Wednesday, June 22, 2016

၂၁ရာစုပင်လုံတွင် ဖက်ဒရယ်ဆိုင်ရာမူဝါဒ များ တင်ပြနိုင်ရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ယခုလကုန်ပိုင်းတွင် အစည်းအဝေးပြုလုပ်မည်



၂၁ရာစုပင်လုံတွင် ဖက်ဒရယ်ဆိုင်ရာမူဝါဒ များ တင်ပြနိုင်ရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ယခုလကုန်ပိုင်းတွင် အစည်းအဝေးပြုလုပ်မည်
22.6.2016
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစုပင်လုံတွင် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ မူဝါဒများ တင်ပြနိုင်ရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူ မျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများ သည် ယခုလ (ဇွန်လ)ကုန်၌ သုံးရက်ကြာ အစည်းအဝေးတစ် ရပ်ကို ရန်ကုန်မြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
UNA နှင့် မိတ်ဖက်အဖွဲ့အ စည်းများသည် ရန်ကုန်မြို့တွင် ဇွန်လ ၃၀ ရက်မှစ၍ ဇူလိုင် ၂ ရက်အထိ သုံးရက်ကြာ အစည်းအဝေး တစ်ရပ် ပြုလုပ် မည်ဖြစ်ကာ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး ဆိုင်ရာမူဝါဒနှင့် လတ်တလော နိုင်ငံရေးအခြေအ နေများကို ဆွေးနွေးကြမည်ဖြစ် သည်ဟု UNA အဖွဲ့ဝင် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေး မှူး (၂) ဦးစိုင်း ကျော်ညွန့်က ပြောသည်။‘‘အဓိကကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့သဘောပါ။ တိုင်းရင်းသား တွေရဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သဘောထားအမြင်တွေကို ဆွေးနွေးကြဖို့ပါ’’ဟု ဦးစိုင်းကျော် ညွန့်က ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို သမ္မတဦးထင်ကျော် ဦးဆောင်သော အစိုးရက လာမည့်ဩဂုတ်အတွင်း ကျင်းပရန် စီစဉ်နေခြင်းဖြစ်ကာ အဆိုပါညီ လာခံကို နိုင်ငံရေးပါတီများအနေ ဖြင့် လွှတ်တော်အတွင်း လွှတ် တော်ကိုယ်စားလှယ်နေရာ ရရှိမှ သာ ကိုယ်စားလှယ်အဖြစ် ပါဝင် ခွင့်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားထား သည်။လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စာ ရင်းများအရ တရားဝင်နိုင်ငံရေး ပါတီ ၉၁ ပါတီရှိကာ လွှတ်တော်တွင် နေရာ ရသော နိုင်ငံရေး ပါတီ ၂၂ ပါတီရှိသည်။UNA တွင် အဖွဲ့ဝင် ၁၂ ဦး ပါရှိပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုး သားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ ချုပ်ပါတီတို့ လွှတ်တော်တွင် နေ ရာရထားသည်။
UNAသည် လက်ရှိအာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မဟာမိတ်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါ အဝင် နိုင်ငံရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ သည်။ ၁၉၉၀ အထွေထွေရွေး ကောက်ပွဲတွင် အနိုင်ရထားသော တိုင်းရင်းသားပါတီများဖြင့် UNA ကို ဖွဲ့စည်းခဲ့ကာ စတင်ဖွဲ့စည်း စဉ်က အဖွဲ့ဝင်ပါတီ ၁၂ ပါတီရှိခဲ့သည်။
7Day Daily

No comments:

Post a Comment