုကို အကျိုးရှိရှိ ထိထိ ရောက်ရောက် အသုံးချနိုင်ဖို့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍ မြင့်မားလာရေးက အထူးပဲအရေး ကြီးနေပါတယ်’’ ဟု ဒုသမ္မတ ဦးမြင့်ဆွေက ပြောသည်။
ကမ္ဘာ့ဘဏ်အနေဖြင့် ယခုအစီရင်ခံစာတွင် အချက်သုံးချက်ကို အကြံပြုထားပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး၊ စီးပွားရေး လမ်းကြောင်းပေါ်၌ ပူးပေါင်းဆောင်ရွက်မှုများရှိနေသော်လည်း ယခုထက်ပိုမို ဆောင် ရွက်ရန် အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။
‘‘ပထမအချက်က မြန်မာ နိုင်ငံအနေနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစီးပွားရေးလမ်း ကြောင်းနဲ့ ပိုမိုပြီး ပူးပေါင်းဆောင် ရွက်ဖို့၊ ဒုတိယအချက်အနေနဲ့ အ ကြံပြုထားတာက ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုး တက်ဖို့အပြင် ကုန်သွယ်ရေးအ တွက် ဆောင်ရွက်နေတဲ့ ဌာနဆိုင် ရာတွေရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်သွားဖို့ဆိုတဲ့ Soft In-frastructure ပိုင်းကိုလည်း အလေးပေးပြီးတော့မှ ဆောင်ရွက် ဖို့ဆိုပြီး အကြံပြုထားပါတယ်။ နောက်ဆုံးတစ်ချက်အနေနဲ့က တော့ ကုန်သွယ်မှုတွေ တိုးမြှင့် ဆောင်ရွက်တဲ့အခါမှာ ငြိမ်းချမ်း ရေးဆောင်ရွက်တဲ့ လုပ်ငန်းစဉ်နဲ့ လည်း အတူပူးပေါင်းပြီးမှ ဆောင်ရွက်ဖို့ပါ’’ဟု ကမ္ဘာ့ဘဏ်အကြီး တန်းစီးပွားရေးပညာရှင် Sjamsu Rahardja က ပြောကြားသည်။
ထို့အပြင် ပြည်သူ ပြည်သား များ ကုန်သွယ်မှုမှ ရရှိလာသော အကျိုးအမြတ်များကို ခံစားနိုင် မှု၊ အခြေခံကျသော ၀န်ဆောင်မှုများဖြစ်သည့် ပညာရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်ပေးမှု၊ ကျန်းမာ ရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက် ပေးမှု၊ SME လုပ်ငန်းများတွင် ငွေ ကြေးအရင်းအနှီး ပိုမိုရရှိနိုင်ရန် ငွရေးကြေးရေဆိုင်ရာလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်မှုစသည့်အဓိကအချက်များကိုအကြံပြုထားကြောင်း ၎င်းကဆက်လက်ပြောကြား သည်။
‘‘အဓိကအရေးကြီးတာကတော့ကုန်သွယ်မှုတွေဒီထက်ပိုမိုဆောင်ရွက်ပြီးတော့မှစီးပွားရေးဖွံ့ဖြိုးတိုးတက်လာ လို့ရှိရင်ရလာတဲ့ အကျိုးအမြတ်တွေ ကိုပြည်သူပြည်သားတွေရရှိခံစားနိုင်အောင် ပိုမိုဆောင်ရွက်ဖို့ ဖြစ်ပါတယ်’’ဟု ကမ္ဘာ့ဘဏ်အကြီးတန်း စီးပွား ရေးပညာရှင် Sjamsu Rahardja က ပြောကြားသည်။
မြန်မာနိုင်ငံသည် သဘာဝ သယံဇာတနှင့် စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ်များ၊ လုပ်သားအင် အားများ၊ မဟာဗျူဟာတည်နေရာအနေအထားတို့အရအားသာချက်ရှိပြီးဖြစ်၍အိမ်နီးချင်းနိုင်ငံများအပါအ၀င် ဒေသတွင် ဈေးကွက်ကြီးတစ်ခု ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း စီးကူးဝန်ကြီး ဦးသန်းမြင့် ကပြောသည်။
MOI

No comments:

Post a Comment