Wednesday, June 22, 2016

ဘုန်းကြီးကျောင်းထဲ လာထားသည့် လိုင်စင်မဲ့ကား ၃၆ စီးကို သိမ်းဆည်း

ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီး ရမိသည့်လိုင်စင်မဲ့ကားများကို ရဲစခန်းရှေ့၌ ဇွန်လ ၂၀ ရက်က တွေ့ရစဉ်
မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ်ရှိ ဘုန်းကြီးကျောင်း နှစ်ကျောင်း၏ ၀င်းအတွင်းမှ လိုင် စင်မဲ့ကား ၃၆ စီးကို သိမ်းဆည်း ရမိကြောင်း ယင်းမြို့နယ် ရဲတပ် ဖွဲ့စခန်းမှ မြို့နယ်မှူးက ပြော သည်။
ချမ်းမြသာစည် မြို့နယ်ရှိ ဘုန်းကြီးကျောင်းတွင် လိုင်စင်မဲ့ ကားများ သိမ်းဆည်းထားသည် ဟု သတင်းပေးတိုင်ကြားချက်အရ ဇွန်လ ၂၀ ရက် နံနက်က ၀င် ရောက်စစ်ဆေးရာ လိုင်စင်မဲ့ကား ၃၆ စီး သိမ်းဆည်းရမိပြီး ကားပိုင် ရှင်များအနက် နှစ်ဦးကို ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။
‘‘သတင်းရတာကတော့ ဇွန် လ ၁၉ ရက် ညနေကတည်းက။ မိုးချုပ်သွားတာနဲ့ ဘုန်းကြီးကျောင်း မှာ မစစ်ဖြစ်လိုက်တာ။ ဘုန်းကြီး ကလည်း ကားပိုင်ရှင်ကို ခေါ်ပေး တယ်။ ကားအရောင်းအ၀ယ်လုပ် တဲ့ ကားပိုင်ရှင်နှစ်ဦးကိုတော့ ဖမ်း ထားတယ်။ နောက်ထပ်လည်း ကျန်သေးတယ်။ အများစုက တော့ မော်ဒယ်မြင့်ကားတွေများ တယ်။ မြို့နယ်ရဲစခန်းနဲ့ အမှတ် (၁) ရဲစခန်းမှာ လောလောဆယ် ထားထားတယ်။ မြို့နယ် သံဃ နာယကနဲ့ သံဃာစည်းကမ်းထိန်း သိမ်းရေးအဖွဲ့တို့ကလည်း လာ ကြည့်သွားတယ်’’ဟု မြို့နယ်မှူး က ပြောသည်။
ချမ်းမြသာစည် မြို့နယ်ရှိ အောင်ရွှေဘုံကျောင်းတိုက် သာ သနာ့ဗိမာန် ကျောင်းဝင်းတွင် လိုင်စင်မဲ့ကား ၂၇ စီး သိမ်းဆည်းရမိပြီး ကျန်ကိုးစီးကို သာသနာရန်သီအတုလကာရီကျောင်းဝင်းရှိ ကားဘော်ဒီပြုပြင်ရေးဆိုင်အတွင်း သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် (၁၁)နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ သိ ရသည်။
အဆိုပါလိုင်စင်မဲ့ကားများ ၏ ပိုင်ရှင်များကို စုံစမ်းနေပြီး ဇွန် လ ၂၀ ရက် ညနေအထိ ဖမ်းဆီး ရမိထားသည့် အမျိုးသားနှစ်ဦးကို ပို့ကုန်သွင်းကုန် ပုဒ်မ ၈ ဖြင့်အမှုဖွင့်ထားရှိကြောင်း   သိရသည်။

သစ်ထူးလွင်

No comments:

Post a Comment