Friday, June 24, 2016

‪‪မြန်မာအစိုးရ နှင့် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်မတော် ၈ ခု ချင်းမိုင်မြို့၌ တွေ့ဆုံ





မြန်မာအစိုးရ နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်မတော် ၈ ခု ချင်းမိုင်မြို့၌ ယနေ့ ဂျွန် ၂၄ ရက်နေ့ တွင် တွေ့ဆုံ ဆွေး နွေးမှု စတင်နေသည် ။
ယနေ့ ချင်းမိုင်မြို့ ဟော လီးဒေးအင်းတွင်ကျင်းပလျက်ရှိသော NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ခု၏ တွေ့ဆုံပွဲ


ယနေ့ ချင်းမိုင်မြို့ ဟော လီးဒေးအင်းတွင်ကျင်းပလျက်ရှိသော NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ခု၏ တွေ့ဆုံပွဲ
ဂျွန် ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ဟော လီးဒေးအင်း၌ တွေ့ဆုံရာ တွင် ၂၁ ရာစု ပင်လုံညီလာခံကိစ္စ၊ နိုင်ငံတော် သမ္မတ ၊ နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစု ကြည် နှင့် တွေ့ ဆုံသွားမည့် ကိစ္စ၊ ရှေ့ဆက်နိုင်ငံရေးဆွေးနွေးပွဲအတွက် လက်တွဲဆောင် ရွက်သွားနိုင် ရေးဗျူဟာ ၊ မဟာဗျူများ ဆွေးနွေးချမှတ်သွားမည်ဟု အခန်းအနားမှူး အဖြစ် တာဝန်ယူသည့် ချင်း အမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျုံး က အစည်းအဝေးစတင်ချိန်တွင် ပြောကြားလိုက်သည် ။
မိမိတို့မှာ လက်နက်ကိုင်ဆောင်လျက် နိုင်ငံရေးဆွေးနွေးနေတာဖြစ်တဲ့ မိမိတို့ မှာ အခွင့်အရေးနဲ့ စိန်ခေါ်မှုများရှိနေပါတယ်။ အားသာမှု လက်နက်ကိုင်ေ ဆာင် လျက် ဆွေးနွေးနေသည့် အင်အားစုများ အတွက် ကိုယ်စားပြုနိုင်သလို၊ နိုင်ငံရေးပါတီများနှင့် အနီးကပ် လုပ်ဆောင်နိုင်ပါသည် ။ . ညီနောင် တိုင်း ရင်း သားများ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အဓိပ္ပါယ် ရှိစွာပါဝင်ရေး သည် အရေးကြီးပါသည် ” – ဟု သဘာပတိ ဖြစ်သူ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က အဖွင့်မိန့်ခွင်းတွင် ထည့်သွင်းပြောကြားသွား သည် ။
ယခုတွေ့ဆုံမှုသည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက် မှတ်ရေးထိုးထားသည့်တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များဦးခေါင်းေ ဆာင်ပိုင်းအများစုက ဦးဆောင်တက်ရောက်သည် ။
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးထား သည့် တိုင်းရင်း သား လက်နက် ကိုင်တပ်မတော် ၈ ခုဖြစ်သော သျှမ်းပြည် တပ်မတော် RCSS/SSA ၊ ပအိုဝ်း PNLO ၊ ချင်း CNF ၊ ကျောင်းသားတပ် မတော် ABSDF၊ ကရင် KNU ၊ DKBA ၊ KNLA-PC နှင့် ရခိုင် ALP တို့တက်ရောက်သည်။
Burmese


No comments:

Post a Comment